04/09/2025
ကျွန်မနဲ့ Fungal Ance Journey!
Hazel ရဲ့ Skin က မွေးကတည်းက Dry to Very Dry Skin ဖြစ်ပြီး Skin Problem ဘာဆိုဘာမှမရှိခဲ့သလို ဝက်ခြံဆိုတာလည်း မထွက်သလောက်ကိုဖြစ်ခဲ့တဲ့ Skin အမျိုးအစားပါ။
အဲ့လိုနဲ့ မြန်မာကနေ ဒူဘိုင်းကို စရောက်တော့လည်း ရေပြောင်းမြေပြောင်းမှာ ဘာ skin problem မှမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒူဘိုင်းရောက်ပြီး (8)လမြောက်မှာ ဝက်ခြံလိုလို အဆီဖုလိုလိုလေးတွေ နဖူးမှာစပြီး ထွက်လာတယ်။ အစကထင်တာ ရှေ့ဆံမြိတ်ကြောင့်ပေါ့ ရာသီဥတုကလည်းပူတော့ ဆံပင်ကြောင့်လားဆိုပြီး ဆံပင်ကိုလည်း အလယ်ခွဲ ပြောင်းလိုက်တယ်။
နောက်ပိုင်း နဖူးကနေ ပါးမှာပါ စပြီးထွက်လာတယ် အဲ့အချိန်က ကျောင်းမှာလည်း စာတွေ Assignment တွေများနေတော့ Stress ကြောင့်လားပေါ့ Hazel နည်းနည်းအတွေးတော့များနေပြီ Skin care ကလည်း သုံးနေကြကိုဘာမှပြောင်းမသုံးဘူးဆိုတော့ Skin care မတည့်တာလည်းမဖြစ်နိုင်ဘူး ဒါဆို Mid-Hormonal Ance လားပေါ့နော် (Mid လို့ပြောတာက Hazel အသက် 16-18 Hormone changes ကာလမှာ ဘာ skin problem မှ မဖြစ်ပဲ အခု အသက် 20 ကျော်ဝန်းကျင်မှဆို Mid-Hormone changes လို့ပြောရမယ်)
အစက ပုံမှန် Breakout ပဲထင်ပြီး Skin Care တွေ ပြောင်းသုံးကြည့်သေးတယ် မသက်သာဘူး မသက်သာတဲ့အပြင် Active Acid ပါတာတွေ ပြောင်းသုံးတော့ အစကတည်းကမှ Dry Skin ဆိုတော့ ပိုပို Dry ဖြစ်လာပြီး အရေးကြောင်းတွေပါပေါ်လာတာ။
အဲ့လိုနဲ့ ဘာလုပ်ရမလဲမသိ အဖုတွေကလည်းများများလာ နောက်ဆုံး စာတွေသေချာရှာဖတ်ကြည့် သေချာ research ပြန်လုပ်ကြည့်ပြီးမှ သိလိုက်တာက Fungal Ance ဆိုတာပါပဲ။ ဘယ်လိုခွဲလို့ရလဲဆိုတော့ ပုံမှန် Ance တွေထက် Fungal Ance က ယားပါတယ်။ နောက်ပြီး ဝက်ခြံလို အဆံမပါ အဆီဖုလိုလည်းမဟုတ် ဗြုတ်စိစိလေးတွေထွက်ပြီး တော်တော်ကိုယားတာ အဲ့တာနဲ့ Fungal Ance ဆိုတာ သေချာသွားပြီ။
ဆိုတော့ ဘယ်လို Skin Care တွေသုံးရမလဲ Fungal Ance Safe ဖြစ်တာတွေသေချာ research လုပ်ရတယ် နောက်ပြီး ကိုယ့်ရဲ့ မူလ skin type - dry skin ကိုလည်း focus ထားရအုံးမှာဆိုတော့ Hydration ပါတာတွေလည်း ဖြစ်ရအုံးမှာ ပြီးတော့ Mild လည်းဖြစ်ရမယ် (Skin Barrier ကလည်း ထိနေပြီဆိုတော့)
ကဲ အဓိကအပိုင်းလာပါပြီ Fungal Ance တွေ ဘယ်လိုသက်သာသွားတာလဲ?
1.Tik Tok မှာ Viral ဖြစ်လို့ သတိထားမိလာတဲ့ Eqqualberry ရဲ့ Swimming Pool Toner ကို သေချာလေ့လာကြည့်တော့ သူက Fungal Ance safe ဖြစ်နေတယ် ပြီးတော့ Gental Exfoliation Toner မို့ နေ့တိုင်းသုံးလို့ရတယ် Texture ကလည်း မပြစ်မကျဲလေးနဲ့ လိမ်းလိုက်ရင် အေးအေးလေး။ ဒီ Toner ကြောင့် တော်တော်လေးသက်သာလာတယ်။
2.Niacinamide ရော Salicylic ရောက အရမ်း Dry ဖြစ်တော့ သုံးရမှာလန့်နေပြီ အဲ့တာနဲ့ ရှာဖွေလေတွေ့ရှိလေ Anua ရဲ့ Azelaic Acid Serum ကို try ကြည့်လိုက်တာ လုံးဝကို Magic serum ပါပဲ။ Skin Problem တိုင်း သိသိသာသာလေး ထိထိရောက်ရောက်ဖြစ်ချင် try ပါ။
3.Moisturizer ကလည်း တော်တော်လေး အဓိကကျတယ်။ Hydration လည်းပေးရမယ် Fungal Ance လည်း Safe ဖြစ်တဲ့ Product ဖြစ်ရမယ် အဲ့တာနဲ့ Hazel Purito က Oat-in Moisturizer ကို try ခဲ့တာ တော်တော်အဆင်ပြေနေတယ်။
ဒီ (3)ခုကတော့ အဓိက သက်သာစေတဲ့ Products တွေပေါ့နော် ဒါပေမယ့် Hazel က Skin Care ကို Skin Cycling ပုံစံနဲ့ သုံးခဲ့တာပါ။ Skin Cycling ဆိုတာက အကျဉ်းချုံးပြောရရင် အနာပေးလိုက်ဆေးကျွေးလိုက်ပုံစံပေါ့။ Skin ကို Treatment တစ်ရက်လုပ်တယ် Barrier ပြန်ကုတယ် Exfoliation တစ်ရက်လုပ်တယ် Hydration ပြန်ပေးတယ်။
Hazel routine ကတော့ Morning Routine ကို Mild ဖြစ်တဲ့ Cleanser(Torriden Dive-in Cleansing) နဲ့ သစ်တယ် Swimming Pool Toner ရယ် Dry Skin ဆိုတော့ Hydration Serum (Torriden Dive-in serum) ၊ Purito Moisturizer သုံးပြီး Suncream ကိုတော့ Cosrx Invisible Sunscreen လေးသုံးတယ်။ Make-up ကို တတ်နိုင်သမျှမလိမ်းပဲနေတယ်။ မျက်နှာ အသားနည်း”ခြောက်လာရင် Facial Spray လေး ဖျန်း”ပေးတယ်။
ညဘက်ကျတော့ Skin Cycling အတိုင်း Treatment Day မှာ Anua Azelaic Serum ကို ပြောင်းသုံးပြီး Barrier ပြန်ကုတဲ့နေမှာ Torriden က Ceramide Barrier Cream ကို ထည့်သုံးတယ် ကျန်တာတော့ Morning အတိုင်းပဲ ဒါပေမယ့် Azelaic Serum သုံးတဲ့နေ့မှာတော့ Toner ကို Hydration Toner (Torriden Dive-in) သုံးတယ်၊ Exfoliate Day မှာတော့ အရမ်းမပြင်းတဲ့ Dermalogica က Daily Milkfoliant Exfoliator လေးသုံးတယ်။
Skin က အခုထိ Fully recovered မဖြစ်သေးပေမယ့် (3)လအတွင်းမှာ တော်တော်လေးသက်သာသွားတယ် Scar တွေလောက်ပဲကျန်ပါတော့တယ်။ ဆိုတော့ ခုနောက်ပိုင်း Fungal Ance တွေအဖြစ်များလာတာတွေ့ရတော့ Hazel ရဲ့ Fungal Ance Journey လေးကို Sharing လုပ်ပေးလိုက်ပါတယ် 🩵
#

25/12/2024
20/08/2024
09/05/2024
08/05/2024
25/12/2023
30/11/2023