MSME တွေ၊ စီးပွားရေးလုပ်ငန်းတွေသာမက NGO၊ CSO၊CBO စတဲ့ အဖွဲ့အစည်းတွေအားလုံးအတွက် အသုံးဝင်မယ့်သင်တန်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ အဲ့ဒါကတော့ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) ဖြစ်ပါတယ်။
...
လုပ်ငန်းအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) ဆိုတာကတော့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်မှု၊ အခက်အခဲတွေကြားဆက်လက်ရပ်တည်နိုင်မှုနဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေတွေအပေါ်မှာ လိုက်လျောညီထွေနိုင်မှုတို့နဲ့ သက်ဆိုင်ပါတယ်။ ဒီသင်တန်းမှာ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) နဲ့ပက်သက်တဲ့ သဘောတရားတွေ၊ ပုံစံတွေကို တင်ပြပေးထားသလို လုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲ၊အကျပ်အတည်းတွေကြားမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် မဟာဗျူဟာတွေဖြစ်တဲ့ Organizational Change နဲ့ Development processes တွေကိုလည်း ရှင်းလင်းဆွေးနွေးပေးထားပါတယ်။
...
UNDP Myanmar ရဲ့ "eLearning Portal for MSMEs"မှာ အောက်ကလင့်ခ်လေးနှိပ်ပြီးလုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development) သင်တန်းကို အခုပဲ အခမဲ့ လေ့လာနိုင်ပါတယ်။ Final test ဖြေဆိုအောင်မြင်ရင် UNDP ကပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကိုလည်း အခမဲ့ရရှိမှာ ဖြစ်ပါတယ်။
https://msmelearning.mm.undp.org/course/preview/63c77730a7ddd00ae87e86a2?fbclid=IwY2xjawFIv-pleHRuA2FlbQIxMAABHToebzGayL5ZWdQMvliJDwtTn6GwSFepC2he7z5OGDkrM-6b0m69FQT8tA_aem_99u2uzc-1vR_fQxDl_hSBA
...
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာတော့ အကောင့်ဖွင့်ပြီး သင်တန်းတက်နေသူ (7200) ကျော်သွားပါပြီ။ အကောင့်မဖွင့်ရသေးတဲ့သူတွေလည်း အကောင့်ဖွင့်ပြီး မိမိစိတ်ဝင်စားတဲ့စီးပွားရေးသင်တန်းတွေကို အခုပဲ အခမဲ့တက်နိုင်ကြောင်း သတင်းကောင်းမျှဝေပေးလိုက်ပါတယ်။ အကောင့်ဖွင့်တဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင် ဒီလင့်ခ်လေးကိုနှိပ်ပြီး အကောင့်ဖွင့်နည်း၊ သင်တန်းရွေးချယ်တက်နည်းဗီဒီယိုကို ကြည့်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
...
UNDP Myanmar ရဲ့ "eLearning Portal for MSMEs" မှာ မြန်မာဘာသာစကားနဲ့ အခမဲ့ တက်နိုင်တဲ့ သင်တန်း (18) ခုအကြောင်းကိုတော့ ဒီလင့်ခ်လေးမှာ ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/photo?fbid=439855699044039&set=a.255619310801013
SME Development Department-Mandalay, MOI
What do you want ,
What we have to serve.... :)
RBF Plus မှ စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွါးရေး လုပ်ငန်းများအတွက် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း
RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ရေရှည် တည်တံ့နိုင်စေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးအရ အထောက်အပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။
ယခုအခါတွင် RBF Plus ၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်ကို စတင်ပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ RBF Plus သည် “၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့” မှ “၂၀၂၄ခုနှစ် စက်တင်ဘာလ ၄ရက်နေ့” အထိ ပထမအဆင့်လျှောက်လွှာများ (Concept Notes)ကို စတင်ခေါ်ယူသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပထမအဆင့်လျှောက်လွှာ (Concept Note)ကို ဤနေရာတွင် လျှောက်ထားပါ >>> https://ee-eu.kobotoolbox.org/x/HKyixfku
