Ĥñïñ SeȚ-hh

Ĥñïñ SeȚ-hh

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ĥñïñ SeȚ-hh, Library, phanlay, Mandalay.

13/07/2020

ငါတို့နှစ်ယောက်လက်ထပ်ပီးတဲ့အခါ💏

🎀ယောက္ခမဖြစ်တဲ့နင့်မိဘအိမ်ရော
ငါ့မိဘအိမ်မှာရော ငါမနေနိုင်ဘူး.
ကိစ္စတခုခုဖြစ်လာတိုင်းဘယ်သူ့မျက်နှာကြည့်နေရလို့ဆိုတဲ့အရှိန်အဝါအောက်မှာ…
နင်ရောငါရောမွန်းကျပ်မှာစိုးလို့ပါ.
ကိုယ်ပိုင်အိမ်လေးနဲ့မနေနိုင်သေးရင်တောင်
အိမ်လေးငှါးပီးသီးသန့်နေကြမယ်လေ…

🎀မနက်စောစောနင်စားဖို့အတွက်…
မနက်စာငါပြင်ဆင်ပေးနေတဲ့အချိန်မှာ…
နင်ကတံမြက်စည်းလေးလှည်းပေးပေါ့…

🎀နင်ရောငါရောအလုပ်လုပ်နေရတဲ့အတွက်…
ဘယ်သူပဲအရင်ဆုံးပြန်လာလာ နောက်ကျမှရောက်တဲ့သူကို…
ရေအေးလေးတခွက်နဲ့ကြိုပီး
နဖူးလေးပေါ်နမ်းလို့အမောဖြေကြမယ်လေ…

🎀ညစာကိုငါချက်ပြုတ်ပြင်ဆင်ပီးတဲ့အချိန်မှာ…
နင်ကထမင်းဝိုင်းကိုကူပြင်ပေးပီး…
ငါကစားသောက်ပီးပန်းကန်ဆေးနေတဲ့အချိန်မှာ…
နင်ကထမင်းဝိုင်းလေးသိမ်းပေးပေါ့

🎀နင်ရောငါရောအလုပ်ပိတ်တဲ့နေ့တွေမှာ…
ငါအဝတ်လျှော်မယ်လေ …
နင်ကဝိုင်းလှန်းပေးပေါ့…

🎀အလုပ်ကိစ္စနဲ့နင်အပြင်သွားလို့…
အချိန်ကြာတဲ့အခါ ငါစိတ်မပူရအောင်…
တကူးတကဖုန်းမခေါ်ဘဲ…
မက်ဆေ့လေးပို့ထားပေးရင်ပဲရပါပီ…
ငါလဲအဲ့လိုပဲ လုပ်ပါ့မယ်…

🎀ငါဘယ်အချိန်ပဲဖုန်းဆက်ဆက်…
နင်အတတ်နိုင်ဆုံးကိုင်ပေးပါ…
မကိုင်အားလောက်တဲ့အထိ…
အရေးကြီးနေရင် I'll call you laterလေးတော့ပြန်ပို့ပေးပါ…

🎀နင်အလုပ်ကနေအိမ်ပြန်လာလို့ ပင်ပန်းလာတဲ့အခါ …
အမြင်မတော်တာတွေ့ခဲ့ရင် ငါ့ကိုမအော်ငေါက်ပါနဲ့…
ငါလဲအလုပ်မှာပင်ပန်းလာတာပဲလေ…

🎀အလုပ်ကိစ္စပဲဖြစ်ဖြစ် …
ခံစားချက်တခုခုပဲဖြစ်ဖြစ် …
မျိုသိပ်မထားပါနဲ့…ငါ့ကိုပြောပြပါ…
၅ခုလောက်မှာ၃ခုလောက်တော့…
ငါဖြေရှင်းပေးနိုင်ပါတယ်…

🎀နင့်ရဲ့စိတ်ဘယ်အခြေအနေလဲ…
ငါသိအောင်လုပ်နေသလို နင်လဲငါဘာဖြစ်နေလဲ သိအောင်ကြိုးစားပါ…

🎀ငါ့ကြောင့်နဲ့နင်မျက်နှာပျက်ရမဲ့…
ကိစ္စမရှိအောင် ငါနေထိုင်မှာမို့ …
နင့်ကြောင့်နဲ့ ငါမျက်နှာမငယ်ရအောင်…
နင်လဲနေပေးပါ…

🎀လက်ထပ်ပီးဆိုထဲက…
မောင်တထမ်းမယ်တရွက်ဆိုပီး…
ရင်ဆိုင်ကြမယ်ဆုံးဖြတ်ထားတာပဲလေ…

ငါကချက်ပြုတ်လျှော်ဖွတ်နေတဲ့အချိန်မှာ နင်ကဂိမ်းဆော့အပြင်သွားနေမယ်ဆို နင်ယူထားတဲ့…
နင့်ဇနီးငါက အိမ်ဖော်မှမဟုတ်တာ…

နင်ကအလုပ်တွေလုပ်ပင်ပန်းနေတဲ့အချိန်မှာ ငါကတီဗွီကြည့်…သူများအိမ်မှာ
အတင်းတုတ်ပီးလျှောက်လည်နေမယ်ဆို…
ငါယူထားတဲ့ငါ့ခင်ပွန်းနင်က အလုပ်သမားမှမဟုတ်တာ…

အလုပ်တခုကိုသူ့အလုပ်ကိုယ့်အလုပ်မကန့်တွက်ဘဲ
၂ယောက်ခွဲလုပ်တော့ပိုပီးမြန်ရင် စောစောအနားယူလို့ရတဲ့အပြင် ရန်ဖြစ်စရာလဲမရှိတော့ စိတ်လဲချမ်းသာတာပေါ့.

🎀ခင်ပွန်းဖြစ်တဲ့နင်က…
ငါ့ကိုမျက်နှာအညိုမခံဖူးဖူးမှုတ်ချစ်ပီး…
ဂရုစိုက်အလိုလိုက်တန်ဖိုးထားမယ်ဆိုရင်…
ဇနီးဖြစ်တဲ့ငါက…
နင့်ကိုအလေးထားပီး
အရိပ်တကြည့်ကြည့်နဲ့မြတ်နိုးအားကိုးမှာဘာ

😘😘😘😘😘

26/09/2019

ဘ၀ဆို​တာ ရုပ်​ရှင်​လိုဘဲ
ဇာတ်​ဆရာအလိုကြ ဇာတ်​ခုံ​ပေါ်မှာ
ကပြရတာ

14/09/2019

ငါ့အသက်​ရှင်​​နေသ၍
နင့်​ကိုငါချစ်​သွားမယ်
ငါ့ရဲ့​နောက်​ဆုံး​နေ၀င်​ချိန်​ထိ
ချစ်​သွားမှာပါ💔💔💔💔

21/07/2019
21/07/2019

ပဲခူးမှာ
မိုးခြိမ်း​နေပြီး
ဘီယာဆိုင်​ဒိုးရ​အောင်
Bff😁😁😁

08/07/2019

ဟိတ်​​ယျောင့်​ co co
မိန်းက​လေး တိုင်းကို
ဖော်​​ဖော်​​ရွေ​ရွေ မဆက်​ဆံနဲ့
ဒီကသ၀န်​တိုရလွန်းလို့
အသက်​တို​တော့မယ်
ကြားလား😠😠😠😠

01/07/2019

ငါချစ်​တာနင်
နင်​ချစ်​တာဟိုမသာမတဲ့လား

25/06/2019

😔😔😔😔
ငါကနာကျင်​မှန်းသိရက်​နဲ့
နိရဲ့လက်​တစ်​စုံကိုဘဲ
ဆုပ်​ကိုင်​ထားမိတာ
ငါ့အမှားမှန်းသိပါတယ်

18/06/2019

မင်းနဲ့အတူ​ရှေ့ဆက်​မယ်
မင်းမပါတဲ့လမ်းငါမ​လျှောက်​ဘူးချစ်​သူ

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phanlay
Mandalay