24/03/2026
အောက်မေ့ဂုဏ်ပြု ဦးညွှတ်အလေးပြုခြင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မိုးကုတ်ဗျူဟာ
#မိုးကုတ်၊မိုးမိတ် - စစ်ဆင်ရေး
#နွေဦးတော်လှန်ရေး
မိုးကုတ်မြို့နယ်နှင့် ထိစပ်နေသော မြို့နယ်များ၏တပ်ရင်းများ
24/03/2026
အောက်မေ့ဂုဏ်ပြု ဦးညွှတ်အလေးပြုခြင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မိုးကုတ်ဗျူဟာ
#မိုးကုတ်၊မိုးမိတ် - စစ်ဆင်ရေး
#နွေဦးတော်လှန်ရေး
25/02/2026
အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး) ဖွဲ့စည်းတည်ထောင်ခြင်း (၅)နှစ်ပြည့်သို့ ပေးပို့သော သဝဏ်လွှာ
ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်။
၁။ ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၅)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်သည်။
၂။ အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး) အနေဖြင့် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းခဲ့သည့် အချိန်မှစတင်၍ နွေဦးတော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍများတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် တွန်းလှန်နိုင်ရန် ရည်ရွယ်၍ တိုက်ပွဲဖော်ဆောင်မှု၊ စုစည်းကျစ်လစ်မှု၊ ရဲစွမ်းသတ္တိရှိမှု၊ ပြည်သူလူထု၏ အားကိုး ယုံကြည်ချက်ရရှိမှုတို့ဖြင့် တော်လှန်ရေး ကာလတစ်လျှောက် ဂုဏ်ယူဖွယ်ကောင်းစွာ စွမ်းဆောင် ပြသခဲ့ပြီးဖြစ်သည်။
၃။ ယနေ့ ကျရောက်သည့် အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး)၏ (၅)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သပြေညိုစစ်ဆင်ရေးမှစတင်၍ ညီအကိုတပ်ရင်းများအဖြစ် ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးတို့တွင် လက်တွဲညီညီ တိုက်ပွဲဝင်ခဲ့ကြသည့်နည်းတူ ဆက်လက်ဆင်နွဲရမည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်စစ်ဆင်ရေးများ၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့တွင် ညီအကိုရင်းသဖွယ် လက်တွဲသွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း အားကောင်းမောင်းသန်ဖြင့် အောင်မြင်မှုများစွာ ဆက်လက်ဆွတ်ခူး ရယူနိုင်ပါစေကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မိုးကုတ်ဗျူဟာ
#အထူးလှုပ်ရှားတပ်မ_(MDY_PDF)
16/01/2026
Red Wolves of Mogok အမှတ်တံဆိပ်နှင့်ပတ်သက်ပြီးရှင်းလင်းခြင်း
၁။ Red Wolves of Mogok ဘတ်တံဆိပ်သည် မိုးကုတ်ဗျူဟာမှ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တပ်ရင်းတပ်ဖွဲ့များအဖြစ် မှတ်ပုံတင်စဉ်ကတည်းက တပ်ရင်း (၁၂၂၁) ၏ အမှတ်တံဆိပ်အဖြစ် တရားဝင် မှတ်ပုံတင်ထားပြီးဖြစ်ပါသည်။ အလားတူ သုံးစွဲမည့် page ကိုလည်း ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီသုံးစွဲရန် မှတ်ပုံတင်ထားပြီးဖြစ်ပါသည်။
၂။ မိုးကုတ်ဗျူဟာရှိ တပ်ရင်း (၁၂၂၁) ကိုလည်း ရဲဘော်ဟောင်းများဦးဆောင်မှုဖြင့် ရဲဘော်ဟောင်း၊ ရဲဘော်သစ်များ မျှတခိုင်မာစွာ တရားဝင် ပြင်ဆင်ဖွဲ့စည်းပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နေကြပါသည်။
၃။ ယခုအခါ Red Wolves of Mogok page ကို တပ်ပြေးတစ်စုမှ သီးခြားခွဲထွက်ပြီး တရားဝင်မဟုတ်သောနည်းလမ်းဖြင့် ယူဆောင်သွားပါကြောင်းနှင့် Red Wolves of Mogok ဘတ်တံဆိပ်သည်လည်း ခိုင်မာစွာဖွဲ့စည်းထားသော တပ်ရင်း (၁၂၂၁) ၏ ဘတ်တံဆိပ်ဖြစ်သောကြောင့် အခြားမည်သည့်အစုအဖွဲ့ကမှ သုံးစွဲခွင့်မရှိကြောင်း အသိပေးအပ်ပါသည်။
