01/05/2026
✅ ဒီကနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" လေးမှာရန်ရှောင်ကွင်း အလုပ်သမားများနှင့်တကွ ကမ္ဘာပေါ်က လုပ်သားပြည်သူအားလုံး ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကာ လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ရန်ရှောင်ကွင်းမှတောင်းဆုပြုလိုက်ပါတယ် ခင်ဗျာ..🎉
#ရန်ရှောင်ကွင်း
30/04/2026
"မင်္ဂလာရှိသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ညောင်ရေသွန်းလောင်း ကုသိုလ်ယူခြင်းနှင့် အနားယူခြင်းများ ပြုလုပ်နိုင်ရန်အတွက် ဧပြီလ (၃၀) ရက်နေ့မှ မေလ (၃) ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။
#ရန်ရှောင်ကွင်း #ကဆုန်လပြည့်နေ့ #ရုံးပိတ်ရက်
17/04/2026
မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ…
ဒီလို နှစ်သစ် အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်ဝကာ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးပြီး သာယာလှပတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ရန်ရှောင်ကွင်းမိသားစုကနေ နှစ်သစ်ဆုတောင်းပေးလိုက်ပါတယ်ရှင့်...🙏🏻
#နှစ်သစ်ဆုတောင်း #ရန်ရှောင်ကွင်း
15/04/2026
နွေရာသီမှာ ဖြစ်ပွားတဲ့ မီးလောင်မှုက
တခြားရာသီတွေထက်ပိုပြီး များပြားပါတယ်။
မီးလောင်မှုအကြိမ်ရေ များပြားရတဲ့ အကြောင်းအရင်းတွေကတော့
၁။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု
✅နွေရာသီမှာ အပူချိန် အဆမတန် မြင့်တက်တဲ့အတွက် ပတ်ဝန်းကျင်က အရာဝတ္ထုတွေဟာ အလိုအလျောက် ပူပြင်းခြောက်သွေ့နေတတ်ပါတယ်။ ဒီလိုခြောက်သွေ့နေတဲ့ မြက်ခြောက်တွေ၊ သစ်ရွက်ခြောက်တွေဟာ မီးပွားအနည်းငယ် ထိရုံနဲ့တင် အလွယ်တကူ မီးကူးစက်လောင်ကျွမ်းနိုင်တဲ့ လောင်စာတွေ ဖြစ်သွားတတ်ပါတယ်။
၂။ လျှပ်စစ်ပစ္စည်းများ အသုံးများခြင်းနှင့် အပူလွန်ကဲခြင်း
✅အပူဒဏ်ကြောင့် ပန်ကာ၊ လေအေးပေးစက် (𝐀𝐢𝐫𝐜𝐨𝐧) တွေကို တစ်နေကုန် အဆက်မပြတ် ဖွင့်ထားကြတဲ့အခါ လျှပ်စစ်ဝါယာကြိုးတွေ အပူလွန်ကဲ (𝐎𝐯𝐞𝐫𝐡𝐞𝐚𝐭) ပြီး 𝐒𝐡𝐨𝐫𝐭 𝐂𝐢𝐫𝐜𝐮𝐢𝐭 ဖြစ်ကာ မီးလောင်တတ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်အား မနိုင်တဲ့အတွက် ဝါယာကြိုးတွေ အရည်ပျော်ပြီး မီးစတင်လောင်ကျွမ်းတာမျိုးတွေလည်း ရှိပါတယ်။
၃။ ပေါ့ဆမီးများ
✅နွေရာသီမှာ လေပြင်းတိုက်ခတ်မှု ရှိတတ်တဲ့အတွက် လူတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်တဲ့ မီးတွေဟာ ပိုပြီး ဘေးအန္တရာယ်ကြီးပါတယ်။ ဥပမာ -
