20/03/2025
လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့
(A Just Transition to Sustainable Lifestyles)
============================
ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေး တန်ဖိုးရှိမှုနှင့် ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားရှိမှုဆိုသော အချက်တို့သည် ယခု ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day-WCRD)အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International-CI)က သတ်မှတ်ပေးသည့် ‘A Just Transition to Substainable Lifestyles’ ဆောင်ပုဒ်ကို ဘာသာပြန်ဆိုမှုပြုရာ ‘လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့’ ဟူသော အဓိပ္ပါယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ ပုဒ်မ(၁၉)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်အနက် နောက်ဆုံးအချက်ဖြစ်သော “ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း” ဟူသောအချက်ကို ညွှန်းဆိုခြင်းဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။
#စားသုံးသူရေးရာဦးစီးဌာန
#စားသုံးသူများလုံခြုံစေဖို့၊ Online Sales ကို မှတ်ပုံတင်ကြစို့
.ecomreg.gov.mm
.doca.gov.mm