၄။ လက်ရှိအချိန်တွင် Red Wolves of Mogok page သည် မိုးကုတ်ဗျူဟာ၏ ခွင့်ပြုချက်မရရှိပဲ တပ်ပြေးတစ်စုမှ အလှူခံခြင်း၊ Post တင်ခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိရပါသည်။ လှူဒါန်းထားသော ငွေကြေးနှင့် အခြားကြေငြာချက်များကို မိုးကုတ်ဗျူဟာမှ တာဝန်ခံမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
၅။ မိုးကုတ်ဗျူဟာသည် စတင်ဖွဲ့စည်းစဉ်အချိန်မှစ၍ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ပေးညွှန်ကြားချက်အတိုင်း လိုက်နာခဲ့သော ခိုင်မာသည့် အဖွဲ့အစည်းအဖြစ်ရပ်တည်ခဲ့၊ ရပ်တည်နေဆဲဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စည်းကမ်းနှင့် မကိုက်ညီသော အပြုအမူများ၊ လုပ်ကိုင်ဆောင်ရွက်မှုများကို ဝန်ကြီးဌာနမှ ချမှတ်ထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိစေရန် အသိပေးအပ်ပါသည်။
#မိုးကုတ်ဗျူဟာ
12/01/2026
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တည်ထောင်ခြင်း (၆၃)နှစ်မြောက် တပ်မွေးနေ့သို့ ပေးပို့သော သဝဏ်လွှာ
၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ (၁၂)ရက်
ကျွန်တော်တို့ မိုးကုတ်ဗျူဟာအနေဖြင့် နွေဥိီးတော်လှန်ရေး စတင်ခဲ့သည့်အချိန်မှစ၍ ပြည်သူလူထု၏ ထောက်ပံ့အားပေးမှုဖြင့် ရပ်တည်လာသည်မှာ ယနေ့အချိန်ထိဖြစ်ပါသည်။
ထောက်ပို့ ပါဝင်တော်လှန်ခဲ့ကြသည့် မိဘပြည်သူအားလုံးတို့၏ ချွေးနည်းစာထောက်ပို့ငွေများကိုလည်း အစဥ်လေးစားတန်ဖိုးထားစွာဖြင့် တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမည့် ကဏ္ဍအသီးသီးတွင်သာ အသုံးချခဲ့သည်ကို လိပ်ပြာလုံစွာတာဝန်ယူပါသည်။
ယမန်နေ့ 13.12.2025 ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော ငွေကြေးအလွဲသုံးစားမှု သံသယဝင် စွပ်စွဲခံရမှုအပေါ် များစွာဝမ်းနည်းရပါသည်။
သို့သော် မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်း ဆိုတဲ့ လက်စွဲနှင့်အညီ မိုးကုတ်ဗျူဟာ၏ ပုံရိပ်ကျဆင်းစေမည့်ပြောဆိုခြင်းအပေါ် ပွင့်လင်းမြင်သာရှိစေရန် ဗွီဒီယိုဖိုင်နှင့်တကွ ချပြဖြေရှင်းခြင်းဖြစ်ပါသည်။
#မိုးကုတ်ဗျူဟာ
06/12/2025
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်မှ အနီးကပ်ကွပ်ကဲမှုနှင့်အတူ မိုးကုတ်ပြည်သူတို့၏ လွတ်လပ်သည့် အိမ်ပြန်လမ်း မျှော်လင့်ချက်ကို ဖော်ဆောင်ကြိုးပမ်းကြရာမှာ မိုးကုတ်ဗျူဟာ လည်းအတူတူ လက်တွဲပူးပေါင်း တိုက်ပွဲဝင်နေကြောင်း အသိပေးအပ်ပါသည်။
မိုးကုတ်မြို့မှတဆင့် တနိုင်ငံလုံး လွတ်မြောက်ပြီး ကျွန်တော်တို့မိဘပြည်သူအားလုံး တို့၏ အဓိက မျှော်လင့်ချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခု ပေါ်ပေါက်လာမည့်အချိန်ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မိုးကုတ်ဗျူဟာ ရဲဘော်များအားလုံးမှ ကတိသစ္စာပြုပါသည်။
#အရေးတော်ပုံမုချအောင်ရမည်။
#မိုးကုတ်ဗျူဟာ
https://www.facebook.com/share/1Bf94wstwm/
မိုးကုတ် - မိုးမိတ်ဒေသ နောက်ဆုံးအခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်
၁၃၈၇၊ နတ်တော်လဆုတ် ၂ ရက်
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်)
(၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာဒေသတွင်းရှိ PDF များ၊ ပကဖ များကို စုစည်းစေလျက် တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှတဆင့် စစ်ဆင်ရေးကိစ္စများကို အနီးကပ်ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။
