မေတ္တာရပ်ခံ အကူညီတောင်းခံချက်
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန
မန္တလေးတိုင်း ၊ မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏
ကွပ်ကဲမှုအောက်တွင်ရှိသော ကျွန်တော်တို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် အရေးပေါ် လိုအပ်လျက်ရှိသော စားနပ်ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းဝယ်ယူနိုင်ရန် မိဘပြည်သူများထံ ညှိုးငယ်စွာဖြင့်
မေတ္တာရပ်ခံ အကူညီတောင်းခံအပ်ပါသည် ခင်ဗျာ။
ယခုအချိန်ကာလသည် မိဘပြည်သူများအနေဖြင့်
အခက်အခဲ အကျက်အတည်းများစွာဖြင့်
ရင်ဆိုင်ကြုံတွေ့နေရမည်ဆိုတာ သိရှိနားလည်သော်လည်း
ကျွန်တော်တို့တပ်ဖွဲ့သည် မိဘပြည်သူများ၏ ကူညီဝန်းရံမှုတစ်ခုတည်းနှင့်သာ ရပ်တည်နေရသောကြောင့် ယခုလို မိဘပြည်သူများထံ အကူအညီတောင်းခံရခြင်း
ဖြစ်ပါသည်။
ကျွန်တော်တို့တပ်ဖွဲ့သည် ပြီးခဲ့သော ၂၀၂၅ ခုနှစ်မှ စ၍
၂၀၂၆ ခုနှစ် ၂လပိုင်းကုန်သည်အထိ အဆင့်ဆင့်သော ကွပ်ကဲမှုများအောက်မှ မန္တလေးတိုင်း၏ စစ်မျက်နှာများဖြစ်သော မတ္တရာ ၊ သပိတ်ကျင်း ၊ တကောင်း အစရှိသော စစ်မျက်နှာအသီးသီးနှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းတွင်လဲ မဟာမိတ်များနှင့်အတူ စစ်ဆင်ရေးများကို
တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့သော တပ်ဖွဲ့တစ်ခုဖြစ်ပါသည်။
အဆိုပါ စစ်ဆင်ရေးများတွင် ကျွန်တော်တို့တပ်ဖွဲ့မှ ရဲဘော်အချို့ ရွံရွံချွန်ချွန် တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် လူထုအတွက် အသက်ပေးလှူခဲ့ရမှုများရှိသလို ထိခိုက်ဒါဏ်ရာရရှိမှုများနဲ့လဲ ကြုံတွေ့ခဲ့ရပါသည်။
ကျွန်တော်တို့သည် စစ်အာဏာရှင်စနစ် အမြစ်ပျက်ကျဆုံးသည်အထိ တိုက်ပွဲဝင် တော်လှန်သွားမည့်
တပ်ဖွဲ့ဖြစ်သောကြောင့် လိုအပ်လျက်ရှိသည့် ရိက္ခာနှင့်
ခဲယမ်းများ ဖြည့်တင်းဝယ်ယူနိုင်ရန်အတွက်
မိဘပြည်သူများထံ မေတ္တာရပ်ခံအကူအညီတောင်းခံရခြင်းဖြစ်ပါသည်။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
ချမ်းမြသာစည်မြို့နယ် ပကဖ - ရတနာပုံတပ်ဦး
မန္တလေးမြို့ပြတော်လှန်ရေးတပ်ဖွဲ့
23/05/2026
"ရဲဘော်များအတွက် ထောက်ပို့ထီ (အစောင် ၃၀) မေတ္တာလက်ဆောင် အစီအစဉ်"
အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့အတွက် တိုက်ပွဲဝင်နေသော ရဲဘော်ရဲဘက်များအတွက် ကျွန်တော်တို့၏ ချစ်ခင်လေးစားရပါသော တော်လှန်ပြည်သူတစ်ဦးမှတာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုသောအားဖြင့် ထောက်ပို့ထီ လက်မှတ် အစောင်(၃၀) ကို လှူဒါန်းပေးထားပါတယ်။
ဒီထီလက်မှတ်တွေကို ရဲဘော်တစ်ဦးလျှင် (၂) စောင်နှုန်း
ဖြင့် ရဲဘော် (၁၅) ဦးကို မေတ္တာလက်ဆောင်အနေဖြင့် ပြန်လည်ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ထောက်ပို့ထီကံစမ်းလိုတဲ့ ရဲဘော်များအနေနဲ့ ဒီ Post ရဲ့ Comment မှာ "ကံစမ်းပါတယ်" ဟု ရေးပေးရပါမည်။
ပထမဦးဆုံး Comment ရေးသူ (၁၅) ဦးကို ထောက်ပို့ထီများ ပေးပို့သွားမည်ဖြစ်ပါသည်။
ဒါ့အပြင် ရဲဘော်တွေကို ယခုလို လက်ဆောင်ပေးချင်တဲ့ ပြည်သူများအနေနဲ့လည်း ထီတစ်စောင်လျှင် နှစ်ထောင်ကျပ်နှုန်းဖြင့် "ရဲဘော်တွေကို ထောက်ပို့ထီ" လက်ဆောင်
ပေးပို့နိုင်ပါသည်။
ရဲဘော်တစ်ဦးချင်းစီအတွက် ထီလက်မှတ် ဝယ်ယူလှူဒါန်းလိုပါက ကျွန်တော့်တို့ရဲ့ "Page Chat Box" ကနေတစ်ဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
#ထောက်ပို့ထီ
#ရဲဘော်များအတွက်
#ပြည်သူ့မေတ္တာ
#ပြည်သူနှင့်ရဲဘော်
05/05/2026
"ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း
(၅)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ခြင်း"
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မန္တလေးတိုင်း)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မန္တလေးခရိုင်) ၏ ကွပ်ကဲမှုအောက်တွင်ရှိသော မိမိတို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်းမြသာစည်မြို့နယ်) သည် ၂၀၂၆ ခုနှစ် မေလ ၅ရက်နေ့တွင် ကျရောက်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
(၁) ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား
လွှင့်တင်ခြင်း
(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း
(၃) ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့သော ရဲဘော်များအား အလေးပြုခြင်း
(၄) သစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုခြင်း
(၅) ကာကွယ်ရေးဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း
(၆) ကတိသစ္စာပြုခြင်းနှင့် သစ္စာရေသောက်ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထို့အတူ မိမိတို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ချမ်းမြသာစည်မြို့နယ်)မှ ရဲဘော်များအားလုံးသည် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာချိန်အထိ မလျော့သော ဇွဲ လုံးလ ဝရိယတို့ဖြင့် ရွံရွံချွန်ချွန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
05/04/2026
“တော်လှန်ရေးရဲ့ အားအင်ကို ချိုးဖျက်နေတဲ့
မမြင်ရတဲ့ လက်နက်များ”
