စာဖတ်ချင်သူများစုံဆည်းရာ

စာဖတ်ချင်သူများစုံဆည်းရာ

Share

Never give up �

07/11/2024

ဖတ်ကြည့်နော်
သတိ သံဝဂရစေရာပါ..။

#သားတစ်ယောက်ဟာ
မိဘတွေနေတဲ့ မွေးရပ်မြေ
တောရွာလေးကို အလည်ပြန်လာတယ် ။

ဒါပေမဲ့ သူဟာ ခွင့်၂ ရက်ပဲရခဲ့လို့
တစ်ညတည်းအိပ်ပြီး နောက်နေ့မနက်
စောစော ၆ နာရီလောက်
မြို့ကားအမှီ ထပြန်ရမှာပါ။

အဲ့ဒီည သားအမိနှစ်ယောက်သား
ရှေးဟောင်းနှောင်းဖြစ်တွေ
အလုပ်အကိုင်အကြောင်းတွေကို
ထိုင်ပြောကြရင်း ညဉ့်တော်တော်
နက်သွားတယ် ။

သွားမအိပ်ခင်လေးမှာ
သားဖြစ်သူဟာ
သူ့အမေကို နောင်တကြီးစွာနဲ့
ပြောတာက....

အမေရယ်.... သား
ဒီတစ်ခေါက်ပြန်လာရတာ
အရမ်းကို အလောတစ်ကြီးနိုင်လိုက်တာ။
နောက်တစ်ခါဆို သားအမေနဲ့
အကြာကြီးနေလို့ရအောင် ကြိုးစားပါ့မယ်။
သားလေ အမေလုပ်ကျွေးတဲ့
ငှက်ပျောမုန့်ဖက်ထုပ်ကို အရမ်းကြိုက်တာပဲ။
ဘယ်မှာပဲဝယ်စားစား
အမေ့လက်ရာကိုလုံးဝမမှီဘူး။

သားရဲ့အပြောကြောင့်
အမေ့ရဲ့မျက်နှာမှာ
ပီတိတွေနဲ့ ပြုံးသွားတယ် ။
ပြောပြီးတာနဲ့ သားဖြစ်သူဟာ မနက်ကျ
သူစောစောထရမှာမို့ အမေ့ကိုနှုတ်ဆက်ပြီး
အိပ်ခန်းဆီ သွားခဲ့တယ် ။

သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက်
အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့
ခံစားရတယ်။
သူမဟာ သူမအခန်းဆီလျှောက်သွားပြီး
အိပ်ပျော်နေတဲ့ သူမခင်ပွန်းကို သွားနှိုးတယ် ။

အဖိုးကြီးရေ ..... ထပါအုံး။
ရှင်ရွာထဲသွားပြီး
ငှက်ပျောရွက်နဲ့ ဖီးကြမ်း
အမှည့်တစ်ဖီးလောက် သွားရှာပြီး
တောင်းဝယ်လာခဲ့စမ်းပါ။
ရှင့်သားက ငှက်ပျောမုန့်ဖက်ထုပ်
စားချင်ရှာလို့တဲ့။
အဲ့တာ မနက်စောစော
သူ မပြန်ခင်လေး လုပ်ကျွေးလိုက်ချင်လို့

အိပ်ပျော်နေရာက နိုးလာတဲ့
အဖိုးကြီးဟာ သူ့မိန်းမကို ပြန်ပြောတယ် ။

အေ,.. ငါအခုပဲ သွားရှာလာလိုက်မယ် တဲ့
ပြောပြီး ထလာရင်း တိုင်မှာချိတ်ထားတဲ့
အနွေးထည်အနွမ်းလေးကို ကောက်စွပ်တယ် ။

အဖိုးကြီး...... ရှင်သွားရင်
ဖြေးဖြေးလျှောက်သွား။
တံခါးလည်း ဖွဖွလေးပဲ စေ့ထားခဲ့။
သားလေးခမြာ ခုလေးတင်မှ
အိပ်ပျော်သွားတာ။
မနက်ကျ အစောကြီးထရအုံးမှာ။
တော်ကြာနိုးသွားရင်
အိပ်ရေးမဝရှာပဲ နေလိမ့်မယ်။
ကျုပ်လဲ ဟိုဖက်အိမ်က လက်လှည့်ဆုံမှာ
ကောက်ညှင်း သွားကြိတ်ထားလိုက်အုန်းမယ်တဲ့ ။

ခုချိန်ဟာ ဆောင်းဝင်နေပြီဆိုတော့
အပြင်မှာ ရာသီဥတုက အေးနေပြီ ။
အဖိုးအိုဟာ တစ်အိမ်ပြီးတစ်အိမ်
လိုက်အော်နှိုးရင်း ငှက်ပျော ဖက်နဲ့
ငှက်ပျောခိုင် တောင်းဝယ်တယ် ။

ရွာမှာက ငှက်ပျောပင် မစိုက်ကြဘူး။
ရှိတဲ့အိမ်ကျတော့လည်း
ဖီးကြမ်းငှက်ပျော မဟုတ်ဘူး ။
ဒါပေမဲ့ အဖိုးအိုရဲ့ကြိုးစားမှု့ကြောင့်
နောက်ဆုံးမှာ ရွာထိပ်က အိမ်မှာ
မှည့်ခါစဖီးကြမ်းတစ်ခိုင်
ရှာဝယ်လို့ ရသွားတယ် ။

ညကြီးမင်းကြီး ဘယ်သူများလဲလို့.....
အဘ ဦးလှိုင်မောင် ကိုး ....
ငှက်ပျောခိုင်က မနက်ဈေးမှာ
သွားရောင်းမလို့ ခုတ်ထားပြီးသား။
ငှက်ပျောဖက်ကတော့ မခုတ်ရသေးဘူး။
အဘလိုချင်ရင် ခြံနောက်မှာ
လိုသလောက် ခုတ်ယူသွားလိုက်ပါလို့
အိမ်ရှင်ကပြောတယ် ။

ခြံဟာ အိမ်နဲ့တော့ သိပ်မဝေးပါဘူး ။
ဒါပေမဲ့ နှင်းတွေရွဲနေတဲ့ မြက်တောမှာ
မှောင်မှောင်မဲမဲထဲ ညှပ်ဖိနပ်လေးနဲ့
ဖြတ်လျှောက်ရတာ သိပ်တော့ မလွယ်လှပါဘူး။

အဖိုးကြီးဟာ အိမ်ပြန်ရောက်လာတော့
ည ၁၀ နာရီ ကျော်နေပါပြီ။
လင်မယားနှစ်ယောက်သား
ငှက်ပျောဖက်တွေကို ဆေးကြောကြပြီး
မုန့်ထိုင်ထုတ်နေကြတော့
ည ၁နာရီ ကျော်သွားပါပြီ။
အမှန်ဆိုရင် အဲ့ထက် စောစော ပြီးနိုင်ပါတယ်။
ဒါပေမဲ့ မီးထွန်းပြီး လုပ်နေကြရင်
သူတို့သားလေး နိုးသွားမှာစိုးလို့
လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုပ်နေကြတာပါ ။

၂နာရီလောက်ကျတော့
ငှက်ပျောဖက်ထုပ်တွေ
အဆင်သင့်ဖြစ်နေပါပြီ။
အဖိုးကြီးနဲ့အဖွားကြီးဟာ
ခဏလောက် မှေးအိပ်လိုက်ကြဖို့
ပြောကြတယ်။
ဒါပေမဲ့ ခဏနေရင်
မုန့်ဖက်ထုပ်တွေ ပေါင်းရတော့မဲ့အတူတူ
မနိုးမိပဲနေသွားမှာစိုးလို့ မအိပ်ကြတော့ပါဘူး။

ဒီလိုနဲ့ ရွာဦးကျောင်းက
အုန်းမောင်းသံသဲ့သဲ့
ကြားတော့ မုန့်ထုပ်တွေကို
မီးဖိုမှာ တင်ပေါင်းကြတယ်။
မကြာပါဘူး ၅နာရီခွဲတော့
သားဖြစ်သူရဲ့ဖုန်းက
နှိုးစက်မြည်သံနဲ့အတူ
သူတို့သားလေးဟာ နိုးလာပြီး
အိပ်ရာတွေသိမ်း
အထုတ်အပိုးတွေ ပြင်တယ်။

အဲ့အချိန်မှာ မုန့်ဖက်ထုပ်နံ့လေးဟာ
သင်းပျံ့ပြီး သူ့ရဲ့နှာခေါင်းဝကို
ရောက်လာတယ်။
သူ့စိတ်ထဲမှာ အမေ့လက်ရာ
မုန့်ဖက်ထုပ်ကို သတိရသွားရင်း

ဘယ်အိမ်ကများ စောစောစီးစီး
မုန့်ဖက်ထုပ် လုပ်နေတာပါလိမ့်....
မွှေးလိုက်တာ လို့ တွေးမိတယ် ။

သူ အခန်းထဲကထွက်လိုက်တော့
အဖိုးကြီးနဲ့အဖွားကြီးဟာ
မုန့်ထည့်ထားတဲ့အိုးကြီးကို
၂ယောက်သား မထွက်လာတာနဲ့
လာဆုံနေတယ်။

အမေဖြစ်သူဟာ သူ့သားကိုတွေ့တော့
"လာ.... လာ ငါ့သား....
မုန့်တွေအခုပဲ ပေါင်းအိုးထဲကထုတ်လာတာ။
ပူပူနွေးနွေးလေး ဖြစ်နေတုန်း
အရင်လာစားလိုက်။
ပြီးတော့မှ သွားတိုက်လို့ရပါတယ် "

အဖေဖြစ်သူကလည်း
ဟုတ်တယ်.....
ပူပူနွေးနွေးဖြစ်နေတုန်း လာစား။
မင်းအမေက မင်းကို
အရမ်းစားစေချင်နေတာ။
ဆိုပြီး မုန့်တွေ ပန်းကန်ထဲထည့်ရင်း
ကမ်းပေးတယ်။

သူဟာ အငွေ့တစ်ထောင်းထောင်း
ထနေတဲ့ မုန့်ပန်းကန်ကို လှမ်းယူရင်း
သူ့ရဲ့အဖေနဲ့အမေကို မယုံနိုင်တဲ့
မျက်လုံးနဲ့ လှမ်းကြည့်မိတယ်။
ညက သူ အမေ့ကို ကျေနပ်သွားအောင်
မြှောက်ပြောလိုက်တဲ့
စကားလေးတစ်ခွန်းအတွက်နဲ့
အမေတို့ ဒီလောက်အထိ အသဲအသန်
ဖြစ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။
အသက် ၆၀ ကျော်နေတဲ့ အဖေနဲ့အမေဟာ
သူစားဖို့ မုန့်ဖက်ထုပ်ကို တစ်ညလုံး
မအိပ်ဘဲ လုပ်ကျွေးခဲ့ကြတယ်။

သူဟာ မုန့်ကို ပါးစပ်က ဝါးနေရင်း
အဖေနဲ့အမေကို စိုက်ကြည့်ပြီး
မျက်ရည်တွေ ပါးပြင်ပေါ် ဒလဟော
စီးကျလာတော့တယ်။

ဒီလောကမှာ ကိုယ့်ကို
အသက်လောက်ချစ်ပါတယ် ဆိုတာ
တကယ်တော့ ဘယ်သူတွေများလဲနော် ?
ကိုယ်ဟာဘယ်လောက်ပဲ လူလားမြောက်
ကြီးပြင်း လာတယ်ဆိုဆို
မိဘတွေမျက်လုံးထဲမှာ
သားသမီးဆိုတာ ချစ်စရာ
ခလေးငယ်လေးတွေလိုပါပဲ။
ဘာမျော်လင့်ချက်မှ မထားပဲချစ်တာပါ ။
ဒီလိုအချစ်မျိုးကို တစ်ခြား
ဘယ်သူစိမ်းဆီကများ
ရနိူင်အုံးမှာတဲ့လဲ။

လွပ်လပ်မှု့ဆိုတာ
လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။
ကိုယ်ကသာ ရွေးချယ်မလားဆိုတာ
မူတည်သွားတာပါ။

Credit.. orgnal

🙏🙏🙏

ဓမ္မဒါနအဖြစ်ပြန်လည်မျှဝေပါသည်

26/10/2022

အင်းစိန်ထောင်အတွင်းမှဂန္ထ၀င်
လူမိုက်ကြီးများ ---( စ / ဆုံး)
"""""""""""""""""""""""
#ဇော်သက်ထွေး

အပိုင်း - ၁
https://www.facebook.com/110426627943769/posts/324575956528834/

အပိုင်း - ၂
https://www.facebook.com/110426627943769/posts/324576299862133/

အပိုင်း - ၃
https://www.facebook.com/110426627943769/posts/324576626528767/

အပိုင်း - ၄
https://www.facebook.com/110426627943769/posts/324577103195386/

အပိုင်း - ၅
https://www.facebook.com/110426627943769/posts/324577473195349/

အပိုင်း - ၆
https://www.facebook.com/110426627943769/posts/324577719861991/

အပိုင်း - ၇
https://www.facebook.com/110426627943769/posts/324578159861947/

အပိုင်း - ၈
https://www.facebook.com/110426627943769/posts/324578529861910/

အပိုင်း - ၉
https://www.facebook.com/110426627943769/posts/324579026528527/

အပိုင်း - ၁၀
https://www.facebook.com/110426627943769/posts/324579403195156/

အပိုင်း - ၁၁
https://www.facebook.com/110426627943769/posts/324579726528457/

အပိုင်း - ၁၂ ( ဇာတ်သိမ်း)
https://www.facebook.com/110426627943769/posts/324580033195093/

Gyi
Mee acc မှ ကူးယူဖော်ပြသည် ။

Photos from Top Ten's post 23/10/2022
29/09/2022

မိဘကိုသတိရကြောင်း

နေကောင်းလား

အစစအရာရာဖုန်းဆက်ကြလား

တစ်နေ့တစ်ခါမဟုတ်တောင်

တစ်ပတ်ကိုတစ်ကြိမ်လောက်တော့ဆက်ကြနော်

မိဘဆိုတာ

သားသမီးတွေထောက်ပံ့မှမဟုတ်ဘူး

အဝေးကသားသမီးတွေအသံ

အမြဲတမ်းကြားချင်နေတာ

မိဘဆီကိုလမ်းကြုံတာပဲဖြစ်ဖြစ်

အပြင်ကပြန်လာတာပဲဖြစ်ဖြစ်

စားစရာတစ်ခုပဲဝယ်လာခဲ့တယ်ဆိုရင်ပဲ

ပီသိဖြစ်နေတာ

အနီးကသားသမီးတွေဘယ်လောက်ကောင်း

ကောင်း။

အဝေးကိုပဲမျှော်နေတတ်ကြတာလေ

သားသမီးတွေနဲ့စကားမပြောရလည်း

ဆုတောင်းနေရတာအမော

ဘုရားကန်တော့လို့ရှိရင်

အစစအရာရာအဆင်ပြေပါစေပေါ့

မိဘဆီကိုငါမပေးနိုင်လို့ဆိုပြီး

မထောက်ပံ့နိုင်လို့ဆိုပီးဝေးမသွားကြပါနဲ့

မိဘတွေနဲ့ မကြာခဏဆုံပေးနော်

မိဘတွေကအသက်ကြီးလာတာနဲ့အမျှ

အနားမှာသားသမီးတွေကိုပိုတွေ့ချင်

မြင်နေကြတဲ့သူတွေချည်းပဲ

အရမ်းမာကျောတတ်တဲ့ အိမ်ထောင်ဦးစီး

အဖေကတောင်မှ

သူ့အတွက်ဆိုပြီး

မုန့်လေးကအစပါလာရင်ကြွားမဆုံးတော့ဘူး

မိဘကိုချစ်ကြတယ်နော်

ဒါဆိုမကြာခဏဆက်သွယ်ပေးလိုက်ကြပါ

အရင်တုန်းကဝေးကွာတဲ့သူတွေမိဘကိုတွေ့ဖို့ရာ

ကားဖြစ်ဖြစ်ရထားဖြစ်ဖြစ်စီးပြီးလာကြရတယ်

ဖုန်းဆိုတာမရှိသေးဘူး

လူတိုင်းမကိုင်နိုင်ကြဘူးလေ

အခုကနည်းပညာတိုးတတ်နေတော့

ဖုန်းနဲ့ဆက်သွယ်ပါ

မိဘကိုဆက်သွယ်ဖို့အတွက်

အချိန်အားပေးပါ

မီးနစ်ပိုင်းလောက်ပဲဖြစ်ဖြစ်ပေါ့နော်

29/09/2022

ဘယ်လောက်ပဲ
ကျွမ်းကျင်တဲ့ အလုပ်ဖြစ်နေပါစေ
ဘေးပရောဂကိုတော့ သတိထားပါ...

ဘယ်လောက်ပဲ
သိကျွမ်းဝင်တဲ့သူဖြစ်နေပါစေ
အချိန်မရွေး သစ္စာဖောက်နိုင်တယ်ဆိုတာ
သတိထားပါ...

ရန်သူဟာ ရန်သူလိုနေရင်
ကြောက်စရာမကောင်းဘူး
မိတ်ဆွေယောင်ဆောင်ထားတဲ့
ရန်သူမျိုးသာ လောကမှာကြောက်စရာ
အကောင်းဆုံး...

29/09/2022

အိမ်ထောင်ရှင် အမျိုးသမီးက
ဘာသာရေးလုပ်ရင်/ကုသိုလ်ကောင်းမှု
ဒါနအားတွေများလာရင်...
အိမ်ထောက်ဖက်
အမျိုးသားက ကုသိုလ်အလိုလိုရလာပါတယ်
အဲဒီအတွက် ကုသိုလ်အလုပ်ပိုလုပ်ပါတယ်
ပိုလှူပါတယ်
ကိုယ့်မိသားစုကို ချစ်ရင်ဖတ်ကြည့်နော်…
🙏ပဋ္ဌာန်းဒေသနာတော်လာ…
ဥပနိဿယပစ္စည်းအရ
မိသားစုတစ်စုမှာ
တစ်ယောက်ယောက်က
အကုသိုလ် အရမ်းများနေရင်
🙏သူ့အကုသိုလ်ကံကြောင့်
သူနဲ့ ပက်သတ် ဆက်နွယ်နေတဲ့
ကျန်တဲ့မိသားစုဝင်တွေပါ
ဆင်းရဲဒုက္ခ ရောက်ရတတ်ပါတယ်။
အဲဒီလိုပါပဲ…
🙏မိသားစုဝင်တွေ ထဲမှာ
ဘာသာရေး လိုက်စားပြီး
ဘုရားတရားကိုင်းရှိုင်းတဲ့
သူတစ်ယောက်ပါလာရင်လည်း
🙏သူ့ကုသိုလ်ကို အကြောင်းပြုပြီး
ကျန်တဲ့ မိသားစုဝင်တွေပါ
ကြီးပွားချမ်းသာ ရတတ်ပါတယ်။
🙏ကံတွေရဲ့ သဘောတရားအရ…
ထိုပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံက အားကြီးနေရင်
ကိုယ့်မိသားစုအပေါ် ကျရောက်မည့်
ဘေးဒုက္ခ ဆိုးကျိုးတွေကို
ဥပဃာတကကံအဖြစ်နဲ့ ဖျက်တောက်ပြီး
ကုသိုလ်ရဲ့ အကျိုးကြီးပွား
ချမ်းသာမှုတွေကို ခံစားရတတ်ပါတယ်။
🙏လောကဥပမာနဲ့ ပြောရရင်…
သစ်တစ်ပင်ကောင်းတော့
ငှက်တစ်သောင်း နားခိုရသလိုပါပဲ။
ဒါကြောင့်…ကိုယ့်မိသားစုကို ချစ်ရင်…
ကြီးပွား ချမ်းသာချင်ရင်…
ဘေးဘယာတွေ ဝေးကွာစေချင်ရင်…
⭐️သူတို့ကို ကုသိုလ်ပြုဖို့
တိုက်တွန်းလို့ မရခဲ့ရင်တောင်
ကိုယ်ကိုယ်တိုင် ကုသိုလ်ကောင်းမှု
များများလုပ်ပေးဖို့ လိုပါတယ်။
မမေ့ မလျော့သော သတိတရားနဲ့
ကုသိုလ်တရားတွေကို
ဆည်းပူး အားထုတ်နိုင်ကြပါစေ…။

to
လောကပါလဆရာတော်-ဓနုဖြူ🙏🙏🙏

29/09/2022

ထူးဆန်းသော အိမ်ငှားမှု // ရွှေဥဒေါင်း

(ဗြိတိသျှဘားမား မဂ္ဂဇင်း၊ ၁၉၂၇ မတ်၊မူရင်းမှာ The Adventure of the Red Circle (Arthur Conan Doyle) ကို မှီငြမ်းသည်။ )

°°°

တနေ့သ၌ ကျွန်တော်တို့နှင့် သိဟောင်းကျွ​မ်းဟောင်း ဖြစ်သော ဒေါ်စိန်ညွန့် အမည် ရှိ အဒေါ်ကြီး သည် ကျွန်တော်နှင့် ဦးစံရှားတို့ စကားပြောဆိုနေကြသည့် အခိုက်တွင် တိုက်ပေါ်သို့ ပျာရီးပျာရာ တက်လာ၍ “ထူးဆန်းလိုက် ဦးစံရှားရယ်၊ ဦးစံရှားကို မတိုင်ပင်ပါဘူးလို့ စောပြီး ကိုယ့်ဘာသာကိုယ် အကဲခက်ပြီး နေခဲ့၊ အကဲခတ်လို့ လုံးလုံးမရ နိုင်အောင် ဖြစ်နေလို့ တဆိတ်လောက် ကူညီပြီး စုံစမ်းပေးပါအုံးရှင်”ဟု ပြောသဖြင့်

“ဘယ်နှယ်များ ပျာရီးပျာရာ လုပ်လာတာလဲ ဒေါ်စိန်ညွန့်ရဲ့၊ ထိုင်စမ်း ပါအုံးခင်ဗျ။ အကျိုး အကြောင်း ပြောပြစမ်းပါအုံး။ ဦးဖိုးထင်က သားငယ် မယားငယ်များ ယူပြန်လို့ ၊ ထိုင်ပါအုံး ခင်ဗျာ”ဟု ပြော၍ ကုလားထိုင်တခုကို ပေးလေ၏။

ဒေါ်စိန်ညွန့် ဆိုသူမှာ သူ၏ ခင်ပွန်း ဖြစ်သူ ဦးဖိုးထင်နှင့် ၃၂ လမ်းတွင် ထိုင်လျက်ရှိရာ ဦးဖိုးထင်မှာ တိုက်စာရေးအလုပ်နှင့် လုပ်ခကိုင်ပါသော်လည်း သားသမီးပေါများသည် ဖြစ်၍ မိမိ၏ လခနှင့် မလုံလောက်သည် ဖြစ်သောကြောင့် မယားဖြစ်သူ ဒေါ်စိန်ညွန့်က တိုက်တလုံးကို တတိုက်လုံးငှားပြီးလျှင် အချို့သော အခန်းတို့ကို ကျောင်းသားများအားလည်းကောင်း၊ အချို့သော အခန်းများကို စာရေးစာချီ စသည်တို့အားလည်းကောင်း ဖိုးအခနှင့် ချထား၍ ထမင်းလခနှင့် ကျွေးမွေးပြုစုလေ့ ရှိခဲ့လေ၏။ ကျွန်တော်နှင့် ဦးစံရှားတို့လည်း ပျင်းရိသည့်အခါ ရံဖန်ရံခါ သူတို့၏ နေအိမ်သို့ သွားရောက်လည်ပတ်ပြီး လျှင် ဇနီးခင်ပွန်း နှစ်ယောက်တို့နှင့် ပြက်ရယ်စကား ပြောကြားလေ့ရှိသဖြင့် အလွန် အကျွမ်းဝင်ခဲ့ ကြဖူးသူများ ဖြစ်လေသည် ။

ဒေါ်စိန်ညွန့်လည်း မိမိခြုံလာသော ပဝါ ကို ကုလားထိုင် တခုပေါ်သို့ တင်ပြီးနောက် အခြားကုလားထိုင်၌ ထိုင်ပြီးလျှင်

ညွန့်။ ။“အဒေါ်ဖြင့် အိမ်လခချပြီး စားလာခဲ့တာ ဒီအသက် ဒီအရွယ် ရှိပြီ၊ ဒီလိုလူမျိုးတခါမှု မကြုံဖူးပါရှင်။ တိုက်အပေါ်ထပ်မှာနေပြီး နေ့လဲ ဒေါက် ဒေါက် ဒေါက်ဒေါက်၊ ညလဲ ဒေါက်ဒေါက် ဒေါက်ဒေါက်၊ တဒေါက်ဒေါက်ခဲ့ တလျှောက်တည်းလျှောက်ပြီး နေတော့ပဲ ဦးစံရှားရယ်”

ရှား ။ “ဘာက တဒေါက်ဒေါက် လျှောက်တာလဲ အဒေါ်ရဲ့ ”

ညွန့်။ ။“အပေါ်ထပ် ငှားထားတဲ့လူပေါ့ ဦးစံရှားရဲ့။ အပေါ်ထပ်က အခန်းနှစ်ခန်း ရှိတဲ့အနက် တခန်းက ကျောင်းသားတွေ နေတယ်။ တခန်းကတော့ စာရေးတွေ ပြောင်းသွားကြလို့ အားနေတာကိုး ဦးစံရှားရဲ့ ။ ကျောင်းသားတွေကလဲ ကျောင်းပိတ်လို့ ခဏပြန်သွားလို့ တလောကတော့ အခန်း နှစ်ခန်း စလုံး အားနေတာကိုး ဦးစံရှားရဲ့ ။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က မနက်စောစော လူတယောက် လာပြီး စာရေးတွေ နေတဲ့ အခန်းကို ငှားလာတယ်”

ရှား။ ။“ငွေတော့ အလျင်ပေးတယ် မဟုတ်လား”

ညွန့်။ “အလျင်ပေးရုံ မကပါပေဘူး၊ တောင်းသမျှ အဖိုးကိုလဲ မဆစ်ပဲ တခါတည်း ပုံပြီး ပေးတာပါပဲ”

ရှား။ ။“ဘယ်လောက်ရပါသလဲ အဒေါ်”

ညွှန့်။ ။“အခန်းတခန်းလုံးလဲ ပေးရမယ်၊ လူတယောက်စာအတွက် ထမင်းဟင်းလဲ ပေးရမယ်။ တလကို တရာနဲ့ ဈေးတည့်ကြပါတယ်”

ရှား။“ဆိုပါအုံးဗျာ”

ညွန့်။ ။ “ဒီလူက ငွေပေးစဉ်အခါကတည်းက သူ့ အခန်းတွင်းကို ဘယ်သူ တစုံတယောက်မှ လာပြီး နှောင့်ယှက်ခြင်း၊ ခေါ်ငင်ခြင်း မပြုရဘူးတဲ့ ဦးစံရှားရဲ့”

ရှား “ဒါလဲ မထူးဆန်းလှပါဘူးဗျာ”

ညွှန့် ။ ။“ဒါကတော့ မဆန်းလှသေးဘူး ဦးစံရှားရဲ့ ၊ ထူးဆန်းတာကတော့ အခု အဒေါ်တို့အိမ် ရောက်ကာ ခုနစ်ရက်တိတိ ရှိသွားပြီး ဒီလူ့မျက်နှာကို အဒေါ်တို့ တခါမှမြင်ရတယ်လို့ မရှိဘူး။ အခန်းငှားပြီးနေတဲ့နေ့ကစပြီး မနက်ရော၊ နေ့လယ်ရော၊ ညနေရော၊ ညရော ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ တလျှောက်တည်း လျှောက်နေတော့တာပဲ ဦးစံရှား ။ ဘယ်မှလဲ သွားတယ်လို့ မရှိဘူး တိုက်ပေါ်က တိုက်အောက်လဲ ဘယ်တော့မှ ဆင်းတယ်လို့ မရှိဘူး၊ အိမ်ငှားတဲ့ညက တခါတည်းပဲ အပြင်ထွက်သွား တာ မြင်လိုက်ရဖူးတယ်”

ရှား။ ။“သြော်...အခန်းငှားနေတဲ့နေ့ကတော့ အပြင်ကို တခေါက်သွားတယ်လား”

ညွန့်။ ။ “ဟုတ်ကဲ့အဲဒီညကတော့ အပြင်ကို တခေါက်သွားပြီး အဒေါ်တို့ တအိမ်လုံး အိပ်ကုန် ကြတော့မှ ပြန်ပြီးလာတယ်။ အခန်းငှားကတည်းက သွားစရာကိစ္စတခု ရှိတယ်ဆိုပြီးသော့ ယူပြီး ထွက်သွား လိုက်တာ သန်းခေါင်ကျော်ကျော်လောက်ရှိမှ ပြန်ပြီးလာတယ်”

ရှား။ ။ “ပြန်လာတော့ အဒေါ်တို့ မြင်လိုက်ကြသေးသလား”

ညွှန့်။ ။“မမြင်လိုက်ရပါဘူး။ ခြေသံကြားလိုက်ရတာပါပဲ။ သူ့ လှေကားနဲ့၊ သူ့ အခန်းနဲ့ သူ မို့လို့ အဒေါ်တို့လဲ ထပြီး မကြည့်လိုက်ပါဘူး”

ရှား ။“နို့ နေပါအုံးခင်ဗျာ။ ထမင်းစားတော့ကောဗျာ”

ညွှန့် ။“ထမင်းကိုတော့ သူ့ အခန်းကို ပို့ရတယ် ဦးစံရှားရဲ့ ပို့ ရပုံက ဒီလို ၊ထမင်းစားချိန် ကျယင် သူက အိမ်ပေါ်က ကြမ်းကိုခေါက်တယ် ခေါက်တဲ့အခါကျတော့ ဒီက ထမင်းပွဲယူသွားပြီး အခန်း တံခါးပြင်က ခုံရှည်တခုပေါ်မှာ တင်ပြီးထားခဲ့ရတယ်။ ထမင်းပွဲပို့ တဲ့လူ ဆင်းသွားပြီဆိုမှ သူက တံခါးကို ဖွင့်ပြီးယူ၊ ယူပြီး ထမင်းစား စားပြီးသူ့ နေရာ ခုံရှည်ပေါ်ပြန်ထား ထားပြီး ပြီဆိုမှဖြင့် ခုနင်ကလို ကြမ်းကို ခေါက်လိုက်တော့မှ ဒီက သွားပြီး ထမင်းပွဲကို ယူရတာကိုး ဦးစံရှားရဲ။ တခုခု လိုချင်တာရှိယင်လဲ စာရွက်ကလေးပေါ်မှာ ပုံနှိပ်ပြီး ခုနင်က ခုံရှည်ပေါ်မှာ ချထားပြီး ကြမ်းကို ခေါက်ပြန်တာပါပဲ။ ဒီကလဲ ခုနင်က ထမင်းပို့ သလို သွားပြီး ပို့ရပြန်တာပဲ ဦးစံရှားရဲ့”

ရှား။ ။“ဘယ့်နှယ်ပုံနှိပ်တာလဲ အဒေါ်ရဲ့၊ ပုံနှိပ်စာလုံးလို လက်ရေးဝိုင်းဝိုင်းရေးတာလားခင်ဗျ”

ညွန့်။ ။“မဟုတ်ဘူး ဦးစံရှားရဲ့ ။ပုံနှိပ်မူ တကယ်စက်နဲ့ပုံနှိပ်တဲ့ စာရွက်ကလေးတွေပဲ ဦးစံရှား၍။ ဟောဒီမှာ ကြည့်ချင်ကြည့်ရအောင် အဒေါ်ယူခဲ့သေးတယ်။ ကြည့်၊ ဟေး ဒါက ဆပ်ပြာတဲ့။ ဟောဒါက မီးခြစ်တဲ့။ ဟောဒါက သူရိယသတင်းစာတဲ့။ သတင်းစာကတော့ နေ့တိုင်းပို့ရတယ် ဦးစံရှားရဲ့”

ရှား။ ။“ပြစမ်းခင်ဗျာ ကြည့်စမ်းရအောင်”ဟု ပြော၍ စာရွက်ငယ်များကို သေချာစွာ ကြည့်ရှု ပြီးနောက်

ရှား ။ ။“ဆပ်ပြာဆိုတာက စာတလုံးပဲ မီးခြစ်ဆိုတာကလဲ တလုံးပဲ။ သူရိယသတင်းစာ ဆိုတာတော့လဲ စာတလုံးပဲ။ `သူ ́က တလုံး၊ “ရ”က တလုံး၊ “ယ”က တလုံး၊ “သတင်းစာ”က တလုံး အားလုံး ကတ်ကြေးနဲ့ညှပ်ပြီး စာတရွက်ပေါ်မှာ ကပ်ထားတဲ့လက္ခဏာပဲ၊ ဘာနဲ့ကပ်သလဲတဲ့။ ခပ်ထူထူ ရှိတယ်။ ကော်တယ်ပြီး မကောင်းဘူး။ ဧကန္တ ထမင်းလုံးနဲ့ ကပ်တဲ့လက္ခဏာပဲ။ တော်တော် ထူးဆန်းတဲ့ အချက်ကလေးပဲဗျို ကိုသိန်းမောင်။ လူမသိအောင် ပုန်းပြီးနေတယ်ဆိုတာတော့ ရှိပါစေအုံးတော့ ဘယ့်နှယ်ကြောင့် ပုံနှိပ်စာနဲ့ ကတ်ကတ်သတ်သတ်ညှပ်ပြီး ကပ်ရတယ်ဆိုတာ တော်တော် အတွေးရ ကျပ်တဲ့ အချက်ဗျ။ ခင်ဗျား ဘယ့်နှယ်ထင်သလဲ ကိုသိန်းမောင်”

ကျွန်တော်။ ။“သူ့ လက်ရေးကို သူမမြင်အောင်လို့ ပေါ့ဗျာ”

ရှား ။“သူ့ လက်ရေးကို အိမ်ရှင်အဒေါ်ကြီး မြင်သွားယင်ကော ဘာဖြစ်အုံးမှာလဲဗျ။သို့သော် ခင်ဗျားပြောသလို ဟုတ်ချင် ဟုတ်မပေါ့လေ။ ဒါထက် သူလိုချင်တဲ့ အရာ ဝတ္ထုကို ပုံနှိပ်စာ အခန့်သင့် ဘယ်နှယ်ရသလဲ ကိုသိန်းမောင်ရဲ့ ။ ခင်ဗျာ ရိပ်မိရဲ့ လား”

ကျွန်တော်။ ။“မရိပ်မိဘူးဗျာ”

ရှား။ ။“ဒီလောက်မှု မတွေးတတ်ဘူးလားဗျ။ အဘိဓာန် အုပ်တအုပ်ထဲက ထုတ်ယူပြီး ကတ်ကြေးနဲ့ ညှပ်ပေးတာပေါ့ဗျ။ ကြည့်၊ ဟောဒီမှာ ဆပ်ပြာ”ဆိုတဲ့စကားဟာ အဘိဓာန်ထဲမှာ ပါတယ်။ “မီးခြစ်” ဆိုတဲ့စကားလဲ ပါတယ်။ ဒီတော့ စာအုပ်ထဲက အသာ ညှပ်ယူပြီး ပေးလိုက်တဲ့ လက္ခဏာပဲ။ `သူရိယ”ဆိုတဲ့စကား အဘိဓာန်ထဲမှာ မပါဘူး။ ဒီတော့ “သူ ရယ်၊ “ရ”ရယ်၊ “ယ”ရယ် တလုံးစီ ညှပ်ယူ၊ သတင်းစာဆိုတဲ့စကား အဘိဓာန်မှာပါလို့ တခါညှပ်ယူပြီး ထမင်းလုံးနဲ့ စက္ကူတရွက်ပေါ်မှာ အစဉ်လိုက် ကပ်ထားတယ်။ မဟုတ်ဘူးလားဗျ”

ကျွန်တော်။ ။“ဟုတ်တယ်၊ ဒီလောက်မှု မတွေးမိဘူးဗျာ”

ရှား၊ ။“ဒါ​ထက် အခန်းကို လာပြီးငှားတုန်းက ဘယ်လိုလူပုံပန်းလဲဗျ”

ညွန့်။ ။“အသက် သုံးဆယ်ကျော်လောက်၊ နှုတ်ခမ်းမွှေးထူထူနဲ့၊ လုံးတော် ရပ်တော်ပါပဲ”

ရှား။ ။ “ဒီပြင်ကောခင်ဗျာ”

ညွန့်။ ။“စကားပြောတော့လဲ ခပ်ဝဲဝဲလိုလို စိတ်ကထင်မိတယ် ဦးစံရှားရဲ့”

ရှား ။ ။ “နာမည်ကော မေးသလား”

ညွန့်။ ။ “မမေးမိဘူး”

ရှား။ ။ “ဒီခုနစ်ရက် အတောအတွင်းမှာ စာများကော သူ့ဖို စာတိုက်က ရောက်သလား”

ညွှန်။ ။“မရောက်ဘူး”

ရှား။ “တခါတခါ အခန်းကို ရှင်းဖို့လင်းဖို့ အဒေါ်ဖြစ်စေ၊ အဒေါ် သမီးဖြစ်စေ ဝင်ရသေး တယ် မဟုတ်ဘူးလား”

ညွန့်။ ။“မဝင်ရဘူး ဦးစံရှားရဲ့ ၊ သူ့ဘာသာသူ တံမြက်လှဲတာပဲ”

ရှား။ ။“တယ်လဲ လျှို့ဝှက်လိုက်သကိုးဗျ။ နို့ နေပါအုံး၊ ဘာပစ္စည်းများ ပါသေးသလဲ”

ညွန့်။ ။“အခန်းလာတုန်းက သားရေအိတ်တလုံး ပါလာတာမြင်ရဲ့ ။ အိပ်ရာနေရာ အလုံးစုံ အဒေါ်တို့က ပေးရပါတယ်” .

ရှား၊ “သဲလွန်စရဖို့ တော်တော် အကျပ်သားကပဲ။ သို့သော် သူ့ အခန်းထဲက ဘာပစ္စည်းမှ မထွက်လာဘူးလားဗျာ။ ဒီစက္ကူရွက်ကလေးတွေအပြင် ဘာပစ္စည်း အတိုအစ တစုံတရာ မထွက်လာ ဘူးလား”ဟု မေးလေလျှင် ဒေါ်စိန်ညွန့်လည်း စာအိတ်ငယ်တခုကို ထုတ်ယူလျက် “ဦးစံရှားဓာတ်တော့ သိနေလို့ တတ်နိုင်သမျှ စုံလင်အောင် ယူခဲ့ရပါတယ် ဦးစံရှားရယ်” ဟု ပြောပြီးလျှင် စာအိတ်ငယ်မှ မီးခြစ်ဆံတို ငါးချောင်နှင့် စီးကရက်ကို နှစ်ခုကို ထုတ်ပြလေ၏။

ရှား။ ။ “ဒီဟာတွေ ဘယ့်နှယ်ရသလဲ”

ညွန့်။ ။ “ဒီကနေ့မနက် ထမင်းပွဲပြင်တဲ့ လင်ဗန်းထဲမှာ ပါလာတယ်”

ထိုအခါ ဦးစံရှားသည် မီးခြစ်ဆံတိုများနှင့် စီးကရက်တိုများကို ကောက်ယူကြည့်ရှုပြီးနောက်

ရှား။ “မီးခြစ်ဆံတိုများကတော့ဖြင့် စီးကရက်ညှိတဲ့ မီးခြစ်ဆံပဲ။ ဘာကြောင့်လဲဆိုတော့....”

ကျွန်တော်။ ။“စီးကရက်တိုတွေ တွေလို့ လားဗျာ”

ရှား။ ။“ဒါ့ကြောင့် ဘာဟုတ်မလဲဗျာ။ ဆေးပေါ့လိပ်ဖြစ်စေ၊ ဆေးပြင်းလိပ်ဖြစ်စေ ညှိခဲ့လို့ ရှိယင် မီးခြစ်ဆံဟာ ဒီလောက်ရှည်ရှည် မကျန်နိုင်ဘူးဗျ ။ တော်တော်ကျွမ်းအောင် လောင်ပြီးမှဆေးလိပ်မှာ မီးကောင်းကောင်း ညှိတာကိုးဗျ။ ဆေးတံကို ညှိလို့ရှိယင် သာပြီးတော့ တိုတိုကျန်သေးတယ်။ အခုတော့ စီးကရက်ညှိလို့ မို့ ဒီလောက်ရှည်ရှည် ကျန်တာပေါ့ဗျ။ အလို၊ ဒါထက် ဒီစီးကရက်တိုတွေက တိုလွန်းလှချေကလားဗျ။"

ကျွန်တော်။ “ကပ်စေးနဲတဲ့ လူမို့ ဒီလောက်တောင် တိုအောင် သောက်တယ်လို့ ခင်ဗျားက ဆိုချင်သလား”

ရှား။ ။ “ကိုသိန်းမောင် ဒီကနေ့ တယ်ပြီး ဉာဏ်တိုးနေပါကလား။ ကိုင်း ဒါဖြင့် ရော့၊ ခင်ဗျား သောက်ကြည့်စမ်း ဖြစ်ကဲ့လား”

ကျွန်တော်။ ။“နှုတ်ခမ်းမွေး မီးလောင်ကုန်ပါမယ်ဗျာ၊ မလုပ်ပါနဲ့”

ရှား၊ ။“အဲဒါကြောင့် ကျုပ်ပြောတယ် မဟုတ်လား။ အခန်း လာပြီးငှားတဲ့လူက နှုတ်ခမ်းမွေး ထူထူဆို ဒေါ်စိန်ညွှန့်ရဲ့”

ညွန့်။ ။“ဟုတ်ပါတယ်”

ကျွန်တော်။ ။“ဆေးစွပ်နဲ့ သောက်မယ်တဲ့”

ရှား။ “ဆေးလိပ်ဖင်ကြည့်၊ ဖွာနေတယ်။ ထွေလား။ဧကန္တ ဆေးစွပ်နဲ့သောက်တာ မဟုတ်ဖူး။ ဒီအတိုင်း သောက်တာပဲ။ အခန်းထဲမှာ လူနှစ်ယောက်များ ဖြစ်လေရော့လားဗျာ ဒေါ်စိန်ညွန့်”

ညွန့်။ ။“မဖြစ်နိုင်ပါဘူး။ စားတာကကြောင်စာလောက်ကလေး စားတာကပဲ။ အဒေါ်ဖြင့် လူတယောက်တောင် မှ ဝပါ့မလားလို့ အံ့တောင် အံ့ဩမိသေးတယ်"

ရှား ၊“ကိုင်း ကိုင်း၊ စောင့်ပြီးကြည့်ကြသေးတာပေါ့လေ။ စိတ်မကျေနပ်စရာလဲ ဘာရှိပေ လို့ လဲ။ ငွေကိုလဲ အလျင်တင်ကူးပြီး ပေးထားပေတယ် မဟုတ်ဘူးလား။ ထူးတော့ဖြင့် ထူးဆန်းတာပဲ။ သို့သော် အဒေါ်ကို ဘာမှ ဒုက္ခပေးတာမှ မဟုတ်ပဲ။ လူတွေ့ မခံချင်တာ သူ့သဘောအတိုင်းပေပေါ့။ ကျွန်တော်တို့ကလဲ ရာဇဝတ်ပြစ်မှုနဲ့ သက်ဆိုင်ကြောင်း မထင်ရှားသမျှ ကာလပတ်လုံး သူ့ အထဲ ဝင်ပြီး စွက်ဖို့ မသင့်ပေဘူး ဒေါ်စိန်ညွန့်။ သို့သော် ကျွန်တော်လဲ ဂရုပြုလိုက်ပါမယ်။ နောက်ထပ်ပြီး အကြောင်းများ ထူးလို့ ရှိယင်လဲ ကျွန်တော် ကို အကြောင်းကြားလိုက်သေးတာပေါ့။ တကယ် ကူညီဖို့ လိုတဲ့အခါကျယင် ကူညီဖို့ကိုတော့ ကျွန်တော့်ကို ဘယ်အခါမဆို စိတ်ချပါ အဒေါ်”ဟု ပြောလိုက်သဖြင့် ဒေါ်စိန်ညွန့်လည်း ဆင်းသွားလေ၏။

ဒေါ်စိန်ညွန့် ပြန်သွားလျှင် ဦးစံရှားလည်း ဆေးတံကို ဆေးထည့်၍ သောက်ယင်း

ရှား။ “ဒီကိစ္စမှာ တော်တော်ထူးတဲ့ အချက်ကလေးတွေပါတယ် ကိုသိန်းမောင်ရဲ့ သို့သော် လူ့စိတ်သဘောဆိုတာ အမျိုးမျိုး ရှိပေတာကိုးဗျ။ သူ့နဂို ၀ါသနာကိုက ဒီလိုပဲ နေတတ်လို့ လေလား၊သို့တည်းမဟုတ် နက်နက်နဲနဲ အကြံအစည်ပဲ ရှိလေရော့သလား မပြောတတ်ပေသေးဘူး ပလေ။ သို့သော် ကျုပ် ထင်မြင်ချက်ကတော့ဖြင့် ပထမ အခန်းကိုငှားတဲ့လူနဲ့ အခုနေတဲ့လူဟာ တယောက်စီထင်တယ်”

ကျွန်တော်။ ။“တယောက်ငှားပြီး တယောက်က နေတယ်လား”

ရှား။ ။ “ဟုတ်တယ်”

ကျွန်တော်။ ။“ဘာကြောင့်လဲဗျာ”

ရှား။ ။ “ဒီက စီးကရက်တိုအကြောင်းကို အပထားပြီး ဒီလူဟာ အခန်းကို ငှားပြီးတဲ့နောက် ပြီးပြီးချင်း အပြင်ကို ထွက်သွားတယ်။ ပြီးတော့လဲ တကြိမ်တည်းပဲ ထွက်တယ်ဆိုတာ စဉ်းစားဖိုအချက်တခု မဟုတ်ပါလားဗျာပြီးတော့ပြန်လာတော့လဲအားလုံးအိပ်ကုန်လောက်တဲ့အချိန်လောက်ကျမှပြန်လာတယ်။ ထွက်သွားတဲ့လူနဲ့ ပြန်လာတဲ့လူနဲ့ဟာ ဒီတယောက်တည်း ဖြစ်တယ်လို့ ဘယ်ပြောနိုင်မလဲဗျာ ပြီးတော့ ဒီပြင် တချက် တွေးစရာက ဘာလဲဆိုတော့ ခုနက မီးခြစ်တို၊ ဆပ်ပြာတို့ ဆိုတာတွေကို လက်ရေးနဲ့ မရေးပဲနဲ့ ကတ်ကတ်သတ်သတ် အဘိဓာန်ထဲက ဆုတ်ပြီး ပေးတယ်ဆိုတာ တချက်ကလဲ အများကြီး တွေးစရာရှိတယ်”

ကျွန်တော်။ ။“ကျွန်တော်ပြောတဲ့အတိုင်း လက်ရေးကို အဒေါ်ကြီးများ မမြင်ရအောင် လျှို့ဝှက်လိုတဲ့ သဘောပေါ့”

ရှား။ ။ “သို့သော် လျှို့ဝှက်တဲ့အကြောင်း ရှိရမယ်ဗျ”

ကျွန်တော်။ ။“ဒါတော့ ကျွန်တော် မရိပ်မိဘူးဗျာ”

ရှား ။ ။ “ဒီလိုဗျ။ ဟိုလူ မှန်ခဲ့လို့ ရှိယင် သူ့ လက်ရေးကို အဒေါ်ကြီး မြင်သွားလို့ ဘာဖြစ်ရ အုံးမှာလဲဗျ။ ကျုပ်အထင်တော့ ဧကန္တ အခန်းထဲကဟာ မိန်းမထင်တယ်”

ကျွန်တော်။ ။“ဪ ဟုတ်ပြီဗျို့၊ မိန်းမလက်ရေးဆိုယင် လူပြောင်းထားတာကို အဒေါ်ကြီး များ ရိပ်မိမှာစိုးလို့ ပုံနှိပ်စာထဲက ညှပ်ပြီး ပေးတာကိုးဗျ။ ဟုတ်ပြီဗျို့၊ ဟုတ်ပြီ။ နို့ နေပါအုံးဗျာ။ တိုက်ပေါ်က ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ ဘွတ်ဖိနပ်သံ ကြားရတယ် ဆိုပါကလားဗျ”

ရှား၊ “ဒါကတော့ ယောက်ျားထင်အောင်လို့ မိန်းမက ဘွတ်ဖိနပ်စီးထားယင် ဖြစ်နိုင် တာကိုးဗျ။ တော်တော်စေ့အောင် ဆင်ထားတဲ့ ဉာဏ်ပဲဗျို။ ပြီးတော့ ဒီပြင်တချက်ကတော့ တကယ်လို့ ကျုပ်တို့ တွေးတဲ့အတိုင်း အခန်းတွင်းမှာ မိန်းမဖြစ်ခဲ့လို့ ရှိယင် အခုလို ပုန်းအောင်းပြီး နေတဲ့အတွင်း အပြင်က ယောက်ျားဖြစ်သူနဲ့ စာပေးစာယူဖြစ်စေ၊ လူလွှတ်ပြီး ဖြစ်စေ အပြင်ကသတင်းကို အခန်းတွင်းက မိန်းမ သိရအောင် ပို့ ဖိုရှိတယ် မဟုတ်ဘူးလားဗျာ”

ကျွန်တော်။ ။“ဟုတ်ကဲ့ဗျာ။ အကျိုးအကြောင်းကို တနည်းနည်းနဲ့ သတင်းပေးဖို့တော့ ကောင်းတာပဲ။ အခုတော့ စာလဲ မရောက်ဘူးတဲ့ဗျ”

ရှား။ ။“မရောက်ယင် ဒီပြင်နည်းနဲ့ မပေးနိုင်ဘူးလားဗျာ”

ကျွန်တော်။ ။“ဒီပြင်နည်းနဲ့ဆိုယင် သတင်းစာထဲမှာ ထည့်ဖို့ပဲ ရှိတာပဲဗျ။ ဪ သူရိယသတင်း ကတော့ နေ့တိုင်း ဝယ်ပေးရတယ်လို့ ဆိုမဟုတ်လား”

ရှား ။။ “ဟုတ်တယ်။ ဒီတော့ကာ သတင်းစာမှာ ထည့်ပြီးပေးရမှာပဲ မဟုတ်ဘူးလား။ ကိုင်း ဒီတော့ သတင်းစာမှာ သတင်းတစုံတခု ပါစေချင်ယင် ဘယ်နည်းနဲ့ ထည့်မလဲတဲ့။ ကျုပ်တို့ မြန်မာပြည်က သတင်းစာတွေမှာ အင်္ဂလန်ပြည်က သတင်းစာတွေမှာလို တယောက်နဲ့တယောက် သတင်းပို့နိုင်တဲ့ ကော်လံ မပါဘူးဗျ။ ဒီတော့ ဘယ်နှယ်လုပ်မလဲ”

