15/01/2024
@ 15 - 1 - 2024 ( Mon ) 10:00 Am
~ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊တိုင်းဒေသ
ကြီးအဆင့်ဌာနဆိုင်ရာများ ၊ တိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ အရာထမ်း ၊ အမှုထမ်းများ နှင့် နိုင်ငံရေးပါတီ
များမှ တာဝန်ရှိသူများအား ၊ မြန်မာအီလက်ထရော
နစ်မဲပေးစက် ( MEVM ) အသုံးပြု၍ လက်တွေ့
သရုပ်ပြ စမ်းသပ် မဲပေးခြင်း အခမ်းအနားကိုမြို့
တော်ခန်းမတွင် ကျင်းပပါသည် ။
~ MEVM ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး
ခြင်း အခမ်းအနားသို့ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်မန်းတိုင်းဒေသကြီး ဥက္ကဌ ဒေါ်သောင်းသောင်း
သောင်းနု နှင့် တိုင်းအတွင်းရေးမှူး ဦးခင်မောင်ဝင်း
တို့ တက်ရောက်ကာ လက်တွေ့မဲပေးကြပြီး ၊ မရှင်း
လင်းသည်များကို မေးမြန်း ဆွေးနွေးကြပါသည် ။
13/01/2024
@ ( 12-1-2024 ) တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ မန္တလေးတိုင်းဒေသကြီးတိုင်းအမြဲတမ်းကော်မတီဝင်တို့သည် K.T ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ထားသည့် ပုံစံများအား သွား ရောက်လေ့လာကြည့်ရှုရာ ကုမ္ပဏီပိုင်ရှင် ဦးကျော် သက်လှိုင်မှ ရှင်းပြနေစဉ် @
မန်းတိုင်းသတင်းပြန်ကြားရေး
13/01/2024
@ @ 12-1-2024 တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ -မန္တလေးတိုင်းဒေသကြီးအမြဲတမ်းကော်မတီနှင့် မန်းမြန်မာဆောက်လုပ်ရေးကုမ္ပဏီ၊K.Tဆောက်လုပ်ရေးကုမ္ပဏီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းအမြဲတမ်းကော်မတီရုံး ခန်းမ၌နံနက်(9:00)နာရီတွင်ကျင်းပပြု့လုပ်ပြီးတိုင်းဥက္ကဌဒေါ်သောင်းသောင်းနု နှင့်တိုင်းအမြဲတမ်းကော်မတီဝင်များ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ကြပါသည်။
မန်းတိုင်းသတင်းပြန်ကြားရေး
10/01/2024
@ ၉ - ၁ - ၂၀၂၄ ရက်နေ့က တိုင်းဒေသကြီးကော်မတီ ( စုံညီ ) အစည်းအဝေး ( ၁ / ၂၀၂၄ ) နှင့် ၁၀- ၁- ၂၀၂၄ ရက် နေ့က တိုင်းဒေသကြီး နှင့်မြို့ နယ်ဥက္ကဌများညှိနှိုင်းအစည်းအဝေး ( ၂ / ၂၀၂၃ ) ကို မန်းတိုင်း တစညပါတီ တိုင်းရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြပါသည် ။ ။
04/01/2024
@ 4-1-2024- တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ ၊ မန္တလေးတိုင်းဒေသ ကြီးကော်မတီ တိုင်းရုံးခန်းမတွင် နံနက်(9:15) နာရီအချိန် ( 76 ) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်း
အနားကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ပါတီဗဟို
အလုပ်အမှုဆောင်ကော်မတီဝင် မန္တလေးတိုင်း ဒေ
သကြီး ဥက္ကဌ ဒေါ်သောင်းသောင်းနုက ဆောင်ရွက်ပြီး ၊ သဘာပတိအဖွဲ့ဝင်များအဖြစ် ဗဟိုကော်မတီဝင် တိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မေစီနှင့် ဗဟိုကော်မတီဝင် တိုင်းအမြဲတမ်းကော်မတီဝင် ဦး မြင့်စန်း တို့ကဆောင်ရွက်ကြပါသည် ။
~ အခမ်းအနားမှူးများ အဖြစ် ဗဟိုကော်မတီဝင် တိုင်းအမြဲတမ်းကော်မတီဝင် ဦးဆောင်းတင် နှင့်တွဲဖက်အခမ်းအနားမှူးအဖြစ် ဗဟိုကော်မတီဝင်တိုင်းအမျိုးသမီးတာဝန်ခံ ဒေါ်လဲ့လဲ့ဝင်း တို့မှဆောင်ရွက် ကြပါသည်၊ ။ ပါတီဥက္ကဌကြီး ဦးဟန်ရွှေမှ ပါတီဝင်များထံပေးပို့သော သဝဏ်လွှာကို ဗဟိုကော်မတီဝင်
မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးခင်မောင်ဝင်း က ဖတ်ကြားပါသည်၊။ ပါတီ၏ နိုင်ငံရေး ဦး တည်ချက်များကို တိုင်းကော်မတီဝင် ဦးဘိုအေး က
ထောက်ခံဆွေးနွေးပါသည်၊ ပါတီ၏နိုင်ငံရေး ဦး တည်ချက်များကိုသဘာပတိကြီးမှ တက်ရောက်လာကြသူများ၏ သဘောထားရယူကာ အတည်ပြုကြောင်းကြေညာပေးပြီး ၊ ပုံစံ ( ဇ ) ပါတီဝင်အင်အားစည်းရုံးခြင်းအတွက် ထောက်ပံ့ငွေများ နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဥက္ကဌကြီးမှပေးအပ်ပါသည ။၊~ အခမ်းအနားကိုကြွေးကြော်သံများကြွေးကြော်ပြီး