၂၀၂၁ ခုနှစ်မှ စတင်ခဲ့သော နွေဦးတော်လှန်ရေးသည် ပြည်သူလူထု၏ မျှော်လင့်ချက်၊ အာရုံစိုက်မှုနှင့် စွမ်းအားတို့ ပေါင်းစည်းထားသည့် အရေးတော်ပုံတစ်ရပ် ဖြစ်ခဲ့သည်။ အစပိုင်းတွင် ရဲဘော်အင်အား၊ ပြည်သူ့ထောက်ခံမှုနှင့် စိတ်ဓာတ်တို့ကို တက်ကြွစွာ မြင်တွေ့ရခဲ့သော်လည်း ၂၀၂၅ ခုနှစ် နောက်ပိုင်းတွင် တဖြည်းဖြည်း အင်အားကျဆင်းလာသည့် လက္ခဏာများ ထင်ရှားလာသည်။
ဤအခြေအနေ၏ အဓိကအကြောင်းရင်းများထဲတွင် social media အဆိပ်ခပ်မှုများနှင့် တာဝန်ယူမှု လျော့နည်းသည့် ခေါင်းဆောင်မှုများကို မဖြစ်မနေ ဆွေးနွေးရမည်ဖြစ်သည်။
၁။ Social Media မှ သတင်းအဆိပ်ခပ်မှု
(သတင်းအချက်အလက်များမှ စိတ်ဓာတ်ပျက်စီးခြင်းသို့)
Social media သည် တော်လှန်ရေးအစောပိုင်းတွင် အရေးပါသော လက်နက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ မမှန်သတင်းများ၊ စိတ်ဓာတ်စစ်ဆင်ရေး အကြောင်းအရာများ ၊အချင်းချင်း အပြစ်တင်မှုများ ၊ သပ်လျှိုသွေးခွဲပြောဆိုမှုများဖြင့် အနှောင့်အယှက်ဖြစ်လာစေသည်။
ဤ “အဆိပ်ခပ်မှု” သည် ရဲဘော်များ၏ စိတ်ဓာတ်ကို တဖြည်းဖြည်း လျော့ကျစေပြီး
“ဘယ်သူ့မှ ယုံကြည်လို့ မရတော့ဘူး” ဆိုသည့်
မယုံကြည်မှုစိတ်ဓာတ်ကို ဖန်တီးပေးခဲ့သည်။
အကျိုးဆက်အနေနဲ့ အဖွဲ့အစည်းအတွင်း ပေါင်းစည်းမှု လျော့နည်းလာခြင်း၊ လူသစ်ဝင်ရောက်မှု ကျဆင်းလာခြင်းနှင့် ရှိပြီးသား ရဲဘော်များပါ စိတ်ပျက်၍ ထွက်ခွာလာကြသည်။(အချို့သော အကြောင်းအရာများသည် မှန်ကန်သောသတင်းအချက်အလက် ဖြစ်သော်လည်း Social Mideaပေါ်၌ အလျင်မလိုဘဲ အခြေအနေ အချိန်ခါပေါ်၌ မူတည်ကာ ရေးသားတင်ဆက်ခြင်းသည် အထက်ပါအကြောင်းအရာများအား အကျိုးသက်ရောက်မှု လျော့နည်းနိုင်သည်ဟု ယူဆမိပါသဖြင့် သတိထား
ပြုမူလိုပါကြောင်း မေတ္တာရပ်ခံ တောင်းဆိုချင်သည်)
၂။ ခေါင်းဆောင်မှု (တာဝန်ယူမှု မရှိမှု၏ အန္တရာယ်)
တော်လှန်ရေးတစ်ခုအတွက် ခေါင်းဆောင်မှုက အဓိကဖြစ်သည်။ သို့သော်ဆုံးဖြတ်ချက်များ မရှင်းလင်းခြင်း ၊
တာဝန်ယူမှု မပြုခြင်း ၊ အောင်မြင်မှုကို ကိုယ်ပိုင်အဖြစ်ယူပြီး အရှုံးကို ရှောင်ရှားခြင်းတို့ကြောင့် အောက်ခြေရဲဘော်များတွင် မကျေနပ်မှုများ တိုးပွားလာသည်။
ရဲဘော်တစ်ယောက်အနေဖြင့်
“ငါတို့ဘာအတွက် တိုက်နေတယ်?”
“ဘယ်သူတွေက တကယ် တာဝန်ယူနေတာလဲ?”ဆိုသော မေးခွန်းများ တိုးလာသည်။
ဒီလို မေးခွန်းတွေ မဖြေရှင်းနိုင်သည့်အခါ
တော်လှန်ရေး၏ အဓိက အင်အားဖြစ်သော လူသားအရင်းအမြစ်စွမ်းအားသည် မတည်မြဲတော့ပဲ
ကျဆင်းလာသည်။
၃။ အင်အားလျော့နည်းမှု၏ အမှန်တရား
၂၀၂၅ခုနှစ်အလွန် ကာလတွင် မြင်တွေ့ရသော အင်အားလျော့နည်းမှုသည် လူဦးရေ လျော့သွားခြင်းသာ မဟုတ်
စိတ်ဓာတ် ၊ ယုံကြည်မှု ၊ ရည်ရွယ်ချက်တို့ လျော့နည်းသွားခြင်းဖြစ်သည်။
တော်လှန်ရေးတစ်ခုသည် လက်နက်တစ်ခုတည်းဖြင့်
မနိုင်နိုင်ပါ။
စိတ်ဓာတ်နှင့် ယုံကြည်မှု မရှိတော့လျှင်