မီးကြွင်းမီးကျန်တွေကို သေချာမငြှိမ်းသတ်တာ၊
ခြောက်သွေ့နေတဲ့ မြက်ခင်းတွေထဲ စီးကရက်တို လွှင့်ပစ်တာနဲ့ ခြင်ဆေးခွေ၊ ဖယောင်းတိုင်မီးများမှတစ်ဆင့် မီးလောင်တာတွေဖြစ်တတ်ပါတယ်။
၄။ မီးဖိုချောင်သုံး ဂတ်စ်အိုးနှင့် လောင်စာဆီများ
✅နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်ကြောင့် ဂတ်စ်အိုး (𝐋𝐏𝐆) တွေအတွင်းမှာ ဖိအား (𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞) များလာတတ်ပြီး ဂတ်စ်အိုးမှာ ယိုစိမ့်မှုရှိနေရင် ဒါမှမဟုတ် နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ထားမိရင် ပေါက်ကွဲမှု ၊ မီးလောင်မှု ဖြစ်ပွားတတ်ပါတယ်။
၅။ လေပြင်းတိုက်ခတ်ခြင်း
✅နွေဦးနဲ့ နွေရာသီမှာ တိုက်ခတ်တဲ့ လေပြင်းတွေဟာ မီးပွားလေးတစ်ခုကို ဝေးလံတဲ့နေရာထိ လွင့်စင်သွားအောင် သယ်ဆောင်ပေးနိုင်သလို၊ လောင်နေတဲ့မီးကိုလည်း ပိုမိုကြီးထွားအောင် လေက ထောက်ပံ့ပေးသလို ဖြစ်နေတတ်ပါတယ်။
ဒီလိုအချက်တွေကြောင့် နွေရာသီမှာဆိုရင် အသက်ကို ထိခိုက်စေမယ့် မီးအန္တရာယ်ကို ပိုပြီး သတိထားရမှာဖြစ်သလို
သေချာလေးဂရုစိုက်မှသာ မဖြစ်သင့်တဲ့ ဆုံးရှုံးမှုတွေမဖြစ်ဘဲ နွေရာသီမှာ မီးဘေးအန္တရာယ်ကိုရှောင်ရှားနိုင်မှာဖြစ်တဲ့အကြောင်း ရန်ရှောင်ကွင်းက မျှဝေပေးလိုက်ပါတယ်။...🧯
📞𝟎𝟗-𝟐𝟎𝟏𝟎𝟔𝟐𝟑( 𝐡𝐨𝐭𝐥𝐢𝐧𝐞)
📞𝟎𝟗-𝟐𝟓𝟗𝟎𝟒𝟗𝟕𝟓𝟓(𝐯𝐢𝐛𝐞𝐫)
𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐭𝐢𝐦𝐞𝐬 - 𝟗𝐚𝐦 𝐭𝐨 𝟓𝐩𝐦
‼️တနင်္ဂနွေနေ့တိုင်းနှင့် အစိုးရရုံးပိတ်ရက်အတိုင်း ရုံးပိတ်ပါသည်။
🏡၃၈လမ်း၊ ၇၈လမ်းနှင့် ၇၉လမ်းကြား၊ မဟာအောင်မြေမြို့နယ် မန္တလေးမြို့။
#𝐃𝐂𝐏 #𝐝𝐫𝐲𝐜𝐡𝐞𝐦𝐢𝐜𝐚𝐥𝐩𝐨𝐰𝐝𝐞𝐫 #𝐠𝐚𝐬 #𝐟𝐢𝐫𝐞𝐞𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 #ရန်ရှောင်ကွင်းနဲ့၅နှစ်တာမီးဘေးရန်မှကာကွယ်ပါ #𝐬𝐚𝐟𝐞𝐭𝐲 #𝐟𝐢𝐫𝐞𝐡𝐚𝐳𝐚𝐫𝐝 #မီးဘေး #မီးလောင်မှု #မီးပေါ့ဆမှု #မီးသတ် #မီးဘေးအန္တရာယ်
#မီးသတ်ဆေးဘူး #ရန်ရှောင်ကွင်း #𝐲𝐬𝐤 #𝐟𝐢𝐫𝐞𝐟𝐢𝐠𝐡𝐭𝐞𝐫
#မီးသတ်ဆေး #𝐟𝐢𝐫𝐞𝐞𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫
13/04/2026
မန္တလေးနွေရဲ့ အပူရှိန်အောက်မှာ မီးဘေးအန္တရာယ်က စက္ကန့်ပိုင်းအတွင်း ကြီးမားတဲ့ ဆုံးရှုံး မှုတွေ
ဖြစ်ပေါ်စေနိုင်ပါတယ် 🔥
မီးစတင်လောင်ကျွမ်းချိန်မှာ ဝန်ထမ်းတွေက
ပြာပြာယာယာနဲ့ ထွက်ပြေးမိရင် မီးက
မလိုအပ်ဘဲ ပိုကြီးသွားတတ်ပါတယ် 👥
ဒါကြောင့် "ရန်ရှောင်ကွင်း" က စက်ရုံ၊ အလုပ်ရုံတွေအတွက် ရည်ရွယ်ပြီး လက်တွေ့မီးသရုပ်ပြလေ့ကျင့်ခြင်း (Professional Fire Drill Service) ကို
ဝန်ဆောင်မှုပေးနေပါတယ် 🤗
🧯 ရန်ရှောင်ကွင်းရဲ့ မီးသရုပ်ပြသင်တန်းမှာ
ကျွမ်းကျင်ပညာရှင်တွေက လုပ်ငန်းခွင်အထိ
လာရောက်ပြီး
🔥 မီးအမျိုးအစား ခွဲခြားခြင်း
မီးလောင်တဲ့ အရာဝတ္ထုအပေါ်မူတည်ပြီး
(အစိုင်အခဲ၊ အရည်၊ လျှပ်စစ်) ဘယ်လို
ငြှိမ်းသတ်ရမလဲဆိုတာကို ခွဲခြားတတ််ဖို့
့သင်ကြားပေးခြင်း။
👩🏻🚒 P.A.S.S စနစ်ဖြင့် ငြှိမ်းသတ်ခြင်း
မီးသတ်ဆေးဘူးကို စနစ်တကျ ကိုင်တွယ်အသုံးပြုနည်း (Pin ဆွဲ၊ Aim ချိန်၊ Squeeze ညှစ်၊ Sweep ဝှေ့) ကို လက်တွေ့ လေ့ကျင့်ပေးခြင်း။
🌬️ လေဦး၊ လေအောက် ခွဲခြားနည်း
မီးငြှိမ်းသတ်ရာမှာ အရေးကြီးတဲ့ လေတိုက်ရာအရပ်ကိုကြည့်ပြီး ဘေးကင်းစွာ ငြှိမ်းသတ်နည်းကို
သင်ကြားပေးခြင်း
🧯မီးသတ်ဆေးဘူး အမျိုးအစားအလိုက် အသုံးပြုပုံ
DCP (အမှုန့်)၊ CO2 (ဓာတ်ငွေ့) နဲ့ Foam (အမြှုပ်) ဘူးတွေကို ဘယ်နေရာမှာ ဘယ်လို ထိရောက်အောင် သုံးရမလဲ
ဆိုတာ ပြသခြင်း။
✅ Pressure Gauge စစ်ဆေးနည်း
အရေးကြုံတဲ့အခါ ဆေးဘူးက အဆင်သင့်ဖြစ်၊
မဖြစ် ကိုယ့်ဘာသာ စစ်ဆေးတတ်စေခြင်း။
စတာတွေကို သင်ကြားပေးနေပါတယ်။
ဒါကြောင့် "လောင်ပြီဟေ့... ပြေးဟ" ဆိုတာထက်
"လောင်ပြီဟေ့... စနစ်တကျငြှိမ်းဟ" ဆိုတဲ့ ကျွမ်းကျင်မှုက ကိုယ့်လုပ်ငန်းကို အကာအကွယ်ပေးမှာ ဖြစ်လို့
လုပ်ငန်းရှင်ကြီးတို့ အနေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ လုပ်ငန်းခွင် ဘေးကင်းရေးအတွက် အခုပဲ "ရန်ရှောင်ကွင်း" ကို ဆက်သွယ်ပြီး မီးသရုပ်ပြလေ့ကျင့်မှု ရယူလိုက်ပါ။
🕰Opening times - 9am to 5pm
တနင်္ဂနွေနေ့တိုင်းနှင့် အစိုးရရုံးပိတ်ရက်အတိုင်း ရုံးပိတ်ပါသည်။
🏬 မန္တလေးအရောင်းပြခန်း 🏬
📍၃၈လမ်း၊ ၇၈လမ်းနှင့် ၇၉လမ်းကြား၊
မဟာအောင်မြေမြိုနယ် မန္တလေးမြို။
☎️ 09 2010 623, 09 672 010 623 (Hot line)
☎️ 09 259 049 755, 09 441 802 097 (Showroom)
☎️ 09 441 802 096 (Refill Service)
☎️ 09 441 802 093, 09 441 802 095 (Sales&
Marketing)
☎️ 09 441 802 099, 09 441 802 092 (Fire Fighting
Project )
#ရနရှောင်ကွင်းနဲ့၅နှစ်တာမီးဘေးရန်မှကာကွယ်ပါ #မးဘေး #မးလောင်မှု
#မီးပေါ့ဆမှု #မီးသတ် #မီးဘေးအန္တရာယ်
#မီးသတ်ဆေးဘူး #ရနရှောင်ကွင်း #မီးသတ်ဆေး
10/04/2026
ရန်ရှောင်ကွင်းရဲ့ သင်္ကြန်အကြိုပွဲလေးမှာ လာရောက်ဆင်နွှဲပေးသော ဧည့်သည်တော်များနှင့် ပျော်ရွှင်စွာ ရေကစားကြသော ရန်ရှောင်ကွင်း အဖွဲ့သားများအား ကျေးဇူးအထူးတင်ရှိပါသည်
09/04/2026
ရန်ရှောင်ကွင်းရဲ့ သင်္ကြန်မင်းသားလေး အဖြစ် ပရိသတ်တွေ အများဆုံး ရွေးချယ်ပေးခဲ့ကြတာကတော့ "သင်္ကြန်မင်းသား A" လေးပဲ ဖြစ်ပါတယ်! 😍
ပါဝင် Vote ပေးခဲ့ကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။
🥳 ကံထူးရှင်များအတွက် အသိပေးချက်
အခုစာရင်းမှာ ပါဝင်တဲ့ ကံထူးရှင်လေးတွေအနေနဲ့ ဖုန်းဘေလ်လက်ဆောင် ရယူနိုင်ဖို့အတွက် ရန်ရှောင်ကွင်း Page ရဲ့ Messenger (CB) မှာ ဖုန်းနံပါတ်နဲ့အတူ အခုပဲ
လာရောက်ဆက်သွယ်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ဒီနှစ်သင်္ကြန်မှာလည်း ရန်ရှောင်ကွင်းနဲ့အတူ မီးဘေးအန္တရာယ်ကင်းဝေးပြီး ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ✨
🕰Opening times - 9am to 5pm
တနင်္ဂနွေနေ့တိုင်းနှင့် အစိုးရရုံးပိတ်ရက်အတိုင်း ရုံးပိတ်ပါသည်။
🏬 မန္တလေးအရောင်းပြခန်း 🏬
📍၃၈လမ်း၊ ၇၈လမ်းနှင့် ၇၉လမ်းကြား၊
မဟာအောင်မြေမြိုနယ် မန္တလေးမြို။
☎️ 09 2010 623, 09 672 010 623 (Hot line)
☎️ 09 259 049 755, 09 441 802 097 (Showroom)
☎️ 09 441 802 096 (Refill Service)
☎️ 09 441 802 093, 09 441 802 095 (Sales&
Marketing)
☎️ 09 441 802 099, 09 441 802 092 (Fire Fighting
Project )
#ရနရှောင်ကွင်းနဲ့၅နှစ်တာမီးဘေးရန်မှကာကွယ်ပါ #မးဘေး #မးလောင်မှု
#မီးပေါ့ဆမှု #မီးသတ် #မီးဘေးအန္တရာယ်
#မီးသတ်ဆေးဘူး #ရနရှောင်ကွင်း #မီးသတ်ဆေး
09/04/2026
ရန်ရှောင်ကွင်းကုမ္ပဏီရဲ့ သင်္ကြန်ပိတ်ရက်ကာလအဖြစ်💦
ဧပြီလ [9] ရက်နေ့ မှ [19] ရက်နေ့အထိ
(11) ရက်တိတိ ပိတ်ထားမည်ဖြစ်ပါကြောင်း 🗓️
ကြိုတင်အသိပေးအကြောင်းကြားအပ်ပါတယ်ရှင် 💁♀️
မင်္ဂလာရှိသော မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ
ရန်ရှောင်ကွင်းရဲ့ Customer များနဲ့ မိတ်ဖက်များအားလုံး
ပျော်ရွှင်အေးချမ်း ဘေးရန်ကင်းစင်တဲ့ သင်္ကြန်ကာလလေး ဖြစ်ပါစေကြောင်း …
နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောသန့်စင်ရင်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့အတူ အောင်မြင်မှုပန်းတိုင်သစ်တွေဆီ လျှောက်
လှမ်းနိုင်ကြပါစေကြောင်း ....
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
#မီးသတ်ဆေးဘူး #ရန်ရှောင်ကွင်း #𝐲𝐬𝐤 #𝐟𝐢𝐫𝐞𝐟𝐢𝐠𝐡𝐭𝐞𝐫
#မီးသတ်ဆေး #𝐟𝐢𝐫𝐞𝐞𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫 #သင်္ကြန်ပိတ်ရက်