ရုံးအကူရာထူး ၁ နေရာခေါ်ယူခြင်း
၁။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုူဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံးတွင် လစ်လပ်လျက်ရှိသော ရုံးအကူရာထူး ၁ နေရာအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများလျှောက် ထားနိုင်ပါသည်-
(က) ရုံးအကူ (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) (၁)နေရာ
(၁) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) အကျင့်စရိတ္တကောင်းမွန်သူဖြစ်ရမည်။
(၃) ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူဖြစ်ရမည်။
(၄) ၂၉-၇-၂၀၂၂ ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကြီးရ၊
ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် ကျော်လွန်သူမဖြစ်ရ။
(၅) တက္ကသိုလ်တစ်ခုခုမှ အသိအမှတ်ပြုဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
(၆) ကွန်ပျူတာအသုံးပြုနိုင်သူဖြစ်ရမည်။
(၇) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲ
၏ခွင့်ပြုချက်ရရှိပြီးသူဖြစ်ရမည်။
၂။ လျှောက်ထားသူသည် ကျန်မားရေးကောင်မွန်ပြီး မန္တလေးမြို့တွင် မိမိအစီအစဉ်ဖြင့် နေထိုင်နိုင်သူ ဖြစ်ရမည်။
၃။ လျောက်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးတိုင်းဦးစီးမှူးရုံး၊ ၅၅ လမ်း၊ ၄၀ x၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင် မြေမြို့နယ်၊ မန္တလေးမြို့တွင် လာရောက်ထုတ်ယူနိုင်ပြီး ၂၉-၇-၂၀၂၂ ရက်နေ့ နောက်ဆုံးထား ၍လျှောက်ထားနိုင်ပါသည်။
၄။ ကွန်ပျူတာကျွမ်းကျင်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဖြေဆိုရမည်ဖြစ်ပြီး ကျင်းပမည့်အချိန်နှင့်နေ့ရက်ကို ထပ်မံအသိပေး အကြောင်းကြားသွားပါမည်။
၅။ စာရွက်စာတမ်းမပြည့်စုံသော လျှောက်လွှာများနှင့် သက်မှတ်ရက် ကျော်လွန်သော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီ၍ အလုပ်ခန့်ထားခြင်းခံရသူသည် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၇။ အသေးစိတ်သိရှိလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူးရုံး ဖုန်းနံပါတ် ၀၂-၂၈၄၈၂၄၁၊ ၀၂-၂၈၄၈၂၄၂၊ ၀၂၂၈၄၈၂၄၃ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
DICA Mandalay
FACILITATE BUSINESS, PROMOTE INVESTMENT, SUSTAIN THE COUNTRY'S DEVELOPMENT
Welcome From DICA Mandalay!
01/03/2022
Want your business to be the top-listed Government Service in Mandalay?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Category
Website
Address
55 Street, Between 40*41 Street
Mandalay
05031
Opening Hours
| Monday | 09:30 - 16:30 |
| Tuesday | 09:30 - 16:30 |
| Wednesday | 09:30 - 16:30 |
| Thursday | 09:30 - 16:30 |
| Friday | 09:30 - 16:30 |
