"တပ်ပြေးမဖြစ်စေနဲ့"
ညီလေး
မင်း ဆံပင် အရှည်ထားတတ်တာ
သောက်စား ပျော်ပါးချင်တာကအစ
စစ်ပုံမကျတာအားလုံး အပြစ်လို့မမြင်ကြဘူး။
ဒါပေမဲ့ မင်းဟာ
ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (PDF) ဖြစ်နေတယ်ဆိုရင်
မင်းမှာ ဆောက်တည် ထိန်းသိမ်း တန်ဖိုးထားရမဲ့
တစ်ခုတည်းသော အရာရှိတယ်။
အဲတာ ဂုဏ်သိက္ခာ။
"ဂုဏ်သိက္ခာ (Honor)"
PDF တယောက်ရဲ့ အလေးထားရမဲ့၊ ထိန်းသိမ်းလိုက်နာရမဲ့ စံတန်ဖိုးတွေအကြောင်း အားလုံးကို ပြောပြီး သင်ပြီးသားပါ။
Honor ဂုဏ်သိက္ခာ
Courage သတ္တိ
Affirmation ကတိသစ္စာ ... အကြောင်း။
အကြမ်းဖက်စစ်တပ် နဲ့
ပြည်သူ့နှလုံးသည်းချေပွတ် (PDF) တပ်ကို ခွဲခြား တိုင်းတာလို့ရတဲ့ တစ်ခုတည်းသော ပေတံဟာ ဘာလဲဆိုရင် အဲဒီပေတံဟာ ဂုဏ်သိက္ခာ ပဲ ညီလေး။
တပ်မှာ ဂုဏ်သက္ခာထက် အရေးကြီးတာ ဘာမှမရှိ။
"တပ်ပြေးမှု"
တပ်မှာ တပ်ပြေးမှုဟာ ပြစ်ဒဏ်ကြီးလေးတယ်။
ဘယ်လောက်ကြာကြာ၊ ဘယ်နိုင်ငံပဲရောက်ရောက် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိဘူး။
တပ်ပြေးဖို့ ကူညီ အားပေးသူဟာ လက်ငါးချောင်းပဲရှိမယ်။
လက်ညှိးထိုးမဲ့သူက များတယ်။
တပ်ပြေးပြီး ကိုယ့်ဂုဏ်ပုဒ်၊ ကိုယ့်သိက္ခာကို မချမိစေနဲ့။
ကောင်းမွန်ခဲ့တဲ့လုပ်ရပ်တွေအားလုံး နိဂုံးမချုပ်စေနဲ့။
တပ်ပြေးဘဝနဲ့ တသက်လုံးမနေချင်နဲ့။
ဘာကြောင့်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်တွေရှိလိမ့်မယ်။ အားလုံးကို အများနည်းတူ ရင်ဆိုင်ကျော်လွှားရမယ်။ သီးမခံနိုင်လောက်တဲ့ ခေါင်းဆောင် ဆိုး ယုတ်မှုတွေ ၊ လွဲမှားတဲ့ စည်းကမ်းဥပဒေတွေကြုံရရင် အဲတာကိုကိုယ်တိုင် အရင် ပြောင်းလဲပစ်ပါ။ အဲတာကိုအရင်တော်လှန်ပါ။ အပြုသဘောဆောင်ပါ။ အမှန်တရား ဖြစ်သင့်ဖြစ်ထိုက်တာတွေ အတွက် ရဲဘော်တွေနဲ့အတူ မြေပြင်မှာ ခေါင်းဆောင်ကြီးတွေ ရှိနေတယ်။ စည်းကမ်း ဥပဒေချိုးဖောက်သူတွေကို တိုင်ကြားအရေးယူနိုင်မဲ့ လိပ်စာ အဆက်အသွယ် ပေးထားပြီးသား။
"ချင့်ချိန်စဥ်းစားပါ"
