Committee Representing Mandalay Hluttaw - CRMH

Committee Representing Mandalay Hluttaw - CRMH

Share

မန္တလေးဒေသလွှတ်တော်ကိုယ်စားပြုကော်မတီ

01/06/2026

မန္တလေး‌ ဒေသလွှတ်တော်ကိုယ်စားပြုကော်မတီ၊အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆)ကျင်းပခြင်း။

၂၀၂၆ခုနှစ်၊ မေလ (၃၀) ရက်၊ (စနေနေ့)။
------------------

မန္တလေး ဒေသလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆) ကို နေ့လယ် (၂:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးဒေသလွှတ်တော်ဥက္ကဌ က အဖွင့် နုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
တက်ရောက်လာသောလွှတ်တော်ရေးရာကော်မတီဝင်များဖြစ်သည့် လွှတ်‌တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များ၊‌ရေးရာကော်မတီတာဝန်ရှိသူများ မှ ဆောင်ရွက်ထားရှိမှုများအားတင်ပြဆွေးနွေးခြင်း၊ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း၊ သိရှိလိုသည်များ မေးမြန်းခြင်း၊ လွှတ်တော်ဥက္ကဌ မှ ပြန်လည်ဖြေကြား ဆွေးနွေးခြင်း၊ မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။

ပုံမှန်အစည်းအဝေးကို လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ နှင့် CRMH အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီးအစည်းအဝေးကို ညနေ (၄:၂၀) နာရီတွင် ရပ်နားခဲ့ပါသည်။

01/06/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး
သူရဦးတင်ဦး ကွယ်လွန်ခြင်း ( ၂ )နှစ်ပြည့်......

သူရဦးတင်ဦးသည် မြန်မာနိုင်ငံ၏ စစ်ဘက် ၊ နိုင်ငံရေးနှင့် ဒီမိုကရေစီသမိုင်းတွင် အထူးလေးစားဂုဏ်ယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါ
သည်။ ၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မွေဖွား
ခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက နိုင်ငံအပေါ် တာဝန်သိ
စိတ်၊ အများအကျိုးဆောင်လိုစိတ်တို့ဖြင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။

သူရဦးတင်ဦးသည် တပ်မတော်တွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါသည်။ စစ်ဘက်တာဝန်များ ထမ်းဆောင်စဉ်ကပင် တိုင်းပြည်နှင့် ပြည်သူအကျိုးကို ဦးစားပေးဆောင်ရွက်ခဲ့သူဖြစ်သလို စည်းကမ်း၊ ရိုးသားမှုနှင့် တာဝန်သိမှုတို့ကြောင့် လေးစားခံရသူတစ်ဦး ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တည်ထောင်ခဲ့ပြီး ပါတီ
၏ ဥက္ကဋ္ဌ၊ နာယကအဖြစ် တာဝန်ယူခဲ့သည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်
မြတ်ရေးအတွက် သူ၏ဘဝတစ်လျှောက်လုံး အနစ်
နာခံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နေအိမ်အကျယ်
ချုပ်၊ ဖမ်းဆီးချုပ်နှောင်မှုများနှင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း မိမိယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ ခိုင်မာစွာ ရပ်တည်ခဲ့သူ ဖြစ်သည်။

သူရဦးတင်ဦးသည် အာဏာ၊ ဂုဏ်ပုဒ်များထက် ပြည်သူကို ပိုမိုတန်ဖိုးထားခဲ့သူဖြစ်ပြီး “နိုင်ငံအတွက်
ဘာလုပ်ပေးနိုင်မလဲ” ဟူသည့် စိတ်ဓာတ်ဖြင့် ဘဝတစ်လျှောက် ရှင်သန်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအကြား “ရိုးသားသော နိုင်ငံရေးသမားကြီး” အဖြစ် အမြဲတမ်းလေးစားဂုဏ်ပြုခံခဲ့ရသည်။

ယနေ့ သူရဦးတင်ဦး ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အချိန်တွင် သူ၏ နိုင်ငံချစ်စိတ်၊ သစ္စာရှိမှု၊ အနစ်နာခံမှုနှင့် ဒီမိုကရေစီအပေါ် မယိမ်းယိုင်သော ယုံကြည်ချက်တို့ကို လေးနက်စွာ အောက်မေ့သတိရဖွယ်​​ဖြစ်
သည်။

“သူရဦးတင်ဦး ကွယ်လွန်သွားခဲ့သော်လည်း သူယုံကြည်ခဲ့သော အမှန်တရားနှင့် ချန်ထားရစ်ခဲ့သော စိတ်ဓာတ်ခွန်အားများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲသမိုင်းတွင် ထာဝရရှင်သန်နေမည်သာ ဖြစ်သည်။”

အဖွဲ့ချုပ်နာယကကြီး သူရဦးတင်ဦးအား လေးစားဂုဏ်ယူစွာဖြင့် အမြဲအောက်မေ့သတိရလျက်....…



01/06/2026



#ချက်ချင်းလွှတ်

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay