15/12/2025
📣 Job Vacancy Announcement, We're Hiring 🔔
Mandalar Healthcare Group (MHG) လက်အောက်ရှိ ၈၂ လမ်းနှင့် ၂၈ လမ်းထောင့် Elotus Laboratoryနှင့် လက်တွဲလုပ်ကိုင်ရန် အောက်ပါရာထူးများအတွက် ခေါ်ယူလျက်ရှိပါသည်။
💼 Assistant Managar - 1 Post
💼 Customer Service Executive - 1 Post
💼 Cashier - 1 Post
✅ Benefit Package :
- Attractive Salary
- Medical discount according to the organizations Policy
- Leave according to the Organization’s Policy
- Good interpersonal communication skills and work with teams
- Learn for personal and professional development at all time
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
17/11/2025
📣 Job Vacancy Announcement, We’re Hiring 📣
မန္တလေး မြို့(၂၈)လမ်းနှင့် (၈၂)လမ်းထောင့်ရှိ “Elotus Laboratory” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။
💼 Marketing Supervisor - 1 Post
💼 Marketing Staff - 2 Posts
💼 Runner - 3 Posts
✅ Benefit Packages :
- Attractive Salary
- Medical discount according to the organizations Policy
- Leave according to the Organization’s Policy
- Good interpersonal communication skills and work with teams
- Learn for personal and professional development at all time
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
29/09/2025
🌕 မိဘပြည်သူတို့အတွက် “Elotus Laboratory” ရဲ့သီတင်းကျွတ်ပရိုမိုးရှင်းအစီအစဉ် ✨
🙏🏼 မြန်မာလူမျိုးတို့ရဲ့မင်္ဂလာရှိသော သီတင်းကျွတ်အချိန်အခါသမယမှာ မိမိလေးစားတန်ဖိုးထားရသူတွေကို Medical Check-Up Package ကျန်းမာခြင်းလက်ဆောင်ပေး၍ ကုသိုလ်ယူလိုက်ပါနော်..
🤩 “Elotus Laboratory” တွင် ဝါကျွတ် အထိမ်းအမှတ်အဖြစ် ကျန်းမာရေး စစ်ဆေးခြင်း အစီအစဉ်များကို ၅၀% လျှော့စျေးဖြင့် စစ်ဆေးနိုင်မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
🎁 အရင်ထက် ပိုတန်တဲ့ စျေးနှုန်းတွေကတော့
▫️Silver Package
ယခင် - 197,000 Ks
ယခု - 98,500 Ks
🔸 Gold Package
ယခင် - 314,000 Ks
ယခု - 157,000 Ks
▫️Platinum Package (Male)
ယခင် - 574,000 Ks
ယခု - 287,000 Ks
▫️Platinum Package (Female)
ယခင် - 610,500 Ks
ယခု - 305,250 Ks
စသော အထူးစျေးနှုန်းများဖြင့်
🗓️ အောက်တိုဘာလ (၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ 🗓️ စစ်ဆေးနိုင်မှာဖြစ်လို့
“Elotus Laboratory”မှာ အခုပဲ စာရင်းပေးသွင်းပြီး Medical Check-up များ လာရောက်စစ်ဆေးလိုက်ပါတော့နော်…
“ELOTUS International Laboratory Service”
🏥လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ဖုန်း - 09 942 344 500, 09 753 922 900
22/09/2025
💁♀️ သိုင်းရွိုက် (Thyroid) မှာ အကျိတ်ဖြစ်တဲ့အခါ
👉 သိုင်းရွိုက်ဟော်မုန်းဓာတ်ဆိုတာ တစ်နေ့တာ ကျွန်တော်တို့ ပုံမှန်လှုပ်ရှားသွားလာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒီဟော်မုန်းဓာတ်ကို လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းကထုတ်ပေးပါတယ်။
ဒီသိုင်းရွိုက်ဂလင်းမှာ အကျိတ်တွေ ဖြစ်တဲ့အခါ ဘာရောဂါတွေ ဖြစ်နိုင်သလဲ ဘယ်လိုကုသမှုတွေခံယူနိုင်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
👉 သိုင်းရွိုက်အကျိတ် ဘာကြောင့် ဖြစ်ရတာလဲဆိုရင်
- အိုင်အိုဒင်းချို့တဲ့ခြင်း (Iodine Deficiency)
- သိုင်းရွိုက် တစ်ရှူးများပုံမှန်ထက်ကြီးထွားနေခြင်း (Thyroid Adenoma)
- သိုင်းရွိုက်ရောင်ခြင်း (Thyroiditis)
- သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)
👉 လက္ခဏာတွေအနေနဲ့
လည်ပင်းတွင် အကျိတ် ကြီးလာလျှင် ဘေးနားကအသက်ရှူလမ်းကြောင်းနဲ့ အစာရေမျိုပြွန်ကို ဖိမိပြီး
- အသံပြောင်းလဲခြင်း
- အသက်ရှူရခက်ခြင်း
- အစာမျိုချရ ခက်ခြင်း
- ချွေးထွက်များခြင်း
- ကိုယ်အလေးချိန် တက်လာခြင်း/ ကျဆင်းခြင်း တို့ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
✅ ဒါဆို သိုင်းရွိုက်အကျိတ်ကို ဘယ်လိုရှာဖွေစစ်ဆေးမလဲ ?