- ငါတို့ဟာ အတင်းအဓမ္မ ပေါ်တာဆွဲခံထိပြီး PDF ဖြစ်လာတာမဟုတ်ဘူး။ အာဏာရှင်ကို မကြိုက်လို့ တော်လှန်ချင်လို့ PDF ထဲဝင်လာတာဖြစ်တယ်။
- ထမင်းမငတ်ဘူး၊ ပြည်သူအားပေးထောက်ခံတယ်။
အဲလိုတပ်မတော်ထဲကို ကိုယ့်သဘောနဲ့ကိုယ်ဝင်ပြီးမှ တာဝန်ထမ်းဆောင်လိုက်ပါ။
ကိုယ့်ရဲ့ ရည်မှန်းချက်ကို မမေ့နဲ့၊ ကိုယ့်ရဲ့ လုပ်ခဲ့တဲ့အရာတွေကို သမိုင်းမှတ်ကျောက်တင်နိုင်အောင်ကြိုးစား။ အပြစ်ဆိုခြင်းမဟုတ်။ လူငယ်၊ ရဲဘော်၊ သူငယ်ချင်းစိတ်နဲ့ ပြောပြခြင်းသာဖြစ်တယ်။
အာဏာရှင်ကိုတော်လှန်ခဲ့တယ်
PDF တယောက်အဖြစ် ဂုဏ်ယူခဲ့ဖူးတယ် ဆိုရင်
တပ်ပြေး (လုံးဝ) အဖြစ်မခံနဲ့ ရဲဘော်ရဲဘက်တို့ ✊
#မန္တလေးခရိုင်၊အမှတ်(၅)တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း
စစ်အာဏာရှင်စနစ်ပပျောက်ရေးနှင့်တန်းတူညိီမျှသောအခွင့်အရေးများရရှိဖို့အတွက်တိုက်ပွဲဝင်တော်လှန်သွားမည်။
13/05/2026
စစ်အာဏာသိမ်း (၁၉၂၆)ရက်အတွင်း
သ တ် ဖြ တ်ခံရသူ (၈၀၃၃) ဦး သည်
အကြ မ်းဖက်သ - တ်ဖြ - တ်ခံခဲ့ရကြောင်း
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၅၈) ဦး
ရှိလာခဲ့ပြီးဖြစ်ပါတယ်။
ရွာပေါင်းများစွာမီးရှို့ခဲ့ရပြီး မရေမတွက်နိုင်သော
အိမ် ပေါင်းများစွာလဲရှိခဲ့ပါတယ်
မရေမတွက်နိုင်သော လူသန်းပေါင်းများစွာ
ဒုက္ခရောက်နေကြပါတယ်
သွေးအေးသွားပြီးလား
မေ့ပျောက်သွားပြီးလား
အားနည်းကုန်ပြီးလား
အရှုံးပေးလိုက်ကြတော့မှာလား
မသိသလိုဟန်ဆောင်ပြီး နေသာသလိုနေလိုက်
ကြတော့မှာလား
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၂၀၂၁ ကစလို့
ပြည်တွင်းစစ်ဖြစ်နေတာ ၅ နှစ်ကျော်နေပါပြီး
တိုင်းရင်းသားနယ်မြေတွေမှာတော့ နှစ်ပေါင်းဆယ်ချီ
ရှိနေပါတယ်
ဟင်းအခြေအနေကတော့ အော်ကပ်နစ်တွေနဲ့
ဖြတ်သန်းနေရပါတယ်
ဗိုက်ဆာတဲ့အချိန်ဆို ရှိတာနဲ့ စားကောင်းပါတယ်
စားမကောင်းလို့လဲ မရဘူး မစားနိုင်လို့လဲ မရဘူးလေ
ရိက္ခာဝယ်ဖို့ကလဲ မလွယ်ဘူး
ကုန်စျေးနှုန်းတွေကတက်လိုက်တာ ဗျာ
ထောက်ပို့ ကူ လှူ မယ့် ပြည်သူတွေကနဲ
နဲလာတော့ အခက်အခဲမျိုးစုံ လိုအပ်ချက်မျိုးစုံပါပဲ
တပ်ရင်း Page Messenger ကိုဆက်သွယ်၍
ထောက်ပို့ ကူ လှူ နိုင်ပါသည်။
11/05/2026
ဒီလို မြင်ကွင်းမျိုးမြင်ရတိုင်း
နာကျင်ရတိုင်း ဒီခရီး ဒီလမ်းအတွက် ဆက်လျှောက်ဖို့ နောက်ပြန်မလှည့်ဖို့
ပိုမိုခိုင်မာလာခဲ့တယ်။
မင်းတို့ မင်းတို့ အမေတွေ အဖွားတွေက
မြို့ပေါ်မှာ သာသာယာယာလေးနေနိုင်သ၍
ကိုယ်ချင်းစာပါတယ်။
သနားပါတယ်။
စိတ်မကောင်းလိုက်တာဆိုတဲ့စကားထက်
ပိုကြီး မထွက်တတ်ကြတော့ဘူး။
လေယာဉ်ကျဲဖို့ အမိန့်ပေးနေတဲ့ မအလနဲ့ပေါင်းအပါတွေကိုကျတော့ တခွန်းတလေမှ အပြစ်မပြောဝံ့ကြတာလည်း အံ့ဩတယ်😡
ဒီအကြောင်းတရားတွေက
လုပ်သင့်သလား
ဖြစ်သင့်သလား😢
ဒီလိုဓာတ်ပုံမျိုးက မြန်မာပြည်မှာပဲ ဖောဖောသီသီ ထုတ်လုပ်သတဲ့လားဗျာ😢
လင်မယားချင်းရန်ဖြစ်လို့
အက်ဆစ်နဲ့ပက်ခံရတဲ့မိန်းမကို ဝိုင်းသနားနေကြတာ ပရဟိတနိုင်ငံကြီးမှာမြင်မကောင်းဘူး။
အခု ဒီအဖွားကရော
ဘာအပြစ်တွေရှိနေလို့လဲ။
ကျွန်တော်တို့ တော်လှန်ရေးသမား
ရဲဘော်ရဲဘက်တွေရဲ့ အားကစားသမား
ဂျော့ရှူဝါဗန် ကို အားပေးနေတဲ့ ပွဲလေးပါ
လိုင်းအခက်အခဲကြောင့် ဖုန်း ၃ လုံး နဲ့ အပြိုင်
ရဲဘော်ရဲဘက်တွေ ကြည့်ရှု့ အားပေးနေကြ
ပင်ပန်းခက်ခဲနေတဲ့ကြားတဲ့ အခုလိုစိတ်ထွက်ပေါက်
ပျော်ရွှင်စရာ မျှော်လင့်ချက်လေး တစ်ခု
ကျေနပ်မှုပေးသွားလို့ ကျေးဇူးတင်ပါတယ် ဗန်
အခက်အခဲ အဆင်မပြေမှုတွေကြားထဲကနေ
အားပေးရကျိုး နပ်ခဲ့ပါတယ်
ကျွန်တော်တို့ရဲဘော်ရဲဘက်လေးတွေ
စိတ်ဓာတ်ရဲ့ ပျော်ရွှင်မှု အခြေအနေလေးကို
ဗီဒီယိုထဲမှာတွေမြင်နိုင်ပါတယ်
" အာဏာသိမ်းမှုတွေကပဲ ကျွန်တော်တို့နိုင်ငံကို
အရာရာပျတ်စီးစေခဲ့တာပါ
ဒါပေမယ့် အောင်ပွဲရတဲ့အထိ ကျွန်တော်တို့
တိုက်ပွဲဝင်သွားမှာပါ ဗန် "
ကျွန်တော်တို့နဲ့ အတူတူ ရှိနေပေးပါ လို့
တောင်းဆိုချင်ပါတယ် ဗန် 💪💪💪
ကျွန်တော်တို့မြန်မာနိုင်ငံ ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခေါင်းဆောင်များကို မတရားဖမ်းစီးချုပ်နှောင်ပြီး