(၂) တိုက်ပွဲများမဖြစ်ပွါးမီကတည်းက အပြစ်မဲ့ အရပ်သားပြည်သူလူထုများ ထိခိုက်မှုမရှိစေရေးအတွက် ဘေးလွတ်ရာနယ်မြေများသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ နေရာချထားပေးခြင်း နှင့် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တပြေးညီ ပေးအပ်နိုင်ရေးတို့ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလျင်အမြန် ဆောင်ရွက်ခဲ့ကြပါသည်။
(၃) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၊ ၁၈:၀၀ နာရီ အချိန်မှ စတင်ပြီး မိုးကုတ်မြို့နယ်အတွင်းရှိ ရန်သူခြေကုတ်ယူလာသော နယ်မြေများကို မိမိတို့ တပ်ဖွဲ့ဝင်များမှ အပြင်းအထန်
ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါသည်။
(၄) တိုက်ပွဲများစတင်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှ ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့အထိ တပတ်တာကာလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉) ကြိမ်ထက် မနည်း ဖြစ်ပွါးခဲ့ပြီး အရေးပါသော ရန်သူ့စခန်းကုန်းတခုအား မိမိတို့ဘက်မှ လက်ရသိမ်းပိုက်ထားနိုင်ပါသည်။
(၅) မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အနေဖြင့် မိုးကုတ် - မိုးမိတ်ဒေသ သို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက် စစ်အုပ်စု တပ်များကို ပြည်သူလူထုနှင့် လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
12/11/2025
အကြောင်းအမျိုးမျိုးကြောင့် မကြည့်လိုက်ရတဲ့မိဘပြည်သူအပေါင်းတို့အတွက် မိုးကုတ်ဗျူဟာ အချစ်ဆုံးသူ ကမ်ပိန်းက ရုပ်ရှင်လေးတွေကို ကြည့်ရှုနိုင်မယ့် အခွင့်အရေးလေးလာပါပြီဗျာ...
#မိုးကုတ်ဗျူဟာ
https://www.facebook.com/share/1EYEutkH4e/
ဒေါက်တာစိုးသူရဇော်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ပြသမယ်
နိုဝင်ဘာ ၁၂ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ PDF တပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်သူ MDY PDF ရဲ့ ဒေါက်တာစိုးရသူဇော်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် “Dr. Soe Thuya Zaw” ကို နိုဝင်ဘာ ၁၅ ရက် မြန်မာစံတော်ချိန် ည ၉ နာရီမှာ PVTV ကနေ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
မိုးကုတ်ဗျူဟာက ပြုလုပ်တဲ့ “ရုပ်ရှင်ပွဲတော််” မှာ ပြသနေတဲ့ ဇာတ်ကား ၃ ကားကို တစ်ပတ်လျှင် တစ်ကားနှုန်းနဲ့ ၃ ပတ်ဆက်ပြသမှာဖြစ်ပါတယ်။
“ခေတ်ကောင်းလို့ အသံထွက်ခဲ့သူမဟုတ်ဘူး… ယုံကြည်ချက်၊ ရပ်တည်ချက် ခိုင်မာသူ .... တိုင်းပြည်ဖျက်အုပ်စုတွေလက်ထဲက မြန်မာပြည်နဲ့ ဒီမိုကရေစီကို ပြန်လည်တိုက်ယူမယ့် ပညာတတ်လူငယ် ....။ နာမည်ကျော် စကားပုံတစ်ခုရှိပါတယ်။ ပညာတတ် လူယုတ်မာတွေဟာ သိပ်ကို ကြောက်စရာကောင်းတာတဲ့။၏ ကျနော်တို့နိုင်ငံမှာ အဲလိုလူတန်းစားဟာ သီးသန့် တည်ရှိနေသလို ဒေါက်တာစိုးသူရဇော်တို့လို အရာရာကို ပေးဆပ်ပြီး တိုင်းပြည်ကို အမှောင်ထုကနေဆွဲထုတ်ဖို့ ကြိုးစားနေကြတဲ့ နယ်ပယ်အသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်ပေါင်းများစွာဟာ ဒီနွေဦးထဲမှာ တည်ရှိနေကြပါတယ်။” လို့ မိုးကုတ်ဗျူဟာက မှတ်ချက်ပြုထားပါတယ်။
“Dr. Soe Thuya Zaw” မှတ်တမ်းရုပ်ရှင်ကို ဒါရိုက်တာ ကေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ကို မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း ရိုက်ကူးထားတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
PVTV Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်းဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
09/11/2025
