Brahmaso Library Mandalay

Brahmaso Library Mandalay

Share

Helping those who seek knowledge

22/03/2026

ဂျပန်စာရေးဆရာ Keigo Higashinoရဲ့ NewComerကို ဆရာဖြိုးကျော် ဘာသာပြန်ထားပြီး “လူသစ်”ဆိုတဲ့ အမည်နဲ့ စာအုပ်အသစ်ထွက်လာပါတယ်။

တိုကျိုမြို့ရဲ့ ရိုးရာရပ်ကွက်ဖြစ်တဲ့ နိဟွန်းဘာရှီ ရပ်ကွက်သစ်ကို ပြောင်းရွှေ့ခံရတဲ့ မှုခင်းစစ်ရဲ ကာဂါ ကျိုအိချိရို ဖော်ထုတ်ရတဲ့ မှုခင်းတစ်ခုရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ကာဂါ နယ်မြေအသစ်ကို ရောက်ပြီး မကြာခင်မှာပဲ အမျိုးသမီးတစ်ယောက်ဟာ သူ့နေအိမ်တိုက်ခန်းထဲမှာပဲ အသတ်ခံလိုက်ရတဲ့ အမှုတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ အစမှာတော့ ရိုးရှင်းတဲ့ အမှုလို့ ထင်ရပေမယ့် စုံစမ်းစစ်ဆေးတဲ့အခါမှာတော့ ကာဂါဟာ အပေါ်ယံမြင်ရတဲ့ သက်သေတွေကိုပဲ ကြည့်ပြီး ကောက်ချက်ချတတ်တဲ့သူမဟုတ်တာကြောင့် အမှုဟာ ထင်သလောက်မရိုးရှင်းပါဘူး။

ဒီနေရာမှာ ကာဂါရဲ့ စိတ်နေစိတ်ထားဟာ အရေးကြီးပါတယ်။ သူက အမှုလိုက်ရာမှာ အေးဆေးတည်ငြိမ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းအပြည့်ရှိတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး အပေါ်ယံသက်သေကြည့်ပြီး ကောက်ချက်ချတာထက် လူတွေဘာကြောင့် ဒီလိုပြုမူကြတယ်ဆိုတာကို ပိုပြီးအာရုံစိုက်တတ်တဲ့ နက်နက်ရှိုင်းရှိုင်းစာနာတတ်သူ ဖြစ်ပါတယ်။

ဒီဝတ္ထုဟာ လူသတ်သမားကို ရှာဖွေဖို့တစ်ခုတည်းကို ဦးတည်ထားတာမဟုတ်ဘဲ သာမာန်လူတွေရဲ့ ဘဝတွေထဲမှာရှိတဲ့ မမြင်နိုင်တဲ့ အခက်အခဲတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေကြားက လျှို့ဝှက်ချက်၊ သေးငယ်တဲ့နားလည်မှုအလွဲလေးတွေကနေ ကြီးမားတဲ့အကျိုးသက်ရောက်မှုဖြစ်ရပုံတွေနဲ့ အထီးကျန်မှု၊ စိတ်ခံစားချက်များ ဝေးကွာမှုနဲ့ သာမန်ဘဝတွေထဲ ပုန်းကွယ်နေတဲ့ ကြင်နာနွေးထွေးမှုစတဲ့ ခံစားမှုတွေ၊ ဖြစ်ရပ်တွေများစွာနဲ့ ဖွဲ့စည်းထားပါတယ်။

ဆရာဖြိုးကျော်က လှူဒါန်းပေးထားတဲ့အတွက် စာအုပ်လေး စာကြည့်တိုက်ကို ရောက်လာပါပြီ။ အသစ်ထွက်တိုင်း သတိတရ ပေးပို့တဲ့အတွက် ဗြဟ္မစိုရ်စာကြည့်တိုက်က ဆရာ့ကို ကျေးဇူးတင်ပါတယ်။ စာကြည့်တိုက်အသုံးပြုသူ စာဖတ်သူများ လာရောက်ငှါးရမ်းဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

~ဗြဟ္မစိုရ်စာကြည့်တိုက် (မန္တလေး)