- အယ်ထရာဆောင်းရိုက်ခြင်း (Ultrasound)
- သွေးစစ်ခြင်း (TSH, T3, T4 Test)
- အသားစယူ စစ်ဆေးခြင်း တို့ဖြင့် ရှာဖွေသိရှိနိုင်ပါတယ်။
ဒီလို သိုင်းရွိုက်ရောဂါစစ်ဆေးမှုတွေအတွက် “Elotus Laboratory” မှာ နိုင်ငံတကာအဆင့်မီစက်များ၊ ကျွမ်းကျွင်ပညာရှင်များဖြင့် နေ့စဉ်လာရောက်စစ်ဆေးနိုင်ပါပြီ။
“ELOTUS International Laboratory Service”
🏥လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ဖုန်း - 09 456 464 125, 09 951 064 081
12/09/2025
👉 Viral Load Test ဆိုတာ သွေးထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပိုး (B ပိုး၊ C ပိုး၊ HIV ပိုး) ပမာဏကို တိုင်းတာဖော်ပြတဲ့ စစ်ဆေးနည်း တစ်မျိုးဖြစ်ပါတယ်။
HIV Viral load ကို အောက်ဖေါ်ပြပါ စစ်ဆေးနည်းသုံးမျိုးနဲ့ တိုင်းတာနိုင်ပါတယ်။
• Reverse-transcriptase polymerase chain reaction (RT-PCR) test
• Branched DNA (bDNA) test
• Nucleic acid sequence-based amplification (NASBA) test
🧬 HIV Viral Load Measurement တွေကို ဘာကြောင့် စစ်ဆေးကြတာလဲ ?
HIV ပိုးကောင်ရေ စစ်ဆေးဖို့ လိုအပ်ချိန်တွေကတော့
• မိမိမှာ HIV ရောဂါရှိကြောင်း သိပြီးပြီးချင်း စစ်ဆေးတဲ့အချိန်
• ကုသမှု စတင်ပြီး နှစ်ပတ်မှ ရှစ်ပတ်ကြားတစ်ကြိမ်
• ကုသမှုပြီးသွားတဲ့အခါ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း HIV ပိုးကောင်ရေ စစ်ဆေးမှုကို ပြုလုပ်ကြပါတယ်။
HIV Viral Load Test စစ်ဆေးလိုသူများအတွက် “Elotus Laboratory” မှာ နေ့စဉ်လာရောက်
စစ်ဆေးနိုင်ပါပြီနော်။
“ELOTUS International Laboratory Service”
🏥လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ဖုန်း - 09 456 464 125, 09 951 064 081
03/09/2025
🤔 Elotus Laboratory and Diagnostic ကို ဘာလို့ရွေးချယ်သင့်တာလဲ ❓
Elotus Laboratory ရဲ့ထူးခြားတဲ့ဝန်ဆောင်မှုလေးတွေကတော့...
🔬ဓါတ်ခွဲခန်းသို့ လာရောက်စစ်ဆေး
ရန် အခက်အခဲရှိသူများအတွက် အိမ်အရောက်သွေးဖောက်ယူပေးခြင်း၊အဖြေပြန်လည်ပို့ဆောင်ပေးခြင်း
🔬သွေးနမူနာ အဖြေပေါ်မူတည်၍ ကာကွယ်ဆေးထိုးလိုသော Customer များ၊ စုပေါင်းကာကွယ်ဆေး ထိုးလိုသော အသင်းအဖွဲ့များ၊ ကုမ္ပဏီ အဖွဲ့အစည်းများအတွက် Vaccination Program များ စီစဉ်ဆောင်ရွက်ပေးခြင်း တို့ပဲဖြစ်ပါတယ်။
✅ဒါ့အပြင် ရောဂါရှာဖွေရာတွင်လည်း တိကျမှန်ကန်စေရန် ခေတ်မီနောက်ဆုံးပေါ် အဆင့်မြင့် ကွန်ပျူတာ ဓါတ်မှန်၊ ဓါတ်ခွဲစစ်ဆေးစမ်းသပ်တဲ့ စက်ကြီးများကို အသုံးပြု၍ စစ်ဆေးဆောင်ရွက်ပေးနေတာမို့ အပြည့်အဝယုံကြည့်စိတ်ချနိုင်ပါတယ်နော်။
“ELOTUS International Laboratory Service”
🏥လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ဖုန်း - 09 456 464 125, 09 951 064 081
29/08/2025
အီးစီဂျီ (ECG) ဆွဲတယ်ဆိုတာ…
Electrocardiogram လို့ခေါ်တဲ့ ECG စစ်ဆေးနည်းဆိုတာ နှလုံးခုန်လိုက်တိုင်း ထွက်လာတဲ့ လျှပ်စီးကြောင်းကို စက်ကိုပို့ပေးပြီး စာရွက်ပေါ်မှာ နှလုံးခုန်နှုန်းနဲ့ နှလုံးရဲ့လုပ်ငန်းတွေကို ဖတ်ရှုစစ်ဆေးတဲ့နည်းပဲ ဖြစ်ပါတယ်။
🤓 ECG က နှလုံးသွေးကြောကျဉ်းတာသိနိုင်သလား❓
✅ ပုံမမှန်တဲ့ နှလုံးစည်းချက်မမှန်တာတွေ၊ နှလုံးသွေးကြောကျဉ်းတာတွေကို အတိုင်းအတာတစ်ခုထိသိနိုင်ပါတယ်
🤓 နှလုံးသွေးကြောကျဉ်းတာ ECG မှာမပေါ်တာရောဖြစ်နိုင်လား ❓
✅ တချို့သော နှလုံးသွေးကြောကျဉ်းခြင်းဆိုင်ရာ ECG တွေဟာ နားနေတဲ့အချိန်ဆိုပုံမှန်သာထွက်တတ်ပါတယ်။
ဆီးချိုသွေးတိုးရောဂါ အခံရှိသူတွေ အဖြစ်များတတ်ပြီး လက္ခဏာတွေအနေနဲ့
✅ လှုပ်လှုပ်ရှားရှားလုပ်ရင် ရင်ဘတ်အလယ်ကတစ်ဆို့ဆို့ကြီးအောင့်နေမယ်။
✅ အဲဒီကတစ်ဆင့် လက်မောင်း၊ မေးရိုးတို့အထိပါ ပျံ့နှံ့သွားမယ်။
✅ အသက်ရှူမဝဘူး။
✅ ခေါင်းမူးတာ၊ အောင့်တာနဲ့အတူချွေးစီးပြန်တာတွေ ခံစားရနိုင်ပါတယ်။
သင့်မှာ နှလုံးသွေးကြောကျဉ်းဆိုင်ရာ ရောဂါများအတွက် “Elotus Laboratory” တွင် သက်ဆိုင်ရာစစ်ဆေးမှုများ လာရောက်စစ်ဆေးနိုင်ပါပြီ။
ဆက်သွယ်ရန်
“ELOTUS International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 942 344 500, 09 456 464 125
21/08/2025
🧬 ကိုယ်ခံအားစနစ်ဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြားအန္တရာယ်ရှိသောအရာများမှ ကာကွယ်ပေးသော စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ခုခံအားစနစ် ကမောက်ကမဖြစ်တဲ့အခါမှာတော့ ကျန်းမာသောဆဲလ်များကို ရန်သူအဖြစ်မှားယွင်းသတ်မှတ်ကာ တိုက်ခိုက်ပါတယ်။ ဤသို့ "မိမိကိုယ်ကိုပြန်တိုက်" ခြင်းကြောင့် နာတာရှည်ရောင်ရမ်းမှု၊ အရေပြား/အဆစ်/အင်္ဂါများ ပျက်စီးခြင်း ဖြစ်စေနိုင်ပါတယ်။ ၄င်းတို့ကို အဓိကဖြစ်စေတာကတော့ Autoimmune ရောဂါများကြောင့်ဖြစ်ပါတယ်။ Autoimmune ရောဂါ များစွာရှိသော်လည်း အားလုံးတွင် ကိုယ်ခံအားစနစ်၏ ပျက်စီးယိုယွင်းမှု ဆိုသည့် အခြေခံလက္ခဏာတူညီကြပါတယ်။
👉 Autoimmune ရောဂါကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော့
* ဆေးဝါးတစ်ချို့ရဲ့ ဘေးထွက်ဆိုးကျိုးများ (ဥပမာ ပိုးသတ်ဆေး၊ သွေးတွင်းအဆီကျဆေး၊ သွေးပေါင်ကျဆေး)
* Autoimmune ရောဂါ မျိုးရိုးရှိခြင်း
* ဆေးလိပ်သောက်ခြင်း
* ပတ်ဝန်းကျင်က ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ထိတွေ့မှုများခြင်း
* အဝလွန်ခြင်း တို့ကြောင့် အဖြစ်များပါတယ်။
ဒီလို Autoimmune ရောဂါကို ကြိုတင်သိရှိနိုင်ရန် အကောင်းဆုံး စစ်ဆေးမှုကတော့ 🧪 ANA (Antinuclear Antibody) Test နဲ့ ENA စစ်ဆေးမှုပဲဖြစ်ပါတယ်။
တကယ်လို့ သင့်မှာ Auto Immune Disease ဆိုင်ရာရောဂါအတွက် စစ်ဆေးလိုပါက “Elotus Laboratory” တွင် သက်ဆိုင်ရာစစ်ဆေးမှုများဖြစ်သော ANA (Antinuclear Antibody) Test နဲ့ ENA Test များ လာရောက်စစ်ဆေးနိုင်ပါပြီ။
ဆက်သွယ်ရန်
“ELOTUS International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 942 344 500, 09 456 464 125
11/08/2025
📣 Job Vacancy Announcement, We’re Hiring 📣
“Elotus Laboratory”တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။
💼 Blood Collector - 2 Posts
💼 Runner - 1 Post
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
09/08/2025
🔍 အဆစ်အမြစ်ကိုက်ရတဲ့ အကြောင်းရင်းကို
HLA-B27 Test နဲ့ အဖြေရှာကြမယ်
👉 ကိုယ်လက်တွေ ကိုက်ခဲနေလို့ ဆေးခန်းသွားပြတဲ့အခါ လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီးနောက် အကြောင်းအရင်းကို အဖြေရှာဖို့ စစ်ဆေးမှုတွေလုပ်ကြရပါတယ်။ ဒီလို စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ ခြေတွေလက်တွေကို ဓာတ်မှန်ရိုက်တာအပြင် သွေးစစ်ဆေးမှုတွေပါ ပြုလုပ်ပြီး အဖြေရှာကြရပါတယ်။
✅ စစ်ဆေးမှုတွေထဲမှာမှ HLA-B27 Test က သွေးဖြူဥမျက်နှာပြင်ပေါ်ရှိ Human Leukocyte Antigen B27 (HLA-B27) ပရိုတင်းရှိ/မရှိ စစ်ဆေးတဲ့ သွေးစမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ကျောရိုး၊ အဆစ်နာကျင်ခြင်းများ၊ မျက်လုံးရောင်ရမ်းတဲ့နေရာတွေမှာ အသုံးပြုစစ်ဆေးလျက် ရှိနေပါတယ်။
မိမိတွင် အဆစ်အမြစ်ရောင်ရမ်းခြင်းဆိုင်ရာ ရောဂါတွေအတွက် “Elotus Laboratory” မှာ HLA-B27 Test စစ်ဆေးနိုင်ပါပြီ။
ဆက်သွယ်ရန်
“ELOTUS International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 942 344 500, 09 456 464 125
29/07/2025
🔬သင်ကိုယ်တိုင်တောင် မသိသေးတဲ့ သင့်
ခန္ဓာကိုယ်ရဲ့ ဓာတ်မတည့်မှုတွေကို “Elotus”မှာ ရှာဖွေ စစ်ဆေးနိုင်ပါပြီ။
👉 အမြဲလိုလို ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာ၊ နှာမွှန်တာ၊ နှာရည်ယိုတာ၊ အရေပြားယားယံလာတာ စတဲ့ အခြေအနေအမျိုးမျိုးအတွက် ဘယ်ဓါတ်နဲ့ ဓာတ်မတည့်လို့ မတည့်မှန်းမသိပဲ ဖြစ်ပေါ်လာတဲ့ Allergic Reactions တွေအတွက် “Elotus Laboratory” မှာ ဘာနဲ့ဓာတ်မတည့်တာလဲ ရှာဖွေသိရှိနိုင်ပါပြီ။ စစ်ဆေးနိုင်တဲ့ Allergy Screening Tests တွေကတော့
✅ Food Allergy
အစေ့အဆံ၊ ကြက်ဥ၊ နို့ထွက်ပစ္စည်း၊ ပင်လယ်စာ ကဲ့သို့သော အစားအစာများကြောင့် အစာစားပြီးတိုင်း ဓာတ်မတည့်ခြင်းလက္ခဏာတွေ ပေါ်လာတာလား ?
✅ Inhalation Allergy
ရှူလိုက်တဲ့ လေထဲမှာ ပါဝင်တဲ့ ဖုန်မှုန့်၊ တိရိစ္ဆာန် အမွေးအမျှင်၊ အမွှေးနံ့သာတွေကြောင့် နှာခေါင်းယားယံတာ၊ နှာရည်ယိုတာ၊ အသက်ရှုကြပ်တာတွေ ဖြစ်လာတာလား ?
စတဲ့ Allergy Screening Tests တွေ စစ်ဆေးပြီး ကိုယ်နဲ့ မတည့်တဲ့ ဒါမှမဟုတ် ရှောင်သင့်တဲ့အစားအစာ၊ ပတ်ဝန်းကျင်တွေကို သေချာ သိရှိနိုင်သွားမှာပါနော်။
ဆက်သွယ်ရန်
“ELOTUS International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 456 464 125, 09 942 344 500
22/07/2025
💉Creatinine ကို ဘာကြောင့်စစ်ရသလဲ 🩸
ကျောက်ကပ်ဝေဒနာရှင်တွေအနေနဲ့ အမြဲလိုလို စစ်လေ့ရှိသော Creatinine သွေးစစ်ဆေးရတဲ့အကြောင်းလေးကို ဗဟုသုတအနေဖြင့် “Elotus Laboratory” မှ ဖော်ပြသွားမှာဖြစ်ပါတယ်။
👉 Creatinine ဆိုတာ ကိုယ်ခန္ဓာအတွင်း ဇီဝကမ္မ ဖြစ်စဉ်အရ စွမ်းအင် သုံးစွဲသည့်အခါ ကြွက်သားများမှ ထွက်ပေါ်လာသော စွန့်ပစ်ပစ္စည်းဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ထို Creatinine အား သွေးကြောများအတွင်း စီးဆင်းနေမှုကို ကျောက်ကပ်မှ သန့်စင်ဖယ်ရှားပေးပြီး ဆီးသွားခြင်းဖြင့် ကိုယ်ခန္ဓာအတွင်းမှ စွန့်ပစ်ပေးခြင်း ဖြစ်ပါတယ်။
သာမန်လူ တစ်ဦးအနေဖြင့် ကျောက်ကပ် စွမ်းဆောင်ရည် ကောင်းမွန်ပြီး ကျန်းမာပါက သွေးတွင်းရှိ Creatinine ပမာဏသည် လူတစ်ဦးတွင် သတ်မှတ်ထားသော ပမာဏ အပိုင်းအခြား အတွင်းသာ တည်ရှိနေတတ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရောဂါ ခံစားနေရသူများ နှင့် ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းနေသူများတွင် Creatinine အား သွေးတွင်းမှ ထိရောက်စွာ ဖယ်ရှားနိုင်ခြင်း မရှိသောကြောင့် ကိုယ်ခန္ဓာအတွင်းမှ မစွန့်ပစ်နိုင်တော့ပါ။
👉 ထို Creatinine ပမာဏအား တိုင်းတာခြင်းဖြင့် ဆရာဝန်ကြီးများမှ ကျောက်ကပ်အတွင်းရှိသွေးကြောငယ်လေးများမှ ကိုယ်ခန္ဓာအတွင်း စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားနိုင်မှုနှုန်း (Glomerular Filtration Rate/ GFR) အား သိရှိနိုင်ကာ လူနာ၏ ကျောက်ကပ် စွမ်းဆောင်ရည် အခြေအနေကို သိရှိနိုင်ပါတယ်။
✅ Creatinine Test ကို သွေးစစ်ခြင်းဖြင့် အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ပြီး ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်ခြင်းဖြင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။
ဆက်သွယ်ရန်
“ELOTUS International Laboratory Service”
လိပ်စာ - 28 လမ်း၊ 82 လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 456 464 125, 09 951 064 081