သတင်းထုတ်ပြန်ချက်
၂၀၂၆ခုနှစ်၊ မေလ ၁၆ရက်
၁။ ၂၀၂၆ခုနှစ်၊မေလ၁၃ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား (၁၂၀) ခန့်ပါစစ်ကောင်စီ စစ်ကြောင်းနှင့် ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတနေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
၂။ ထိတွေ့တိုက်ပွဲ (၂ )ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး (၃ )နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ (၄)ယောက် သေဆုံးပြီး အထိအခိုက်များနိုင်ပါသည်။ စစ်ကောင်စီဘက်မှ ကျည်အနည်းငယ်နှင့် စစ်အသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့ပါသည်။
၃။ အဆိုပါတိုက်ခိုက်မှုကို 21Bagan-People Defense Force၊ ပခုက္ကူခရိုင်Localတပ်ရင်း(PDLB) ၊ Good Brothers၊ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT နှင့် Bagan Garuda Force တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
မိဘပြည်သူများ အနေဖြင့်လဲ ယခုဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေများကို သတိရှိဖို့ အနူးညွှန့်ပန်ကြားအပ်ပါသည်။
#ပုဂံညောင်ဦးတပ်ပေါင်းစု
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
Highlight ⊕
21 BAGAN - People Defense Force
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 21 BAGAN - People Defense Force, Government Organization, Mandalay.
Local PDF
အရေးတော်ပုံ အောင်သည်အထိ ပြည်သူနှင့်အတူ တစ်သားတည်း ရပ်တည်သွားမည်။
ကျွန်ုပ်တို့ဆီမှ ထောက်ခံချက်ဖြင့် ထောက်ပို့တပ်သားအဖြစ် ကျွန်ုပ်တို့နှင့်အတူ တော်လှန်ရေးမှာ ပါဝင်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်ပါသည်။
ကျွန်ုပ်တို့ 21 Bagan တပ်ဖွဲ့နှင့်အတူ တိုက်ပွဲများကို အတူတကွ ပူးပေါင်းပြီး ပါဝင်ခဲ့ကြသော မဟာမိတ်တပ်ဖွဲ့များနှင့် ရဲဘော်ရဲဘော်များအားလုံးကို အထူးလေးစာလျှက်
#ပုဂံညောင်ဦးတပ်ပေါင်းစု
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
Highlight ⊕
30/04/2026
❤ ရဲဘော်ရဲဘက် ဆိုတာထက် ❤
🤍ငါတို့ဟာ ညီကိုတွေဆို ပိုမှန်မယ် 🤍
#ပုဂံညောင်ဦးတပ်ပေါင်းစု
Highlight ⊕
19/04/2026
💪
19/03/2026
ရန်သူက လက်နက်ကိုကြောက်တာမဟုတ်ဘူး
စည်းလုံးမှုကို ကြောက်တာ 💪
ပုဂံညောင်ဦး Local တပ်ပေါင်းစု ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာချက်။
#ပုဂံညောင်ဦးlocalတပ်ပေါင်းစု
#တပ်ပေါင်းစု
21 BAGAN - People Defense Force
Secret Force (ပုဂံ/ဂဠုန်တပ်)
Warrior Force
#ဒေါင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ (DYT)
19/03/2026
ပုဂံညောင်ဦး Local တပ်ပေါင်းစု ဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာချက်။
#ပုဂံညောင်ဦး
#ပုဂံညောင်ဦးlocalတပ်ပေါင်းစု
#တပ်ပေါင်းစု
21 BAGAN - People Defense Force
Secret Force (ပုဂံ/ဂဠုန်တပ်)
Warrior Force
#ဒေါင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ (DYT)
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
Highlight ⊕
https://www.facebook.com/share/1DNT7138z1/
❤ BAGAN ❤
#ပုဂံညောင်ဦး
#ငါ့သရောက်
ရဲဘော် ယက္ခ
Highlight ⊕
13/02/2026
13. 2. 2026 တွင် ကျရောက်သော
မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (111) နှစ်ပြည့်မွေးနေ့အား သတိရလွမ်းဆွတ်လျှက်။
21 BAGAN - People Defense Force
#ပုဂံညောင်ဦး
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ဖော်ဆောင်ချင်တယ်။
စစ်စခန်းတွေ တစ်ခုပြီးတစ်ခုသိမ်းချင်တယ်။
နင်းလိုက်တဲ့မြေတိုင်းမှာ တော်လှန်ရေးအောင်လံစိုက်ထူချင်တယ်။
ရဲဘော်တစ်ယောက်ချင်းစီတိုင်းကို မောင်းပြန်ကိုယ်စီနဲ့
အသက်လုံခြုံရေးပေးနိုင်မယ့် စစ်ချပ်ဝတ်တန်ဆာ တပ်ဆင်ချင်တယ်။
သို့သော်.....