Photos from Brahmaso Library Mandalay's post 17/01/2026

ချစ်သမီးထံသို့/ ပါရဂူ

နောင်အခါ လွတ်လပ်‌တဲ့ အိန္ဒိယနိုင်ငံတော်ရဲ့ ဝန်ကြီးချုပ် ဖြစ်လာမဲ့ နိုင်ငံရေးသမား ဂျဝါဟာလာ နေရူးကို နိုင်ငံရေးခေါင်းဆောင်အဖြစ်နဲ့သာ လူသိများကြပြီး ‌နေရူးက နိုဘယ်‌ဆုရ အိန္ဒိယစာဆို ရာဝိန္ဒြာနတ်တဂိုးလို ကမ္ဘာကျော် စာရေးဆရာတယောက် ဖြစ်တာကို သိသူ နည်းကြပါတယ်။ နေရူးက တဂိုးလို ကဗျာဆရာမဟုတ်ဘဲ သမိုင်းပညာရှင်၊ နိုင်ငံရေးတွေးခေါ်ပညာရှင် စာရေးဆရာတယောက်ပါ။ ဗြိ‌တိသျှ အင်ပါယာ လက်အောက်ခံဘဝက လွတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့၊ ထောင်အကြိမ်ကြိမ်ကျခဲ့တဲ့ ‌နေရူးက ဗြိတိသျှကိုလိုနီအကျဉ်းသားဘဝမှာ သူ့ရဲ့ သမီးလေး အင်ဒီရာဂန္ဒီထံကို ပေးစာတွေ ရေးခဲ့ပါတယ်။ အဲဒီ ပေးစာတွေကို စာအုပ်အနေနဲ့ စုစည်းထုတ်ဝေလိုက်တော့ Letters From A Father To His Daughterဆိုတဲ့ ကမ္ဘာကျော် စာအုပ်တအုပ် ဖြစ်လာပါတယ်။ စကြဝဠာကြီး၊ ကမ္ဘာမြေ၊ တိရစ္ဆာန်၊ လူ၊ ဘာသာစကား၊ ယဉ်ကျေးမှုတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာကို ဖခင်တယောက်က ကလေးတယောက် နားလည်လွယ်အောင် လွယ်ကူရှင်းလင်းတဲ့ အင်္ဂလိပ်ဘာသာနဲ့ ပြောပြထားတာပါ။ ဒီစာအုပ်ကိုပဲဆရာပါရဂူက မြန်မာဘာသာပြန်ထားတာ ဖြစ်ပါတယ်။

နေရူးရဲ့ စာအရေးအသား ကောင်းမကောင်း ဒီစာကောက်နှုတ်ချက်ကို မြည်းစမ်းကြည့်ပါ။ လူ့အဖွဲ့အစည်း အစက မျိုးနွယ်စုခေါင်းဆောင်ကနေ ဘုရင် ဖြစ်လာပုံကို နေရူးက အင်ဒီရာလေးကို အခုလို ရှင်းပြပါတယ်။
"ခေါင်းဆောင်လုပ်သူ၏ ကုလားထိုင်(ဝါ)အလုပ်သည် ရိုးရာဆက်ခံခြင်းသဘော ဖြစ်လာသည့်အခါတွင် သို့မဟုတ် သားက အဖေ၏ အရိုက်အရာကို ဆက်ခံသည့် သဘောမျိုး ဖြစ်လာသည့်အခါတွင် ၎င်းတို့နှင့် ဘုရင်သည် မည်သို့မျှ ထူးခြားချက် မရှိတော့ပေ။ သူသည်ပင် တဖြည်းဖြည်း ဘုရင်ဖြစ်လာပြီးလျှင် ဘုရင်၏ ဦးနှောက်တွင် တိုင်းပြည်နိုင်ငံများအတွင်းရှိ ပစ္စည်းဥစ္စာဟူသမျှ ငါပိုင်ချည်းသာဖြစ်၏ ဟူသော အတွေးထူးအတွေးဆန်းမျိုး ပေါ်ပေါက်လာလေတော့၏။ သူသည် သူ့ကိုယ်ကို တိုင်းပြည်နိုင်ငံ တခုလုံးဖြစ်၏ဟု ထင်မှတ် ယူဆလာလေ‌၏။ နာမည်ကျော် ပြင်သစ်ဘုရင်တဦးက 'ငါသည်သာလျှင် နိုင်ငံတော်ဖြစ်၏'ဟု ပြောဖူးလေသည်။ ဘုရင်တို့သည် လူတို့က သူတို့အား စီမံခန့်ခွဲရန်အတွက်နှင့် တိုင်းပြည်နိုင်ငံအတွင်းရှိ စားသောက်ဖွယ် အစားအစာများနှင့် အခြားသောပစ္စည်းဝတ္ထုများကို လူအပေါင်းအား ခွဲဝေပေးရန်အတွက်သာလျှင် ရွေးကောက်တင်မြှောက်ထားကြသည်ဟူသော အချက်ကို မေ့လျော့သွားကြလေသည်။ ထိုလူမျိုးစု သို့မဟုတ် တိုင်းနိုင်ငံတွင် အသိဉာဏ်ဗဟုသုတ အရှိဆုံး၊ အတွေ့အကြုံ အများဆုံးပုဂ္ဂိုလ်ဖြစ်၏ဟု ထင်မှတ်ယူဆပြီး သူတို့ကို ရွေးကောက်တင်မြှောက်ထားကြသည်ဟူ‌သော အချက်ကိုလည်း သူတို့ မေ့ပျောက်သွားကြလေသည်။ သူတို့သည် 'ငါတို့က အရှင်သခင်ဖြစ်ပြီး တိုင်းပြည်နိုင်ငံအတွင်းရှိ လူအားလုံးက အစေခံကျွန်ဖြစ်သည်'ဟု ထင်မှတ်လာခဲ့ကြသည်။ အမှန်စင်စစ်ကတော့ သူတို့ကသာလျှင် တိုင်းပြည်နိုင်ငံ၏ ကျွန်အစေခံ ဖြစ်လေသည်။"

နေရူးမျိုးဆက်ဖြစ်တဲ့ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ ဆိုနီယာဂန္ဒီတို့က အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေ ဖြစ်လာခဲ့ကြပါတယ်။ ဒီလို စိတ်သဘောထားရှိသူ ဖခင်တယောက်ကနေ ဆင်းသက်လာပြီး ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းခံရတဲ့ မျိုးဆက်က ဒီလို လူတော်တွေ ဖြစ်လာတာပါပဲ။
ဒီစာအုပ်လေးကိုတော့ ကျွန်တော်တို့ ဗြဟ္မစိုရ်စာကြည့်တိုက်မှာ အသင်းဝင်ထားပြီး အခမဲ့ ငှားရမ်း နိုင်ပါတယ်ဗျ။ အသင်းဝင်တာနဲ့ စာအုပ်ငှားတာက ၁၀၀% အခမဲ့ ဖြစ်ပါတယ်။

Location-62,33,34ကြား၊ ချမ်းအေးသာစံမြို့နယ်၊ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းအတွင်း။
https://maps.app.goo.gl/VRZ4AJeoAs1eLDTX6

Phone number: 09-794711344
Opening hours-8:30AM-5PM
ဂေဇက်ဝင် ရုံးပိတ်ရက်ကလွဲရင် နေ့တိုင်း ဖွင့်ပါတယ်။ စနေ၊ တနင်္ဂ‌နွေ Weekendရက်တွေမှာလည်း စာကြည့်တိုက် ဖွင့်ပါတယ်။

03/10/2025

မိသားစုထဲမှာ ပဋိပက္ခတွေ ရှိတတ်ကြပါတယ်။ နီးနီးကပ်ကပ်နေထိုင်ကြရတဲ့ လူတွေရဲ့ သဘာဝပါ။ ဒါပေမဲ့ ပုံမှန်ရှိတတ်တဲ့ ပဋိပက္ခတွေက နေ့စဉ် ဒေါသနဲ့ငေါက်ငမ်းအားပြိုင်ရတဲ့ အခြေအနေတွေကို ပြောင်းလဲသွားတဲ့အချိန်မှာ မိသားစုဝင်တွေဟာ တစ်ဦးကိုတစ်ဦး စိတ် နာကျင်စေမှု (တခါတရံ ခန္ဓာကိုယ်နာကျင်မှု) စတင်ဖြစ်ပေါ်လာပါပြီ။ ဒေါသစိတ်က မိသားစု ထဲမှာ စိမ့်ဝင်ပြန့်နှံနေပြီဆိုရင် ဒီကိစ္စကို တခုခုလုပ်ဖို့အချိန်တန်နေပါပြီ။

ကျွန်မတို့ရဲ့ စဉ်းစားပုံ၊ ခံစားပုံနဲ့ ပြုမူပုံတွေကို ကျွန်မတို့ ကြီးပြင်းလာတဲ့ မိသားစုထဲမှာပဲ သင်ယူခဲ့ကြတာပါ။ အဲဒီ ယုံကြည်မှုတွေကို စိန်ခေါ်တဲ့အခြေအနေ/ပြောင်းလဲစေတဲ့ အခြေအနေ တွေ မကြုံတွေ့ကြရဘူးဆိုရင် ဒါတွေကို နောက်မျိုးဆက်တွေနဲ့ သူတို့ရဲ့မိသားစုတွေထံ အရှိ အတိုင်းပဲ လက်ဆင့်ကမ်းလိုက် ကြပါတယ်။

(မိသားစု ကောင်းဆဲလင်း၊ နှာ- ၁၅ဝ)

“ရင်းရင််းနှီးနှီး နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်း” စာအုပ်ကလေး စာကြည့်တိုက်သို့ ရောက်ရှိလာပါပြီ။ စာကြည့်တိုက်လုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်ပြီးစီးပြီး စာကြည့်တိုက်အသုံးပြုသူများလက်ထဲသို့ အမြန်ဆုံးထည့်ပေးနိုင်ရန် လုပ်ဆောင်နေပါတယ်။

မေတ္တာဖြင့် လှူဒါန်းပေးပါသော စာရေးသူ မောင်လင်း (ဆရာဦးစိန်လင်း) အား ဗြဟ္မစိုရ်စာကြည့်တိုက်မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Photos from Brahmaso Library Mandalay's post 21/08/2025

-ဗြဟ္မစိုရ်စာကြည့်တိုက်တွင် စာအုပ်အသစ်များရောက်ရှိ

21.8.2025 (Thursday)

စိတ်ကူးချိုချိုစာအုပ်တိုက်၏ ၂၆နှစ်ပြည့် စျေးရောင်းပွဲတော်တွင် စာဖတ်သူများ တောင်းဆိုသော စာအုပ်များနှင့် စာကြည့်တိုက်တွင် လိုအပ်နေသော စာအုပ် စုစုပေါင်း (၆၉) အုပ်၊ တန်ဖိုး ၇၄၀,၂၅၀ ကျပ်ဖိုးကို ဝယ်ယူခဲ့ပါတယ်။

ကျသင့်သော ငွေကြေးတန်ဖိုးအားလုံးကို ပညာဒါနစာအုပ်အလှူအဖြစ် ဒေါက်တာပြုံးပြုံးသန်း မိသားစုက တာဝန်ယူ လှူဒါန်းပေးသည့်အတွက် ဗြဟ္မစိုရ်စာကြည့်တိုက်မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။
အလှူရှင် မိသားစု စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပြီး အန္တရာယ်ကင်း အေးချမ်းသာယာပါစေ။

ရောက်ရှိထားသော စာအုပ်များထဲမှ တချို့တဝက်အား စာကြည့်တိုက်လုပ်ငန်းအဆင့်ဆင့် လုပ်ဆောင်ပြီးစီး၍ စင်ပေါ်သို့ ရောက်ရှိပြီဖြစ်ပါသဖြင့် စာဖတ်သူများ လာရောက်ငှါးရမ်းဖတ်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

စာအုပ်စာရင်းအား အောက်တွင် ကြည့်ရှုနိုင်ပါတယ်။

Photos from Brahmaso Library Mandalay's post 29/05/2025

We’re Hiring!

ဗြဟ္မစိုရ်စာကြည့်တိုက်တွင် ခန့်ထားရန် ဝန်ထမ်း (၃) ဦး အလိုရှိပါသည်။
စာကြည့်တိုက်လုပ်ငန်းတွင် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ ၆၂လမ်း ၃၃ နှင့် ၃၄ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး သို့ လူကိုယ်တိုင်ဖြစ်စေ၊
Viber No. 09966962278 သို့ဖြစ်စေ CV form ပေးပို့လျှောက်ထားနိုင်ပါသည်။

22/04/2025

ကနေ့ (၂၂.၄.၂၀၂၅) မှ စတင်၍ ဂေဇက်ရက်များမှ အပ ပိတ်ရက်မရှိ စာကြည့်တိုက် ပြန်ဖွင့်ပါပြီ။
စာအုပ်များ ပြန်လည် လာရောက်ဖတ်ရှု၊ ငှါးရမ်းနိုင်ပါပြီ။

-ဗြဟ္မစိုရ်စာကြည့်တိုက် (မန္တလေး)

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


62th Street, Between 33rd And 34th St
Mandalay

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00