နေရာဒေသအသီးသီးမှ တတ်နိုင်တဲ့ဘက်က တော်လှန်ရေးကို အထောက်အပံ့ပေးကြသည့် မိဘပြည်သူအပေါင်းကို မိုးကုတ်ဗျူဟာမှ အထူးကျေးဇူးတင်ရှိပါသည်။
နွေဦးတော်လှန်ရေး စတင်ချိန်မှ ယနေ့ချိန်ထိ
အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသည့် တော်လှန်မိဘပြည်သူအားလုံးကို မိုးကုတ်ဗျူဟာမှ လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
#အရေးတော်ပုံမုချအောင်ရမည်။
#မိုးကုတ်ဗျူဟာ
07/11/2025
အာဏာရူးစစ်အုပ်စုကို သုတ်သင်နိုင်ဖို့အတွက် မိုးကုတ်ဗျူဟာသို့ အမေရိကန်ပြည်ထောင်စု Indiana ပြည်နယ်၊Fort Wayne မြို့ကနေ အမေရိကန်ဒေါ်လာ 10000 USD ကို လှူဒါန်းပေးတဲ့ Mr.Bobby Carr ကို မိုးကုတ်ဗျူဟာမှ အထူးကျေးဇူးတင်ရှိပါတယ်ဗျ။
Mr.Bobby Carr ဆုတောင်းပေးခဲ့တဲ့ *အောင်ပွဲများဆက်တိုက်ရပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်ပါစေ* ဆိုတဲ့အတိုင်း မိုးကုတ်ဗျူဟာနှင့်အတူ မဟာမိတ် တော်လှန်ရေးရဲဘော်အားလုံး ၊ ပြည်သူလူထု အားလုံးတို့ရဲ့ အဓိက မျှော်မှန်းချက် ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တစ်ခု ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်သွားပါမယ်လို့ မိုးကုတ်ဗျူဟာ ရဲဘော်များအားလုံးက ကတိသစ္စာပြုပါတယ်ဗျ။
#အရေးတော်ပုံမုချအောင်ရမည်။
#မိုးကုတ်ဗျူဟာ
07/11/2025
မိုးကုတ်ဗျူဟာ 2.0 ကမ်းပိန်းအောင်မြင်ရန်အတွက် သိန်း၅၀ ကျပ်တိတိ ကို တော်လှန်ရေးရန်ပုံငွေ အဖြစ် ထည့်ဝင်လှူဒါန်းပြီး အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရန် ပူးပေါင်းပါဝင်ပေးကြတဲ့ *တွဲလက်များအဖွဲ့* ကို မိုးကုတ်ဗျူဟာရဲဘော်များအားလုံးက အထူးကျေးဇူးတင်ရှိပါတယ်ဗျ။
တော်လှန်ရေးရဲ့ အဓိက ကျတဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ ထောက်ပို့ အင်အားတစ်ခုအနေနဲ့ ဝိုင်းဝန်းအားဖြည့်ပေးခဲ့ကြတဲ့ မိဘပြည်သူအားလုံးရဲ့ အဓိက မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တစ်ခုကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားပါမယ်လို့ မိုးကုတ်ဗျူဟာ ရဲဘော်များက ကတိသစ္စာပြုပါတယ်ဗျ ။
#မိုးကုတ်ဗျူဟာ2.0ကမ်ပိန်း
#မိုးကုတ်ဗျူဟာ
02/11/2025
မိုးကုတ်ဗျူဟာ 2.0
Duration: 1 - 15 Nov 2025
Target: USD 50,000
မိုးကုတ်ဗျူဟာ တပ်ရင်းများအတွက် လိုအပ်ချက်များ ဖြည့်တင်းနိုင်ရန်အတွက် ရည်ရွယ်ပါတယ်။
Campaign Fundraiser List:
https://www.facebook.com/share/p/1FgxpBpL6S/
01/11/2025
မိုးကုတ်ဗျူဟာ 2.0 ကမ်ပိန်းအောင်မြင်ရန်အတွက် သိန်း၅၀၀ ကျပ်တိတိ ကို တော်လှန်ရေးရန်ပုံငွေ အဖြစ် ထည့်ဝင်လှူဒါန်းပြီး အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရန် ပူးပေါင်းပါဝင်ပေးကြတဲ့ International Myanmar Medical Diaspora များကို မိုးကုတ်ဗျူဟာရဲဘော်များအားလုံးက အထူးကျေးဇူးတင်ရှိပါတယ်ဗျ။
တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းဖို့အတွက် လိုအပ်ချက်များစွာရှိနေတာကြောင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တွန်းလှန်နိုင်ဖို့ တတ်အားသမျှ ဝိုင်းဝန်းအားဖြည့်ပေးပါဝင်ပေးကြ ဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျ ။
ကျွန်တော်တို့ မိုးကုတ်ဗျူဟာ ရဲဘော်တွေအားလုံးကလည်း စတင်ခဲ့တဲ့ တော်လှန်ရေးခရီးကို ဆုံးခန်းတိုင်တဲ့အထိသတ္တိ၊ပညာ၊ စေတနာ အပြည့်အဝထားပြိိီး အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ဖြစ်တည်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်လို့ ကတိသစ္စာပြုပါတယ်ဗျ။
#မိုးကုတ်ဗျူဟာ 2.0 ကမ်ပိန်း
#မိုးကုတ်ဗျူဟာ