ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ

ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ

Share

ပြည်သူများအတွက် ပြည်သူများ အားစိုက?

13/12/2020
Photos from ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ's post 19/07/2020

၇၃ နှစ်မြောက် အာဇာနည်နေ့
ဘယ်တော့မှ မမေ့နိုင်သောနေ့

19/06/2020

#ရပ်ရွာကောင်းကျိုးပြု
#စာကြည့်တိုက်ဝန်ဆောင်မှု

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာ အုပ်စုရှိ ရွာ(၁၀)ရွာမှ ဝင်ငွေ မရှိ/နည်းပါး၍ နိုင်ငံတော်၏ ထောက်ပံ့ငွေ လိုအပ်သော အိမ်ထောင်စု စာရင်းများကို ရှောက်ပင်ရိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွန်ပျူတာ စာရင်းသွင်းရာတွင် ကံတောင်ရွာ ရွှေမျိုးဆက် စာကြည့်တိုက်၊ ကျည်တောက်ပေါက်ရွာ ထွန်းတောက်ရောင်ခြည် စာကြည့်တိုက်၊ နွယ်ရုံရွာ ပြည်သူ့ရောင်ခြည် စာကြည့်တိုက်တို့မှ လုပ်အားပေးလူငယ်(၂၁)ဦးတို့က 2020 Jun 16~19 (၄)ရက်ကြာ ပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

ဤလုပ်အားပေးလူငယ်အများစုသည် အထက်ပါ စာကြည့်တိုက် (၃)ခုတွင် စီစဉ် ဖွင့်လှစ်ပေးသော ကွန်ပျူတာနှင့် ICT သင်တန်းများမှာ တက်ကြွစွာ သင်ကြား လေ့လာ သင်ယူခဲ့ကြသူများ ဖြစ်ပါသည်။

ရပ်ရွာအတွက် အင်အားတစ်ရပ်အဖြစ် လိုအပ်နေရာမှာ အရန်သင့် ပါဝင် ကူညီ ဆောင်ရွက်ပေးနိုင်ခြင်းသည် ရပ်ရွာ စာကြည့်တိုက်တို့ ဖော်ဆောင်နေသော ဝန်ဆောင်မှုများ၏ ကောင်းကျိုးရလဒ်တစ်ခုဟု ဆိုနိုင်ပါသည်။

Myanmar Book Aid and Preservation Foundation (MBAPF) ၊ The Dariu Foundation ၊ Ooredoo Myanmar တို့က ရွှေမျိုးဆက်၊ ထွန်းတောက်ရောင်ခြည်၊ ပြည်သူ့ရောင်ခြည် စာကြည့်တိုက်တို့အား ထောက်ပံ့ ကူညီပေးထားသော Laptop ကွန်ပျူတာများနှင့် စာရင်းသွင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ စာကြည့်တိုက် ထောက်ပံ့ရေးအလှူရှင်များအနေဖြင့်လည်း ဝမ်းမြောက် ပီတိဖြစ်ဖွယ်ရာ "ရပ်ရွာကောင်းကျိုးပြု စာကြည့်တိုက်၏ ဝန်ဆောင်မှု" ဖြစ်ပါကြောင်း မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။

စာကြည့်တိုက်များအား အဖက်ဖက်မှ လှူဒါန်း ဝိုင်းဝန်း ကူညီပေးကြသူအားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါသည်။

ရွှေမျိုးဆက် စာကြည့်တိုက်
09787419489

ထွန်းတောက်ရောင်ခြည် စာကြည့်တိုက်
09783222083

ပြည်သူ့ရောင်ခြည် စာကြည့်တိုက်
09791932448

Photos from ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ's post 18/03/2020

18 - 3 - 2020
တက္ကသိုလ်ဝင် စာမေးပွဲ
ဘောဂဗေဒ မေးခွန်း (ပြည်တွင်း)
Photo Credit - မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန

Photos from ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ's post 18/03/2020

18 - 3 - 2020
တက္ကသိုလ်ဝင် စာမေးပွဲ
ဇီဝဗေဒ မေးခွန်း (ပြည်တွင်း)
Photo Credit - မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန

Photos from ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ's post 18/03/2020

စာ(၁)နာရီဖတ် ကွန်ပျူတာ(၁)နာရီသုံး
စစချင်းတော့ အဆင်မပြေလှဘူး။
ကလေးတွေက ကွန်ပျူတာပဲ သုံးချင်ကြတာကိုး။
မတက်နိုင်ဘူး စာလဲဖတ်စေချင်တော့ ချော့လိုက် ခြောက်လိုက် လုပ်ရတာပဲ။
ကလေးတွေက လိမ္မာတယ်​ဗျာ။
နောက်ရက်ကျ ကိုယ့်အသိနဲ့ကိုယ် စာဖတ်တယ်။ကွန်ပျူတာကိုလည်း သတ်မှတ်ချိန်အတွင်းပဲသုံးပြီး သေသေချာချာ ပြန်ပိတ်ပေးသွားတယ်။
ဆိုးချင်သလောက် ဆိုးပါစေ။
တစ်ချိန်တော့ စေတနာကို နားလည်လာကြမှာပါ။
ခံစားချက်တွေ ပါကုန်ပြီ။ 😃

18/03/2020

မိတ်ဆွေကောင်း ဆိုတဲ့ ပုံပြင်လေးကို ကလေးတို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
လီခခ်စာပေနဲ့ ယဥ်ကျေးမှုကော်မတီက ရေးသားထားတာဖြစ်ပါတယ်။