ဘယ်လောက်အင်အားရှိရှိ တိုက်ခိုက်မှု မတည်မြဲနိုင်ပါ။
၄။ ဘာတွေ ပြန်လည်တည်ဆောက်ရမလဲ
'ဒီအခြေအနေကို ပြန်လည်ကယ်တင်ရန်'
(၁) သတင်းမှန် စစ်ဆေးမှု
*မမှန်သတင်းများကို မမျှဝေမီ စစ်ဆေးရန်*
*အချင်းချင်း မဖျက်ဆီးဘဲ တည်ဆောက်ရန်*
(၂) တာဝန်ယူမှုရှိသော ခေါင်းဆောင်မှု
*အမှားများကို လက်ခံနိုင်ခြင်း*
*အောက်ခြေရဲဘော်များ၏ အသံကို နားထောင်နိုင်ခြင်း*
(၃) ယုံကြည်မှု ပြန်တည်ဆောက်ခြင်း
*စကားလုံးမဟုတ်ဘဲ လုပ်ဆောင်ချက်ဖြင့် ပြသခြင်း*
မှတ်ချက်။ ။နွေဦးတော်လှန်ရေး၏ အင်အားလျော့နည်းမှုသည် အပြင်ဘက်မှ တိုက်ခိုက်မှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ အတွင်းပိုင်း ပြိုကွဲမှုများကြောင့်လည်း ဖြစ်ပေါ်နေသည်။
Social media အဆိပ်ခပ်မှုများနှင့် တာဝန်ယူမှု မရှိသော ခေါင်းဆောင်မှုများကို မပြင်ဆင်နိုင်ပါက တော်လှန်ရေး၏ အားအင်သည် အပြင်ဘက်ကြောင့်မဟုတ်ဘဲ အတွင်းကလှိုက်စားမှုများကြောင့် ပျက်စီးသွားနိုင်သည်။
သို့သော်….......
အမှန်တရားကို လက်ခံပြီး အမှားများကို ပြုပြင်နိုင်သည့်
အင်အားရှိနေသရွေ့ တော်လှန်ရေးသည် ပြန်လည်တည်ဆောက်နိုင်သော အခွင့်အရေး ရှိနေသေးကြောင်း တင်ပြလိုပါသည်။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
01/04/2026
ငါတို့ရဲ့ ခံယူချက်ဆိုတာ
ဦးခေါင်းမှာ ဆောင်းထားတဲ့
Helmet တစ်လုံးထက် များစွာ ခိုင်မာရမယ်
"ခက်ထန်တဲ့လေပြင်းမုန်တိုင်းတွေကြားထဲမှာတောင်
မလှုပ်မယှက် မယိမ်းယိုင်နိုင်တဲ့ သံမဏိတိုင်လိုမျိုး"
ငါတို့ရဲ့ ယုံကြည်ချက်ဆိုတာ
ခန္တာကိုယ်မှာ ဝတ်ဆင်ထားတဲ့
ကျဥ်ကာတစ်ထည်ထက် ပိုမိုခိုင်မာရမယ်
"မမြင်ရတဲ့ အကြမ်းအတမ်းတွေကြားထဲမှာတောင်
မကျိုးမပဲ့နိုင်တဲ့ စိတ်စွမ်းအားလိုမျိုး"
ငါတို့ရဲ့ စိတ်ဓာတ်တွေဆိုတာ
ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့
အိမ်မက်တွေကို ဆက်လက်ရှင်သန်စေမယ့်
"မီးမငြိမ်းတဲ့ အလင်းတိုင်ဖြစ်ရမယ်"
ငါတို့ရဲ့ ခြေလှမ်းတိုင်းဟာ
ကိုယ့်အတွက် မဟုတ်ဘဲ
တိုင်းပြည်ရဲ့ မနက်ဖြန်အတွက်
ပြည်သူလူထုရဲ့ အနာဂါတ်အတွက်
"အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းတွေ ဖြစ်ရမယ်"
#ပြည်သူကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
12/03/2026
"သတင်းထုတ်ပြန်ကြေငြာချက်"
မိမိတို့တပ်ဖွဲ့၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် ပြန်ကြားရေးတာဝန်ခံဖြစ်သော ရဲဘော်အသေးလေးအား တာဝန်မှ ရပ်နားခွင့်ပြုကြောင်းနှင့် လစ်လပ်လျက်ရှိသော ပြန်ကြားရေးတာဝန်ခံ တာဝန်အား ရဲဘော် မိုက်ခဲမှ
ပြောင်းလဲ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း
ထုတ်ပြန်ကြေငြာအပ်ပါသည်။
မိမိတို့ တပ်ဖွဲ့၏ သတင်းအချက်အလက်များအား သိရှိလိုပါက ရဲဘော်မိုက်ခဲထံ၌ ဆက်သွယ်စုံံစမ်းနိုင်ပါသည်။
ရဲဘော်မိုက်ခဲ၏ Fb Acc Link 👇👇👇
https://www.facebook.com/share/1KTDNRn113/
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
09/03/2026
"တစ်ရက်စာ အဟာရဒါန အလှူရှင်"
'တွန်းအားမှတစ်ဆင့် မီးငယ်မွေးနေ့အလှူ'အဖြစ်
ထမင်း တစ်ရက်စာ အသားဟင်းများနှင့်
မုန့် ၊ အချိုရည်များအား
'အဟာရဒါန'အဖြစ် ပါဝင်ကူညီပေးမှုအတွက်
မိမိတို့ တပ်ဖွဲ့ဝင်များအားလုံးမှ
ကျေးဇူးအများကြီးတင်ရှိပါကြောင်း
မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ယခုလို ပါဝင်ကူညီပေးပါသော
'တွန်းအား နှင့် မွေးနေ့ရှင် မီးငယ်'တို့အား
ကျွန်တော်တို့ ချမ်းမြသာစည်မြို့နယ် ပ.က.ဖ -
(ရတနာပုံတပ်ဦး)မှ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပါစေကြောင်း
ဆုမွန်ကောင်းတောင်အပ်ပါသည် ခင်ဗျာ။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
#ပြန်ကြားရေးတာဝန်ခံ
08/03/2026
"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
(International Women’s Day)" အတွက်
တော်လှန်ရေးအဖွဲ့အစည်းများအတွင်းရှိ
အမျိုးသမီးများအား ဂုဏ်ပြုဆောင်းပါး
မတ်လ (၈) ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းရှိ
အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အားထုတ်မှုများနှင့် အခွင့်အရေးများကို ဂုဏ်ပြုသည့်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါသည်။
ယနေ့ကာလတွင် အမျိုးသမီးများသည် လူမှုဘဝ၊ နိုင်ငံရေး၊ ပညာရေးနှင့် အခြားကဏ္ဍများစွာတွင်
အရေးပါသော အခန်းကဏ္ဍများကို ထမ်းဆောင်နေကြပြီး တော်လှန်ရေးလှုပ်ရှားမှုများအတွင်း၌လည်း
အဓိက အင်အားတစ်ရပ်အဖြစ် ရပ်တည်နေကြပါသည်။
တော်လှန်ရေးအဖွဲ့အစည်းများအတွင်းရှိ
အမျိုးသမီးများသည် ရဲစွမ်းသတ္တိ၊ သည်းခံမှုနှင့်
အနာဂတ်အပေါ် မျှော်လင့်ချက်တို့ဖြင့် တိုင်းပြည်၏ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက်
ကြိုးပမ်းနေကြသူများ ဖြစ်ပါသည်။
သူတို့သည် ကာကွယ်ရေးတပ်များမှစ၍
ဆေးဝန်ထမ်း၊ ပညာရေး၊ သတင်းအချက်အလက်ပေးသူ၊
ပြည်သူ့အကျိုးပြုလုပ်ငန်း၊ စည်းရုံးရေးလုပ်ငန်းများတွင်ပါဝင်သူများအထိ အခန်းကဏ္ဍမျိုးစုံတွင်
တာဝန်ထမ်းဆောင်လျက်ရှိကြပါသည်။
အခက်အခဲများ၊ စိန်ခေါ်မှုများကြားတွင်ပင် မိမိတို့၏ ယုံကြည်ချက်နှင့် အနာဂတ်မျှော်လင့်ချက်ကို
မပျောက်ပျက်စေဘဲ တိုင်းပြည်အတွက်
တာဝန်ယူဆောင်ရွက်နေကြသော အမျိုးသမီးများ၏ သတ္တိနှင့် အားထုတ်မှုများသည်
လေးစားဂုဏ်ယူဖွယ် ဖြစ်ပါသည်။
သူတို့၏ အားထုတ်မှုများသည် တော်လှန်ရေးလှုပ်ရှားမှုကိုသာမက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ပါ အားဖြည့်ပေးနေပါသည်။
ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တော်လှန်ရေးအဖွဲ့အစည်းများအတွင်းရှိ အမျိုးသမီးများအားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။
သူတို့၏ ရဲရင့်မှု၊ စွမ်းအားနှင့် အားထုတ်မှုများသည် အနာဂတ်မျိုးဆက်များအတွက် လှုံ့ဆော်မှုတစ်ရပ် ဖြစ်နေမည် ဖြစ်ပါသည်။
အမျိုးသမီးများ၏ အခန်းကဏ္ဍသည် မည်သည့်အခါမျှ
မလျော့နည်းသင့်ပဲ လူ့အဖွဲ့အစည်းတစ်ရပ်၏ တိုးတက်မှုအတွက် မရှိမဖြစ် အင်အားတစ်ရပ် ဖြစ်ပါသည်။
ထို့ကြောင့် အမျိုးသမီးများ၏ အားထုတ်မှုများကို ဆက်လက်လေးစားတန်ဖိုးထားကာ တန်းတူညီမျှမှုနှင့် တရားမျှတမှုရှိသော အနာဂတ်ကို အတူတကွ တည်ဆောက်သွားကြရန် လိုအပ်ပါသည်။
“အမျိုးသမီးများ၏ သတ္တိနှင့် စွမ်းအားသည် အနာဂတ်ကို ပြောင်းလဲစေနိုင်သော အင်အားတစ်ရပ် ဖြစ်နိုင်သည်”
ထို့ကြောင့် တော်လှန်ရေးကာလတွင် အခန်းကဏ္ဍအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသော
အမျိုးသမီးများအား ဤဆောင်းပါးဖြင့်
မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
02/03/2026
"သတင်းထုတ်ပြန် ကြေငြာခြင်း"
စာအမှတ်။ ။ ၂ / ၂၀၂၆
ရက်စွဲ ။ ။၂၀၂၆ ခုနှစ် မတ်လ ၂ရက်
အကြောင်းအရာ။ ။ မိမိတို့ ရတနာပုံတပ်ဦးသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ချမ်းမြသာစည်မြို့နယ်
(ရတနာပုံတပ်ဦး)အဖြစ် ပူးပေါင်းတာဝန်ထမ်းဆောင်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
#ပြန်ကြားရေးတာဝန်ခံ
#ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချမ်း/စည်)
#ရတနာပုံတပ်ဦး
06/02/2026
"၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလရဲ့ ပထမအပတ်အတွင်း
ထောက်ပို့လှူဒါန်းပေးပါသော အလှူရှင်များ၏
ဂုဏ်ပြုမှတ်တမ်းများအား ထုတ်ပြန်ကြေငြာချက်"
အမ ရွှေဂျူးမှ တစ်ဆင့်
" နောင်တကင်းမဲ့လူသားများ"(နိုင်ငံတကာရောက်)အဖွဲ့မှ အလှူငွေ - ၂၀၀,၀၀၀ိ/- (နှစ်သိန်းကျပ်)တိတိ နှင့်
"မှန်မှန် + ပန်ပန်" (ဇနီးမောင်နှံ)မှ
"ခြေအိတ်နှင့် အတွင်းခံဘောင်းဘီများ"ကို
လက်ခံရရှိကြောင်း ကြေငြာအပ်ပါသည်။
ယခုလို ထောက်ပံ့လှူဒါန်းပေးပါသော
အလှူရှင်များအား ကျွန်တော်တို့ "ရတနာပုံတပ်ဦး"၏
ရဲဘော်များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း
အသိပေးအပ်ပါသည်။
#ပြန်ကြာရေးတာဝန်ခံ_ရဲဘော်အသေးလေး
#ရတနာပုံတပ်ဦး
Click here to claim your Sponsored Listing.
Location
Category
Website
Address
Mandalay