ကျွန်ုပ်တို့ တပ်ဖွဲ့တွင် လစဥ်ထောက်ပို့ဝင်ငွေဟာ ကျည်(၅၀၀) ပင် ပြည့်အောင်ဝယ်မရဖြစ်နေသည်။
စစ်တိုက်ဖို့အတွက် ကျွန်တော်တို့အတွက် အမှန်တကယ်လိုအပ်သည်မှာ ေ-သ-န-တ် နဲ့ ကျည်ဖြစ်ပြီး ေ-သ-န-တ် နှင့် ကျည်ဝယ်ယူနိုင်ရေးအတွက် လိုအပ်သည်မှာ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူ/သားများ၏ ထောက်ပို့အလှုူငွေ ဖြစ်ပါသည်။
မိမိတို့နိုင်ငံရဲ့ ဒေသအများအပြား စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ခဲ့ခြင်းတွင် မြေပြင်တော်လှန်ရေး ရဲဘော်များနှင့်အတူ ပြည်တွင်းပြည်ပမှ ထောက်ပို့များသည်လဲ အဓိက နေရာမှ ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ထောက်ပို့ပြည်သူများအနေဖြင့် မိမိတို့တက်နိုင်သည့်ဘက်ကနေ တော်လှန်ရေး တပ်ဖွဲ့များထံသို့ အလှူငွေ ထောက်ပို့မှုများ ပံ့ပိုးပေးစေချင်ပါသည်။
ကျွုန်ုပ်တို့ 21 BAGAN - People Defense Force တပ်ဖွဲ့ ဖွဲ့သို့ အလှူငွေ ထောက်ပံ့မည်ဆိုပါက 21 bagan တပ်ဖွဲ့၏ Page Messager မှာ ဆက်သွယ်လှူဒါန်းလို့ရပါသည်။
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
#ပုဂံညောင်ဦး
#ငါ့သရောက်
08/02/2026
သတင်းထုတ်ပြန်ခြင်း။ ။
(8.2.2026) ရက် (၁၂:၃၀) အချိန်ခန့်တွင် ငါ့သရောက်စခန်းမှ အပြင်သို့ထွက်လာသော စ-ခ (၂) ကောင်အား စခန်းအဝအရောက်တွင် ကျွန်ုပ်တို့ 21 BAGAN - People Defense Force တပ်ဖွဲ့နှင့် ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့ (DYT)တို့မှ ပူပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ တစ်ကောင်မှာ နေရာတွင် ပွဲချင်းပြီး ေ-သကြောင်းနှင့် တစ်ကောင်မှာ ပြင်းထန်ဒဏ်ရာဖြင့် အသက်ငင်နေကြောင်း သိရပါသည်။
ပြည်သူများအနေဖြင့် စကစ နှင့်ပတ်သတ်သော နေရာများနှင့် ပတ်သတ်ဆက်နွယ်မှုမပြုလုပ်ရန်နှင့် စကစ တပ်သားများ ရှိရာနေရာများကို ဝေးဝေးမှ ရှောင်ရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
#ပုဂံညောင်ဦး
#ငါ့သရောက်
#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
#ရဲဘော်ယက္ခ
01/02/2026
ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့
ဒီနေ့ဟာ
တိုင်းပြည်ရဲ့ အနာဂါတ်တွေ
မျှော်လင့်ချက် အသက်ရူသံတွေကို
တစ်ချက်တည်းနဲ့ ဖိချိုးခံလိုက်ရတဲ့နေ့ • • •
အကြမ်းဖက်စစ်မိစ္ဆာတွေရဲ့
လူမဆန်တဲ့အာဏာသိမ်းမှုဟာ
တိုင်းပြည်ရဲ့အနာဂါတ်တွေ ၊
ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ
လူငယ်တွေရဲ့ အိမ်မက်တွေကို
ရိုက်ချိုးပစ်ခဲ့တယ် • • •
အဲဒီနောက်မနက်ခင်းတိုင်းမှာ
မသေသေးဘူးဆိုတာ သက်သေပြဖို့
စမ်းတဝါးဝါးနဲ့ လျှောက်လမ်းနေရတဲ့
လူငယ်တွေရဲ့ဘဝတွေဟာ
အနာဂါတ်ဆိုတာထက်
အသက်ရှင်သန်ဖို့တောင်ခက်ခဲခဲ့ကြတယ် • • •
လမ်းမပေါ်မှာ လက်ဗလာနဲ့ ငြိမ်းချမ်းစွာ
ဆန္ဒပြခဲ့ကြရင်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတယ် • • •
တောထဲဝင် လက်နက်ကိုင်တွန်းလှန်ခဲ့ကြတယ်
ဘယ်သူကမှအလွတ်တမ်း မစတေးခဲ့ဘူး
အားလုံးက တိုင်းပြည်ရဲ့မနက်ဖြန်အတွက်ပဲ • • •
ကျဆုံးသွားတဲ့ အသက်တွေ
ပျက်စီးသွားတဲ့ ဘဝတွေဟာ
အပြစ်သားတွေ မဟုတ်ဘူး
ဒီတိုင်းပြည်ကို ယုံကြည်လွန်းခဲ့တဲ့
လူငယ်ပညာတတ်တွေပါ • • •
ဒါကြောင့် ငါတို့တော်လှန်လူငယ်တွေဟာ
ဘယ်တော့မှ သွေးမအေးဘူး • • •
ငါတို့တော်လှန် လူငယ်တွေ ရှိသရွေ့
တော်လှန်သံ မငြိမ်ဘူး • • •
အာဏာရှင်ကျဆုံးရေးက ဆန္ဒမဟုတ်တော့ဘူး • • •
ဆုံးဖြတ်ချက်ပဲ • • •
ဘယ်သောအခါမျှ ကမ္ဘာမကြေဘူး • • •
#ကောင်းထက်ပြည့်စုံ
#ပုဂံညောင်ဦး
#ငါ့သရောက်
ရဲဘော် ယက္ခ
#ရဲဘော်ယက္ခ
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay
