29/04/2026
အင်္ဂါသားသမီးများရဲ့ဂြိုဟ်ပတ်လမ်းကြောင်း
ဘဝကိုမွေးဖွားလာထဲကခပ်စောင်းစောင်းပဲကြည့်ပြီးလောကဓံကို အံ့ခဲလာကြသူများဖြစ်သည်
နာမည်နောက်ဆုံးမှာ (ကြာသပတေးနမ်-တနင်္လာနမ်-သောကြာနမ်)ပါသူများကလောကဓံကိုပိုခံရသူများဖြစ်သည်
မိမိဖွားကစပြီး၈နှစ်ထိကို(အင်္ဂါဂြိုဟ်အိပ်ကြီး)ဖြစ်လို့
မိမိမွေးဖွားပြီးမှမိဘတွေငွေကြေးခက်ခဲတာအိမ်ထောင်ရေးအဆင်မပြေတာများ -မိမိသည်တနေရာမှတနေရာပြောင်းလဲနေရတာများဖြစ်တတ်ပါတယ်
၉နှစ်မှ၂၅နှစ်အတွင်းဗုဒ္ဓဟူးဂြိုဟ်အိပ်ကြီးဖြစ်လို့ စိတ်ပင်ပန်း-လူပင်ပန်းဖြစ်တာ-
ငွေကြေးခက်ခဲတာ-အပြစ်တင်ခံရတာ-
ပတ်ဝန်းကျင် နှင့်နေထိုင်မူများအဆင်မပြေမူခက်ခဲမူများကြုံရတတ်ပါသည်၊
(၁ကြွင်းများတွက်မရဏဂြိုဟ်အိပ်ကြီးလည်းဖြစ်ပါသည့်အတွက်ကျန်းမာရေးပိုဂရုစိုက်ပါ
၂၆နစ်မှ၃၅နှစ်ထိမှာ(စနေဘုမ္မိဂြိုဟ်အိပ်ကြီး)ကိုဖြတ်တာဖြစ်လို့ဝမ်းနည်းစရာ သောကဖြစ်ရတာ-ခွဲစိတ်ကုသခံရတာ-ကျန်းမာရေး ညံ့တာ-မျက်စိနှင့်ပတ်သက်သောရောဂါများ-အမူပြသာနာများဖြစ်တတ်ပြီး
ပင်ပန်းခက်ခဲသောဒုက္ခများကိုကျော်ဖြတ်ရပါတယ်
(၄ကြွင်းများမရဏဂြိုလ်အိပ်ကြီးဖြစ်ပါသည်)
၃၆နှစ်မှ၅၄နှစ်က ကြာသပတေး ဘုမ္မိဂြိုဟ်အိပ်ဖြစ်တတ်အတွက်သတိထားရပါမယ်
သက်ရောက်နှစ်ကောင်းများတွင်အမွေရတတ်ပါတယ်-အမွေရသကဲ့သို့ငွေကြေးများဝင်ပါတယ်-သက်ရောက်နှစ်ဆိုးများမှာအမူအရူပ်အထွေးများကြုံရတတ်ပါတယ်
(၂ကြွင်း-မရဏဂြိုဟ်လည်းဖြစ်ကြီးဖြစ်ပါသည်)
၅၅မှ၆၇နှစ်ထိကို (ရာဟုဂြိုဟ်အိပ်ကြီး)ဖြစ်လို့ အိမ်ထောင်ရေးဖောက်ပြန်တာလုပ်ပါက အိမ်ထောင်နှင့်-အလုပ်စီးပွားများထိခိုက်တတ်သည်-ဘာပဲလုပ်ဆောင်ပါစေ အထစ်အငေါ့ လေးများကြုံရတတ်ပါတယ်
အပျော်အပါး အရက်သေစာသောက်သုံးတာများမလုပ်ပဲဘာသာရေးများဆောင်ရွက်သင့်ပါတယ်
(၁ကြွင်းများတွက်မရဏဂြိုဟ်အိပ်ကြီးလည်းဖြစ်ပါသည်)
အင်္ဂါသားသမီးများငွေကြေးခက်ခဲတတ်သဖြင့်ယတြာအနေနှင့်ငွေကြေးနှင့်မိဘဆရာသမားကြီးသူများ ကန်တော့လှူဒါန်းခြင်းနှင့်ပံ့သကူ ကုသိုလ်လုပ်မယ်ဆိုပါက
ငွေကြေးခက်ခဲခြင်းမှလွတ်ကငိးပါမည်
အင်္ဂါသားသမီးများသည် ဆန္ဒ နှင့် ဘဝ ထပ်တူမမျှတတ်ပေ
မိမိဆန္ဒရှိဖြစ်ချင်သော
ရည်ရွယ်ချက်ကတမျိုး
လက်ရှိမိမိလုပ်ဆောင်
နေရတာကတမျိုးဖြစ်နေတတ်ပါသည်
အင်္ဂါသားသမီးများ
သူများနားမခံသာသောစကားများပြောဆိုမိရင်ပြသာနာများနဲ့ရင်ဆိုင်ဖြေရှင်းတတ်ရပြီး
စီးပွားထိခိုက်စေတတ်ပါသဖြင့်သတိထားပါ
အင်္ဂါသားသမီးအောင်မြင်မူရဖို့အတွက်အောက်ဖော်ပြပါအချက်များ
ရှောင်ကျဉ်ပါ
၁)စကားပြောလျင် ဗူးလုံးနားမရှင်း
လုံးလုံးထွေးထွေး စို့န စို့န မပြောပါနှင့် (မိမိစကားကိုတဘက်လူနားမလည်သဖြင့်အောင်မြင်မူကိုနှောင့်နှေးစေသည်)
၂)ဆုံးဖြတ်ချက်ခိုင်မာပါ (ညဘက်အလုပ်တခု လုပ်မယ်စဉ်းစားထားပြီးမနက်မလုပ်ဖြစ်တာမလုပ်ပါနှင့်)
၃)ပညာရပ်တခုကိုတပိုင်းတဆတန်းလန်းမလုပ်ပါနှင့်(ပြီးဆုံး အောင်သင်ယူလေ့လာပါ)
မကောင်းတဲ့အရာလေးတွေပြင်လိုက်ရင်ကောင်းတာတွေဖြစ်လာမှာပါ
စနေဂြိုဟ်ကျနေသာနှစ်များ
၃-၁၁-၁၉-၂၇-၃၅-၄၆-၅၁-၅၉-၆၇-၇၅-၈၃
ဒီလိုနှစ်တွေမှာမျက်စိခွဲရတာ မျက်စိနဲ့ပတာသက်သောရောဂါများဖြစ်တတ်ပါတယ် ကျန်းမာရေးအထူးဂရုစိုက်ရမဲ့နှစ်ဖြစ်ပါသည်
ဘုမ္မိကြီးကျနေတဲ့အဆ်ိုးနှစ်များ
၄၉- ၅၀-၅၁-၅၂-၅၇-၅၈-၅၉-၆၀နှစ်များတွင်ဂုဏ်သိက္ခာကျခြင်း အတူနေအုပ်စုများကွဲခြင်း စီးပွားပျက် ရှိသမျှကုန်တတ်သည်
အညံ့အဆိုးတွေကိုပြောရခြင်းသည်
မိမိအကြောင်းကြိုသိထားပါက
ဒီလိုနှစ်တွေမရောက်ခင်ကြိုတင်ပြင်ဆင်နိုင်ပါသည်
မိမိအကြွင်းသိချင်ပါကမိမိရဲ့မြန်မာကောဇာသက္ကရာဇ်အား(၇)နဲ့စားပါ(အကြွင်းကြည့်ပါ)
Credit .Sayar Htoo Ko Naing
09/04/2026
ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးများ
၁။ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား
ဆက်သွယ်ရေးဝန်ကြီးဌာန
ဦးခင်မောင်ရီ။ ဗသက ၇၃
၂။ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန
ဗခ အောင်ကျော်ဟိုး ဗသက ၇၇
၃။ ပို့ဆောင်ရေးဝန်ကြီးဌာန ဦးတင်အောင်စန်း စတသ ၂၃
၄။ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး
ဝန်ကြီးဌာန ဦးမြထွန်းဦး စတသ ၂၅
၅။ ကာကွယ်ရေးဝန်ကြီးဌာန
ဗခကထွန်းအောင် စတသ ၂၉
၆။ ပြည်ထဲရေးဝန်ကြီးဌာ
ဒုဗခက ညွန့်ဝင်းဆွေ စတသ ၃၆
၇။ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးတင်မောင်ဆွေ စသတ၂၈
၈။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒေါက်တာ ကံဇော်
၉။ နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုဗခက ဖုန်းမြတ် ဗကသ ၇၃
၁၀။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ဦးသန်း မောင်
၁၁။ ဥပဒေရေးရာဝန်ကြီးဌာန ဒေါက်တာ သီတာဦး
၁၂။ ပညာရေးဝန်ကြီးဌာန ဒေါက်တာ ချောချောစိန်
၁၃။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
ဒေါက်တာ မျိုးသိန်းကျော် ဗသက၇၃
၁၄။ ကျန်းမာရေးဝန်ကြီးဌာန ဒေါက်တာသက်ခိုင်ဝင်း
၁၅။ အမျိုးသမီးရေးရာဝန်ကြီးဌာန
ဒေါက်တာသက်သက်ဇင်
၁၆။ ပြန်ကြားရေးဝန်ကြီးဌာန ဦးထိန်လင်း စတသ၂၄
၁၇။ သာသနာရေးဝန်ကြီးဌာန
ဦးတင်ဦးလွင်။ စတသ ၁၉
၁၈။ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဦးမင်းနောင်ဗသက ၆၆
၁၉။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဦးမျိုးဇော်သိန်း စတသ ၂၈
၂၀။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန ဦးဆန်းဦး စတသ ၂၄
၂၁။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
ဦးကိုကိုလွင်။ ဗသက ၇၁။ ကကထုတ်
၂၂။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား
စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန
ဒေါက်တာ ချာလီသန်း
၂၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ဦးမြင့်ကြိုင်။ တေဇ ၆
၂၄။ အလုပ်သမားဝန်ကြီးဌာန ဦးခင်မောင်စိုး။ ဗသက ၄၇
၂၅။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဦးထွန်းအုံ။ တေဇ ၁၁
၂၆။ အားကစားရေးရာဝန်ကြီးဌာန ဦးရဲမြင့်ထွန်း
၂၇။ လူငယ်ရေးရာဝန်ကြီးဌာန ဒေါက်တာ မောင်သင်း
၂၈။ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဦးမျိုးသန့် ။ ဗသက ၇၇။ ကကယာညွှန်မှူး
၂၉။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား
ရေးဝန်ကြီးဌာန ဒေါက်တာစိုးဝင်း ကကဆေးညွှန်မှူး
၃၀။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ဦးမောင်မြင့် စတသ ၂၀
Credit.
23/06/2025
#ကြာဖက်ကြီး #အရိုးဆက်ပင်, #အဆိပ်ကျပင်, #ဖက်ကြီးပင်(သို့မဟုတ်) #တောပရုတ်ဆီပင်
ဒီအပင်ကို
အမှတ်မထင် တွေ့မိခဲ့တယ်။ လိုင်းပေါ်မှာတော့ အားလုံးတွေ့ဖူး ဖတ်ဖူးကြပါလိမ့်မယ်။
အရိုး/ အသား/ အကြောဆက်ပင် တဲ့။
* အဘိုးငွေကို တွေ့ကြောင်းပြောပြတော့ သူက သွားတူးချေရမယ်ကဲ့ တဲ့။
အဲဒီအပင်က အရိုးဆက်တာတင်မကဘူး ။
အဆိပ်ရှိတဲ့ သားကောင်ကိုက်ရင်လည်း
အဲဒီအမြစ်ကို ထောင်းကြေပြီး
ကိုက်တဲ့နေရာကို အုံစည်းရင် အဆိပ်ကျတယ် တဲ့ ။
နောက်ပြီး တောပရုတ်ဆီလို့လည်း ခေါ်တယ်ကွာ တဲ့။
သူ့အရသာက ပူတယ် ။
မျက်နှာမှာ တင်းတိပ်၊ ဝက်ခြံ ပေါက်ရင် အဲဒီအမြစ်ကိုသွေးလိမ်း ပျောက်ကင်းတယ် တဲ့။
* ကျွန်တော့်အမြင်ကတော့ အိမ်ထဲမှာတောင်
ရွေ့စိုက်ထားသင့်တယ်လို့ ထင်မိတယ်။ ဆေးဖက်လည်းဝင်သေး။ အိမ်ဝင်းလည်း လှသေးပေါ့။
မသိရင် ပန်းပင်ပေါ့။
။ ။
အရိုးဆက်ပင် အသားဆက်ပင် အကြောဆက်ပင်
(အပင်များကိုအက်တာနက်မှရှာပြီးတင်ပြလိုက်ပါတယ်)
ကျွန်းရွက်နှင့် အတော်တူတာ။ ဖက်ခါးပင်နှင့် အသီးပါ တူတယ်။
အရိုးကျိုးရင် ဆေးရုံသွားစရာတောင် မလိုဘူးတဲ့။ တစ်ခါသား ကျွဲကြီးတစ်ကောင် တောင်ပေါ်က ပြုတ်ကြပြီး အရိုးတွေ အကုန်ကျိုးကျေနေတာကို အဲဒီအပင်ကအရွက်တွေနဲ့ အုပ်ထားခဲ့တာ နောက်နေ့ကြတော့ အကောင်းပကတိအတိုင်း သူ့ဘာသာ အိမ်ပြန်လာသတဲ့။ လွန်သားပဲ။
အသားတွေ ဟက်ပက်ရှနာခဲ့ရင်တောင် အရွက်ကိုထောင်းပြီး အုံထားရင် ခဏလေးနှင့် အသားတွေ ပြန်ဆက်သွားသတဲ့။
တစ်ခါသား ခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အဲဒီအရွက်နှင့် ထုတ်ပိုးပေးလိုက်တာ အိမ်ရောက်တော့ ကြက်က အကောင်လိုက်ကြီး ပြန်ဖြစ်နေသတဲ့။ လွန်သားပဲ။
အကြောတွေဆို အလွန်သန်မာသတဲ့။ ကမ္ဘာက ကုလို့ မပျောက်တဲ့ ပိုလီယိုတောင် အဲဒီအပင်ကြား သွားထိုင်နေရင် ပျောက်သတဲ့။
တစ်ခါသား ခြေထောက်မသန်တဲ့ ကောင်လေးတစ်ယောက် အဲဒီအပင်တွေကြားမှာ အလေးသွားတာ။ ထလာတော့ ခြေထောက်တွေက အကောင်းအတိုင်း ဖြစ်နေသတဲ့။ လွန်သားပဲ။
ဘာပဲဖြစ်ဖြစ် နားထောင်လို့တော့ အကောင်းသား။
သို့နှင့် အင်တာနက်မှာ ရှာဖတ်တယ်။ အထက်က ပုံပြင်တွေက ဟုတ်လိုနိုးနိုးရယ်။ အထူးသဖြင့် အကြောအားတိုးဆေးအဖြစ် သုံးသတဲ့ အမြစ်ကို နွားနို့နှင့် စိမ်သောက်ရင် ထန်းစ လှီးထားသလိုပဲဆိုလား ဘာဖြစ်တယ်ဆိုလား။
အသားဆက် အရိုးဆက် အကြောဆက်ကတော့ တကယ်ကောင်းပုံပေါ်တယ်။ ရပ်ထဲ ရွာထဲမှာတော့ လူပြော သူပြော အတော်များတယ်။
ထားပါ။ အရေးကြုံတဲ့အခါ သုံးလို့ ရတာပေါ့။ ထို့ထက် ဘယ်လိုကြောင့်ပဲ သစ်ပင်ကိုချစ်ချစ် ကိုယ့်အတွက် အသုံးကျလို့ ဆေးဝါးဖြစ်လို့ ဘယ်လိုပဲ ချစ်ချစ် သစ်ပင်လေးတွေကို ချစ်တတ်ရင် ဆေးပင်တဲ့ဟဲ့ဆိုပြီး သစ်ပင်လေး တစ်ပင်လောက်များ စိုက်ဖြစ်ခဲ့ရင် လက်ညောင်းခံရကျိုး နပ်သပ။
ဘုန်းကြီးဦးနာဂသိန်ရဲ့ ပုံပြဆေးအဘိဓာန်ထဲ ရှာကြည့်တယ်။ ဗဟုသုတအဖြစ် အဲဒီထဲက ကူးပေးလိုက်ပါတယ်။
ကြဖက်ကြီး
သက္ကတ
ဟိန္ဒီ
လက်တင် Leea Macrophylla
ပုံသဏ္ဌာန် ။ ။ ပင်ထောင်ငယ် အပင်မျိုးဖြစ်၏။ အရွက် အင်ရွက်ထက်ပင် ကြီး၏။ ခွေးသွားစိပ် ရှိ၏။ အကိုင်းများ စိမ်း၏။ အပွင့်သည် ဖြူ၏။ အမြစ်သည် ဥကဲ့သို့ ဖြစ်၏။ အမြစ်ကို အရောင်ဆိုးရန် အသုံးပြု ရ၏။ ဆေးလည်း အသုံးပြု ရ၏။
ဂုဏ်နှင့် စွမ်းရည် ။ ။ အမြစ်သည် ချုပ်၏။ အနာကို အသားနု တက်စေ၏။ နာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏။ သွေးယိုစီးခြင်းကို တားမြစ်တတ်၏။ ကိုယ်၌ နာကျင် ကိုက်ခဲခြင်း ဖြစ်ခဲ့သော် အမြစ်ကို သွေး၍ ပူအောင် ပြုပြီးလျှင် လိမ်းပေးရ၏။ အချို့အရပ်ဒေသတို့၌ အရွက်နုကို ဟင်းချိုချက် စားကြ၏။ အမြစ်ကို သွေးလိမ်းလျှင် ပွေးပျောက်၏။ ၎င်း၏သတ္ထုရည်ကို အနာမြုံများ၌ အုံပေးလျှင် အနာကျက်၍ အသားနုကို တက်စေ၏။
ရောဂါအလိုက် အသုံးပြုနည်း
ပွေးနာ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေးလူးသော် ပွေးနာများ ပျောက်ကင်း၏။
အကြောရောင်ရောဂါ ။ ။ ၎င်းအမြစ်ကို ရေနှင့် သွေး၍ မီးနှင့် အတန်ငယ် ပူအောင် နွှေး၍ အကြောတလျောက် ရောင်ရမ်းရာ၌ လိမ်းကျံပေးလျှင် အကြောရောင်ရောဂါ ပျောက်ကင်း၏။
အနာ အသားနု တက်ဆေး ။ ။ ၎င်း၏အမြစ်ကို ရေနှင့် ညက်ညက်ပါအောင် ကြိတ်၍ အဝတ်စပေါ်တွင် ထိုကြိတ်ပြီးဆေးကို သုတ်လိမ်း၍ ဖရောင်းချက် ကပ်သကဲ့သို့ အနာပေါ်၌ ကပ်ပေးပါက အနာသည် အသားနု လျှင်စွာ တက်၏။
အကိုက်အခဲပျောက်ဆေး ။ ။ ခန္ဓာကိုတွင် မည့်သည့် နေရာမဆို ကိုက်ခဲ နာကျင်ခဲ့သော် ၎င်းအမြစ်ကို သွေး၍ မီးနှင့် နွေးနွေးဖြစ်အောင် ကင်ပြီး သုတ်လိမ်းပေးပါက ကိုက်ခဲ နာကျင်ခြင်း ပျောက်ကင်း၏။
အနာ သွေးတိတ်ဆေး ။ ။ အနာပေါက်တို့၌ အနာသည် သွေးများ ယိုစီနေသော် ၎င်းအမြစ်ကို ရေနှင့် သွေးလိမ်းပါက အနာသည် သွေးယိုစီးခြင်းမှ ရပ်စဲသွားလိမ့်မည်။
(ပုံပြဆေးအဘိဓာန် ပထမအုပ် စာမျက်နှာ ၉၂)
မောင်မြင့်မိုရ်
*** လိပ်ခေါင်းရောဂါရှိတဲ့သူတွေ ဒီအပင်ရဲ့ဥကို သွေးလိမ်းရတယ် ။
လိမ်းတဲ့အခါ မခံမရပ်နိုင်အောင် စပ်တတ်ပါတယ် အဲ့ဒီအခါ ဒီဥကိုပဲသွေးပြီး သောက်ပေးရတယ် ။
အံ့သြစရာ အစပ်လည်းပျောက် လိပ်ခေါင်းလည်း ပျောက်ပါတယ် ။
အနာပဆုပ်ကြောလုံးပုပ် ဆိုတဲ့အနာများကြတော့ ဒီအပင်က အရွက်ကို ညက်အောင်ထောင်းကြိတ်ပြီး အနာပေါ်အုံပေးရတယ် တခါနှစ်ခါဆိုပျောက်ပါတယ် ။
ပျောက်ရန်ခက်ခဲသော အနာအို အနာဆွေး တွေလည်းပျောက်ကင်းကြပါတယ်။ ။
နက္ခတ္တရောင်ခြည်
#ကျန်းမာရေးဗဟုသုတရကြပါစေ
22/06/2025
#သွေးတိုး ကျစေရုံသာမက
#ဆီးချို ပါထိန်းပေးတဲ့ စောင်းလျားသီး
1️⃣ #အူမကြီး ကင်ဆာရောဂါကို
ကာကွယ်နိုင်ခြင်း
စောင်းလျားသီးမှာပါတဲ့
ဓာတ်တိုး ဆန့်ကျင်ဓာတ်တွေက ကင်ဆာရောဂါ မဖြစ်အောင်
တားဆီးပေးနိုင်ပါတယ်။
ဆေးသိပ္ပံ လေ့လာမှုတွေ အရ စောင်းလျားသီးမှာပါတဲ့ အမျှင်ဓာတ်က အစာအိမ် အူလမ်းကြောင်းက အဆိပ်အတောက်တွေကို
နည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
2️⃣ #အရောင်ကျစေခြင်း
စောင်းလျားသီးမှာပါတဲ့
ဓာတ်တိုးဆန့်ကျင်ဓာတ်တွေနဲ့ Flavonoids တွေကြောင့်
ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
အထူးသဖြင့်
အရေပြား ရောင်ရမ်းလူနာတွေ
စားသင့်ပါတယ်။ ဒါ့အပြင်
စောင်းလျားသီးမှာ ဗီတာမင်စီ များစွာ ပါတာမို့ ကော်လဂျင် ထုတ်လုပ်မှုကို အားပေး ပါတယ်။
3️⃣ #နှလုံးကျန်းမာရေးကို
ကောင်းမွန်စေခြင်း
စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ်ပါတာမို့
သွေးတိုးကို ထိန်းညှီကာ
နှလုံးကျန်းမာရေးကို
အထောက်အကူပြုပါတယ်။
4️⃣ #နို့တိုက်မိခင်တွေ စားသင့် စောင်းလျားသီးစားတဲ့
နို့တိုက်မိခင်တွေမှာ နို့ ပိုထွက်ဖို့ အထောက်အကူ ပြုတယ်လို့
သိရပါတယ်။
5️⃣ #အလေးချိန်ကျစေခြင်း
စောင်းလျားသီးမှာ ကယ်လိုရီ၊
ကာဗွန်ဟိုက်ဒြိတ် နည်းပါးပြီး
အမျှင်နဲ့ အာဟာရဓာတ်များစွာ
ပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့
အစာ ခြေဖျက်က်မှုကို အားပေးကာ
ဝိတ်ကျစေနိုင်ပါတယ်။
6️⃣ #ကိုယ်ခံအား ကောင်းစေခြင်း
စောင်းလျားသီးမှာ ဗီတာမင်စီ
ပါဝင်မှုများတာမို့ ပုံမှန်စားရင်
ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ အလွယ်တကူဝင်လို့ မရတော့ပါဘူး။
7️⃣ #သွေးပေါင် ထိန်းညှီပေးခြင်း
စောင်းလျားသီးမှာပါတဲ့
ကယ်လ်စီယမ်၊ ပိုတက်စီယမ် ဓာတ်တွေက နှလုံးသွေးကြောကျဉ်းတာ၊
သွေးတိုးတာတွေကို ကာကွယ်ပေးပါတယ်။
8️⃣ #အစာကြေ၊ ဝမ်းမှန်စေခြင်း
စောင်းလျားသီးမှာ အမျှင်ဓာတ် များစွာပါဝင်တာမို့ ပုံမှန်စားရင် လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှ ကင်းဝေး စေမှာပါ။
9️⃣ #ဆီးချိုကို ထိန်းညှီပေးခြင်း
စောင်းလျားသီးမှာ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေ များစွာပါတာမို့
ဆီးချိုသမားတွေ ဆီးချို တက်နေရင် နေ့စဉ် တလုံး ပုံမှန် စားသင့်ပါတယ်။
🔟 #အဆီဓာတ်ကို ချပေးခြင်း
စောင်းလျားသီး ပုံမှန်စားရင်
ခန္ဓာကိုယ်အတွက်
မကောင်းတဲ့ အဆီ LDLကို ချပေးပြီး ကောင်းတဲ့ အဆီ HDLကို တက်စေပါတယ်။
အသည်းအဆီဖုံး ရောဂါကို
လျော့ပါးစေတယ်လို့ ကြွက်တွေနဲ့ လေ့လာထားမှု အရ သိရပါတယ်။
11။: #ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း စောင်းလျားသီးက ဆီးသွား များစေ
ပါတယ်။ ခန္ဓာကိုယ်ထဲ ပိုနေတဲ့
ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲ ပါကာ သန့်စင်ပေးနိုင်ပါတယ်။
12။ #လည်ချောင်းနာခြင်းကို
သက်သာစေခြင်း
စောင်းလျားသီးမှာ အရောင်ကျစေတဲ့ အာနိသင်ရှိတာမို့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။
တံတွေးပိုမိုထွက်စေကာ
မကောင်းတဲ့ ပိုးမွှားတွေကို
နည်းပါးစေပါတယ်။
13။ #အိပ်ရေးဝစေခြင်း စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်၀စွာ ပါ၀င်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။
14။ #မျက်လုံးကျန်းမာရေးကို
ကောင်းမွန်စေခြင်း
ဗီတာမင်အေ ကြွယ်၀စွာ ပါ၀င်လို့ မျက်လုံး ကျန်းမာရေးကို
ကောင်းမွန်စေပါတယ်။
#ဆေးဖက်အဖြစ် အသုံးပြုပုံ
စောင်းလျားသီးမှ ဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့် ချက်စားက ကျောက်ကပ် ကျောက်တည်ခြင်း၊
ဆီးအိမ်နှင့် သည်းခြေ အိတ်တို့တွင် ကျောက်တည်ခြင်း တို့ကို
သက်သာ ပျောက်ကင်း စေပါသည်။
စောင်းလျားသီးကို စားပေးခြင်းဖြင့်
ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို
ကာကွယ်ပေးပါတယ်။
#ဆီးချိုရောဂါရှိသူများ
စောင်းလျားသီးအစိမ်းကို
ငါးပြေမ သို့မဟုတ် အခြား ငါးများနဲ့ ဓါတ်စာ အဖြစ် မကြာခဏ ချက်စားပါ။ ရောဂါကို ထိန်းပေးနိုင်ပါတယ်။
အသီးမှည့်ကို စားပေးခြင်းဖြင့်
ဝမ်းချုပ် ရောဂါ၊ ရေငတ် ရောဂါ ပျောက်ကင်းစေသည်။
စောင်းလျားသီးမှည့်ကို
သကြားနှင့် စားပါက အော့အန်ခြင်း၊ အစာမကြေခြင်းကို
ပျောက်ကင်းစေသည်။
စောင်းလျားသီးမှည့် ရှာလပတ်ရည် သောက်ပေးပါက အဖျားကို ပျောက်စေသည်။
စောင်းလျားသီးကို အခြား
ဟင်းလျာများနှင့် ချက်၍ စားပါက
နှုတ်ကို မြိန်စေသည်။
အတွင်း လိပ်ခေါင်း ရောဂါ အတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။
စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စား ပေးပါက ဆီးနှင့်ဝမ်း ကို မှန်စေသည်။
နှုတ်မမြိန်ခြင်း၊ အစားအသောက်
ပျက်ခြင်း၊ အစာမကြေခြင်း ဖြစ်လျှင် စောင်းလျားသီး အစိမ်းကို ပါးပါးလှီး၍ ငါးနှင့် ချက်စားခြင်းဖြင့်
ပျောက်နိုင်သည်။
ရင်ဘတ်နာ၊ လေနာ၊ မီးယပ် ဝမ်းပျက်၊ အသံပျက် ရောဂါများ အတွက် စောင်းလျားသီးမှည့် ၂၀ လုံး၊
သကြား ၅ ကျပ်သား၊
ပျားရည် ၁၂ ကျပ်ခွဲသား၊
စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊
စမြိတ်မှုန့် ( ၂ ) ပဲ စီ ထည့်၍ မွှေပြီး
၁၀ ရက်ခန့် ထားပါ။
ထို့နောက် ည၊ နံနက် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျ
သောက်ပေးခြင်းဖြင့် အဆိုပါ ရောဂါများကို သက်သာ ပျောက်ကင်း
စေနိုင်ပါသည်။
#စောင်းလျားသီး
အရှေ့တောင်အာရှ နိုင်ငံအနှံပေါက်ရောက်သည်။
အစား စားချင်စိတ်ကို ဖြစ်ပေါ်စေသည် ကျန်းမာရေးအတွက် အထာက်အကူ
ပြုသော အသီးဖြစ်သည်။
စောင်းလျားသီးတွင် သံဓာတ် ,
ဗီတာမင်အေ , ဗီတာမင် စီ ,
အများအပြား ပါဝင်ပြီး
အဆီ ဓာတ် လုံးဝ မပါဝင်ပါ။
#သတိပြုရန်အချက်
တွဲဖက်မစားရ
) - စောင်းလျားသီးနဲ့ တွဲဖက်မစားသင့်သော အစာ - ငုံသား / နို့ရည် / ရှောက်သီး
ဆေးဖက်ဝင်ခြင်း
၁) #ကိုယ်အလေးချိန် ထိန်းပေးနိုင်ခြင်း
အရသာမှာ ချို ချဉ်. ချိုချဉ် ဖြစ်ပြီး ကယ်လိုရီ ၃၃ နဲ့
အဆီ 0.48 ဂရမ် ထက် မပိုပါ -
ကိုယ်အလေးချိန် ထိန်းပေး လိုသူတွေအတွက် အဆင်ပြေသည်။
၂ ) - #ရေကျောက်ကို သက်သာစေခြင်း
ကလေးတွေမှာ ဖြစ်တတ်တဲ့ ရေကျောက်နဲ့ ဝက်သက်နာ တို့ အတွက် စောင်းလျားရွက် နဲ့
အမြစ်ကို ပြုတ်ပြီး ရလာသည့်
အနှစ်ရည်ကို လိမ်းပေးလျှင်
သက်သာစေသည်။
၃ ) - #အရေပြား ကျန်းမာစေခြင်း
စောင်းလျားရွက်က
အရေပြားယားယံခြင်း
စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို သပ်သာစေပြီး
သွေးထွက်တာကို ရပ်တန့်စေပါသည်။
၄ ) - #ဝမ်းမှန်စေခြင်း
အမျှင် ပါဝင်မူမြင့်မားတဲ့
စောင်းလျားသီးအမှည့်မှာ
အစာချေစနစ်ကို ပုံမှန်ဖြစ်အောင်
ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်းကို
ကာကွယ်ပေးပါတယ်။
စောင်းလျားသီးကို ချဉ်ရည်ဟင်း
ချက်စားပါက ဆီး ဝမ်းကို
မှန်စေပါသည်။
အတွင်းလိပ်ခေါင်းအတွက်
စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။
၅ ) - #သွေးလှည့်ပတ်မူကို
ကောင်းစေခြင်း
စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာ ပါဝင်ခြင်းကြောင့် ကြွက်တက်ခြင်း မဖြစ်စေသလို ကြွက်သား တစ်သျူးတွေထဲမှာ
သွေးလှည့်ပတ်ခြင်းကို
ကောင်းစေသည်။
၆ ) - #အူလမ်းကြောင်း ကျန်းမာစေခြင်း
စောင်းလျားသီးမှာ
Tannin တန်နင် မြင့်မားစွာ ပါဝင်တာကြောင့် ဝမ်းလျောတာကို ကုသပေးနိုင်သလို အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ရှင်းလင်းပေးပါသည်။
၇ ) - #လည်ချောင်းနာခြင်း
အရက်နာကျခြင်း
ရင်အေးစေသည့် အစာအဖြစ်
တရုတ်လူမျိုးတွေက ယုံကြည်ထားပြီး လည်ချောင်းနာနဲ့
အရက်နာကျခြင်း အတွက် သက်သာစေတယ်ဟု သတ်မှတ်ထားသည်။
၈ ) - #နှလုံးသွေးကြော ကျန်းမာစေခြင်း
စောင်းလျားသီးမှာ အစွမ်းထက်
အင်တီအောက်စီဒင့်တစ်မျိုးဖြစ်တဲ့
ပိုလီဖီနှော ပါဝင်မူ့ များတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောင်ရမ်းမူများကို လျော့ကျစေပါတယ်။
၉ ) - #ကိုယ်ဝန်ဆောင်သည်များ
စိတ်ချစွာစားလို့ရခြင်း
ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သဖြင့်ကိုယ်ဝန်ဆောင်သည်များ
ကျန်းမာရေးကို အထောက်
အကူပြုသည် -
ကြွက်တက်ခြင်းကို ကာကွယ်ပေးသည် - ဟော်မုန်းများကို ထိန်းညှိပေးပြီး
စိတ်ဖိစီးခြင်းကို လျော့ကျစေသည်။
၁၀ ) - #ခေါင်းကိုက် ဖျားနာခြင်း
'စောင်းလျားသီးအမှည့်ကို
ဖျော်ရည်လုပ်သောက်ခြင်းဖြင့်
ခေါင်းကိုက် , ဖျားနာ, တုတ်ကွေး. သွေးတိုး ချောင်းဆိုးခြင်းကို
သက်သာစေပါသည်။
၁၁ ) #ခင်နို့ အထွက်များခြင်း
နို့တိုက်မိခင်တွေ စောင်းလျားသီးမှည့်စားခြင်းဖြင့် နို့ထွက်နူန်း များစေသည်ဟု ယူဆကြသည်။
၁၂) - #အစာမကြေ ခြင်း
စောင်းလျားသီးအမှည့်ကို
သကြားနဲ့ စားပါက အစာမကြေ အော့အန်ခြင်း ပျောက်ကင်းစေသည်။
၁၃ ) - #ကျောက်ကပ်ကျောက်တည်ခြင်း
စောင်းလျားသီးကို ငါးပြေမနဲ့ ချက်စားပါက ကျောက်ကပ် , ဆီးအိမ် နှင့် သည်းခြေ တို့တွင် ကျောက်တည်ခြင်းကို ပျောက်ကင်းစေသည်။
၁၄ ) - ခံတွင်းပျက်ခြင်း
စောင်းလျားသီး အစိမ်းကို ငါးနဲ့ချက်စားခြင်းဖြင့် အစာမကြေ နူတ်မမြိန်ခြင်း အစားအ
သောက်ပျက်ခြင်း တို့ကို ပျောက်ကင်းစေသည်။
၁၅ ) - ဆီးချိုရောဂါ သက်သာစေခြင်း
စောင်းလျားသီး အစိမ်း အချဉ်သီးနှင့် မိမိကြိုက်ရာငါး တမျိုးမျိုးနဲ့
ချက်စားခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။
၁၆ ) - မျက်လုံးကျန်းမာရေး
ဗီတာမင်အေ ပါဝင်သဖြင့် မျက်လုံးရောဂါ ကူးစက်မူများကာကွယ်ပေးပြီး မျက်စိ ကျန်းမာရေးကို အထောက်အကူပြုသည်။
💞 မေတ္တာဖြင့်
ပြန်လည်မျှဝေပါသည်။
💘 to ထက်ဦးလှိုင်
20/06/2025
သင်္ဘောရွက်ကို ပြုတ်ပြီး သောက်ခြင်းဖြင့် အသည်း၊ အဆုတ်တို့ကို ပြန်လည်ကောင်းမွန်စေပြီး ကင်'ဆာရောဂါ၊ ဆီးချိုရောဂါနှင့် ကိုလက်စထရောများကို လျှော့ချပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်းများ............
- သင်္ဘောရွက် လတ်လတ်ဆတ်ဆတ် ၅၀၀ ဂရမ်
- ရေ ၂ လီတာ
ပြုလုပ်နည်း..........
၁။ သင်္ဘောရွက်ကို ရေ ၂ လီတာနှင့်အတူ ၁၀-၁၅ မိနစ်ခန့်
ပြုတ်ပါ။
၂။ ပြီးရင် ရေကိုစစ်ယူပြီး နွေးနွေးလေး သောက်သုံးပါ။
အစာမစားခင် ၅-၁၀ မိနစ်အလိုမှာ သောက်ပါ။ တစ်နေ့ကို
၃ ကြိမ် သောက်ပါ။
(တစ်နေ့လျှင် စုစုပေါင်း ၅၀၀ မီလီလီတာ)
၃။ ကျန်တဲ့အရည်ကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားပြီး
၁-၃ ရက်အတွင်း အကုန်သောက်စေချင်ပါတယ်။
အကျိုးကျေးဇူးများ.........
- သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
- ကင်'ဆာဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
- သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို အားပေးခြင်း
- ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
- ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေခြင်း
- အသည်း၊ အဆုတ်တို့ကို ပြန်လည်ကောင်းမွန်စေခြင်း
- အထူးသဖြင့် အရက်သောက်သူများ၊ ဆေးလိပ်သောက်သူ
များအတွက် အထူးသင့်တော်ပါတယ်။
၃-၈ ပတ်အထိ ဆက်တိုက်သောက်ပါ။
လိုအပ်ရင် ခနအနားယူပြီး ပြန်သောက်ပါ။
Credit. MON SOUNG
06/01/2025
#ငရုပ် စိုက်နည်း
------------------
ငရုတ်ဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေတွေက အကောင်းဆုံးဖြစ်ပါတယ်။
မြေစေးအသင့်အတင့်ပါတဲ့ မြေမှာလည်း စိုက်ပျိုးနိုင်ပါတယ် ဒါပေမယ့် ရေမဝပ်စေဖို့အတွက် ရေထုတ် မြောင်းစနစ်တကျ ပြုလုပ်ပေးဖို့တော့လိုပါတယ်။
သဲမြေမှာစိုက်တယ်ဆိုရင် သဘာဝမြေသြဇာလုံလုံ လောက်လောက်ထည့်ပြီးမှ စိုက်ပျိုးရမှာဖြစ်ပါတယ်။ အသင့်တော်ဆုံးpH ကေတာ့ (၅.၅-၇)ဖြစ်ပါ တယ်။
အရပ်ဒေသကိုလိုက်ပြီး တိုက်ရိုက်စိုက်တာနဲ့ ပြောင်းရွှေ့စိုက်ပျိုးတာဆိုပြီး (၂)မျိုးရှိပါတယ်။
တိုက်ရိုက်စိုက်ပျိုးတဲ့နည်းကတော့ ပျိုးခင်း၊
ပျိုးဘောင်တွေနဲ့ပျိုးမထောင်ပဲ ကြိုက်နှစ်သက်တဲ့ ထယ်ရေး၊ ထွန်ရေးရပြီဆိုရင် မျိုးစေ့တွေကို ညီညီညာညာကြဲပက်ပြီး စိုက်ပျိုးရတာဖြစ်ပါတယ်။
တစ်ဧကအတွက် မျိုးစေ့ (၁၀၀)ဂရမ်ခန့်ကုန်နိုင်ပါတယ်။ အပင်ပေါက်စုံရင် လိုချင်တဲ့ အကွာအဝေးထားပြီး ကျန်အပင် တွေကို နုတ်ပေးရတာဖြစ်ပါတယ်။ မုံရွာ၊ ညောင်ကန်၊ ဘုတလင်တစ်ဝိုက်မှာ အများအားဖြင့် စိုက်ပျိုးကြပါတယ်။
ရွှေ့ပြောင်းစိုက်ပျိုးနည်းကတော့ ထယ်ရေးအသင့်ပြင်ထားတဲ့ မြေပေါ်မှာ အသင့်ပျိုးထားတဲ့ ပျိုးပင် ပျိုးသက် (၃၀-၄၅)ရက်သားခန့်ရရင်ပြောင်းရွှေ့စိုက်ပျိုးရတာဖြစ်ပါတယ်။
#အပင်ပြုစုစောင့်ရှောက်ခြင်း
ရွှေ့ပြောင်းစို်က်ပျိုးပြီး (၃-၄)ရက်ကြာရင် အပင်စပြီးလန်းလာမှာဖြစ်ပါတယ်။ (၁၀-၁၂)ရက်ကြာတဲ့အခါ ပေါင်း နှိမ်နင်းတာ၊
ရေသွင်းတာတွေ စတင်လုပ်ပေးနိုင်ပြီဖြစ်ပါတယ်။ ကြားပေါင်းလိုက်တာ၊ မြေတောင်မြှောက်ပေးတာ၊ မြေသြဇာကျေွးတာတွေကို (၂)ပတ် (၁)ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။
#မြေသြဇာထည့်သွင်းအသုံးပြုခြင်း
တစ်ဧကအတွက် နွားချေး လှည်းအစီး (၁၀-၂၀)စီးထည့်ပေးနိုင်ပြီး မြေခံဆေး (၁)ထုတ်နဲ့
(၂)ထုတ်ကြား မြေပြင်ချိန်မှာ ထည့်ပြီး အပင် ၁၅ရက်သားကြီးထွားချိန်မှာ အပင်သန်ဆေး (10)စီစီးနှုန်း ၇ ရက်ခြား ၁၀ ရက်ခြားတစ်ခါ ဖျန်းပေးရမှာဖြစ်ပါတယ်ဗျ ။
ငရုပ် ၄၅ ရက်သားမှာ NPK 6 6 20 အသီးအားဆေး
၇ ရက်ခြား ၁၀ ရက်ခြား တစ်ခါထပ်ပြီးဖျန်းပေး၍အသုံးပြုနိုင်ပါတယ်။
#ခူးဆွတ်ခြင်း
ရွှေ့ပြောင်းစိုက်ပျိုးပြီး (၂)လအကြာမှာ ပန်းစပြီးပွင့်မှာဖြစ်ပါတယ်။ ပန်းပွင့်ပြီး (၂)ပတ်အကြာမှာ ပထမအကြိမ် စတင်ခူးဆွတ်နိုင်မှာဖြစ်ပါတယ်။
ရွှေ့စိုက်ပြီး (၃-၄)လအတွင်း ခူးဆွတ်နိုင်ပါတယ်။ကြက်တူရွေးနုတ်သီးလို့ခေါ်ပြီး အသီးတွေနီရဲလာရင် အမြန် ခူးဖို့လိုပါတယ်။ မှည့်တဲ့အသီးတွေကိုပဲ ခူးဆွတ်သင့်ပါတယ်။
စိမ်းတဲ့အသီးတွေခူးရင် ဖလံဖြူဖြစ်သွားတတ်ပါ တယ်။ ငရုတ်ီးအမှည့်ကို ခူးတဲ့အခါ ကြက်တူရွေးနုတ်သီးနဲ့ ကြေးညိုတောင့် ကို မခူးရပါ။
(ငရုတ်သီးရင့်မှည့် တဲ့အခါ မှည့်စပြုတဲ့ အစိမ်းတစ်ပိုင်း၊ အနီတပိုင်းအဆင့်ကို အဲဒီအဆင့် ကျော်ပြီး လို့ငရုတ်သီးတစ်တောင့်လုံး အညိုရောင်ပြောင်းသွားတဲ့အချိန်မှာတော့ ကြေးညိုတောင့်လို့ခေါ်ကြပါတယ်။
ဒီ(၂)ဆင့်ကို ကျော်လွန်ပြီး အနီရောင်သန်းတဲ့ အသီးတွေကိုပဲ ခူးရမှာဖြစ်ပါတယ်။ ငရုတ်သီးအစိမ်းကိုလည်း ဆွတ်ခူးရောင်းချနိုင်ပါတယ်။
တစ်ပိုင်းတစ်စမှည့်တဲ့ အသီးနဲ့ လုံးဝမမှည့်တဲ့ အသီးတွေကိုလည်းရိတ်သိမ်းရောင်း ချနိုင်ပါတယ်။
မျိုးနဲ့မြေ အခြေအနေပေါ်မူတည်ပြီး တစ်ဧကမှာ ငရုတ်သီးအခြောက် (၁၀၀-၂၀၀)ပိဿာရနိုင်ပြီး ငရုတ်သီးစိမ်းအနေနဲ့ (၄၀၀-၁၀၀၀)ပိဿာအထိ ထွက်နိုင်ပါတယ်။
#သတိပြုစရာငရုတ်ရောဂါ
#ဘက်တီးရီးယားပင်ညှိုး (လောင်ဖြူ)
ပျိုးခင်းမှ ခူးဆွတ်ချိန်အထိ ကျရောက်သည်။ ရေဝပ်၍ မြေအစိုဓာတ် များပါက ပိုမိုဆိုးရွာသည်။စီးထွက်သည်ကို ရောဂါကျစ၌ အရွက်နုများ၊ အညွန့်များ ညှိုးလာသည်။ ရောဂါပြင်းထန်ပါက (၂-၃) ရက်အတွင်း တစ်ပင်လုံး ညှိုးသွားသည်။ ပင်စည် ညိုမည်း၍ အပင်သေသွားသည်။
ရောဂါရ ပင် စည်အား ဖြတ်၍ ရေတွင်စိမ်ကြည့်ပါက နို့နှစ်ရောင် ဘက္တီးရီးယား စိမ့်ထုတ်ရည်များ တွေ့ရသည်။
#ကာကွယ်နှိမ်နင်းနည်း
အပင်ခြေ ရေမဝပ်အောင် ဂရုစိုက်ပါ။ အပင်အား ဒဏ်ရာရစေနိုင်သည့် ပိုးမွှားများကို ထိရောက်စွာ ကာကွယ် နှိမ်နင်းပါ။ ဓာတ်မြေသြဇာကို အချိုးကျ သုံးစြဲပါ။
ပုလဲဓာတ်မြေသြဇာများများ သုံးစွဲမှုအား ရှောင်ပါ။ ရောဂါရ အပင်များကို ချက်ချင်းနုတ်ယူ၍ စိုက်ခင်းမှ ဝေးရာတွင် မြေနက်နက် တူးမြှုပ်ပါ။ ရောဂါဒဏ်ခံနိုင်သည့်မျိုးကို စိုက်ပါ။
အာလူး၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးစသော သီးနှံများနှင့် အလှည့်ကျစိုက်မှု ရှောင်ပါ။ အခြား သီးနှံများနှင့် အလှည့်ကျစိုက်ပါ။
ရောဂါရအကွက်မှ ရေနှင့် ထွန်ထယ် ကိရိယာများကို ရောဂါကင်းသည့် အကွက်တွင် သုံးခြင်းကို ရှောင်ပါ (သို့) သန့်ရှင်းပြီးမှ သုံးစြဲပါ။
ရောဂါစတင်ဖြစ်ပွားပါက ဘီလီယံ ၊ ကာဆူဂါ၊ ကျူပရောက်ဆက်ဆေးများကို သုံးပေးနိုင်ပါသည်။
#မှဲ့ပြောက်စွန်းနှင့်ကိုင်းဖျားခြောက်ရောဂါ
အရွက်၊ အကိုင်းနှင့် အသီးပေါ်တွင် ကျရောက်သည်။ ငရုတ်ပွင့်တွင် က်ပါက အပွင့်ညှိုး၍ ငိုက်ကျလာပြီး တဖြည်းဖြည်း ခြောက်ကာ ကြွေကျသွားသည်။
အပွင့်မှ ပွင့်ညှာကို ဖြတ်၍ ကိုင်းအထိကူးစက်ပါက ကိုင်းဖျားခြောက်ရောဂါ ဖြစ်စေသည်။ ကိုင်းဖျားမှကိုင်းခွအထိ ခြောက် ကာ ကိုင်းတစ်ခြမ်း (သို့) တစ်ကိုင်းလုံး ခြောက်သွားနိုင်သည်။
ရင့်မှည့်သည့် အသီးပေါ်တွင် ဦးစွာရေစိုနာ အကွက်ဖြစ်၍ တဖြည်း ဖြည်း ကျယ်ပြန့်လာကာ နီညိုရောင် ပြောင်းသွားသည်။
အနာကွက်ပေါ်တွင် အဖုငယ်များကို စက်ဝိုင်း ပုံအရစ်များအဖြစ် တွေ့ရသည်။ ရောဂါပြင်းထန်ပါက အသီးအတွင်းပိုင်း တွန့်ရှုံ့နေမည်။
အရွက်ပေါ်တွင် မီးခိုးရောင် အကွက်ငယ် ပေါ်လာသည်။ အနာကွက် ကျယ်ပြန့်လာခြင်းကြောင့် အရွက်ခြောက် ဧရိယာ ကျယ်ပြန့်လာသည်။
#ကာကွယ်နှိမ်နင်းနည်း
ရောဂါရအပင်မှ မျိုးစေ့မယူသင့်ပါ။ သီးနှံပင် အကြွင်းအကျန်များကို မီးရှို့ဖျတ်ဆီးပါ။
မျိုးစေ့များကို ပျိုးမထောင်မီ အထက်ပါဆေးများဖြင့် လူးနယ်ပြီးမှ ပျိုးထောင်ပါ။
ရောဂါစတင်ကျလျှင် ယူနတီကို ဆေးတစ်ပုံးမှာ ၁၀-၂၀စီစီဖြင့် တစ်ဧက ငါးပုံး (၇-၁၀) ရက်ခြား တစ်ကြိမ်ဖြင့် လိုအပ်သလို ဖျန်းပေးပါ။
myanmar yangon
#ငရုပ်ခင်း
Credit..
11/06/2024
သံပုရာပင် အပွင့်တွေပွင့်ပေမယ့် အသီးမတင်ရင်
ဒါတွေလုပ်ပေးပါ....
သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ
သံပုရာပင်စိုက်တဲ့ တချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား
ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီ
၁။ နေရောင်ခြည်
သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ် နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး
သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်
သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ
၂။ ရေ
အသီးတင်ဖို့
ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းက သံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်
စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ ဖြစ်သင့်ပြီး အမြဲခြောက်သွေ့နေတဲ့မြေမှာ မစိုက်သင့်ပါဘူး
မြေကိုလည်း အမြဲစမ်းစစ်သင့်ပြီး အနက်(၂) လက်မလောက်ထိ မြေကခြောက်နေတယ်ဆိုရင်တော့ ရေများများပေးဖို့ လိုအပ်နေပါပြီ
အရွက်တွေ ငိုက်ကျနေတယ်ဆိုရင်လည်း ရေလိုအပ်နေပါပြီ
တစ်ပတ် (၁)ကြိမ် ပုံမှန် ရေရွှဲရွှဲလောင်းပေးသင့်ပါတယ်
၃။ အာဟာရဓာတ်
အာဟာရဓာတ်ရရှိဖို့ အပင်စစိုက်ကတည်းက သဘာဝမြေသြဇာတွေ ထည့်ပေးသင့်ပါတယ်
ရှောက်သံပုရာအုပ်စုဝင်တွေကိုကျွေးတဲ့ ဓာတ်မြေသြဇာ (citrus fertilizer)တချို့ကို တစ်နှစ်ကို လေးကြိမ်လောက် ကျွေးပေးပါ
သံပုရာပင်က နိုက်ထရိုဂျင်ကို ပိုပြီးစားသုံးတဲ့ကောင်မို့ နိုက်ထရိုဂျင်အချိုးပိုပါတဲ့ ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီးသုံးသင့်ပါတယ်
၄။ အပူချိန်
သံပုရာပင်တွေက အပူချိန်( ၂၀ )ဒီဂရီစင်တီဂရိတ် လောက်ထိ လျော့ကျပြီး အေးသွားတာကို ခံနိုင်ရည်ရှိကြပါတယ်
ဒါပေမယ့် (၂၀) ဒီဂရီစင်တီဂရိတ်ရဲ့အောက်ရောက်ပြီး အလွန်အေးသွားရင်တော့ အသီးသီးနှုန်း ကျသွားတတ်ပါတယ်
ဒါ့ကြောင့် အိုးနဲ့စိုက်တဲ့အပင်တွေကို အလွန်အေးလာတဲ့အခါ အအေးဒဏ်သက်သာမယ့်နေရာဆီ ပြောင်းထားပေးသင့်ပါတယ်
နေပွင့်လာပြီး အအေးပေါ့လာတဲ့ နေ့လည်ခင်းလိုအချိန်တွေမှာတော့ အပြင်ပြန်ထုတ်ပေးပါ
အအေးဒဏ်ရှောင်ဖို့ အဆောက်အအုံထဲ ပြောင်းရွှေ့ထားတဲ့အခါ အရွက်တွေခြောက်လာတတ်တာမို့ ရေဖျန်းပေးပါ
၅။ ဝတ်မှုန်ကူးခြင်း
သံပုရာပင်တွေက အများအားဖြင့် တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်ကြပေမယ့် အဓိကအားဖြင့်တော့ မိုးရာသီနဲ့ နွေဦးပိုင်းမှာ ပန်းအများဆုံးပွင့်တတ်ကြပါတယ်
ပန်းတွေပွင့်တိုင်းမှာ ဝတ်မှုန်ကူးဖို့ လိုအပ်ပါတယ်
ဆိုလိုတာက ပန်းတော့ပွင့်ပေမယ့် ဝတ်မှုန်မကူးပဲ ကြွေသွားရင် အသီးလည်း မရနိုင်တော့ပါဘူး
ဒါ့ကြောင့် ပွင့်တည်းဝတ်မှုန်ကူးခြင်းက အကောင်းဆုံးဖြစ်ပေမယ့် အသီးအထွက်ကောင်းဖို့ဆိုရင်တော့ လက်နဲ့ဝတ်မှုန်ကူးခြင်းကို လုပ်ပေးဖို့ လိုပါတယ်
လက်နဲ့ဝတ်မှုန်ကူးခြင်းဆိုတာကတော့ စုပ်တံခပ်သေးသေး (သို့) ဂွမ်းစလေးနဲ့ အဖိုဝတ်မှုန်တွေကိုခြစ်ယူပြီး အမအင်္ဂါပေါ် သုတ်ပေးခြင်းဖြစ်ပါတယ်
အသေးစိတ်ဆန်ပြီး လက်ဝင်တာမို့ တစ်နိုင်တစ်ပိုင် စိုက်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်
၆။ ကိုင်းချိုင်ပေးခြင်း
အသီးများများသီးဖို့ရန် အပင်ကရှည်စရာမလိုပါဘူး
ဒါ့ကြောင့် မိုးဦးပိုင်းမှာ ကိုင်းချိုင်ခြင်းတွေ ပြုလုပ်ပေးပါ(အခုလိုချိန်ပေါ့)
အပေါ်ကို ရှည်ထွက်နေတဲ့ ကိုင်းတွေက ပုံမှန်အားဖြင့် အသီးမသီးကြပါဘူး
ဒါကြောင့်မို့ အဲ့လိုကိုင်းတွေကို ဦးစားပေးချိုင်ပါ
ထို့ပြင် ခြောက်နေတဲ့ကိုင်းတွေနဲ့ ရောဂါကျနေတဲ့ကိုင်းတွေကို (၄၅) ဒီဂရီစောင်း၍ ဖြတ်ပေးပါ
ပင်မပင်စည်ကို နေရောင်မဝင်နိုင်လောက်အောင် ပိတ်စို့နေတဲ့ ကိုင်းတချို့ကိုလည်း ချိုင်ပေးပါ
ဒါမှ ပင်စည်ကို နေရောင်ရရှိမှာဖြစ်ပြီး လေဝင်လေထွက်လည်းကောင်းကာ မှိုရောဂါတွေဖြစ်ခြင်းမှ ကင်းလွတ်မှာလည်း ဖြစ်ပါတယ်ဗျ။
ပြုံပြွတ်ပြီးသီးနေတဲ့အထဲမှ တချို့အသီးတွေကို ခြွေပေးခြင်းက အရည်အသွေးကောင်းပြီး အရွယ်အစားကြီးတဲ့အသီးတွေရရှိမှာလည်းဖြစ်ပါတယ်
ဒီအချက်တွေကို လုပ်ဆောင်ပေးပြီး သံပုရာပင်တွေ အသီးထွက်ကောင်းကြပါစေ
Credit
tk
16/05/2024
" အသား လှုပ်နိမိတ် "
==============
(၁) ဦခေါင်း - ဓန စည်းစိမ် တိုးပွားလိမ့်မည်
(၂) လက်ျာမျက်ခုံး - ငွေကြေးဥစ္စာဓနငွေကြေးရလိမ့်မည်
(၃) လက်ဝဲမျက်ခုံး - ချစ်သူ / အဆွေခင်ပွန်းနှင့် တွေ့ရလိမ့်မည်
(၄) မျက်စိ(အထက်မျက်ခမ်းသား) - ကြံစည်သမျှရလိမ့်မည်
(၅) အောက်မျက်ခမ်းသား - သောကမျက်ရည်ကျလိမ့်မည်
(၆) နှာခေါင်း - လူချစ်လူခင်ပေါ်လိမ့်မည်
(၇) လက်ျာနှတ်ခမ်း - ချစ်ခင်သူနှင့်အတူတကွ ပြောဆိုရမည်
(၈) လက်ဝဲနှတ်ခမ်း - မနာလိုသူရှိလိမ့်မည်
(၉) မေးဖျား - အချင်းများလိမ့်မည်
(၁၀) လက်ျာနား - မိန်းမယုတ်က မကောင်းကြံလိမ့်မည်
(၁၁) လည်ချောင် - ရွှေငွေလာဘ်လာဘ ရလိမ့်မည်
(၁၂) လက်ျာပခုံ - အသုံးအဆောင် ပေါများလိမ့်မည်
(၁၃) လက်ဝဲပခုံး - အစားအစာ ပေါများလိမ့်မည်
(၁၄) နှလုံး/ရင်သား/ချက်တိုင် - အဝတ်တန်ဆာ ရလိမ့်မည်
(၁၅) လက်ျာလက်ပြင် - ထင်ရှားကျော်စောလိမ့်မည်
(၁၆) လက်ဝဲလက်ပြင် - တပါးသူနှင့် အယူကွဲ၍ အခင်းများလိမ့်မည်
(၁၇) ကျောသား - အဝတ်တန်ဆာများ ရလိမ့်မည်
(၁၈) လက်ျာလက်မောင်း - လာဘ်ကြီးရလိမ့်မည်
(၁၉) လက်ဝဲလက်မောင်း - မစားဖူးသည့် အရသာထူးထူးကဲကဲစားရလိမ့်မည်
(၂၀) လက်ျာလက်ဖဝါး -
အကြံကောင်းများ အောင်မြင်အထမြောက်လိမ့်မည်/အကြံကောင်းညဏ်ကောင်းများရလိမ့်မည်
(၂၁) လက်ဝဲလက်ဖဝါး - စကားကောင်းပြောရလိမ့်မည်/ချောမောလှပသည့် ချစ်သူရလိမ့်မည်
(၂၂) ကာယ - ချစ်သူမယား/ဥစ္စာကျွဲနွား/ပျက်စီးလိမ့်မည်
(၂၃) လက်ျာတင်ပါး - ယောက်ျားချင်း ဥပဒ်မြင်လိမ့်မည်
(၂၄) လက်ဝဲတင်ပါး - ရန်သူကို အနိုင်ရလိမ့်မည်
(၂၅) ပေါင် - ချစ်သူနှင့် တွေ့ရလိမ့်မည်
(၂၆) လက်မဆစ် - သူခိုး ခိုးခံရလိမ့်မည်
(၂၇) လက်ျာမျက်တောင် - အခြွေအရံကျေးကျွန် ရလိမ့်မည်
(၂၈) လက်ျာနံပါး/ဝမ်းပြင်သား - အစားအစများရလိမ့်မည်
(၂၉) လက်ဝဲနံပါး/ဝမ်းပြင်သား - လာဘ်ကြီး ရလိမ့်မည်
(၃၀) လက်ျာရင်သား - ဖြူစင်သော ငွေကြေးများ ရလိမ့်မည်
(၃၁) လက်ဝဲရင်သား - စိတ်ပူရလိမ့်မည်
(၃၂) လက်ျာသားမြတ် - ကြည်ဖြူတတ်သော မိတ်ဆွေ ရလိမ့်မည်
(၃၃) လက်ဝဲသားမြတ် - စာရင်းဇယား နိုင်သော ကျေးကျွန်ကို ရလိမ့်မည်
(၃၄) လက်ကတည်း - ကြီးကျယ်သောချမ်းသာခြင်း ၊ ကြွယ်ဝသောစည်းစိမ် တို့ကိုရလိမ့်မည်
============
အတိတ်နမိတ်
Credit: ဗဟုသုတများတိုးပွားနိုင်ပါစေ
27/03/2024
NPK - 16: 16 : 16: ပါတ် လည် နဲ့ ညီမျှတဲ့ အော်ဂင်း နစ် ဆေးရည် လေး လုပ် ကြည့် ကြရအောင် နော်
15:15:15: ထက် 1: ချိုး ပို ပေါ့
ဘိုကာရှီ လုပ်ဘို့ တချို့ ကုန် ကြမ်းတွေ ရှာ မရ မန့် တေ တက် နေမှာ မို့ မထမ်းမပိုးရတဲ့
ဆေးရည် နည်း လေး လွယ် ကူ လို့ လုပ် ကြည့် ရအောင်
ပါဝင်ပစည်းများ
ဆန်ဆေးရည် -1.5 lit
သကြားညို -2 ဇွန်း
နို့ချဉ် ဒိန်ချဉ် -2 ဇွန်း ပါဘဲ
မိမိတို့ နေ့စဉ် စား သုံးဘို့ ချက်တဲ့ထမင်း အတွက် ဆန် ကို ဆေး ရတာ ဟုတ်တယ်နော်
ဆန် ကို ရေသန့် သို့မဟုတ် မိုး ရေနဲ့ ဆေးထုတ် လုပ်ရန် အသုံးပြုပါ။
ဆန်ဆေးရည် တလီတာခွဲ ထဲသို့
သကြား ညို 2ဇွန်း
နို့ချဉ် 2- ဇွန်း ထည့်ပါ
အဖုံး လုံ အောင်ပိတ်ပါ
သမအောင်လှုပ်ပါ။
အားလုံးသမ ပါက အဖုံး ကို တရစ်ခန့် ချန် ပြီးအရိပ်ထဲ 7- ရက်ထားပါ။
2- ရကိတကြိမ် အဖုံး ဖွင့် ပြီး GAS ထုတ်ပေးပါ။
7- ရက် ပြည့်လျှင်တော့
ယူရီးယား 16-16-16 ပါတ် လည် 50 KG နဲ့ ညီမျှ တဲ့ ဆန်ဆေး ရည် အော်ဂင်းနစ် ဆေး ရပါ ပြီ။
အသုံးပြု ပုံ
စပါး ပွင့်ခါ နီး တကြိမ် သာ သုံး ပါ
ဆေး တလီတာ ရေ လီတာ 100 ရော ပြီး စပါးပင် ကို ဖျန်းပါ။
အပွင့် ကောင်းအသီးအဆန် ပြည့်အဖျင်းမပါ တာ လက်တွေ့ပါ။
မစိုက်မီ မြေ ပြင် ရင်တော့
ဆေး တလီတာ ရေ 100 lit မစိုက်မှီ 21- ရက်အကြာ ဖျန်း ထား ပါ မြေ ကြီး ph တက် လာပြီး မွမွ လေး ဖြစ် လာမယ်။
စိုက် ပြီးသားသီးပင်စား ပင်တွေ ဝါလာတာ တွေရှိခဲ့ရင်တော့
ဆေးရည် စတီးဇွန်း 2-ဇွန်း ရေ 20 Lit ရောဖျန်းပါ။
ပန်းပင်များ အပွင့် ကောင်းစေချင်ပါက
ဆေး တလီတာ ရေ လီတာ 100 ရော ဖျန်းပါ 7- ရက်တကြိမ်
တိရိစ္ဆာန် တွေ မွှေးလို့ ခွေးကြောင် အနံ့သက် မကောင်းပါက
ဆေးတဇွန်းရေ 10 lit ရော ဖျန်းပါ အနံ့ ကင်းတာ လက်တွေ့ သိ ရပါလိမ့်မယ်။
ယူရီးယား တွေသုံး လို့ စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေ အဆိပ် တောက် ကင်းစေချင်ရင်တော့
ဆေးတဇွန်း ရေ 10lit ဇလားထဲရော ဟင်းသီးရွက်တေ 10 မိနစ်ခန့် စိမ် ထားပါ။
အိမ် ထဲက အိမ်သာ တွေ ဆိုဖါ ခုံ တေ အနံ့သက် ကင်းအောင်
အိမ်သာခွက်ထဲ 200 ml ထည့် ကြည့် ရေမရောနဲ့ အိုကေ စေ ရမယ်။
ဆိုဖါ ထိုင်ခုံ ဧည့်ခန်း အနံ့သက်အတွက် ဆေး တဇွန်း ရေ 10 lit ရောစပရေးဘူး နဲ့ဖျန်းပါ အနံ့သက်ကင် သွား ပါတယ်။
လုပ်ကြည့် သုံးကြည့် ပါ ကိုယ်တိုင်လုပ် သုံး အကျိုးသိ ပီတိ ဖြစ် ရပါလိမ့်မယ်
သုံးမကုန်ပါက အရိပ်ထဲ လေလုံအောင်ပိတ်ပါ 3-6 လထိ ထား လို့ရပါတယ်.။
credit original uploader
23/12/2023
6 လပဲခံမယ်ဆိုတဲ့ အဆုက်ကင်ဆာ တယောက်က 6 လကျော်သွားပြီတဲ့ အသားအရောင် ပြန်စိုပြေလာတယ်တဲ့။
စိတ်မဆိုး တောလေးညှင်း တိုင်းရင်းဆေးဆိုင် မှာလာပြောပြသွားတာပါ။
Oct 28 2017
== == == == =
ဆေးလိပ်သမားများအတွက်
အဆုတ်သန့်စင်လိုသူများအတွက် အထူးသင့်လျော်သော စိတ်မဆိုး တောလေးညှင်းပါ။
မိုးတွင်းအခါ လယ်ကွင်းထဲတွင် အလွန်ပေါများစွာ ပေါက်သော အပင်ပါ။
လယ်သမားများ စပါးစိုက်ခြင်းကို နှောက်ယှက်လို့ စိတ်ညစ်ရသောအပင် ဖြစ်သည်။
သို့သော် ဆေးဖက်အလွန်ဝင်သော အဆုတ်သန့်စင် အားကောင်းဆေးပါ။
အရိုးစိမ်း နှင့် အရိုးနီ ၂မျိုးရှိပြီး အရိုးနီကတော့ အစွမ်းပိုထက်တယ်လို့ပြောကြပါသည်။
#သွင်ပြင်လက္ခဏာ
တောလေးညှင်း ကိုရှာဖွေလိုလျင်
အပွင့်အဝါ သေးသေးလေး ၄ချပ်ရှိသော အပင်ကိုရှာပါ။
ပွင့်ချပ်လေးများ ဖယ်ကြည့်လိုက်လျှင် လေးညှင်းပုံစံ အပွင့်ခံရိုးတန်ရှိပါသည်။
အရိုးသည် လုံးဝိုင်းမှု့ မရှိပဲ စောင်းများရှိသည်ကို တွေ့ရပါမည်။
#တွေ့ရှိရာအရပ်
မြေပွပွ ရေစပ်စပ် တွင် အလွန်ဖြစ်ထွန်းပါသည်။
ရေတပေလောက်မြုတ်နေပြီး အလွန်နုံးများသော အချို ရေမြောင်းကြီးများတွင် နှုတ်စရာမလိုပဲ မလိုက်လျင် ပါလာပါသည်။
#တွေ့ရှိနိုင်သည့်အချိန်
မိုးရာသီ မြစ်ဝကျွန်းပေါ် လယ်ကွက်များအတွင်း အလွန်ပေါများစွာတွေ့ရှိရပါသည်။
မြို့ပေါ်တွင်မူ ရေမြောင်းဘေး အနီးပါတ်ဝန်းကျင်တွင်တွေ့ရတတ်ပါသည်။
မိုးတွင်းအခါ အပင်သည် လူတရပ်ကျော်ရှည်၍ အရွက်သည် တထွာခန့်ထိရှိတတ်ပါသည်။
နွေရာသီတွင်မူ ရေစပ်စပ်နေရာများတွင် ရှားပါးစွာ ရှာဖွေတွေ့တတ်ပါသည်။
တွေ့ရှိလျင်လည်း လက်သီးဆုတ်သာသာအပင် တပေခန့်အမြင့်ရှိသောအပင် အရွက် ကုတ်ကုတ်ဖြင့်သာတွေ့နိုင်ပါသည်။
#ဆေးနည်း
အပင်တပင်လုံးကို ရေစင်စွာဆေး၍ ၃ခွက် တခွက်တင်ကြိုသောက်ပါ။
အဆုတ် ပြဿ နာ မကြာခဏရှိသူများသည်
ယခုလို မိုးကုန်ခါနီး အပင်ကျမသွားခင် အခြောက်လှမ်း၍ သိမ်းထားပြီး အပင်များ နွေအချိန် မရှိတော့လျင် တောလေးညှင်းခြောက်ကို ရေနွေးကြမ်းခပ်၍ သုံးဆောင်နိုင်ပါသည်။
နွေရာသီ အပင်ရှာမရလျင် စိတ်မဆိုး တောလေးညှင်းရေနွေးကြမ်းကို ချိုသာသောစျေးဖြင့် တိုက်2 အခန်း101 ဇီဇဝါအိမ်ယာ သံသုမာလမ်းမ 15ရပ်ကွက် တောင်ဥက္ကလာပ 01 8500355 ဆက်သွယ် သုံးဆောင်နိုင်ပါသည်။
#စိတ်မဆိုး တောလေးညှင်းဆေး ၏ ကောင်းကျိုးများ
အဆုတ် နှင့် ပတ်သက်သော ရောဂါများ
ဆီးချိုရောဂါ
အသည်းခြောက်ခြင်း
အသည်းမာခြင်း
အသည်းကြောင့်ဖောရောင်ခြင်း
ချောင်းဆိုး
ရင်ကြပ် ပန်းနာရောဂါ အမျိုးမျိုး
လည်ချောင်း နှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ရောဂါများ
အာခြောက်ခြင်း
ကလေးငယ်များ ရင်ပူခြင်း
အပူများခြင်း
ရေငတ်ခြင်း
ဆီးလွန်ခြင်း မကြာခဏ ဆီးသွားခြင်း ( ညအိပ်တဲ့အခါ ဆီးခဏခဏသွား၍ အိပ်မရပဲ အိပ်ရေးပျက်ရခြင်း။ )
တစက် တစက် ဆီးကျန်ခြင်း တို့ကို ကောင်းမွန်စေပါသည်။
လွန်ခဲ့သော 17နှစ် စိတ်မဆိုး၏ အမတယောက် ကင်ဆာကုနေချိန်တွင် ကင်ဆာဆေးကြောင့် အဆုတ်ဒဏ်ဖြစ်နေ၍ ရွှေဥပင်ရိပ်သာက ဓမ္မမိတ်ဆွေတဦးမှ တောလေးညှင်းပြုတ်သောက်ရန် အကြံပေးပါသည်။ နောင်မှ သိလိုက်ရသည်မှာ ကင်ဆာကိုလည်း အထောက်အပံပေးသောအပင်ဖြစ်ပါသည်။
စိတ်မဆိုး ဖောက်သည်တဦး လက်တွေ့ကတော့ ၁၅နှစ်သားထဲက
ဆေးလိပ်သောက်တာ အသက် ၅၀ကျော်မှာ အသက်ရှုကြပ်လို့ ဆေးလိပ်ဖြတ်လိုက်တယ်။ သူနာပြု ဆရာမတယောက်က စိတ်မဆိုး တောလေးညှင်း ရေနွေးကြမ်းသောက်ဆိုညွှန်လို့ သောက်တော ၃ရက်ထဲ နဲ့ ပျောက်သွားတယ်တဲ့။
အဆုတ်ထဲရေဝင်တဲ့သူကလည်း စိတ်မဆိုး တောလေးညှင်း ရေနွေးကြမ်းသောက်လိုက်တာ ပျောက်သွားတယ်တဲ့။
သူ့မိတ်ဆွေတွေကိုလည်း အဆုတ်နဲ့ ပတ်သက်ရင် စိတ်မဆိုး တောလေးညှင်းပဲ ညွှန်နေတယ်တဲ့။
တရက် ဆေးလိပ် တဗူးခွဲ သောက်သူကလည်း စိတ်မဆိုး တောလေးညှင်း သောက်တာ အခု ဆေးလိပ် ၁ဗူးအောက်ပဲ သူ့အလိုလို ကျသွားတယ်တဲ့။
Min နာမည် နှင့် ကုသိုလ်ရှင်တဦးတင်သော Postကတော့ ဒီလိုရေးထားပါသည်။
ချောင်းဆိုးတာကြာနေလျင်
-တောလေးညှင်း အပင်ကို အမြစ်မှနုတ်၍ လက်တစ်ဆုပ်ကိုပြုတ်ပြီး သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။
-မည်မျှချောင်းဆိုးကြာပါစေ၊ တစ်ရက် ၊ နှစ်ရက်သောက်ရုံမျှနှင့် သက်သာပျောက်ကင်း ပါသည်။
-အပင်ပုံစံမှာလမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
-အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
-မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။
#ချောင်းဆိုး(တီဘီ)ရောဂါ ..............
ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း....
တောလေးညှင်း ဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။
ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။
Momo
မှန်ပါတယ်ရဲရဲသောက်ကြပါအတိူ့အဖြစ်စားနိင်ပါတယ်။
Su Myaing
ချောင်းဆိုးတီဘီရောဂါအတွက်အလွန်ကောင်းသောတောလေးညှင်းပင်ဖြစ်ကြောင်းထောက်ခံပါသည်။
#အဆုတ်ကင်ဆာ
ဆရာဝန်လက်လွှတ်လိုက်ပေမဲ့ အားတက်လာတဲ့ အဆုတ်ကင်ဆာဝေဒနာရှင်ကတော့
ဆရာဝန်က တလခွဲပဲ ခံတော့မယ်ဆိုပြီး ၃လရှိပြီတဲ့။
အသိမိတ်ဆွေကညွှန်လို့
#စိတ်မဆိုးတောလေးညှင်းအဆုတ်အားဆေးသောက်တာပါတဲ့။
ချောင်းဆိုးတာလည်းသွေးမပါတော့ဘူးတဲ့။
ကင်ဆာဝေဒနာရှင်ရဲ့ သမီးက စိတ်မဆိုး တိုင်းရင်းဆေးဆိုင်လာရင်းပြောပြသွားတာပါ။
Oct 1, 2017
ဤဆေးနည်းဒါန ကုသိုလ်အကျိုးကြောင့်
လောကသားအားလုံး အေးချမ်းသာယာ ကျန်းမာပါစေ။ အသိမှန်အမြင်မှန်များဖြင့် ကျန်ရှိသောဘဝကိုလှပစွာ ဖြတ်သန်းနိုင်ကြပါစေ။
ဆေးဖက်ဝင်သဘာဝအပင်အသုံးဝင်ပုံများသတင်းတွေ ဖလှယ်ပေးနေတဲ့
စိတ်မဆိုး Pageလေးကိုလည်း Shareပေးပြီး Page Likeလုပ်ပေးပါနော်။
========= × ========= 🙂 🙂 🙂
စိတ်မဆိုးဆနွင်းလုံး ရရှိနိုင်သော အရောင်းဌာန 219 ခုရှိပါတယ်။
ဆိုင်ခွဲယူလိုသူများ ပင်ရင်းသို့ ဖုန်းဆက်မှာယူနိုင်ပါသည်။
နယ် ကားဂိတ် သင်္ဘောဆိပ်များသို့ ပို့ဆောင်ပေးနေပါသည်။
========= × =========
#စိတ်မဆိုး သင်္ဘောရွက်ခြောက် ရေနွေးကြမ်း
စိတ်မဆိုး ဆနွင်းလုံး/ မြင်းခွာရွက်လုံး / ရှားစောင်လက်ပတ်လုံး / ရဲယိုလုံး
တိုက် 2 အခန်း 101 ဇီဇဝါအိမ်ယာ
သံသုမာလမ်းမ၊ တောင်ဥက္ကလာပ။
ဖုန်း 01 8500 355
( မြင်သာစျေး မှတ်တိုင်အနီး နှင့် ဘေလီကားဂိတ်ကြား )
××××××××××××××××××××××××
#စိတ်မဆိုး ဂျင်း+ရှောက်+မန်ကျည်း+သံပုရာပေါင်း
လေးက
အပူငြိမ်း အဆီကျဗိုက်ချပ် ဝမ်းသန့်စင် အသည်းအဆိပ်ပြေစေသည်။
" ဝမ်းတလုံးကောင်းခေါင်းမခဲဘူးတဲ့ "။
ဝမ်းနှုတ်ဆေးမစားချင်သူများအတွက် သဘာဝ ဝမ်းမှန် ဝမ်းပျော့တယ်
အဆီကျ ဗိုက်ချပ်ချက်ကလည်း အရမ်းမြန်တယ်
========== ×========
စိတ်မဆိုး ဆူးလေဆေးလုံးသည်
အာရုံကြောနှင့် ကျောက်ကပ်ကို လွန်စွာအကျိုးပြုပြီး ဆီးပူခြင်း ဆီးနီခြင်း ဆီးလွန်ခြင်းစသည့် ဆီးရောဂါအမျိုးမျိုးအတွက် အထူးကောင်းမွန်သော ဆေးဖက်ဝင်အပင်ဖြစ်ပြီး လဖက်ခြောက်ကဲ့သို့လည်း ခတ်သောက်နိုင်ပါသည်။
အညောင်းထိုင်သူများနှင့် အထူးသင့်တော်ပါသည်။