ပြည်သူလူထုများကို နည်းမျိုးစုံ ဒုက္ခပေးကာ
လေ ကြော င်း မှ ဗုံ း ကျဲ သ - တ် ဖြ - တ် နေ ပါ တယ်
ဒါ ကြောင့် မို့
ကျွန်တော်တို့မြန်မာနိုင်ငံကို မတရားအာဏာသိမ်းထားသော မင်း အောင် လှိုင် ဦးဆောင်တဲ့ စစ်တပ်ကို ကမ္ဘာနိုင်ငံအသီးသီးမှ အမြန်ဆုံးအရေးယူပေးကြပါရန် တောင်းဆိုအပ်ပါသည်။
#ပြည်သူလူထုအတွက်တော်လှန်ရဲဘော်များ
#မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
ပင်ပန်းနေရင်ခဏနားပါ
အမောပြေရင်ဆက်သွားပါ။
ငါတို့လက်ဖက်အတူခူးကြမယ်
တောင်အတူတက်
အိပ်မက်အတူမက်ကြမယ်။
ဒီသမိုင်းမရိုင်းစေနဲ့
တစ်ကိုင်းထဲနားတဲ့ငှက်တွေ
ပျံရင်လည်း
တစ်အုပ်ထဲအတူပျံကြမယ်။
သေရွာသွားတဲ့လမ်းမှာ
လှေဝမ်းကွဲလို့မရသလို
စိတ်ဝမ်းလည်းကွဲလို့မရဘူး။
ဘုံရန်သူကိုလည်းတိုက်ထုတ်ရမယ်
ဗဟုရန်သူတွေလည်း တိုက်ထုတ်ရမယ်။
လက်ဖက်ကောင်းလည်းစားချင်တယ်
တောင်တက်လည်းမြန်ချင်တယ်။ ။
♦ ကျွန်တော်တို့တပ်ရင်းမှာ ရိက္ခာ ဆေးဝါး ခဲယမ်းများ
ဖြည့်တင်းဖို့ ရံပုံငွေများလိုအပ်နေပါတယ် တော်လှန်ပြည်သူများဝိုင်းဝန်းအားဖြည့် ထောက်ပို့/ပံ ပေးကြပါအုံး 🙏🙏🙏
အလှူမခံ ဖြစ်တာလဲကြာလှပါပြီး ဗျာ 😔😔😔
Kpay Wavepay Nugpay SDBbank နှင့် ပြည်ပနိုင်ငံခြားအကောင့်တို့ဲဲးဖြင့်လဲ ပါဝင်လို့ရပါတယ် ဗျာ 💪💪💪
02/05/2026
တော်လှန်ရေး သမားတွေ
- အငြူဆူခံ
- အစောင်းမြောင်းခံ
- အနှိပ်စက်ခံ
- ထောင်ကျခံ
- လှုပ်လှုပ်ရှိတိုင်း သူတို့ပဲခံ
ဘာလို့ သူတို့တွေ
ဇွတ်တော်လှန်နေကြတာလည်း
ပြောကြပါ
အေး …
သူတို့တွေက အသက်ရွယ် ငယ်ကြသေးပေမယ့်
အမှန်သိတော့
မြန်မာပြည်ကြီး
- ပျက်စီးနေတာ
- ဆုံးရှုံးနေတာ
- အလုံးစုံ ထိခိုက် နေတာတွေ
သိလို့
မြန်မာပြည်ကြီးကို ကယ်တင်ချင်လို့
သူတို့တွေဟာ ဘဝ ကို စတေးပြီး
ကယ်နေကြတာပါ
အပြစ်တွေ ပြောနေမယ့် အစား
ငါတို့တွေတာဆို သူတို့တွေလို
- စွန့်လွတ်နိုင်လား
- အနင့်နာ ခံနိုင်လား
နောက်ဆုံး …..
သူတို့လို
“ အသက်ပါ ပေးရဲကြလား “
တွေးကြည့်ဘူးကြလား ။
26/04/2026
တစ်မြို့တစ်ရွာကို
ထောက်ခံစာမလို
တံခါးမရှိ ဓားမရှိသွားလို့ရတာမျိုး
ကိုယ့်အိမ်ကိုယ်
ညနက်သန်းခေါင်
ပေါ်တာမကြောက် ထပြန်လို့ရတာမျိုး
ပျိုနှမ အိမ်ရှေ့
လူပျိုလှည့်တေး ဆိုဖို့
ညမထွက်ရ အမိန့်ကို ဖီဆန်စရာမလို
ပိုးပန်းခွင့်ရတာမျိုး
ရွာရိုးကိုးပေါက်
တရွာလည် တရွာရောက်
သားတစ်ယောက်ကို
ရတတ်မအေး
လူပျောက်ကြော်ငြာ ဖွင့်စရာမလိုတာမျိုး
တစ်သီးပေါ်ရင်
တစ်ရာသီစာ ဖူလုံလေ့ရှိတဲ့
လယ်သမားတွေ
မြေမြုပ်မိုင်းမကြောက် ရယ်မောခွင့်ရတာမျိုး
စက်ရုံလုပ်သား တစ်လစာကို
တစ်မိသားစု
လောက်လောက်ငှငှ
ဝမ်းဝကြရတာမျိုး
ဥတုရာသီဖောက်ရင်
တံခါးပေါက်ကို
လှစ်ဟ အိပ်မောကျခွင့် ရတာမျိုး
မရှိဝမ်းစာ ရှိတန်ဆာ
ရွှေကို ကြော့အောင်ဝတ်ပြီး
စိတ်လုံခြုံစွာ ခရီးသွားလို့ရတာမျိုး
တောင်တောရယ်သာ
မာလာက ငုံဖူး
တစ်ပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်ကမြူး ဆိုတဲ့ ကဗျာကို
မိမွေးတိုင်းဖမွေးတိုင်း
စာသင်ကျောင်းမှာ
ဝေဟင်ကို မကြောက်ရ
မြေပြင်ကို မမှု့ရ
ရွတ်ခွင့် ရကြတာမျိုး
အဲ့သလိုမျိုး ပုံပြင်တွေမှာ
ငါတို့တွေ ဇာတ်ကောင်ဖြစ်ခဲ့ကြတယ်
လွတ်လပ်ခွင့်
လူ့အခွင့်အရေး
အမျိုးသားရေးတွေဆိုပြီး
စကားကြီးစကားကျယ် မပြောလိုတော့ဘူး
လူထုရဲ့ ကိုယ်စိတ်နှစ်ပါး
လုံခြုံပျော်ရွှင်ခွင့်ရရင်
အဲ့ဒီတိုင်းပြည်
စနစ်ကောင်းသလို
မင်းကောင်းတယ်ဆိုတာ
လယ်ပြင်မှာ
ဆင်သွားသလို
အထင်းသားပေါ်လွင်ပါတယ် ။ ။
#ခွန်ဟိဏ်း( ရေစကြို )
23/04/2026
“တပ်နေလဲပျော်၊ တိုက်ပွဲလဲတော်” ဆိုတာ စစ်တပ်တစ်ခုရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ အခြေခံသဘောတရားပါ။ တပ်နေရင်း ပျော်ရွှင်နိုင်ခြင်း၊ စည်းကမ်းရှိခြင်း၊ ယုံကြည်မှုရှိခြင်း မရှိရင် တိုက်ပွဲအချိန်မှာ တော်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
တပ်နေရင်း ပျော်ရွှင်ဖို့အတွက် အဓိကလိုအပ်တာက စည်းလုံးမှု၊ ယုံကြည်မှု၊ တာဝန်ယူမှုပါ။ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိရမယ်။ အခက်အခဲရှိရင် အတူတကွ ဖြေရှင်းနိုင်ရမယ်။ စိတ်ဓာတ်ကောင်းမွန်တဲ့ တပ်ဖွဲ့တစ်ခုဟာ တိုက်ပွဲမဝင်ခင်ကတည်းက အောင်မြင်ဖို့ အခြေခံတည်ဆောက်ပြီးသား ဖြစ်နေပါပြီ။
