ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်အတွက် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အတွက် နိုင်ငံရေးအကျဉ်းသားဟောင်း မျိုးဆက်အသီးသီး၏ စကားဝိုင်းဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှု
Anti-junta Forces Coordination Committee - Mandalay
အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)
16/04/2026
(၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် စစ်အုပ်စုက ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း)၊ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ကို အကြမ်းဖက် ဖမ်းဆီးကာရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ)ဟူသော အဓမ္မစွဲချက်ဖြင့် မတ်လ (၁၂)ရက်နေ့တွင် ထောင်ဒဏ် နှစ်(၂၀)ချမှတ်ကာ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားသည်။
ကိုထက်မြတ်အောင်သည် စစ်အုပ်စုက ထပ်မံစွပ်စွဲထားသော မတရားအမှုများကို သံတိုင်များနောက်တွင် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
သူချစ်သော မန္တလေးမြို့၏ လမ်းမများပေါ်တွင် လူထုလိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ တောင်းဆို တိုက်ပွဲဝင်ရင်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသော ကိုထက်မြတ်အောင်အပါအဝင် စစ်အုပ်စုမှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်လွတ်ပေးရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုအပ်ပါသည်။
ကိုထက်မြတ်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အလုံးစုံလွတ်မြောက်ပြီး ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ကျွန်ုပ်တို့အနေဖြင့် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
"Free Ko Htet Myat Aung And All Political Prisoners"
16/04/2026
၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် စစ်အုပ်စုက ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ(ဟောင်း)၊ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ကို အကြမ်းဖက် ဖမ်းဆီးကာရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ)ဟူသော အဓမ္မစွဲချက်ဖြင့် မတ်လ (၁၂)ရက်နေ့တွင် ထောင်ဒဏ် နှစ်(၂၀)ချမှတ်ကာ ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားသည်။
ကိုထက်မြတ်အောင်သည် စစ်အုပ်စုက ထပ်မံစွပ်စွဲထားသော မတရားအမှုများကို သံတိုင်များနောက်တွင် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
သူချစ်သော မန္တလေးမြို့၏ လမ်းမများပေါ်တွင် လူထုလိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် ငြိမ်းချမ်းစွာ တောင်းဆို တိုက်ပွဲဝင်ရင်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသော ကိုထက်မြတ်အောင်အပါအဝင် စစ်အုပ်စုမှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ ပြန်လွတ်ပေးရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုအပ်ပါသည်။
ကိုထက်မြတ်အောင်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အလုံးစုံလွတ်မြောက်ပြီး ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ကျွန်ုပ်တို့အနေဖြင့် ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
"Free Ko Htet Myat Aung And All Political Prisoners"
"တော်လှန်သင်္ကြန် သံချပ်"
"စစ်ကော်မရှင်၏ ရက်စက်ယုတ်မာ အာဏာရူးမှုများ၊
လက်ရှိ တော်လှန်ရေး၏ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းများနှင့် တော်လှန်ပြည်သူလူထုတစ်ရပ်လုံး၏ ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ အဖြစ်အပျက်များကို ပြည်သူလူထု ကိုယ်စား ထောက်ပြဝေဖန်
အကြံပြုတင်ဆက်ထားသော တော်လှန်သင်္ကြန် သံချပ်"
#ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီ
#တော်လှန်သင်္ကြန်
14/04/2026
“အဓမ္မ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွတ်ပါ”
-----
လူထုခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ကြပါစေ။
အာဏာရှင်စနစ်အောက်မှာ “အကျဉ်းထောင်” များထဲက နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုခြင်းဟာ “အကျယ်ထောင်” ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် “တာဝန်” တရပ်ပဲဖြစ်ပါတယ်။
" ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီရဲ့ Blue Shirt Campaign လှုပ်ရှားမှု ပုံရိပ်များ "
ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။
အရေးတော်ပုံ အောင်ရမည်။
အဌဂံ ယဉ်ကျေးမှုစစ်သည်တော်များ၏ မောင်မောင်ဆိုလေ ထီးရိုးရှည် နှင့် Blue Shirt Movement - Myanmar ဖြစ်မြောက်ရေး အဖွဲ့တို့ပူးပေါင်းပါဝင်သော သံချပ်တိုက်ရိုက်ထုတ်လွှင့်မှု အပိုင်း (၂)
အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ကိုယ်စားပြုပြီး၊ နံရံတွေကို ထိုးဖောက်လာမယ့် “နရသိန်အသံ တော်လှန်သံချပ်” အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှု
အဌဂံယဉ်ကျေးမှုစစ်သည်တော်များ၏ မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ် တိုက်ရိုက်ထုတ်လွှင့်မှု
05/04/2026
မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် ပြင်ဦးလွင်ခရိုင် လူထုလှုပ်ရှားမှုကော်မတီတို့ ပူးပေါင်းကာ မန္တလေးဒေသတွင်းနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းသို့ ရောက်ရှိနေသော မန္တလေးဒေသ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန် ဆီ ရိက္ခာခြောက်များ မျှဝေကူညီခြင်း၊ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ခဲ့ပါသည်။
#မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ_MIGC
#ပြင်ဦးလွင်ခရိုင်လူထုလှုပ်ရှားမှုကော်မတီ
31/03/2026
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲ့စည်းမှုအား ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
●─── ๑۩۩๑ ───●
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း (ERO) များက ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအား လှိုက်လှဲစွာ ကြိုဆို ပါသည်။
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအနေဖြင့် “မူဝါဒ တရပ်တည်း၊ မဟာဗျူဟာ တရပ်တည်း - One policy, one strategy” မူဝါဒဖြင့် လက်ရှိတော်လှန်ရေး အခင်းအကျင်းအရ အရေးတကြီးလိုအပ်လျက်ရှိသော စုစည်းညီညွတ်မှုကို အကောင်အထည်ဖော်၍ စစ် အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
၃။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီသည် မန္တလေးဒေသမှ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီး ပါဝင်ရေးဆွဲခဲ့သည့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံအရ ဖွဲ့စည်းခဲ့သော ဖက်ဒရယ်ယူနစ်အဆင့် ကြားကာလအစိုးရဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါသည်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ
30/03/2026
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး
ဦးဆောင်ကောင်စီ (Steering Council for the Emergence of the Federal Democratic Union - SCEF) ထုတ်ပြန်ကြေညာချက်။
06/01/2026
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မိန့်ခွန်း
●─── ๑۩۩๑ ───●
( ပြည်နယ်/ယူနစ်/ဒေသလွှတ်တော်များ၊ ကိုယ်စားပြုကော်မတီတို့၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအကြောင်း နှီးနှောဖလှယ်ပွဲ၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြောကြားသည့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဆွေးနွေးချက်များဖြစ်ပါသည်။)
⬛️ PDF ဖိုင်အား ဒေါင်းလုတ်ရယူရန်
https://drive.google.com/file/d/1oVn-E1-y_UgM9pnZvac6AAiXiNuEz05W/view?usp=sharing
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
Mandalay