လှပတဲ့တောအုပ်တစ်အုပ်မှာ သိပ်ချစ်ကြတဲ့ ကျားကလေး မောင်နီနဲ့ ခြသေ့်ကလေး မောင်ဝါတို့ရှိကြတယ်။

တစ်နေ့မှာတော့ မြေခွေးတစ်ကောင်ဟာ ကျားကလေး မောင်နီနဲ့ ခြသေ့်ကလေး မောင်ဝါကို ရန်တိုက်ပေးဖို့အကြံရှိသတဲ့ကွယ်။

မြေခွေးက ကျားကလေး မောင်နီဆီသွားပြီး 'နင်က အပျင်းထူတယ်လို့ ခြသေ့်ကလေး မောင်ဝါက ပြောတယ်။

မြေခွေးက ခြသေ့်ကလေး မောင်ဝါဆီကိုလည်း သွားပြီး 'မင်းက အစားကြီးတယ်လို့ ကျားကလေးမောင်နီက ပြောတယ်။

ပြောဖန်များတဲ့အခါ ကျားနဲ့ခြသေ့်ဟာ မြေခွေးရဲ့စကားကို ယုံပြီး တစ်ကောင်
နဲ့တစ်ကောင် စကားမပြောကြတော့ဘူးတဲ့။ အရင်လိုလည်း မပျော်ရွှင်ကြတော့ဘူး။

တစ်နေ့တော့ ခြသေ့်ကလေးမောင်ဝါနဲ့ ကျားကလေး မောင်နီဟာ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး မေးကြတဲ့အခါ မြေခွေးရဲ့စကားဟာ မဟုတ်မှန်ကြောင်း သိသွားကြတယ်။

ကျားကလေးမောင်နီနဲ့ ခြသေ့်ကလေး မောင်ဝါတို့ဟာ ရန်မဖြစ်ဘဲ ချစ်ခင်စွာနေတကို မြေခွေးတွေ့တော့ ကြောက်လန့်ပြီး ပြေးလေသတဲ့။

အဲဒီကစပြီး ကျားကလေးမောင်နီနဲ့ ခြသေ့်ကလေး မောင်ဝါတို့ဟာ အရင်လိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြတော့တယ်။

ဒီပုံပြင်လေးရဲ့ သင်ခန်းစာကတော့
ကလေးတို့နဲ့ သူငယ်ချင်းအကြား မနာလိုသူတစ်ယောက်က ရန်တိုက်ပေးတဲ့အခါ မဆင်မခြင်နဲ့ စိတ်ဝမ်းမကွဲကြဘဲ သေချာစူးစမ်းပြီးမှသာ ယုံသင့်ကြောင်း ပြောပြထားတာဖြစ်ပါတယ်။
ကလေးတို့ သူငယ်ချင်းကောင်းတွေ အများကြီးနဲ့ တွေ့ပါစေကွယ်။

18/03/2020

အခုတစ်ပတ်ပြောပြဖြစ်တဲ့ ပုံပြင်လေးကတော့ တူရိယာစုံနဲ့ ရိုးရာကပွဲဆိုတဲ့ ပုံပြင်လေးဖြစ်ပါတယ်။
လီခခ်စာပေနဲ့ ယဥ်ကျေးမှု ကော်မတီမှ ရေးသားထားခြင်းဖြစ်ပါတယ်။

လီလီ ဦးဆောင်ကပြတယ်။
ရှေ့သို့ညီညာလှဟန်ကြွယ်။

ဟန့်ဟွေတီးတဲ့ ဗုံကလေးဟာ
ပိန်ပိန်မြည်တယ်ဗျာ။

ပါဦးမှုတ်တာ ညှင်းလေးပါ။
ညောင်ညောင်ညောင်သံသာ။

ခူးဟာ ကိုင်တဲ့ ဓားမြှောင်ရှည်
ရိုးရာအတိုင်း မြှောက်ကနေ။

ဒိုင်ရိုးတီးတာ မောင်းကလေး
တဒူဒူ မြည်သံပေး။

အောင်းဟာတီးတဲ့ လင်းကွင်းဟာ
ချွမ်းချွမ်းမြည်တယ်ဗျာ။

လီဝေးတီးတဲ့ ဟင်းရာဟာ
နောင်နောင်မြည်သံသာ။

ဘဆွေကိုင်တာ ဒိုင်းကာပါ။
ဝင့်လို့ ကာလို့ ကတယ်ဗျာ။

ဆောင်ကီကိုင်တာ သေနတ်လေး
သီချင်းပြီးတိုင်း အချက်ပေး။

ဘဆွေ ခူးဟာ သူရဲကောင်း
တီးဝိုင်းအလည်မှာ ကလို့ကောင်း။

ဒီပုံပြင်လေးကတော့ လူငယ်ကလေးတွေဟာ တူရိယာမျိုးစုံတီးမှုတ်ပြီး ဖျော်ဖြေနေတဲ့အကြောင်း ဖြစ်ပါတယ်။ကလေးတို့ မသိသေးတဲ့ တူရိယာ အသစ်တွေကို မြင်ရမှာ ဖြစ်ပါတယ်။

Photos from ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ's post 17/03/2020

16 - 3 - 2020
တက္ကသိုလ်ဝင် စာမေးပွဲ
ရူပဗေဒ မေးခွန်း (ပြည်တွင်း)

Photos from ပြည်သူ့ရောင်ခြည် စာကြည့်တိုက် နွယ်ရုံရွာ's post 16/03/2020

16 - 3 - 2020
တက္ကသိုလ်ဝင် စာမေးပွဲ
ဓာတုဗေဒ မေးခွန်း (ပြည်တွင်း)

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Nwe Yone
Mandalay

Opening Hours

Monday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00