J’Funland Playground

J’Funland Playground

Share

Fun Indoor Playground for Kids and Family

06/06/2025

J'FunLand Playground ( The Capital Mall ) တွင် အတူတူလက်တွဲလုပ်ကိုင်ရန် ဝန်ထမ်းများခေါ်ယူနေပါပြီ 🤩

Playground Staff - ကျား/မ

အထက်ဖော်ပြပါဝန်ထမ်းနေရာကိုလျှောက်ထားလိုသူများသည် ..

လစာ - ညှိနှိုင်း
-ကလေးများ၏လိုအပ်ချက်ကိုသိရှိပြီး ကလေးများအပေါ် စိတ်ရှည်သည်းခံတတ်သူဖြစ်ရမည်။
-အသက် 18 နှစ်ပြည့်ပြီးသူဖြစ်ရမည်။
-အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ကိုင်နိုင်ပြီး Team Work ကောင်းသူဖြစ်ရမည်။
-အပြောအဆိုပြေပြစ်ပြီးရုပ်ရည်အသင့်အတင့်ရှိရမည်။
-လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။

လျှောက်ထားမည့်သူများသည် J'FunLand Playground page messenger သို့ဖြစ်စေ , The Capital Mall Mandalay - လမ်း ၈၀ ၂၇×၂၈ ကြား ၄လွှာ မှာရှိတဲ့ J'FunLand ကစားကွင်းသို့လူကိုယ်တိုင်ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါတယ်

Page Link - https://www.facebook.com/Jfunland62?mibextid=LQQJ4d

Photos from The Capital Mall Mandalay's post 14/05/2025

✨✨💙💙

11/05/2025

အပူရှောင်ရင်းနဲ့ဘဲဖြစ်ဖြစ် ...
မုန့်စားရင်းနဲ့ဘဲဖြစ်ဖြစ် ...
ဖေဖေမေမေတို့ Shopping ထွက်ရင်းနဲ့ဘဲဖြစ်ဖြစ် ...
သားသားမီးမီးလေးတို့ကိုလည်း လုံခြုံစိတ်ချရတဲ့
ကစားကွင်းလေးကိုလည်း လိုက်ပို့ချင်ပါတယ်ဆိုရင်
မန္တလေး လမ်း 80 27×28 ကြားမှာရှိတဲ့ Capital Shopping Mall 4လွှာက J'FunLand Playground လေးကိုသာလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့် 🫶

ဝင်ကြေးတခါပေးထားရုံနဲ့ တစ်နေ့လုံး အချိန်
အကန့်အသတ်မရှိဆော့လို့ရမှာနော် 📢📢

မုန့်ဘဲသွားစားစား အပြင်သွားပြီးဘဲပြန်လာပြီး ကစားကစား တစ်နေကုန်စာအချိန်အကန့်အသတ်မရှိပြန်ဝင်
ကစားလို့ရတာမို့ ဘာလိုသေးလည်းချစ်တို့ရေ 😍😍😍



Photos from J’Funland Playground's post 10/05/2025

Hello Hello
သားသားမီးမီးလေးတို့ ရဲ့ ပျော်ရွှင်ရာဘုံဗိမာန်လေးတခုဖြစ်တဲ့ J'FunLand Playground ကို လမ်း ၈၀ ၂၇×၂၈ ကြားမှာ ရှိတဲ့ Mandalay Capital Mall မှာ ဆန်းသစ်မှုတွေနဲ့အတူ မနက်ဖြန် ကဆုန်လပြည့်နေ့ (11.5.2025) တနင်္ဂနွေနေ့တွင် ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကြောင်း သတင်းကောင်းလေးပါးရင်းနဲ့ တီတီတို့ကလည်း သားသားမီးမီးတို့နဲ့ ပြန်လည်တွေ့ဆုံဖို့ကို ရင်ခုန်စွာနဲ့မျှော်လင့်နေပြီနော် 🥰🥰
ဖေဖေမေမေတို့ကို ပူဆာပြီး အပြေးလေးလာခဲ့လိုက်တော့နော် ကလေးလေးတို့ရေ 😘😘



07/05/2025

Playground လေး ဘယ်တော့ဖွင့်မှာလည်းဆိုပြီး မေးနေကြတဲ့ သားသားမီးမီးလေးတွေအတွက်ရော ပြန်လည်ဖွင့်လှစ်ဖို့အတွက်ကို စောင့်မျှော်နေကြတဲ့ ချစ် Customer လေးတွေအတွက် မကြာခင်ရက်လေးအတွင်းမှာ Playground ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး .. ပြန်လည်ဖွင့်လှစ်မည့်ရက်ကို J'FunLand Playground Page နဲ့ Tiktok လေးမှာ ကြေငြာပေးသွားမှာဖြစ်လို့ Tiktok account လေးကို Follow မလုပ်ရသေးတဲ့ချစ် Customer လေးတွေက update to date လေးတွေ မလွတ်ရစေဖို့ J'FunLand Playground ရဲ့ Tiktok acc link

👉 https://www.tiktok.com/.playgrou?_t=ZS-8w9XxIkctdK&_r=1👈

ကို နှိပ်ပြီး အမြန်ဆုံး Follow လုပ်ထားလိုက်တော့နော် 🫶




01/11/2024

သူငယ်ချင်းတွေနဲ့ အတူဆော့ရလေ ပိုပျော်ရလေ ဟုတ်၊ ပိုပိုပြီး ပျော်ချင်ရင်တော့ J'Funland Playground မှာ လာဆော့မှ ဖြစ်မယ်နော် 🤩

ဘာလို့ဆို ဆော့မယ့် သားသားမီးမီးလေးတွေရော၊ လိုက်ပို့ပေးမယ့် လူကြီးမိဘတွေရော ပျော်ရမယ့် ဒီလိုအစီအစဥ်လေး ရှိနေလို့လေ။ အစီအစဉ်လေးက

🧑‍🤝‍🧑 (၁၀) ယောက် လာဆော့ရင် ဝင်ကြေး ၁၀% လျှော့စျေး၊
👭 အယောက် (၂၀) လာဆော့ရင် ဝင်ကြေး ၂၀% လျှော့စျေးနဲ့

ကစားကွင်း မပိတ်ခင်အချိန်အထိ စိတ်ကြိုက်ဆော့ကစားခွင့် ရမှာဖြစ်ပြီး ရက်အကန့်အသတ်လည်း မရှိဘူးလေ။ ဒါကြောင့် မူကြိုကျောင်းတွေက သားသားမီးမီးလေးတွေ အတူစုပြီး လာ‌ဆော့မလား၊ နှစ်ဆ ပျော်ရမယ့် အစီအစဉ်လေးပဲပေါ့။

ကဲ ... သားသားမီးမီး‌လေးတွေကို သူငယ်ချင်းတွေနဲ့အတူ ကစားကွင်း ပို့ပေးချင်တယ်ဆိုရင် Sule Square Mall ရဲ့ ဒုတိယထပ်မှာ ဖွင့်ထားတဲ့ J'Funland Playground ကိုသာ လိုက်ပို့လိုက်ပါလို့ 🤗

26/10/2024

သားသားမီးမီးလေးတွေ ပျော်မဆုံးတဲ့ ပျော်စရာကမ္ဘာငယ်လေး J'Funland Playground ✨

ကစားနည်းတွေ အစုံရှိတဲ့ ဒီကမ္ဘာငယ်လေးမှာ ဘယ်လိုပျော်စရာတွေနဲ့ ပြည့်နေမလဲဆိုတာ ဒီဗီဒီယိုလေးနဲ့ အလည်ထွက်ပြီး စူးစမ်းကြည့်လိုက်ရအောင်လေ။

ဒါနဲ့ ဒီကစားကွင်းလေးက Sule Square Mall ရဲ့ ဒုတိယထပ်မှာ ရှိတာမို့ မြို့ထဲအနီးတစ်ဝိုက်က သားသားမီးမီးလေးတွေ လာရောက်ကစားဖို့ ဖိတ်ခေါ်လိုက်တယ်နော် 🤗

17/10/2024

✨ ကြည်လင်အေးချမ်းတဲ့ သီတင်းကျွတ်လပြည့်နေ့ အချိန်အခါသမယလေးမှာ ချစ်ရတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ပျော်စရာ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်ရင်း မိသားစုဝင်တိုင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ J'Funland Playground မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 👨‍👩‍👧‍👦

15/10/2024

ဖေဖေ၊မေမေတို့ရေ ... သီတင်းကျွတ်ကျောင်းပိတ်ရက်ရှည်ကြီး လာပြီဆိုတော့ သားသားမီးမီးတို့ မပျင်းဖို့အရေး ပျော်စရာကမ္ဘာလေးဆီ ခေါ်သွားပေးကြမယ်လေ 👨‍👩‍👧‍👦

Sule Square Mall ဒုတိယထပ်မှာ ဖွင့်ထားတဲ့ J'Funland Playground ကိုပေါ့။ ပျော်စရာ သီတင်းကျွတ် အထူးအစီအစဉ်တွေနဲ့ စောင့်ကြိုနေပြီနော်။ ✨

အောက်တိုဘာလ (၁၆)ရက်နေ့ကနေ (၂၀)ရက်နေ့အတွင်း လာဆော့ရင်

🎁 ကလေးဝင်ကြေးကို ၂၀% လျှော့ပေးမယ့်အပြင်
🎁 သီတင်းကျွတ်မုန့်ဖိုးတွေပါ ပေးသွားမှာလေ

ပျော်စရာကြီး ဟုတ်။ ဒါကြောင့် သီတင်းကျွတ်ပိတ်ရက်လေးမှာ သားသားမီးမီးတွေနဲ့ ပျော်စရာအမှတ်တရတွေ နှစ်ဆတိုးဖို့ J'Funland Playground ဆီ လှမ်းလာခဲ့ပါဦးနော် 🥰

12/10/2024

ခုန်ပေါက်ပြီး ကစားမလား၊ ငြိမ်ငြိမ်လေးထိုင်ပြီး ကစားမလား၊ J'Funland Playground က ပျော်စရာအချိန်လေး ဖန်တီးပေးဖို့ အသင့်ပါပဲ 🤩

ဒါကြောင့် ငြိမ်ငြိမ်လေး ထိုင်ပြီး ကစားချင်တဲ့ သားသားမီးမီးလေးတွေအတွက်လည်း Lego အရုပ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်းနဲ့ ရောင်စုံဘလောက်တုံးဆောက်ခြင်းလို ကစားနည်းတွေ ထားရှိပေးထားတယ်လေ 💁🏻 ဒီကစားနည်းတွေက

✨ သားသားမီးမီးလေးတွေရဲ့ ညာဘက်ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးမြှင့်ပေးတယ်
✨ အတွေးအခေါ်တွေ ကောင်းစေပြီး ပြဿနာဖြေရှင်းနိုင်စွမ်းကို မြင့်စေတယ်
✨ တီတွင်ကြံဆမှု ကောင်းလာစေသလို စိတ်ရှည်သည်းခံနိုင်စွမ်းကိုလည်း တိုးစေမယ်
✨ သူငယ်ချင်းတွေနဲ့ အတူဆော့နိုင်လို့ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလာမယ်

ဟုတ်ပါတယ် ... ကစားရင်းနဲ့ သင်ယူနိုင်မယ့် ဒီလိုကစားနည်းလေးတွေ ရှိတဲ့အတွက် ကျောင်းပိတ်ရက်မှာ ပျော်ပျော်ပါးပါး လာရောက်ကစားလှည့်ပါလို့ 🖐️

30/09/2024

Sule Square Mall ကို ရောက်လာသူတိုင်းကို ဖမ်းစားနေတဲ့ နေရာလေး 🧸🤩

အရုပ်ချစ်သူတွေဆို ဒီနေရာလေးကို မဝင်ဘဲ Sule Square Mall ကနေ မပြန်ကြဘူးတဲ့။ J'Funland Playground ရှေ့က အရုပ်ကောက်စက်လေးတွေပေါ့

အရုပ်ကောက်ဖို့ စက် ၃ လုံးတောင် ထားရှိပြီး ၃ လုံးစလုံးမှာ ရှာရခက်တဲ့ အရုပ်လှလှလေးတွေကို အပြည့်ဖြည့်ပေးထားတယ်လေ။ ဒါကြောင့် Sule Square Mall ကို ရောက်ရင် ဒုတိယထပ်ကို သွားဖြစ်အောင် သွားပြီး အရုပ်လှလှလေးတွေ အရယူလိုက်ပါဦးလို့ 😍

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


The Move Shopping Mall , Mingalar Mandalay Car Packing , Ground Floor , 73rd Street , Between Thazin Street & NguShweWah Street , ChanMyaThazi Township
Mandalay
05041

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00