စိတ်ပါဝင်စားသော လုပ်ငန်းများအနေဖြင့် အောက်ပါ ဧရိယာများတွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
ကဏ္ဍ (၁)
ဧရိယာ ၁ - တောင်သူလယ်သမားများအတွက် ခေတ်မီသွင်းအားစုများနှင့် နည်းပညာများ
(Modern Inputs and Technologies for Farmers)
ဧရိယာ ၂ - လယ်ယာထွက်ကုန်နှင့် သက်ဆိုင်သော ခေတ်မီနည်းပညာများအား ဒေသတွင်း ထုတ်လုပ်နိုင်အောင် ပြုလုပ်ခြင်း
(Technology Localization for MSMEs)
ကဏ္ဍ (၂)
ဧရိယာ ၃ - စွမ်းအင်အလေအလွင့် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုခြင်း
(Energy Efficiency/ Renewable Energy)
ဧရိယာ ၄ - ရေသုံးစွဲမှု လျှော့ချခြင်း
(Water Efficiency)
ဧရိယာ ၅ - စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း
(Waste Treatment & Recycling)
ဧရိယာ ၆ - လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး
(Occupational Safety & Health)
ဧရိယာ ၇ - အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း
(Food Safety & Value-added Production)
ကဏ္ဍ (၃)
ဧရိယာ ၈ - ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများတွင် လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များ ပါဝင်ပြသခြင်း
(Agrifood MSMEs Participation in Trade Fairs)
ဧရိယာ ၉ - လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များအား အတွေ့အကြုံ ဗဟုသုတများ မျှဝေခြင်း (စျေးကွက်လိုအပ်ချက်၊ စံသတ်မှတ်ချက်များနှင့် အညီ)
(Knowledge Sharing for Farmers & Agrifood MSMEs)
လျှောက်လွှာနှင့် ပတ်သက်သော အချက်အလက်များ နှင့် နမူနာဖြေဆိုနည်း Videoများကို ကြည့်ရှုရန် >>>
https://drive.google.com/drive/folders/18gFJ8IEc-Ctl_2F5JqQHxzy4arFNjsK9?usp=sharing
RBF Plus ၏ အဆိုပြုလွှာ ခေါ်ယူခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မကြာမီတွင် ဖော်ပြပေးသွားမည်ဖြစ်သဖြင့် RBF Plus ဖေ့စ်ဘုတ် စာမျက်နှာနှင့် အခြားသော လူမှုမီဒီယာချန်နယ်များကို စောင့်ကြည့်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
Enketo Express for KoboToolbox Queued records, except those marked as draft , are uploaded automatically, in the background, every 5 minutes when the web page is open and an Internet connection is available.
25/08/2024
အွန်လိုင်းဆွေးနွေးပွဲ အသေးစိတ်
1. နေ့ရက် - ၂၀၂၄ သြဂုတ်လ ၃၁ ရက် (စနေနေ့)
2. အချိန် - နံနက် ၉ နာရီခွဲ မှ နေ့လယ် ၁၂ နာရီ
3. Language - Myanmar
4. Fee - အခမဲ့
5. စာရင်းပေးသွင်းရန် - (https://shorturl.at/BXSxp) [တက်ရောက်ရမည့် Zoom meeting လင့်ခ်ကို စာရင်းပေးသွင်းထားသော လူကြီးမင်း၏ အီးမေးလ်သို့ ပေးပို့သွားမည်ဖြစ်ပါသည်။]
Welcome! You are invited to join a meeting: Virtual Workshop: Risk Management. After registering, you will receive a confirmation email about joining the meeting. Welcome! You are invited to join a meeting: Virtual Workshop: Risk Management. After registering, you will receive a confirmation email about joining the meeting.
14/03/2024
✨ Master Class for SME Business Owners အတန်းမှ✨
🏆 SME Business Owner များအတွက် အထူးအကြံပေးသင်ကြားပေးသွားမည့်…
🔺 SME Business Plan စီးပွါးရေး ရေးဆွဲခြင်း
🔺 Business Leader စီးပွါးရေးခေါင်းဆောင်ပုံ
🔺 Business Toolkit Box စီးပွါးရေး တူရိယာများ
🔺 Department SOP လုပ်ငန်းဌာနလမ်းညွှန်မှု့များ
🔺 Company Financing ကုမ္ပဏီဘဏ္ဍာရှာပုံများ
🔺 4D Business Model ဘက်စုံစီးပွါးချဲ့ထွင်ပုံစံ
🔺 Share, JV, MOU အကျိုးတူပူးပေါင်းနည်းများ
🎯SME to GOC Company ကုမ္ပဏီသေးသေးလေးမှစ၍ တနေ့မှာ ကြီးမားသော စီးပွားရေးလုပ်ငန်းစု Group ကုမ္ပဏီကြီး ဖြစ်လာနိုင်ဖို့ ယုံကြည်အားပေးနေမိပါတယ်။
✨အထူးအစီအစဉ်အနေဖြင့် ဘွဲ့နှင်းသဘင်မှာ Award ဆုများဂုဏ်ပြုပေးသွားပါမည် 🎓
📌1st Winner ပထမဆု သိန်း 50 တန်ဖိုးရှိ
Shareholder စာချုပ် + Business Box + Consultant (2) လ Package
📌2nd Winner ဒုတိယဆု သိန်း 30 တန်ဖိုးရှိ
Business Box + Consultant တစ်ကြိမ်
📌3rd Winner တတိယဆု 10 သိန်းတန်ဖိုးရှိ Business Tool Kit Format များကိုရရှိမှာပဲ ဖြစ်ပါတယ်။
သင်တန်းချိန်- 23.3.2024 (1pm-5pm) 24.3.2024 (1pm-5pm) ,
သင်တန်းနေရာ- လမ်း၆၀, ၃၁*၃၂ ကြား, MESI University
ပုံမှန်သင်တန်းကြေး- ၅၀၀,၀၀၀ ကျပ်
ယခုသင်တန်းကြေး- ၂၅၀,၀၀၀ ကျပ်
08/12/2023
သင့်လုပ်ငန်းများ တိုးတက်အောင်မြင်စေရန် SME Acceleration Program
အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် မိမိတို့ရဲ့ လုပ်ငန်းတွေ ပိုမို တိုးတက်အောင်မြင်စေဖို့နဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့အတွက် ATOM Business ရဲ့ SME Acceleration Program ဟာ မန္တလေးကို ရောက်ရှိလာပါပြီ။
လျှောက်ထားရန် လင့်ခ် https://forms.gle/2B8Nujd1ZZf8RVKi9
သင်တန်းကျင်းပမည့် နေ့ရက်။ ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်။
သင်တန်းကျင်းပမည့် အချိန်။ ။ မနက် (၉း၀၀) မှ ညနေ (၅း၀၀)
သင်တန်းကျင်းပမည့် နေရာ။ ။ Hotel Mandalay၊ မန္တလေးမြို့။
ဒီပရိုဂရမ်ကို ဘယ်သူတွေတက်ရောက်သင့်လဲဆိုရင်?
🎯 မိမိစီးပွားရေးနောက်တစ်ဆင့်တက်လှမ်းဖို့ အခက်တွေ့နေသူများ၊
🎯 စီးပွားရေးနယ်ပယ်မှ ကျွမ်းကျင်သူများနဲ့ ကိုယ်တိုင်ဆွေးနွေးလိုသူများ၊
🎯 စီးပွားရေးနယ်ပယ်မှ ပါတနာကောင်းများနဲ့ မိတ်ဆွေဖွဲ့ချင်သူများ၊
🎯 စီးပွားရေးလုပ်ငန်းသုံး နည်းပညာဝန်ဆောင်မှုများနဲ့ ရင်းနှီးကျွမ်းဝင်ချင်သူများ၊
🎯 လုပ်ငန်းရှင်အချင်းချင်း ဆွေးနွေးတိုင်ပင်ချင်သူများ အနေနဲ့ မဖြစ်မနေ တက်ရောက်သင့်ပါတယ်။
ထပ်မံသိရှိလိုသည်များ ရှိပါက ၀၉၇၆၇၁၁၄၅၂၃, ၀၉၇၆၆၆၀၀၂၆၃သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
—--------------------------🚀—-------------------------------
For entrepreneurs, the SME Acceleration Program has come to Mandalay to take your businesses to the next level. Link https://forms.gle/2B8Nujd1ZZf8RVKi9
Program Date: 2023, December 15, Friday.
Program Time: 9:00 AM to 5:00 PM.
Venue: Hotel Mandalay, Mandalay.
Who is this program for?
🎯 Those who are struggling to take their business to the next level,
🎯 Those who wish to have discussions with business experts,
🎯 Those who want to connect with potential partners in the business realm,
🎯 Individuals interested in getting familiar with business technology services,
🎯 Those who seek collaborative discussions and consultations.
For more detailed information, you can contact 09767114523 , 09766600263
ATOM SME ACCELERATION PROGRAM Mandalay အက်တမ် - ATOM (Advancing Telecommunications of Myanmar) သည် လူမှုအသိုက်အဝန်းများ အားကောင်းစေရန်အတွက် အချိန်နှင့်တစ်ပြေးညီ တိကျသော သတင်းအ.....
06/12/2023
အာဆီယံဒေသတွင်း MSME လုပ်ငန်းများအနေဖြင့် Circular Economy ဆိုင်ရာ အသိပညာများ ဖွံဖြိုးတိုးတက်မှုနှင့် နားလည်မှုကို သိရှိနိုင်ရန် ACCMSME မှ ပြုစုထားသည့် မေးခွန်းများကို Survey Link: https://bit.ly/MSME_CE_MYA မှတဆင့် ဝင်ရောက်ဖြေကြားပေးပါရန် E_Flyer ပူးတွဲလျက် လေးစားစွာ ပန်ကြားအပ်ပါသည်။
28/10/2023
မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) ၏ Digital & Learning Platform Committee မှ ကြီးမှူးပြီး မြန်မာဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MDEA) ၊ Yoma Bank ဘဏ် နှင့် Wave Money တို့မှ ပံ့ပိုးကူညီသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ
================================
ဒီဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းများနှင့်လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ချင်းစီတိုင်းအနေဖြင့် ဆိုက်ဘာဘေးကင်းမှုရှိစေရန်မှာ အလွန်အရေးကြီးလာပါတယ်။ ထို့ကြောင့် ဆိုက်ဘာလုံခြုံရေး အသိပညာပေးလ (Cybersecurity Awareness Month) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) ၏ Digital & Learning Platform Committee မှ ကြီးမှူးပြီး မြန်မာဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MDEA) ၊ Yoma Bank ဘဏ် နှင့် Wave Money တို့မှ ပံ့ပိုးကူညီသော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့၊ အင်္ဂါနေ့တွင် Awei Metta ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ စိတ်ဝင်စားသူ မိတ်ဆွေများအနေဖြင့် အဆိုပါ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို တက်ရောက်နိုင်ပါရန် အသိပေးဖိတ်ကြားအပ်ပါတယ်။ အွန်လိုင်းဖြင့် တက်ရောက်လိုသော မိတ်ဆွေများအတွက် Zoom Link ကို စာရင်းပေးသွင်းထားသော E-mail မှတဆင့် ပေးပို့သွားမည် ဖြစ်ပါသည်။
ဆိုက်ဘာဘေးအန္တရာယ်မှ ကင်းဝေးအောင် အတူတကွ ဆောင်ရွက်ကြပါစို့!
စာရင်းပေးသွင်းရန် Link: https://tinyurl.com/rhpjnbzv
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Cybersecurity Awareness Month အားဂုဏ်ပြုသောအားဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ Digital & Learning Platform Committee မ.....
23/09/2023
မြန်မာ့ရိုးရာအစားအစာပွဲတော်(Food Festival) ကို ၁၃.၁၀.၂၀၂၃မှ ၁၅.၁၀.၂၀၂၃ရက်နေ့ထိ Mandalay Convention Centre ၌ကျင်းပပြုလုပ်မည့်ဖြစ်ပါသည်။စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသရောင်းချလိုပါက 09942055559သို့
ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။
13/08/2023
11/08/2023
အကြောင်းအရာ။ ။ MSME ချေးငွေများလျှောက်ထားနိုင်ကြောင်း အသိပေးအကြောင်းကြားခြင်း။
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီသည် ပြည်တွင်း MSME တို့၏ ကဏ္ဍအလိုက် ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရန်နှင့် တန်းဖိုးမြှင့် သွင်းကုန်အစားထိုး ထုတ်လုပ်ရေးလုပ်ငန်း တို့အတွက် တစ်ဖက်တစ်လမ်းမှ အားပေးကူညီလျက် ရှိပါ သည်။ MSME လုပ်ငန်းများ၌ Value Added Production ထုတ်ကုန်များ၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းများချေးငွေ ရရှိနိုင်ရေးအတွက် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။
၂။ အဆိုပါ ချေးငွေလျှောက်ထားရန်အတွက် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးသည့်လုပ်ငန်း များ၊ သွင်းကုန်အစားထိုးနိုင်သည့်လုပ်ငန်းများ နှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့်လုပ်ငန်းများကို ချေးယူခွင့်ပြုသွား မည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
၃။ သို့ဖြစ်ပါ၍ မိမိတို့အသင်းတွင် လာရောက်လျှောက်ထားသော ချေးငွေလျှောက်လွှာများအား soft copy နှင့် hard copy များကို [email protected] နှင့် [email protected] သို့ပေးပို့ပေးနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။
---
လေးစားစွာဖြင့်
ခင်ဦးခိုင်
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဝန်ဆောင်မှုစင်တာ
(MSME Service Center)
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
No. 29, Min Ye Kyaw Swar Street, Lanmadaw Township, Yangon, Myanmar. Ph: +95 9 773799895 , +95-1-2314344~49 (Ext: 452)
Facebook link: https://www.facebook.com/msmeassociationofmyanmar?mibextid=ZbWKwL
Website link:[email protected]
ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရကမ္ဘောဒီးယား ၊ထိုင်း၊ဘရူနိုင်း၊လာအို၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနိုင်ငံများသို့တင်ပို့မည့်မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက်CO Form RCEP ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၁၅ ရက်နေ့တွင်အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျ၊တရုတ်၊ဂျပန်၊ကိုရီးယား၊နယူးဇီလန်နိုင်ငံတို့ပါဝင်လက်မှတ်ရေးထိုးခဲ့ သောဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(Regional Comprehensive Economic Partnership -RCEP )သည်၂၀၂၂ခုနှစ်ဇန်နဝါရီလ(၁)ရက်နေ့မှစတင်သက်ဝင်နေပြီဖြစ်ပါသည်။
အဆိုပါ RCEP သဘောတူစာချုပ်အရ ကမ္ဘောဒီးယား ၊ထိုင်း၊ဘရူနိုင်း၊လာအို၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနိုင်ငံများသို့တင်ပို့မည့်မြန်မာ့ပင်ရင်းထုတ်ကုန်များအတွက်အ ကောက်ခွန်သက်သာခွင့်ဆိုင်ရာ CO Form RCEP ကို ၂၀၂၃ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ သတ်မှတ်ချက်များနှင့်အညီလျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် စက်မှုထုတ်ကုန်များအတွက် စက်မှုထုတ်ကုန်မှတ်ပုံတင်လက်မှတ်(Certificate of Product Registration) နှင့်အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter)မှတ်ပုံတင်လက်မှတ် တို့ကိုလည်း Online CO Application System
👉👉👉(http://onlineco,Myanmartradenet.com) ၌ MSMEလုပ်ငန်းရှင်များ ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Mandalay
05031
Opening Hours
| Monday | 09:30 - 16:30 |
| Tuesday | 09:30 - 16:30 |
| Wednesday | 09:30 - 16:30 |
| Thursday | 09:30 - 16:30 |
| Friday | 09:30 - 16:30 |