ခေါင်းဆောင်မှုအပိုင်းကတော့ အလွန်အရေးကြီးပါတယ်။ ခေါင်းဆောင်က လမ်းညွှန်သူသာမက စံနမူနာပြသူ ဖြစ်ရမယ်။ စကားနဲ့မဟုတ်ဘဲ လက်တွေ့အလုပ်နဲ့ ပြသနိုင်ရမယ်။ တပ်သားတွေရဲ့ စိတ်ခံစားချက်၊ အခက်အခဲ၊ လိုအပ်ချက်တွေကို နားထောင်နိုင်ရမယ်။ မျှတမှုရှိရမယ်။ ခေါင်းဆောင်က မတည်ငြိမ်ရင် တပ်တစ်ခုလုံး မတည်ငြိမ်နိုင်ပါဘူး။ ခေါင်းဆောင်က ရဲရင့်မှ တပ်သားတွေ ရဲရင့်လာမယ်။ ခေါင်းဆောင်က တာဝန်ယူမှ တပ်သားတွေ တာဝန်ယူလာမယ်။
အမိန့်နာခံမှုကလည်း စစ်ဘက်အဖွဲ့အစည်းတစ်ခုအတွက် အခြေခံအုတ်မြစ်ပါ။ အမိန့်တစ်ခု ထွက်လာတဲ့အခါ တိတိကျကျ၊ အချိန်မီ လုပ်ဆောင်နိုင်ရမယ်။ မလိုလားအပ်တဲ့ ဆွေးနွေးမှု၊ စိတ်ကွဲမှုတွေ မရှိရပါဘူး။ သို့သော် အမိန့်နာခံမှုဆိုတာ မစဉ်းစားဘဲ လုပ်တာမဟုတ်ပါဘူး။ စည်းကမ်းနဲ့ တာဝန်ယူမှုအပေါ် အခြေခံထားတဲ့ နာခံမှုဖြစ်ရမယ်။ အမိန့်နာခံမှုက တပ်ကို စည်းလုံးစေပြီး တိုက်ပွဲအတွင်း ဆုံးဖြတ်ချက်တွေကို မြန်ဆန်ထိရောက်စေပါတယ်။
အကျဉ်းချုပ်ပြောရရင် —
တပ်နေလဲပျော်ဖို့ စည်းလုံးမှုလိုအပ်တယ်။
တိုက်ပွဲလဲတော်ဖို့ လေ့ကျင့်မှုနဲ့ စိတ်ဓာတ်လိုအပ်တယ်။
အားလုံးကို ခိုင်မာစေဖို့ ခေါင်းဆောင်မှုက အဓိကပါ။
အမိန့်နာခံမှုကတော့ အောင်မြင်မှုရဲ့ အခြေခံစည်းကမ်းဖြစ်ပါတယ်။
ကျွန်ုပ်တို့ လက်နက်ကို ကိုင်ထားတာ အာဏာရှင်ဖြစ်ဖို့မဟုတ်ဘူး။
ပြည်သူကို ကာကွယ်ဖို့ ဖြစ်တယ်။
ထို့ကြောင့်
တပ်နေရင် စည်းကမ်းရှိရမယ်
တိုက်ပွဲဝင်ရင် တည်ငြိမ်ရမယ်
ခေါင်းဆောင်ကို ယုံကြည်ရမယ်
အမိန့်ကို နာခံရမယ်
တပ်နေလဲပျော်
တိုက်ပွဲလဲတော်
စည်းကမ်းရှိ
ညီညွတ်ကြ
ကျွန်ုပ်တို့ရဲ့ အောင်ပွဲဟာ စည်းကမ်း၊ ညီညွတ်မှု၊ ခေါင်းဆောင်မှုကနေ စတင်တယ်။
အားလုံး စိတ်ဓာတ်ခိုင်မာစွာ ဆက်လက်တာဝန်ထမ်းဆောင်ကြပါစို့။
23/02/2026
အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် တိုက်ပွဲ၀င်နေလျှက်ရှိသော ရဲဘော်ရဲဘက်များအတွက် လိုအပ်သောစစ်ရေးကိစ္စရပ်များတွင်အသုံးပြုနိုင်ရန်
တပ်ရင်းကို တော်လှန်ပြည်သူတို့ထောက်ပို့ ကူ လှူ အားဖြည့်ပေးလို့ အင်အားများစွာရရှိပါတယ်
ပြည်တွင်း ပြည်ပ တော်လှန်ပြည်သူတစ်ဦးချင်းစီကို
အထူးပင်ကျေးဇူးတင်ရှိပါတယ် 💪💪💪
တော်လှန်ရေးအမြန်အောင်မြင်ဖို့ရည်ရွယ်ပြီး ထောက်ပို့ အားဖြည့်ပေးသလို ကျွန်တော်တို့ရဲဘော်ရဲဘက်များကလဲ ရည်ရွယ်ချက်ရှိရှိ အစွမ်းကုန်ကြိုးစားပြီး တာ၀န်ထမ်းဆောင်နေကြပါတယ် ။
တိုက်ပွဲ၀င်နေသောရဲဘော်ရဲဘက်များအတွက်
လိုအပ်ချက်များလဲ ဖြည့်တင်းစရာများစွာရှိနေပါတယ်
တော်လှန်ပြည်သူတို့ကလဲ ဇွဲမလျော့ အာမလျော့ ပဲ အင်တိုက်အားတိုက် နဲ့ တပ်ရင်းကို ဒီထပ်မကလဲ
ထောက်ပို့အားဖြည့်ပေးကြပါအုံး ဗျာ
" ရှေ့ကနေတိုက်တဲ့သူရှိရင်
နောက်ကနေထောက်ပို့ရှိရမယ် "
#မန္တလေးခရိုင်၊အမှတ်(၅)တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
22/02/2026
ရဲဘော်တယောက် စစ်သည်တယောက်အနေနဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ရာမှာ စစ်ဖက်ဆိုင်ရာ လေ့ကျင့်ရေးနဲ့ စစ်စည်းကမ်းများကို စံပြလိုက်နာမှုတွေနဲ့ပဲ အဓိကလုပ်ရပါတယ်။
လေ့ကျင့်ရေးက စစ်မြေပြင်မှာ ဒုက္ခခံနိုင်မှုအတွက်ဖြစ်ပြီး စစ်စည်းကမ်းများကတော့ တပ်တွင်းယုံကြည်မှုနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတွေအတွက် ဖြစ်ပါတယ်။
အချို့ရဲဘော်တွေ မလုပ်နိုင်ကြ မလုပ်ချင်ကြပါဘူး။
လေ့ကျင့်ရေးခိုကြတယ်။ ခိုတာကိုမှ ကိုယ်က အင်မတန်စစ်ရေးအတွေ့အကြုံရှိပြီးလို့ မလိုအပ်တော့သလိုမျိုး တရားထူထောင်ပြီး ခိုကြတာဖြစ်တယ်။ အန္တရာယ်များလှပါတယ်။
စစ်စည်းကမ်းတကျနေဖို့ပြောရင် ပြောသူကို စစ်အာဏာရှင်နဲ့ နှိုင်းပြီး တလွဲပြောကြတာရှိတယ်။ ဒါလည်း အင်မတန် ဝမ်းနည်းဖို့ကောင်းတယ်။ စစ်သည်တွေ ဖြစ်ပြီး စစ်စည်းကမ်းမလိုက်နာတာကို ဇရှိတယ် ဂေါ်တယ်ဆိုတယ်လို့ ထင်နေကြတယ်။
ခေါင်းဆောင်တွေက ရှေ့ကနေ တက်တက်ကြွကြွ စံပြတည်ဆောက်ပြမှ ရဲဘော်တွေက နောက်က ရဲရဲဝံ့ဝံ့
လိုက်မယ့်ကိစ္စတွေလည်း ဖြစ်တယ်။
ဆရာလူအေး
Click here to claim your Sponsored Listing.
Location
Category
Address
Amarapura
Mandalay
P14705