ကျွန်တော်။ ။“သတင်းအဖြစ်နဲ့ တခုခု ညာရေးပြီး သတင်းစာတိုက် ပို့မှာပေါ့ဗျ”

ရှား။ ။“ဒီတော့ခင်ဗျား အယ်ဒီတာက ထည့်ရောတဲ့လားဗျာ”

ကျွန်တော်။ ။“ဒါတော့ သူထည့်ချင်မှ ထည့်မှာပေါ့ဗျာ”

ရှား၊ “အမှန်ထည့်ရအောင် ဘယ်နှယ်ကြံမလဲ”

ကျွန်တော်။ ။“သြော်.. သိပြီဗျို့ ၊ တခါထည့်ယင် ငွေနှစ်ကျပ်ပေးပြီး သာရေး နာရေး ကြော်ငြာ ပိုင်းထနေ ထည့်ယင်တော့ ထည့်မှာပဲဗျို့”

ရှား၊ ။ “အစစ်ပဲ ကိုသိန်းမောင်၊ အပြင်လူနဲ့ အခန်းထဲက မိန်းမနဲ့ သတင်းပေးပို့ခဲ့လို့ ရှိယင် လွန်ခဲ့တဲ့ သူရိယသတင်းစာ သာရေးနာရေး ကြော်ငြာပိုင်းမှာသာ ကြည့်ပေတော့။ ကိုင်း ကိုင်း၊ ဟော ဟိုက သူရိယသတင်းစာဖိုင်တဲ့ လှမ်းလိုက်စမ်း”

ဦးစံရှားသည် သူရိယသတင်းဘဖိုင်တွဲကို လှန်လှောကြည့်ရှုယင်း “ဒီဟာက ဟိုအခန်းကို သူတို့ ` မရောက်ခင်က သတင်းစာတွေပဲ မဟုတ်သေးဘူး။ ဒီကမှ စတယ်။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က စပြီး အခန်းကို ငှားတယ်ဆို မဟုတ်လား။ ဟုတ်ပြီး ဟောဒါက အင်္ဂါနေ့က သတင်းစာ။ ကိုင်း၊ သာရေးနာရေး ပိုင်းက ဘာများပါသလဲ ကြည့်ကြစမ်းစို့ ၊ ဒါက ဘာလဲ။ ဝန်ထောက်မင်း ဦးဖိုးထွန်း၏သား မြို့အုပ် မောင်ဘလပ်နှင့် ပွဲစားကြီး ဦးဖော့၊ ပွဲကတော်ကြီး ဒေါ်သန့်၏သမီး မခင်ကျော့။ ဒါလဲ မဟုတ်နိုင်ဘူး။ ဟောဒါက နာရေးဗျ။ ကဲ ကြည့်စမ်း၊ ဘာတဲ့လဲ။ ဦးသည်းခံ၏သား မောင်စောင့်ပါသည် လွန်ခဲ့သည့် တနင်္ဂနွေနေ့က....။ တော်ပါပြီ။ ဒီပြင်ဟာတော့ အရေးမကြီးပါဘူး။ ကိုင်း၊ ဘာတဲ့လဲ ကိုသိန်းမောင်”

ကျွန်တော်။ ။“သည်းခံစောင့်ပါ ဆိုလိုတာပေါ့ဗျာ”

ရှား။ ။“အစစ်ပေါ့ဗျာ။ ကိုင်း ဟောဒါက ဗုဒ္ဓဟူးနေ့ထွက် သတင်းစာဗျ။ ကိုင်း ကြည့်စမ်း။

“ရန်ကုန်မြို့ တာမွေရပ်နေ စစ်ကဲကြီး ဦးဘညိန်းသည်... တန်၊ မဟုတ်သေးဘူး။ ကိုင်း ဒါက ဘာတဲ့လဲ။ သစ်ကုန်သည်ကြီး ဦးနီး ဇနီး ဒေါ်လှတို့၏သား မောင်ကို ပွဲစားကြီး ဦးပြီ ပွဲကတော်ကြီး ဒေါ်အေး သမီး၊ ဝတ်လုံတော်ရ ဦး၏ နှမ မမယ်နှင့် ထိမ်းမြားလက်ထပ်... တော်
လောက်ပြီး ဘာတဲ့လဲ ကိုသိန်းမောင်”

ကျွန်တော်။ ။“ဒါကတော့ တကယ့်ဖိတ်စာ ထင်ပါရဲ့ဗျာ”

ရှား၊ “ဘာဟုတ်မလဲဗျ။ နာမည်တွေ လျှောက်ကြည့်ပါလား။ ဦးနီး ရယ်လို့ ရှိပါလားဗျ။ ဦးနီလို့ သာ ဖြစ်ရမယ်။ ဒီတော့ နာမည်တွေသာ အကုန်လျှောက်ပြီး ကောက်ကြည့်လိုက်တော့ ဘယ်လို အဓိပ္ပာယ် ထွက်သလဲ။ “နီးလှပါပြီ အေးတော့မယ်”တဲ့ ဆို မဟုတ်ဘူးလား”

ကျွန်တော်။ ။“ဟုတ်တယ်ဗျို၊ ဧကန္တ သူတို့လက်ချက်ပဲ”

ရှား။ ။“ကိုင်း ကြာသပတေးနေ့က သတင်းစာကော ဘာတဲ့တုံး။ အလို သာရေး နာရေး သတင်းကို မပါဘူးဗျို့ ကိုင်း ရှိစေ၊ သောကြာနေ့ကဟာ ကြည့်ကြစို့ ၊ စပါးပွဲစားကြီး ဦးမီး ပွဲကတော် ဒေါ်ရတို၏သား မောင်လေးကို အမိန့်တော်ရ ဦးမီး အမိန့်တော်ရကတော် ဒေါ်အ တို့၏သမီး မတိုင်းနှင့် အောက်တိုဘာလ... တော်ပြီ။ ကိုင်း ဘာတဲ့လဲ။ “မီးရထားမီးအတိုင်း ́တဲ့၊ ဘယ့်နှယ်အဓိပ္ပာယ်လဲဗျ”

ကျွန်တော်။ ။“ဒီတခါတော့ အတွေးရကျပ်သဗျို။ လက်ရာကတော့ သူတို့လက်ရာပဲ။ ဦးမီး ရယ်လို့ နှစ်ယောက်တောင် မရှိနိုင်ဘူး။ မုချ သူတို့ အချိန်းအချက်ပဲ”

ရှား။ ။“ကိုင်း ရှိပါစေဗျာ မဖော်နိုင်ယင် ထားလိုက်သေးတာပေါ့။ နောက်နေ့တွေ ကြည့် စမ်းဗျာ” ဟု ပြောပြီးနောက် ကျွန်တော်တို့လည်း သတင်းစာများကို လှန်လှော်၍ ကြည့်ရှုရာ သာရေး နာရေး သတင်း ဘာမျှ မတွေ့ရပဲ ရှိလေ၏။ "

ထိုအခါ ဦးစံရှားက “နောက်ရက်တွေ ရှိပါသေးတယ်ဗျာ၊ ဒီကနေ့ တနင်္ဂနွေ ဟုတ်စ။ သူရိယသတင်းစာ မရဘူး၊ နက်ဖြန် တနင်္လာနေ့ကျတော့ ကြည့်ကြသေးတာပေါ့”

“ တနင်္လာနေ့တွင် သတင်းစာကုလား ပိုလာသည်နှင့် တပြိုင်နက် ဦးစံရှားသည် လှန်ကြည့်ရှုရာ ဝမ်းသာသည့်လက္ခဏာနှင့် ရွှင်ရွှင်ပျပျ ရှိနေသည်ကို မြင်ရသဖြင့်

ကျွန်တော်။ ။“ဘယ်နှယ်လဲဗျို၊ ဘာများ အထူးပါသလဲ”

ရှား။ ။ “ထူးလှချည့်ပေါ့ဗျာ ဟောဒီမှာ ကြည့်စမ်း။ နေအုံး ကျုပ် ဖတ်ပြမယ်။ အင်စပိတ် တော် ဦးဆယ် ဇနီး ဒေါ်နာတို့၏သား မောင်ရီကို မြို့အုပ်မင်း ဦးတိုက် မြို့အုပ်ကတော် ဒေါ်သစ်တို၏ သမီး မယ်ကြည့်နှင့်... ။ ကိုင်း ဘာတဲ့လဲ။ “ဆယ်နရီ တိုက်သစ်ကြည့်တဲ့ ကိုင်း ဒီကနေ့ ၃၂ လမ်းကိုတော့လျှောက်ပြီး ကြည့်အုံးမှုပဲ။ ဪ သတိရပြီဗျို့။ ဒေါ်စိန်ညွန့်တိုတိုက်နဲ့ မျက်နှာချင်းဆိုင်က ၅ တိုက်ခြား လောက်မှာ တည်ပြီးစ တိုက်သစ်တခုရှိတယ် ဟုတ်လား။ အခန်းတွေတောင် လူစေ့အောင် မရသေးဘူး။ ဒီကနေ့ည ဆယ်နာရီလောက် စောင့်ပြီး ကြည့်ကြရယင် တခုခုတော့ တွေ့ရတော့မှာပဲ၊ ဟော၊ ပြောယင်း ဆိုယင်း ဒေါ်စိန်ညွန့် ရောက်လာပြီး၊ ဘယ့်နှယ်လဲ အဒေါ် ၊ ဘာများထူး ပြန်ပါသလဲ”

ညွန့်။ “တန်ပြီ ဦးစံရှား ၊ ဒီကနေ့မောင်းထုတ်မှ ဖြစ်မယ်။ ကြာကြာထားယင် ခက်ကုန် ကြလိမ့်မယ်။ ဒီကနေ့မနက် အိမ်က အဘိုးကြီး ကံကောင်းလို့ အသက်ချမ်းသာရပါကလား ဦးစံရှား”

ရှား။ ။“ပြောပြစမ်းပါအုံးဗျာ”

ညွှန့်။ ။ “ဒီကနေ့ မနက်စောစောကြီး အိမ်က အဘိုးကြီးက အပြင်သွားဖို့ ကိစ္စတခု အရေးကြီး လေတော့ တိုက်ပေါ်က ဆင်းသွားပြီးတော့ လမ်းထောင့်နားရောက်ရောက်ချင်း လူနှစ်ယောက် နောက်က နေပြီး မျက်နှာပေါ် အဝတ်တခု ပစ်ဖုံးတဲ့ပြီး မော်တော်ကားပေါ် အတင်းတင်သွား ဆိုပါကလား။ အဘိုးကြီးကလဲ ကြောက်လွန်းလို့ ကြက်သေသေပြီး မတော်ဝံ့လို့ တိတ်တိတ်ကလေး လိုက်သွားရာ သတဲ့။ နာရီဝက်လောက် ကြာတော့ မျက်နှာဖွင့်ကြည့်ပြီး မော်တော်ကားပေါ်က ထိုးချခဲ့သလဲ။ အဘိုးကြီးကလဲ ဖုတ်ဖက်ခါပြီး ထကြည့်လိုက်တော့ အင်းလျားကန်နား ရောက်နေပါရောတဲ့ ဦးစံရှားရဲ့"

ဒါနဲ့ သွားမယ့်ကိစ္စ မသွားတော့ပဲ ကားတစီးငှားပြီး ပြန်လာခဲ့ပြီး အခု အိမ်မှာ နေရစ်လေရဲ့။ ကြောက်လွန်းလို့မှ ဆတ်ဆတ်များတုန်လို့ ။ ဒါနဲ့ အဒေါ်လဲ ဦးစံရှားဆီ ချက်ချင်း ပြေးလာတာပဲ”

ရှား၊ ။“ဟုတ်ပါပေ့ဗျာ။ ဒါထက် သူ့ ကိုဖမ်းပြီးသွားတဲ့ လူတွေရဲ့မျက်နှာကို သူမြင်လိုက်မိရဲ့ လား။ ဘယ်လိုပုံပန်းတဲ့လဲ”

ညွန့်။ ။“ကြောက်လွန်းအားကြီးလို့ ဘာမှ မကြည့်ဝံ့ဘူးတဲ့ ဦးစံရှားရဲ့။ ကားပေါ်မှာလဲ လူနှစ်ရောက်လိုလို သုံးယောက်လိုလိုတော့ မြင်မိသတဲ့”

ရှား။ ။“အခုလို ဖြစ်ရခြင်းဟာ အဒေါ့် အခန်းက လူကြောင့်လို့ ထင်တယ်ပေါ့လေ”

ညွန့်။ ၊ “အဒေါ်တို့ နေလာခဲ့တာ အနှစ် နှစ်ဆယ်ကျော်လောက်ရှိပြီ၊ တခါမှ ဒီလိုမဖြစ်ဖူးပါဘူး။ ဒီလူကြောင့် ဖြစ်ရတာပါပဲ။ တော်ပြီ တော်ပြီ။ ငွေဘယ်လောက်ရတော့ အဒေါ် မထားတော့ဘူး။ ဒီကနေ့ မောင်းပြီး ထုတ်လိုက်တော့မယ်”

ရှား။ ။“နေအုံး အဒေါ်ကြီး၊ အလျင်တလို မလုပ်နဲ့အုံးခင်ဗျ။ ဒီအမှုမှာ ကျွန်တော်တို့ အစက ထင်သလောက် မကဘူး။ တော်တော်အရေးကြီးတဲ့ အမှုနဲ့ တူတယ်။ လက္ခဏာတော့ ခင်ဗျာအဘိုးကြီးကို ဟို အခန်းကလူမှတ်လို့ ဖမ်းသွားပြီး မဟုတ်မှန်းသိတော့ လွှတ်လိုက်တာနဲ့တူရဲ့ တကယ်လို့ ဟိုအခန်းကလူ ဖြစ်ခဲ့လို့ ရှိယင် ဘယ်လိုလုပ်မယ် ဆိုတာတော့ ကျွန်တော်တို့ တွေးရုံ တွေးနိုင်တာပဲ”

ညွန့်။ ။“ဘယ့်နှယ် လုပ်ရမလဲ ဦးစံရှားရယ်”

ရှား ။“ခင်ဗျား အခန်းက လူကို ကျွန်တော် ကြည့်စမ်းချင်သဗျာ”

ညွန့်။ “ဘယ့်နှယ်လုပ်ပြီး ကြည့်မလဲ။ အခန်းကို ပေါက်ဆိန်နဲ့ပေါက်ပြီး အတင်းဝင်ကြည့်မှပဲ”

ရှား။ ။“ဟာ၊ ဒီလိုလုပ်လို့ ဘယ်နှယ်တော်မလဲဗျ။ နေအုံး၊ ထမင်းပွဲကို ခုံရှည်ပေါ်က ယူတဲ့ အခါမှာ ကျွန်တော်တို့က ချောင်းပြီး ကြည့်ယင်ကော မဖြစ်ပေဘူးလား”

ညွန့်။ ။“ဪ နေအုံး၊ ဒီလိုလုပ်ပေတော့။ အဒေါ်က လှေကားတက်ဝမှာ မှန်တချပ် ထောင်ပြီး မယ်။ ဦးစံရှားက လှေကားပေါ် လူမမြင်အောင်ကွယ်ပြီး မှန်ထဲမှာ ကြည့်ပေတော့။ မှန်ထဲမှာ အခန်းဝက လူရိပ်ပေါ်အောင်တော့ အဒေါ် ဆင်ပြီး ထားလိုက်မယ်”

ရှား ။“ဟုတ်ပြီ အဒေါ်၊ ထမင်းပွဲ ဘယ်အချိန်လောက် ပို့ ရသလဲ”

ညွန့်။ ။“၁၀ နာရီလောက် ပို့ရတယ်”

ရှား။ “အခု၈ နာရီခွဲသွားပြီး ပြန်ပြီး မှန်ထောင်နှင့်ပေတော့။ ကျွန်တော် ၉ နာရီခွဲလောက် ကို လာခဲ့မယ်”

အချိန်ကျရောက်သောအခါ ကျွန်တော်နှင့် ဦးစံရှားတို့သည် ၃၂ လမ်းသို့ သွားရောက်ကြလေရာ ဦးစံရှားလည်း တိုက်သစ်တလုံးကို လက်ညှိုးညွှန်ပြလျက်

ရှား။ ။“ဟောဟို တိုက်သစ်ပဲဗျ”

ကျွန်တော်။ ။“၁၀ နာရီလောက်မှ ကြည့်ရမယ် ဆိုပါကလား။ ဘယ့်နှယ်လုပ်မလဲ။ ဟိုရော ဒီရော ဘယ့်နှယ်လုပ်လို့”

ရှား။ ။ “မဟုတ်ပါဘူးဗျာ။ ဟို အချိန်းအချက်က ည ၁၀ နာရီမှ ကြည့်မှာပါ”

ဒေါ်စိန်ညွန့် တိုက်သို့ ရောက်လျှင် ကျွန်တော်တို့သည် ဒေါ်စိန် ညွန့် စီစဉ်ထားသည့် အတိုင်း လှေကားပေါ်မှရပ်လျက် လှေကား အထက်ခန်း၌ ထောင်၍ထားသော မှန်ကို ကြည့်လျက်ရှိကြရာ မှန်တွင်း၌ ထိုအခန်းတံခါး၏ အရိပ်သည် ကောင်း ထင်ရှားလျက်ရှိသည်ကို တွေရသဖြင့် ဦးစံရှားလည်း ခေါင်းညိတ်လျက် ရှိလေ၏။

အတန်ငယ် ကြာလျှင် ဒေါ်စိန်ညွန့်သည် ထမင်းပွဲကို မ ယူလျက် တိုက်ပေါ်သို့ တက်ပြီးလျှင် အခန်းတံခါးရှိ ခုံရှည်ပေါ်တွင် တင်ထားခဲ့ပြီးနောက် တိုက်အောက်သို့ ဆင်းသွားလေ၏။ တခဏမျှ ကြာလေလျှင် အခန်းတွင်းရှိ မင်းတုပ်ကို ဖွင့်သံကြားရပြီးနောက် အခန်းတံခါးသည် တဖြည်းဖြည်း ပွင့်လာ၍ ဖြူဆွတ်သေးသွယ်သော လက်နှစ်ဖက်သည် ရှေးဦးစွာ ပေါ်၍ လာလေ၏။ ထို့ နောက် အလွန်တရာ ချောမောလှပသော မိန်းမတယောက်၏ မျက်နှာသည် ပေါ်လာ၍ ထမင်းပွဲကို လှမ်းယူမည် ပြုပြီးမှ လှေကားပေါ်တွင် ထောင်၍ ထားသော မှန်ကို မြင်သည်နှင့်တပြိုင်နက် ထမင်းပွဲကို လျင်မြန်စွာ လွှတ်ချပြီးလျှင် တံခါးကို ပြင်းထန်စွာ ပိတ်လိုက်လေ၏။

ကျွန်တော်။ ။“တယ်ချောတဲ့ မိန်းမဗျ၊ ကျုပ်တို့ကို မြင်သွားပြီ ထင်တယ်”

ရှား။ ။“မြင်လား မမြင်လားတော့ မဆိုနိုင်ဘူး၊ လန်တော့ဖြင့် လန့်သွားတဲ့ လက္ခဏာပဲ”

တိုက်အောက်သို့ ရောက်လျှင် မျှော်လင့် စောင့်ဆိုင်းလျက်ရှိသော ဒေါ်စိန်ညွန့်အား “စိတ်မပူပါနဲ့ အဒေါ်ရယ်။ ကျွန်တော်တို့ ညနေလောက်ကို တခေါက်လောက် လာခဲ့ပါအုံးမယ်။ မစိုးရိမ်ပါနဲ့ခင်ဗျ။ အဒေါ်တို့ကိုတော့ ဘာမှ မဖြစ်နိုင်ပါဘူး”ဟု ပြောပြီးလျှင် ကျွန်တော်တို့သည် ပြန်လာခဲ့ကြလေ၏။

အိမ်သို့ ရောက်ကြလျင် ဦးစံရှားလည်း ဆေးတံကို မီးညှိပြီးနောက်

ရှား။ ။“ကျုပ်ထင်တဲ့အတိုင်း မိန်းမပဲ ဖြစ်နေတယ်မဟုတ်ဘူးလားဗျ

ကျွန်တော် ။ ။ ကျုပ်တို့ အခု အထင် အရှား သိရတာက ဘာလဲဆိုတော့ ယောက်ျားတယောက်နဲ့ မိန်းမတယောက်ဟာ တစုံတခုသော ဘေးရန်ကိုကြောက်တဲ့အတွက် ရန်ကုန်ကိုလာပြီး ပုန်းနေရတယ်။ အစစအရာရာ လုံခြုံအောင် ဂရုစိုက်ပုံ လက္ခဏာကို ထောက်လိုက်ပြန်တော့ သူတို့ ဘေးရန်ဟာ တော်တော်ကြီးတဲ့ လက္ခဏာနဲ့ တူတယ်။ ယောက်ျားဖြစ်သူက ဆောင်ရွက်ရန် ဝတ္တရားရှိလာတော့ မိန်းမကို ဝှက်ထားပြီး သူက ကိစ္စ မပြီးမချင်း ဆောင်ရွက်နေဟန် တူတယ်။ သူတို့ချင်း တွေ့ဖိုတောင် ရန်သူများက ခြေရာခံမိမှာ စိုးလို့ လူလဲ မလာ၊ စာလဲ မရေးပဲ သတင်းစာက နေပြီး ကြော်ငြာထည့်နေတဲ့ လက္ခဏာပဲ။ ဒီလောက်ထိတော့ ထင်ရှားရဲ့ မဟုတ်လားဗျာ”

ကျွန်တော်။ ။“ဒါတော့ ဟုတ်ပါပြီ။ သိုသော် အရင်းမူလက ဘယ်လို အမှုမျိုး ဖြစ်လို့ ဘယ်လို ရန်သူမျိုးလက်က လွတ်အောင် ပုန်းအောင်းပြီး နေရတာလဲဗျာ”

ရှား ။“ဘယ်လို အမှုမျိုးလဲဆိုတာ တွေးကြည့်ပြန်တော့ သာမည သမီးရည်းစား လင်မယား ခိုးမှု ဟုတ်ဟန်မတူဘူး။ မှန်ရိပ်ကို မြင်လိုက်တဲ့အခါမှာ အခန်းထဲက မိန်းမဟာ ဘယ်လောက် ကြောက်ပြီး သွားသလဲ။ ခင်ဗျားသတိထားလိုက်မိ၍ သေရမယ့်ဘေးလောက်တက်သွားတဲ့ မျက်နှာထားမျိုး ပဲဗျ။ ဒေါ်စိန်ညွန့် ယောက်ျား
ကို ဖမ်းသွားပုံ၊ အစစအရာရာ သိပ်ပြီး ဂရုစိုက်ပုံ၊ မျက်နှာထား သိပ်ပြီး ပျက်သွားပုံ အားလုံးစုပြီး ကြည့်လိုက်တော့ တော်တော်အငြိုးကြီးတဲ့ ရန်သူများလက်က လွတ်အောင် ပုန်းအောင်းပြီး နေကြရရှာတဲ့ လက္ခဏာပဲ။ ရန်သူများကလဲပဲ အခန်းမှာ လူလဲပြီး ထားတာကို သိသေးတဲ့ လက္ခဏာ မရှိဘူး။ ကိုင်း၊ ကိုင်း၊ ဒီကနေ့ ၁၀ နာရီမှာ ဘာများ မြင်ကြရမယ် ဆိုတာ စောင့်ပြီး ကြည့်ကြသေးတာပေါ့လေ”

ထိုည ၈ နာရီကျော် အချိန်ခန့်တွင် ကျွန်တော်တို့သည် ဒေါ်စိန်ညွန့်၏အိမ်သို့ သွားရောက်ကြ၍ အဒေါ်ကြီးအား စိုးရိမ်ရန် မရှိသည့် အကြောင်းများကို အားပေး ပြောဆိုပြီးနောက် ကျွန်တော်နှင့် ဦးစံရှားတို့သည် တိုက်သစ်ကြီးကို ရံဖန်ရံခါ စောင်းမြောင်းကြည့်ရှုလျက် မနီးမဝေးတွင် လမ်းလျှောက် ကာ ရှိနေကြလေ၏။

၁၀ နာရီ ထိုးသည်နှင့် တပြိုင်နက် ကျွန်တော်တို့သည် လမ်းလျှောက်ရာမှ တန့်ရပ်လျက် တိုက် သစ်ကြီးကို စိုက်၍ ကြည့်နေကြရာ

ရှား။ ။ “ကိုသိန်းမောင် ဘယ်အခန်းကို ကြည့်သလဲ”

ကျွန်တော်။ ။“တတိုက်လုံး ကြည့်တာပဗျာ”

ရှား၊ “မဟုတ်ဘူးဗျ။ လေးထပ်က ထောင့်ခန်းမှာ လူမရှိဘူး မဟုတ်လား။ အဲဒီအခန်းကိုသာ ကြည့်ဗျ။ ဟော ပြောယင်းဆိုယင်း မြင်လိုက်ရလား”

ကျွန်တော်။ ။“မြင်တယ်”

ထိုခဏ၌ ဦးစံရှားညွှန်ပြရာ အခန်းပြတင်းပေါက်မှ ရဲရဲနီသော မီးတခုသည် လင်းချည် မှိန်ချည်။ လင်းချည် မှိန်ချည်နှင့် သုံးကြိမ်တိုင်တိုင် လာသည်ကို မြင်လိုက်ကြရလေ၏။ တခဏမျှ ကြာလျှင် မီးနီသည် ရွှေကနည်းအတိုင်း သုံးကြိမ်တိုင်တိုင် ပေါ်လာပြန်လေ၏။ ထို့နောက် ယင်းမီးသည် တကြိမ် နှစ်ကြိမ်မျှသာ လင်းချည် မှိန်ချည် ပြုပြီးနောက် ပျောက်ခြင်းမလှ ပျောက်ကွယ်၍ သွားလေ၏။

ကျွန်တော်တို့လည်း အတန်ငယ်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် ထပ်မံ၍ မီးကိုမမြင်ရတော့သည်ဖြစ်၍ တိုက်ရှေ့သို့ ခပ်ဖြည်းဖြည်း လျှောက်လာကြရာ မနီးမဝေးတွင် မှောင်ခိုကာ ရပ်နေသော လူသုံးယောက်ကို တွေသည်နှင့် တပြိုင်နက် တယောက်သောလူက “အလို ဆရာပါကလား”

ရှား။ ။“ကိုအုန်းဖေလား”

ဖေ။ ။“ဟုတ်တယ်ဆရာ၊ ဘာကိစ္စလဲ ဆရာ”

ရှား။ ။“ခင်ဗျားနဲ့ ကိစ္စချင်း တူနေပြီထင်တယ်”

ဖေ။ ။“ဒီကိစ္စအကြောင်း ဆရာ ဘယ်က သတင်းရသလဲ ဆရာ”

ရှား၊ "ဒီလိုပေါ့ဗျာ၊ ကျုပ်လဲ မီးနဲ့ အချိန်းအချက်ပေးတာကို ကြည့်နေတာပေါ့”

ဖေ။ “ဘာ အချိန်းအချက်လဲ ဆရာ၊ ဘာမီးလဲ”

ရှား၊ ။ “လေးထပ်က မီးပေါ့ဗျ။ ကိုင်း သိုသော် ခင်ဗျားတယောက်လုံး ရှိနော်' ကျုပ်တို့ အပိုပါပဲဗျာ။ ပြန်ပါတော့မယ်”

ဖေ။ ။“နေပါအုံးဆရာရဲ့ ၊ ကြည့်သေးတာပေါ့။ သို့သော် ဆရာ့အကောင် ဒီပြင် လှေကား ကတော့ ဆင်းစရာ မရှိပါဘူး ။ ဒီလမ်းက လာမှာပဲ ဆရာ”

ရှား။ ။ “ဘယ်က အကောင်လဲ ကိုအုန်းဖေရဲ့”

ဖေ။ ။“ဝရမ်းပြေး ဓားမြှောင်မင်းခေါင် ဆရာ”

ရှား။ ။“ကောလင်း ဝန်းသိုက မင်းခေါင်လား”

ဖေ။ ။“အစစ်ပေါ့ဗျာ၊ လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက ဒီအကောင် ရန်ကုန် ရောက်နေ တယ် သတင်းရလို့ ခြေရာခံလိုက်နေတာ၊ ဒီကနေညမှ တွေတော့တာပဲ။ ဒမြတိုက်မှုရော၊ လူသတ်မှုရော ပြစ်ချက်တွေက စုံနေတဲ့ အကောင်ပေါ့ ဆရာ”

ရှား ။ ။“ခင်ဗျားတို့ ဒီ လှေကားက စောင့်ပြီး ဖမ်းမယ်လား”

ဖေ။ ။“ဆရာ့ အကောင် ပြေးပေါက်မရှိဘူးဆရာ၊ ဒီလမ်းက ပြန်ဆင်းရမှာပါ”

ရှား။ ။ ။ “ကြာတယ်ဗျာ ကိုအုန်းဖေ၊ လေးထပ်ကို တက်ကြည့်ကြစို့”

ဖေ။ ။“တက်တာပ ဆရာ၊ ဆရာ့ ဘာပါသေးလဲ”

ရှား။ ။“ငါးယောက်နဲ့ တယောက်ပဲဗျာ။ ခင်ဗျားခြောက်လုံးပြူး ပါတယ် မဟုတ်လား”

ဖေ။ ။“ပါပါတယ် ဆရာ၊ ကျွန်တော် ရှေ့က တက်မယ်”

ထို့ နောက် ကျွန်တော်တို့ ငါးယောက်လည်း တိုက်ပေါ်သို့ စီတန်းလျက် တက်ကြလေရာ အောက်ထပ်၌ရှိသူတို့လည်း ကိုအုန်းဖေ၏ လက်၌ ခြောက်လုံးပြူးကို မြင်သဖြင့်အံ့ဩသော မျက်နှာထားနှင့် ကြည့်လျက် ရှိနေရစ်ကြလေ၏။

လေးထပ်သို့ရောက်လျှင် ကိုအုန်းဖေလည်း တံခါးကို လက်ဖြင့် တွန်း၍ ဖွင့်လိုက်ရာ တံခါးလည်း အလွယ်တတူ ပွင့်သွားလေ၏။ ထို့နောက် ကျွန်တော်တို့သည် ကိုအုန်းဖေ၏ နောက်မှ အခန်းတွင်းသို့ ဝင်သွားကြရာ အခန်းမှာ မှောင်နှင့်မည်းမည်း ရှိနေ၏။ သည်တွင် ပုလိပ်တယောက်သည် လက်နှိပ် ဓာတ်မီး

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay