21/05/2026
🔍 စောစီးစွာ စစ်ဆေးခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံး ကာကွယ်ကုသမှုပါ။
🔍 မှန်ပြောင်းကြည့်စစ်ဆေးခြင်းဖြင့်-
✔️ အူမကြီးအကြိတ်များ
✔️ အူလမ်းကြောင်းရောင်ရမ်းခြင်းများ
✔️ သွေးယိုခြင်း
✔️ ကင်ဆာဖြစ်နိုင်သည့် မူမမှန်သောအခြေအနေများ
✔️ အခြားသော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို တိကျစွာ စစ်ဆေးရှာဖွေနိုင်ပါသည်။
အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို အချိန်မီ စစ်ဆေးကုသမှု မပြုလုပ်ပါက ပိုမိုပြင်းထန်သော ရောဂါများအဖြစ် ပြောင်းလဲနိုင်သလို ကုသရန်ခက်ခဲသည့် အခြေအနေများသို့ ရောက်ရှိနိုင်တာကြောင့် “မန္တလာဆေးရုံ” Endoscopy Center သို့ အချိန်မီ လာရောက် စစ်ဆေးကုသလိုက်ပါ။
🏥 “မန္တလာဆေးရုံ” Endoscopy Center ၏ အားသာချက်များ
🔹 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများမှ ကိုယ်တိုင် စစ်ဆေးကုသပေးခြင်း
🔹 နောက်ဆုံးပေါ် Olympus 190 Series Endoscopy စက်ကြီးကို အသုံးပြုထားခြင်းကြောင့် IBM Mood Technology ဖြင့် ကင်ဆာဆဲလ်ဖြစ်နိုင်သော နေရာများကိုပါ ကြိုတင်ခန့်မှန်း သိရှိနိုင်ခြင်း
🔹 စစ်ဆေးစဉ်အတွင်း နာကျင်မှုနှင့် မအီမသာဖြစ်မှုများ လျော့နည်းစေရန် မေ့ဆေးနှင့် ထုံဆေးများ အသုံးပြု၍ သက်သောင့်သက်သာ ဝန်ဆောင်မှုပေးခြင်း
🔹 Endoscopy လုပ်ငန်းစဉ်အတွေ့အကြုံပြည့်ဝသော ကျွမ်းကျင်သူနာပြုများမှ စနစ်တကျ စောင့်ရှောက်ပေးခြင်း
🔹 စစ်ဆေးစဉ် ရိုက်ကူးထားသော ဓာတ်ပုံမှတ်တမ်းများနှင့် ဆေးကုသမှုမှတ်တမ်းများကို အသေးစိတ် စီစဉ်ပေးခြင်း
🔹 စစ်ဆေးမှုပြီးဆုံးပါက ဆရာဝန်ကြီးကိုယ်တိုင် ရလဒ်များ၊ တွေ့ရှိချက်များနှင့် ဆက်လက်ကုသရမည့် နည်းလမ်းများကို အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခြင်းတို့ ဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ အစာအိမ်၊ အူလမ်းကြောင်းနှင့် အူမကြီးဆိုင်ရာ ရောဂါလက္ခဏာများကို စောစီးစွာ သိရှိနိုင်ရန် “မန္တလာဆေးရုံ” Endoscopy Center တွင် ယုံကြည်စိတ်ချစွာ လာရောက်စစ်ဆေးနိုင်ပါပြီ။
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
"မန္တလာဆေးရုံ"
☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641
🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
20/05/2026
🧑⚕️ဆရာမကြီး Dr. AADITHYA ကိုယ်တိုင် ဆွေးနွေးပေးသွားမယ့် FREE Video consultation Program (Free Teleconsultation) ကြီးတွင် ပါဝင်ဆွေးနွေးလိုပါက-
📥Mandalar Hospital Page Messenger
☎️ Hotline Ph No- 09 4000 94015 သို့ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးနိုင်ပါတယ်ရှင် 💜
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
"မန္တလာဆေးရုံ"
🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
📣အခမဲ့ဆွေးနွေးနိုင်မယ့် အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ📣
သင့်ရဲ့ မျက်နှာအစိတ်အပိုင်းတွေကို ပိုပြီး လှပအောင် ပြုပြင်လိုပါသလား?
ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမာရွတ်နဲ့ မီးလောင်ဒဏ်ရာတွေက်ို ပျောက်ကင်းအောင် ကုသလိုပါသလား?
🤷♀️ အထက်ပါ အချက်တွေကြောင့် စိတ်ညစ်နေရင်တော့ ဘာမှ မပူတော့နဲ့နော် 💁♀️
ကျွန်မ တို့ရဲ့ “ ချယ်ရီမြေဆေးရုံ” တွင် အိန္ဒိယနိုင်ငံမှ နာမည်ကြီး အလှအပနှင့် ပလတ်စတစ်ဆာဂျရီ အထူးကုဆရာမကြီး Dr. Aadithya နှင့် လစဉ်လတိုင်း လာရောက်ဆွေးနွေးကုသမှုများ ပြုလုပ်နိုင်ပါပြီရှင် 🫶🏻
ဒါ့အပြင် အထူးအစီအစဉ်အနေနဲ့ ဆရာမကြီးကိုယ်တိုင် ပါဝင်ဆွေးနွေးပေးသွားမယ့် FREE Video Consultation Program ကြီးလည်း ရှိနေပါပြီ 📣
မိမိ သိလိုတဲ့ အလှအပဆိုင်ရာ ကုသမှုများကို အိမ်ကနေ အဆင်ပြေပြေ တိုက်ရိုက် ဆွေးနွေးမေးမြန်းနိုင်မှာဖြစ်ပါတယ် 💬✨
📌 ဆရာမကြီးနှင့် ဆွေးနွေးနိုင်မယ့် ကုသမှုများမှာ -
✅ အလှမျက်ရစ်ဖော်ခြင်း၊ အသက်အရွယ်ကြောင့် မျက်ခွံတွဲကျခြင်းအား ပြုပြင်ခွဲစိတ်ခြင်း
✅ နှာတံနိမ့်၊ နှာခေါင်းပွ၊ နှာခေါင်းလုံးသူများအတွက် နှာခေါင်းအလှ ပြုပြင် ခွဲစိတ်ခြင်း
✅ နှုတ်ခမ်းပြုပြင် ခွဲစိတ်ခြင်း
✅ မေးစေ့ပြုပြင် ခွဲစိတ်ခြင်း
✅ ဗိုက်အဆီစုပ်ထုတ်ခြင်း
✅ မျက်နှာအရေပြား လျော့ကျခြင်းအား ပြန်လည်တင်းရင်းစေသော ခွဲစိတ်ကုသမှုများ
✅ ရင်သားစီလီကွန်ထည့်ခြင်း နှင့် ရင်သားတွဲကျခြင်းအား ပြုပြင်ခြင်း
✅ အမျိုးသားများ ရင်အုပ်ကြွက်သား ပြန်လည်ပြုပြင်ခြင်း
✅ အသားပို၊ မှဲ့များ ခွဲစိတ်ဖြတ်ထုတ်ခြင်း စတဲ့ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကုသမှုများကို ဆွေးနွေးတိုင်ပင်နိုင်မှာဖြစ်ပါတယ်။
✔️ FREE Teleconsultation အစီအစဉ်ကြီးဟာ လူဦးရေ ကန့်သတ်ထားခြင်းမရှိပေမယ့် ရက်အကန့်အသတ်ရှိတာကြောင့် အမြန်ဆုံး အောက်ဖော်ပြပါ-
👉Cherry Land Hospital page Messenger
👉 Hotline Ph No- 09 4000 94015 သို့ ဆက်သွယ်ပြီး ကြိုတင်စာရင်းပေးထားဖို့တော့ လိုအပ်ပါတယ်နော်…
ဒါကြောင့် သင့်မျက်နှာနှင့် ခန္ဓာကိုယ်ကို Perfect ဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့စဉ်းစားနေတယ်ဆိုရင်တော့ ဒီအခွင့်အရေးကြီးကို လုံးဝ လက်လွှတ်မခံဖို့ တိုက်တွန်းရင် ပါဝင်ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်ရှင်…
ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ ချယ်ရီမြေ ”
ဆက်သွယ်ရန်
“ ချယ်ရီမြေဆေးရုံ ”
☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 09 4000 94015
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ်(၂၉၁) ၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။
19/05/2026
📣 Job Vacancy Announcement, We’re Hiring 📣
🏥 “မန္တလာဆေးရုံ” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။
✅ Benefits & Perks
- Attractive Salary
- Medical discount according to the organization’s policy
- Leave according to the organization's policy
-Learn for personal and professional development at all time
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
18/05/2026
🤰ကိုယ်ဝန်ဆောင်မေမေတို့အတွက် အထူးအရေးကြီးတဲ့ ရွေးချယ်မှုတစ်ခုကတော့ ရင်သွေးငယ်လေးများမွေးဖွားချိန်တွင်-
👉 ဆေးရုံရွေးချယ်မှု မှန်ကန်ဖို့နဲ့
👉 Package ရွေးချယ်မှု မှန်ကန်ဖို့ အရေးကြီးပါတယ်။
👶 မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့အတွက် “မန္တလာဆေးရုံ” ရဲ့ Maternity Packagesများကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်တော့နော်…
🤱 မိခင်နှင့်ကလေးအတွက် လုံခြုံစိတ်ချရသော “မန္တလာဆေးရုံ” ၏ ကလေးမွေးဖွားခြင်း အစီအစဉ်များ ( Maternity Packages )
🌼 Package A
🗓️ ၂ ညအိပ် ၃ ရက် ခွဲစိတ်မွေးဖွားခြင်း ( 2Nights 3Days Package ) အတွက် - 1,000,000 ကျပ်
🚪Room Type - Standard Room
🌼 Package B
🗓️ ၃ ညအိပ် ၄ ရက် ခွဲစိတ်မွေးဖွားခြင်း ( 3Nights 4 Days Package ) အတွက် - 1,200,000 ကျပ်
🚪Room Type - Deluxe Room, Superior Deluxe Room
🌼 Package C
🗓️ ၃ ညအိပ် ၄ ရက် ခွဲစိတ်မွေးဖွားခြင်း ( 3Nights 4 Days Package ) အတွက် - 1,700,000 ကျပ်
🚪Room Type - Royal Suite Room, Comfort Suite Room
🤰 Package ထဲမှာ ဘာတွေ ပါဝင်လဲ?
✅ ခွဲစိတ်ခန်း အသုံးပြုမှု
✅ မမွေးဖွားခင်နှင့် မွေးဖွားပြီး အသုံးပြုသော ဆေးဝါးများနှင့် ပစ္စည်းများ
✅ ရွေးချယ်ထားသော Package အလိုက် အခန်းနှင့် ဝန်ဆောင်မှုများ
✅ မိခင်နှင့်ကလေးအတွက် ဆရာဝန်၊ သူနာပြုများ၏ (၂၄) နာရီ စောင့်ရှောက်မှု
✅ မိခင်အတွက် ကျန်းမာရေးညီညွတ်သော အစားအသောက်များ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
✅ မွေးစာရင်း ပြုလုပ်ရန် ကူညီဆောင်ရွက်ပေးခြင်း
✅ ကလေးအတွက် B ပိုးကာကွယ်ဆေး (ပထမအကြိမ်) ထိုးပေးခြင်းတို့ ပါဝင်ပါတယ်။
🤔ဘာကြောင့် “မန္တလာဆေးရုံ” ရဲ့ Maternity Packages ကိုရွေးချယ်သင့်လဲ?
✔️ ကျွမ်းကျင်သော သားဖွားမီးယပ်အထူးကုများမှ မီးဖွားပေးခြင်း
✔️ မိခင်နှင့် ကလေးအတွက် အပြည့်အဝ စောင့်ရှောက်မှုများပေးခြင်း
✔️ သန့်ရှင်းလုံခြုံပြီး စိတ်ချရသော ဆေးရုံပတ်ဝန်းကျင်ရှိခြင်း
✔️ Package တစ်ခုတည်းနဲ့ အကုန်လုံး ပြည့်စုံမှုရှိခြင်းတို့ကြောင့် ရွေးချယ်သင့်ပါတယ်ရှင်…😍
🤱 ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေတို့ရဲ့ ရင်သွေးငယ်လေးများကို လုံခြုံစိတ်ချစွာ ကြိုဆိုနိုင်ဖို့အတွက် “မန္တလာဆေးရုံ” ရဲ့ Maternity Packages များကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါပြီ…🧒 💜
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
"မန္တလာဆေးရုံ"
☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641
🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
17/05/2026
🌍 World Hypertension Day 2026 ~ ကမ္ဘာ့သွေးတိုးရောဂါ အထိမ်းအမှတ်နေ့ 🌍
မေလ (၁၇) ရက်နေ့ကို ကမ္ဘာ့သွေးတိုးရောဂါ အထိမ်းမှတ်နေ့ (World Hypertension Day) အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝှမ်းတွင် သွေးတိုးရောဂါကာကွယ်ရေးအတွက် အသိပညာပေးပွဲများ နှစ်စဉ်ပြုလုပ်ကျင်းပလေ့ရှိကြပါတယ်။
သင့်အနေဖြင့် သွေးတိုးရောဂါ ကာကွယ်နိုင်ရန် ……
✅ နေ့စဉ် သွေးပေါင်ချိန်တိုင်းပေးပါ။
✅ အဆီ၊ အငံလျှော့စားပါ။
✅ နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။
✅ အရက်နှင့် ဆေးလိပ် သောက်ခြင်းကို ရှောင်ကြဉ်ပါ။
✅ စိတ်ဖီစီးမှုကို လျှော့ချပါ။
✅ အစိမ်းရောင်ရှိသော အသီးနှံများကိုစားသုံးပါ။
✅ ရေများများသောက်သုံးပါ။
✅ ကျန်းမာရေး စစ်ဆေးခြင်းကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။
ယခု 2026 ခုနှစ် World Hypertension Day ရဲ့ ဆောင်ပုဒ်လေးကတော့ "Controlling Hypertension Together!" ဖြစ်ပြီး “သွေးတိုးရောဂါကို အတူတကွ ထိန်းချုပ်ကြစို့!” ဟု အဓိပ္ပါယ်ရပါတယ်။
ဒါကြောင့် သွေးတိုးရောဂါဖြစ်ပွါးမှုနှုန်းကို အတူတကွ ထိန်းချုပ်ကာကွယ်ရင်း မန္တလာဆေးရုံတွင် သွေးတိုးရောဂါရှင်များအတွက် အထွေထွေအထူးကု သမားတော်ကြီးများနှင့် နေ့စဉ်လာရောက်ပြသနိုင်နေပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း (Medical Check Up) များကို (၂၄) နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်…
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
"မန္တလာဆေးရုံ"
☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641
🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
15/05/2026
📣 Job Vacancy Announcement, We’re Hiring 📣
🏥 “မန္တလာဆေးရုံ” တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာအတွက် ခေါ်ယူလျက်ရှိပါသည်။
💼 General Purchaser - 1 Post
🔷 Department- Material Management
🔷Employment Type - Full-Time
✅ Qualifications
• Proven work experience as a Purchasing Officer, Purchasing Agent or similar role.
• Hands-on experience with purchasing software.
• Understanding of supply chain procedures.
• Good Knowledge on general and mini-mart items.
• Good knowledge of MS Office.
• Good knowledge of market research, along with solid analytical skills to make sure you’re identifying the most profitable offers.
• Good knowledge of vendor sourcing practices (researching, evaluating and liaising with vendors)
✅ Benefit Package:
• Attractive Salary
• Medical Benefit
• Leave as per organization's policy
• Loyalty Bonus
• Personal and Professional Development
▶️ Apply by sending your CV form to the email below 👇
📧 Email : [email protected]
📞 Phone & Viber : 09 799 529 965
14/05/2026
📣 Job Vacancy Announcement, We’re Hiring 📣
မန္တလေးမြို့ “မန္တလာဆေးရုံ” တွင် တာ၀န်ထမ်းဆောင်ရန် “HR Manager/ HR Assistant Manager” ရာထူးနေရာများအတွက် ခေါ်ယူလျက်ရှိပါသည်။
✅ Requirements
• Bachelor’s Degree in HR or related field
• 5+ years HR experience
• 3+ years in HR managerial role
• Hospital/healthcare background required
• Knowledge of recruitment, labor law, payroll, training, and performance management
• Good leadership and communication skills
✅ Benefit Package:
• Attractive Salary
• Medical Benefit
• Leave as per organization's policy
• Accommodation Provided
• Loyalty Bonus
• Personal and Professional Development
▶️ Apply by sending your CV form to the email below 👇
Email :[email protected]
Phone & Viber: 09799529965
12/05/2026
🌍💉 World Nurses Day အထိန်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ သူနာပြုများအား ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခဲ့သော Event ပွဲမှ အမှတ်တရပုံရိပ်လေးများကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်ရှင် 👩⚕️👨⚕️
လူနာများ၏ ကျန်းမာရေးအတွက် အမြဲစိတ်ရှည်စွာ စောင့်ရှောက်ပေးနေကြသော သူနာပြုများ၏ မေတ္တာ၊ စေတနာနှင့် အနစ်နာခံမှုများကို လေးစားဂုဏ်ပြုရင်း “Thank You All Nurses” ဆိုတဲ့ ဂုဏ်ပြုစကားလေးကို ထပ်မံချီးကျုးဂုဏ်ပြုရင်း ပွဲအတွင်း ပျော်ရွှင်ဖွယ်ရာ အမှတ်တရပုံရိပ်များနှင့်အတူ သူနာပြုဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှုများ ပိုမိုတိုးပွားစေခဲ့တဲ့ အခိုက်အတန့်ကောင်းလေးများကိုလည်း ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်… ❤️
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
"မန္တလာဆေးရုံ"
☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641
🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။
11/05/2026
Hantavirus Virus (ဟန်တာဗိုင်းရပ်စ်) ဆိုတာ ကြွက်အမျိုးနွယ်ဝင် တိရိစ္ဆာန်များကနေတစ်ဆင့် လူသို့ကူးစက်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးပါ။
အထူးသဖြင့် ကြွက်အညစ်အကြေး၊ ဆီး၊ တံတွေးတို့မှာ ဗိုင်းရပ်စ်ပိုးများရှိနေနိုင်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လူကို ကူးစက်နိုင်ပါတယ်။
🦠 ဘယ်လိုကူးစက်နိုင်သလဲ❓
✅ ကြွက်ဆီး၊ အညစ်အကြေးများ ခြောက်သွားပြီး ဖုန်မှုန့်
အဖြစ် လေထဲပျံ့နေချိန်တွင် လေကိုရှူရှိုက်မိခြင်း
✅ ကြွက်များနှင့် အညစ်အကြေးများကို ကိုင်တွယ်ပြီး လက်မဆေးဘဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်း၊ ကိုင်တွယ်မိခြင်း
✅ ဗိုင်းရပ်စ်ပိုးပါရှိနိုင်သော အစားအစာ၊ ရေတို့ကို စားသောက်မိခြင်း
✅ ကြွက်ကိုက်ခံရခြင်း(ရှားပါးပေမယ့် ဖြစ်နိုင်ပါတယ်) တို့မှ တစ်ဆင့် ကူးစက်နိုင်ပြီး
⚠️ လူမှလူသို့ ကူးစက်မှုကတော့ အလွန်ရှားပါးပါတယ်။
⚠️ Hantavirus Virus(ဟန်တာဗိုင်းရပ်စ်) ကူးစက်ခံထားရလျှင် တွေ့ရမယ့် လက္ခဏာများ
အစပိုင်းတွင်-
▪️ ဖျားခြင်း
▪️ ကိုယ်လက်ကိုက်ခဲခြင်း
▪️ ခေါင်းကိုက်ခြင်း
▪️ ပင်ပန်းနွမ်းနယ်ခြင်း
▪️ အန်ခြင်း၊ ဝမ်းလျှောခြင်း
နောက်ပိုင်းမှာတော့-
▪️ အသက်ရှူရခက်ခြင်း
▪️ အဆုတ်ထဲရေဝင်ခြင်း
▪️ သွေးပေါင်ကျခြင်း
▪️ ကျောက်ကပ်၊ အဆုတ် ထိခိုက်ခြင်းတို့အထိ ပြင်းထန်လာနိုင်တဲ့ ကူးစက်ရောဂါဖြစ်လို့ အချိန်မီ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။
🛡️ ဘယ်လိုကာကွယ်နိုင်မလဲ
✅ အိမ်နှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားပါ
✅ ကြွက်ဝင်နိုင်သော အပေါက်များကို ပိတ်ဆို့ထားပါ
✅ အစားအစာများကို အဖုံးပိတ်၍ စနစ်တကျသိမ်းဆည်းပါ
✅ ကြွက်အညစ်အကြေးများကို သန့်ရှင်းရာတွင်-
👉ပိုးသတ်ဆေးကို အသုံးပြုပါ
👉Mask တပ်ပါ
👉လက်အိတ်များကို အသုံးပြုပေးပါ
✅ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အကယ်၍ သင့်မှာ ဖျားခြင်း၊ အသက်ရှူရခက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတွေ ဖြစ်လာပါက ဆေးရုံကို အမြန်ဆုံး သွားရောက်စစ်ဆေးသင့်ပါတယ်နော်…
လက်ရှိမှာ ဟန်တာဗိုင်းရပ်စ်အတွက် သီးသန့် ကာကွယ်ဆေး မရှိသေးတာကြောင့် “ကြွက်နှင့် တိုက်ရိုက်ထိတွေ့မှုများ၊ တစ်ဆင့်ခံထိတွေ့မှုများကို လျှော့ချခြင်း” က အထိရောက်ဆုံးကာကွယ်ရေးနည်းလမ်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် Hantavirus Virus(ဟန်တာဗိုင်းရပ်စ်) ဖြစ်ပွါးမှုဟာ မရှိသလောက်နည်းပါးသေးတယ်ဆိုပေမယ့် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် မပေါ့ဆဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင့် 📣
“သင်နှင့် သင့်မိသားစုကျန်းမာရေးအတွက် အမြဲအသင့်ရှိနေမှာ မန္တလာ”
"မန္တလာဆေးရုံ"
☎️ ဖုန်းနံပါတ် - 09 423 343 640, 09 423 343 641
🏥 လိပ်စာ - ၃၃လမ်း၊ ၆၈ လမ်း နှင့် ၆၉ လမ်းကြား၊ မန္တလေးမြို့။