08/12/2022
ဆေးရောင်ခြယ်အရုပ်မျိုးစုံ နဲ့ လက်ဆောင်ပေးမလား ကလေးတွေအတွက်ဖွံ့ဖြိုးဖို့လုပ်မလား ဆိုင်ဖွင့်ချင်သလား ကြိုက်ရာရွေးလို့ရပြီ တခုချင်းစီမှာသေချာကြည့်ပြီးမှာလို့ရပါတယ် 09457965707
Hand made ဖြင့်လုပ်ထားသောသဘာဝဆပ်ပြာများက
08/12/2022
ဆေးရောင်ခြယ်အရုပ်မျိုးစုံ နဲ့ လက်ဆောင်ပေးမလား ကလေးတွေအတွက်ဖွံ့ဖြိုးဖို့လုပ်မလား ဆိုင်ဖွင့်ချင်သလား ကြိုက်ရာရွေးလို့ရပြီ တခုချင်းစီမှာသေချာကြည့်ပြီးမှာလို့ရပါတယ် 09457965707
27/01/2022
တပတ်တောင်မကြာလိုက်ဖူး ဘက်စုံသုံးဆပ်ပြာဆီလီတာ တစ်ထောင်နီးပါး အားလုံးလှူလို့ကုန်ပေါ့ ကာလဒါနတွေ ထပ်ထပ်ပြုဖို့ကြိုးစားရဦးမည်🙏🙏🙏
23/04/2020
လှကြည်တစ်ယောက်ဖုန်းသုံးရင်း
သက်ပြင်းချမိတယ်....
"ဟူး..."
အမေကမေးတယ်
"ဟဲ့..ကောင်မ ဘာထူးလဲ"
လှကြည်တစ်ယောက် ခေါင်းကိုဟိုဘက်ဒီဘက်ရမ်းလိုက်တယ်
မျက်လုံးကမှေးသွားပြီး နှုတ်ခမ်းလေးကိုမသိမသာစူပြတယ်
"မသိချင်ပါနဲ့ဦး အမေရယ်
သက်ဆိုင်ရာကကြေငြာမှာပါ
အော်ဖိရှယ်မထုတ်ပြန်သေးဘဲနဲ့
သမီးမပြောချင်သေးဘူး..ဟူး..."
"ဟဲ့...ငါမေးနေတယ်လေ
ဘယ်နှစ်ယောက် ထပ်တွေ့တာလဲလို့"
လှကြည်ခေါင်းကိုတွင်တွင်ရမ်းတယ်။
"တော်တော်များတယ်အမေရယ်
ဘုရား ဘုရား"
သူတို့နှစ်ယောက်အသံကြားတော့
အခန်းထဲကအိမ်သားတွေ
အကုန်ပြေးထွက်လာကြတယ်
"ဘာလဲ ဘာလဲ ဘာတွေဖြစ်ကုန်ကြပြီလဲ
ဘယ်နှစ်ယောက်ထပ်တွေ့တာလဲ
ပြောစမ်း....လှကြည်"
ကြိုက်ပြီလေ
ဒီလိုအမေးခံရအောင်
အိုက်တင်တွေလုပ်နေရတာ..
မျက်နှာလေးကိုအိုထားရတာ
အသံလေးကိုတုန်ထားရတာ
မျက်လုံးလေးကပုတ်ခလပ်ပုတ်ခလပ်နဲ့
ခပ်စိမ်းစိမ်းပဲနေပါ့မယ်ဇာတ်ကားက
မဝေလုပ်တဲ့မို့မို့မြင့်အောင်အိုက်တင်နဲ့...
"ဟွန့်အွန်း...မပြောချင်ဘူး
တော်တော်တော့များတယ်
ဆယ်ယောက်အထက်လောက်ဖြစ်နိုင်တယ်
ကြေငြာမှသာကြည့်တော့...ဟူး...."
အကုန်လုံးကိုသိနေပါတယ်
ကြိုမပြောချင်လို့မပြောတာဆိုတဲ့အထာမျိုး
သူသာလျှင် အရင်သိပါတယ်
လူတွေလန့်သွားမှာစိုးလို့မပြောတာဆိုတဲ့ပုံစံမျိုး
အပီအပြင်သရုပ်ဆောင်ရတယ်လေ....ငိ ငိ
ဒေါ်ကြီးပိုက ထအော်တယ်
"ဟဲ့...နင်သိရင်ပြောလေ
ဘယ်နှစ်ယောက်ထပ်တွေ့တယ်ဆိုတာ
မပြောချင်လည်း အစထဲကမပြောနဲ့ပေါ့
အစဖော်ပြီးမှ အိုက်တင်တွေလာခံနေတာ
ညည်းဟာလေ ကျော်ထက်အောင်နဲ့ညားရမှာ
တကထဲ....
ပြောမယ့်အရေးကိုအချိန်ဆွဲနေတယ်"
"သမီးမှပြောခွင့်မရှိဘူး
ကြေငြာမှသာကြည့်ပါ ဒေါ်ကြီးပိုရယ်
သမီးကအကုန်သိတယ်
သမီးက VVIPလေ... အဟွန်းဟွန်း...
အပေါ်ပိုင်းနဲ့လည်းသိတယ်
ဝန်ကြီးရုံးတွေနဲ့လည်းသိတယ်
ဒါကြောင့် ဘယ်နှစ်ယောက်ပိုးထပ်တွေ့သလဲဆိုတာ
သမီးကကြိုသိတာ...
ဒါပေမယ့်သမီးမပြောချင်ဘူး
အိမ်ကလူတွေလန့်မှာစိုးလို့...."
အမေက ထအော်တယ်။
"ဟဲ့...ကမြင်းမ
အခုပြောလည်းလန့်မှာပဲ
သူတို့ကြေငြာမှသိလည်း လန့်မှာပဲ
လန့်မှာက လန့်မှာပဲ
နင်မပြောချင်ရင် အစထဲကမပြောနဲ့
ဘိုးတော်အတိတ်စိမ်းပေးသလိုလို
မယ်တော်နိမိတ်ပြသလိုလို
နတ်တွေကနှိုးဆော်သလိုလိုအကွက်တွေနဲ့
ငါတို့ကိုလာလာ မကလိနဲ့
သိရင်ပြော မပြောချင်ရင်အစကတည်းကမဟနဲ့
လူတွေကအာရုံနောက်နေပါတယ်ဆို
ဒင်းကတစ်မျိုး"
"အမေကလည်း သမီးကစေတနာနဲ့ပြောတာလေ"
"အေး စေတနာဆိုရင်အတိအကျပြော
ဘယ်နှစ်ယောက်ထပ်တွေ့တယ်ဆို ဒဲ့ပြော
အခုနင့်ဟာက
တနိုင်ငံလုံးအတွက်ရတက်မအေးရသလိုလို
ကျန်တဲ့လူတွေကပဲသတင်းတွေမသိရလို့
နင်ကစိတ်မကောင်းဖြစ်နေရသလိုလို
နင်ကပဲဆရာမကြီးလိုလို...
နာမည်အရမ်းကြီးချင်ရင်
Liveလွှင့်ပြီးငိုပြလိုက်ပါလား"
"အမေရယ် ခက်တယ် အမေတို့သိပ်ခက်တယ်
သမီးကကြိုသိနေတာလေ
အမေတို့ကနောက်ကျမှသိရတာ
သမီးက နှစ်နာရီသုံးနာရီကြိုသိရတာမို့ပြောတာ"
"အေး သုံးနာရီစောသိတော့ရော ဘာဖြစ်လဲ
နောက်ကျမှသိတော့ရော ဘာဖြစ်လဲ
တကထဲ...ပြောဆိုတော့မပြောဘူး
အိုက်တင်တွေခံနေတာ
တစ်အိမ်လုံးကခြေသလုံးဖက်ပြီးပြောခိုင်းရမယ့်ပုံ
မပြောနဲ့ဟေ့ မပြောနဲ့
ဟဲ့ အငယ်မ ပေးစမ်းနင့်ဖုန်း
လမ်းထိပ်ကဆိုက်ကားသမားတင့်လွင်ဆီ
ဖုန်းဆက်စမ်း
ဘယ်နှစ်ယောက်တွေ့လဲလို့"
ဘာရမလဲ
အမေကလည်း ဇွတ်ဆိုမှဇွတ်နော်
ချက်ချင်းကောက်ဆက်ပစ်တာ
"ဟဲ့ တင့်လွင်
ဒီည ပေါဇတင့်ဘယ်နှစ်ယောက်ထပ်တွေ့လဲ"
"၁၁ယောက်တဲ့ အမကြီး
တရားဝင်ကတော့ညမှထုတ်ပြန်မယ်
ဒါကလျှို့ဝှက်အထူးသတင်းမို့
ကျွန်တော်တို့လောက်ပဲကြိုသိတာ
ညစျေးထိပ်က အမှိုက်သိမ်းတဲ့ပေါက်ကြီးက
ညနေထဲကကြိုသိနေတာ....
အော်ဖိရှယ်က ညမှကြေငြာမယ်အမကြီး
လျှောက်ပြောမနေနဲ့ဦးနော်
ကျွန်တော်တို့အတွင်းစည်းကလူတွေပဲသိတာ
ထိပ်ပိုင်းကလူတွေပဲအရင်သိတာ"
"အမလေး....ဖေရို့စ်မတွေရဲ့
တလောကလုံးက VVIPတွေချည်းပါလားဟဲ့
အကုန်လုံးကဆရာကြီးတွေချည်းပဲဟဲ့
ဟမ်...
ပြန်ကြားရေးမှာနင်တို့ပဲဝင်လုပ်လိုက်ကြပါလား
ကျန်းမာရေးဝန်ကြီးသာလုပ်လိုက်ကြပါလား"
"အခုအမေသိပြီမလား
နောက်ကိုအရိပ်အမြွတ်သိချင်ရင်
သမီးaccကို အမေ followလုပ်ထား
သူများတွေထက်သမီးကအရင်တင်ပေးမယ်"
"ပြောစမ်း ကောင်မ
နင့် အကောက်"
"ဘေဘီလုံကလှကြည်လေး"
Credit ~ Min Yel KyawSwar