ဇာတိမာန်သီချင်းသီဆိုကာ နံနက်(10:05) နာရီတွင်ပြီးစီးပါသည် ။ ။
12/11/2023
မြို့နယ်ရုံးဖွင့် ပါတီဆိုင်း
ဘုတ်တင် ၊ ငွေစာရင်းများ အဆင်သင့်ပြင် ၊ ရက် 90 က
25 July ၊ ရက်ပေါင်း 180 က
25 Oct က ပြည့်ခဲ့ပြီ
10/11/2023
@ ၁၀ - ၁၁ - ၂၀၂၃ ရက်( သောကြာနေ့) ၀၉:၃၀
နာရီတွင် တိုင်းအမြဲတန်းကော်မတီ နှင့် မန္တလေးမြို့
ရှိ ခရိုင် ( ၃ ) ခရိုင်တို့၏ အရေးပေါ်အစည်းအဝေး
( ၁ / ၂၀၂၃ ) ကို တိုင်းအစည်းအဝေး ခန်းမတွင်
ကျင်းပပြုလုပ်ပါသည် @
~ တိုင်းဒေသကြီးကော်မတီ ဥက္ကဌ က ပုံစံ ( ဇ )
အင်အားစာရင်းမှ ကိုက်ညီမှုမရှိသူ ( မရှိ ) များမှ
ကိုက်ညီမှု ရှိသူများကို ပြန်လည်ဖော်ထုတ်ပြီး သက်
ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများတွင် ပြန်လည်ဖြည့်
ဆည်းရေးလုပ်ငန်းကို ရှင်းလင်းဆွေးနွေးပြီး ၊ တိုင်း
အတွင်းရေးမှူး နှင့် တွဲဖက်အတွင်းရေးမှူးတို့က တွေ့
ရှိချက် ၊ သုံးသပ်ချက်များနှင့်တကွ အဓိကဦးစားပေး
လုပ်ကြရမည့် လုပ်ငန်းများကို စာရင်းဇယားများနှင့်
တကွ ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားကြပြီး
တက်ရောက်လာကြသူ မြို့နယ်ခေါင်းဆောင်များက
ဆွေးနွေးကြပါသည် ။
~ အစည်းအဝေးကို ၁၀ : ၄၅ နာရီတွင် ရုပ်သိမ်း
ပါသည် ။
31/10/2023
၂၄-၁၀-၂၀၂၃ ရက် ပြင်ဦးလွင်ခရိုင်/ မြို့နယ် ရုံးသစ်ခွင့်ပွဲအခမ်းအနားနှင့် ပါတီ( ၃၅ ) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ပုံရိပ်များ
14/10/2023
♥ အောက်တိုဘာလ ( ၁၅ ) ရက်တွင် ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA ) ၈ နှစ်မြောက်နေ့ကို *** တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ *** က လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါ၏ ♥
10/10/2023
သို့
တိုင်း / ခရိုင် / မြို့နယ် ပါတီ
ခေါင်းဆောင်များအားလုံး
~ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲများထံမှ ( မရှိ )
စာရင်းတွင် ဖော်ပြထားသော
၁ ။ အမည်တူ / နိုင်ကတ်တူ ( ရှိ ၊ အကြိမ်ထပ် )
၂ ။ နေထိုင်မှုမရှိ ( ရပ် / ကျေး အုပ်ချုပ်ရေးမှူးများ
က ပါတီဝင် ရှာမတွေ့ )
Post တွင်ဖော်ပြထားသော အမည်စာရင်းရှည် ဇယားမျိုးကို တောင်းယူပြီး ၊ ပါတီနယ်မြေမှူးများက စိစစ်ကြပါ ၊
တွေ့ရှိသူများ ( လူရှိ ) ကို ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူး
များ ၏ သက်သေယူကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ
များထံ အချိန်မီတင်ပြ၍ ( ရှိ ) အင်အားဖြစ်အောင်
ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန် ၊
~ ပေးပို့အင်အား မလျော့ပါးအောင် ဝိုင်းလုပ်ကြပါ
08/10/2023
*** တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ***
ပါတီ( ၃၅)နှစ်မြောက် ကျောက်စိမ်းရတု အထိမ်းအမှတ် ၊ အောင်မြေသာစံခရိုင် ကိုယ်စားပြု အခမ်းအနားကိုမတ္တရာမြို့နယ်ပါတီရုံးခန်းမ၌ ၈.၁၀.၂၀၂၃ ခုနှစ် နံနက် (၁၀:၀၀) နာရီအချိန် တွင် အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် တိုင်းအတွင်းရေမှူး ဦးခင်မောင်ဝင်း မှ ဆောင်ရွက်ပါသည်။ ~သဘာပတိအဖွဲ့ဝင်အဖြစ် တိုင်းကော်မတီဝင် ဦးဝင်းမြင့်နှင့် ဦးဆောင်းတင်တို့မှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် မတ္တရာမြို့နယ်အတွင်းရေးမှူး ဦးထွန်းကြည်ကဆောင်ရွက်ပါသည်။ အခမ်းအနားသို့ မန်းတိုင်းဒေသကြီး လူငယ်ကော်မတီ နှင့်အမျိုးသမီး ကော်မတီ တို့တက်ရောက်ကြပြီး ၊ လူဦးရေစုစုပေါင်း{ ၇၄ )ဦးတက်ရောက်ပါသည် ။ အခမ်းအနားကိုနေ့လယ် (၁၁:၀၀) နာရီတွင်ပြီးဆုံးပါသည်။
@ တက်ရောက်လာကြသူအားလုံးကို မုန့်ဟင်းငါး
ဖြင့် ကြွေးမွေးဧည့်ခံပါသည် @
🖥️မန်းတိုင်းသတင်းပြန်ကြားရေး🖥️