Committee Representing Mandalay Hluttaw - CRMH

Directions

Committee Representing Mandalay Hluttaw - CRMH မန္တလေးဒေသလွှတ်တော်ကိုယ်စားပြုကော်မတီ

06/10/2026



#ချက်ချင်းလွှတ်
#အမေစုကျန်းမာပါစေ

    #ချက်ချင်းလွှတ် #အမေစုကျန်းမာပါစေ
05/10/2026



#ချက်ချင်းလွှတ်
#အမေစုကျန်းမာပါစေ

မန္တလေး‌ဒေသ လွှတ်တော်ကိုယ်စားပြုကော်မတီ၊အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၆)ကျင်းပခြင်း။၂၀၂၆ခုနှစ်၊ အောက...
03/10/2026

မန္တလေး‌ဒေသ လွှတ်တော်ကိုယ်စားပြုကော်မတီ၊အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၆)ကျင်းပခြင်း။

၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(၃)ရက်၊ (စနေနေ့)။
------------------

မန္တလေး ဒေသလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၆)) ကို နေ့လည်(၂:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးဒေသလွှတ်တော်ဥက္ကဌ က အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

မန္တလေးဒေသ လွှတ်တော် ဆောင်ရွက်နေမှုများ ၊ ရေးရာကော်မတီအလိုက် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းစဉ်များ ကို လွှတ်တော်သို့ အစီရင်ခံစာတင်ပြခြင်းများ ကို တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ မှ တဦးချင်းအလိုက် ပြန်လည် ဆွေးနွေးခဲ့ကြပြီး ဥက္ကဌ က နိဂုံးချုပ် စကားပြောကြားခဲ့ပါသည်။

အပတ်စဉ် ပုံမှန်အစည်းအဝေးကို လွှတ်တော်ဥက္ကဌနှင့် CRMH အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး

အခမ်းအနားကို ညနေ (၅:၀၀)နာရီ အချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

Joint Statement of the State and Federal Unit Hluttaws on Airstrikes and Bombing Attacks against Civilians2 October 2026...
03/10/2026

Joint Statement of the State and Federal Unit Hluttaws on Airstrikes and Bombing Attacks against Civilians

2 October 2026

(1) The State and Federal Unit Hluttaws strongly condemn the continued airstrikes and bombings targeting residential areas, markets, villages, and other civilian infrastructure across Myanmar, which have resulted in mass casualties and loss of life.

(2) In September 2026, several airstrikes took place across Myanmar, resulting in civilian deaths and injuries. Among these, the aerial bombing of India Market in Kyauktaw Township, Rakhine State, on 28 September was a particularly grave and alarming assault, causing mass civilian casualties in a densely populated area.

(3) These incidents have severely affected the lives, safety, and dignity of civilians, raising serious concerns about actions contrary to the fundamental principles of International Humanitarian Law (IHL).

Therefore, the Parliaments of State and Federal Units demand and declare the following:

(a) Call for the immediate cessation of airstrikes and bombings targeting civilians, markets, villages, hospitals, schools, and other civilian infrastructure.

(b) Express their profound sorrow and condolences to those who have lost their lives and to their families as a result of these attacks, including the incident at India Market in Kyauktaw Township, Rakhine State, and wish a speedy recovery to those who have been injured.

(c) Call for independent and credible investigations into airstrikes carried out against civilians and for those responsible for violations to be held accountable in accordance with international law.

(d) Call upon the United Nations, the international community, and humanitarian organizations to take urgent, effective measures to protect civilians, prevent airstrikes, and ensure that humanitarian assistance can reach those affected safely and without obstruction.

(e) The lives and safety of civilians constitute fundamental values that must be protected and prioritized over any military objective. The State/Federal Unit Hluttaws reaffirm their opposition to and condemnation of airstrikes and bombings targeting civilians, and reiterate their continued commitment to protecting civilians through cooperation grounded in human rights, justice, and accountability.

State/Federal Unit Hluttaws

1. Committee Representative of Kachin State Hluttaw
2. Committee Representative of Kayah State Hluttaw
3. Committee of the Three Kayah State Hluttaws
4. Committee Representative of Chin State Hluttaw
5. Sagaing Federal Unit Hluttaw
6. Committee Representative of Tanintharyi Region Hluttaw
7. Bago Federal Unit Hluttaw
8. Magway Federal Unit Hluttaw
9. Mandalay Region Hluttaw
10. Committee Representative of Mon State Hluttaw
11. Committee Representative of Rakhine State Hluttaw
12. Yangon Federal Unit Hluttaw
13. Committee Representative of Shan State Hluttaw
14. Ayeyarwady Federal Unit Hluttaw

‘‘အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများအပေါ်ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက...
03/10/2026

‘‘အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများအပေါ်
ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်”

ရက်စွဲ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်

(၁) မြန်မာနိုင်ငံအတွင်း အရပ်သားပြည်သူများ နေထိုင်ရာဒေသများ၊ ဈေးများ၊ ကျေးရွာများနှင့် အခြားအရပ်သား အခြေခံအဆောက်အအုံများအပေါ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် ထိခိုက် သေဆုံးနေမှု အပေါ် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ လွှတ်တော်များက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်။
(၂) ၂၀၂၆ခုနှစ် စက်တင်ဘာလအတွင်း မြန်မာပြည်အနှံ့ဖြစ်ပွားခဲ့သည့် လေကြောင်း တိုက်ခိုက်မှု များ အနက် အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပြီး၊ စက်တင်ဘာလ (၂၈)ရက်နေ့ ကျောက်တော်မြို့ အိန္ဒိယဈေး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသည် လူစည်ကားရာ အရပ်သား နေရာတွင် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု ဖြစ်ပေါ် စေခဲ့သည့် အလွန်စိုးရိမ်ဖွယ် ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။
(၃) အဆိုပါဖြစ်စဉ်များသည် အရပ်သားပြည်သူများ၏ အသက်၊ လုံခြုံရေးနှင့် လူ့ဂုဏ်သိက္ခာကို ပြင်းထန်စွာ ထိခိုက်စေပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ၏ အခြေခံမူများနှင့် ဆန့်ကျင်နိုင်သည့် လုပ်ရပ်များဖြစ်သဖြင့် အထူးစိုးရိမ်ပူပန်ကြောင်း ဖော်ပြအပ် ပါသည်။
ထို့ကြောင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ လွှတ်တော်များက—
(က) အရပ်သားပြည်သူများ၊ ဈေးများ၊ ကျေးရွာများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် အခြားအရပ်သားအခြေခံအဆောက်အအုံများအပေါ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည်။
(ခ) ရခိုင်ပြည်နယ်၊ကျောက်တော်မြို့ အိန္ဒိယဈေးဖြစ်စဉ်အပါအဝင် လေကြောင်း တိုက်ခိုက်မှုများ ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် မိသားစုများအပေါ် လေးနက်စွာ ဝမ်းနည်းကြေကွဲပြီး ဒဏ်ရာ ရရှိသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
(ဂ) အရပ်သားများအပေါ် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို လွတ်လပ်၍ ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကျူးလွန်မှုများအတွက် တာဝန်ရှိသူများအား နိုင်ငံတကာဥပဒေနှင့်အညီ တာဝန်ခံမှုရှိစေရန် တောင်းဆိုသည်။
(ဃ) ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရပ်သားများအား ထိရောက်စွာ အကာအကွယ်ပေးရေး၊ လေကြောင်း တိုက်ခိုက်မှုများကို တားဆီးရေးနှင့် ထိခိုက်ခံစားနေရသူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လုံခြုံ၍ အတားအဆီးမရှိ ရောက်ရှိနိုင်ရေး အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုသည်။
(င) အရပ်သားပြည်သူများ၏ အသက်နှင့် လုံခြုံရေးသည် မည်သည့်စစ်ရေးရည်မှန်းချက်ထက်မဆို ဦးစားပေးကာကွယ်ရမည့် အခြေခံတန်ဖိုးဖြစ်ပါသည်။ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ လွှတ်တော်များအနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဆန့်ကျင်ရှုတ်ချပြီး လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့ကို အခြေခံ၍ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာအပ်ပါသည်။

ပြည်နယ်/ဖက်ဒရယ်ယူနစ် လွှတ်တော်များ
၁။ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
၂။ ကယားပြည်နယ်လွှတ်တော်သုံးရပ်ကော်မတီ
၃။ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
၄။ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
၅။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်
၆။ တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ
၇။ ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်
၈။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်
၉။ မန္တလေးဒေသလွှတ်တော်
၁၀။ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
၁၁။ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ
၁၂။ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်
၁၃။ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ
၁၄။ ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Committee Representing Mandalay Hluttaw - CRMH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share