02/04/2026
“ထုတ်ကုန်ဘေးကင်းလုံခြုံမှ၊ ယုံကြည်စိတ်ချစားသုံးသူဘဝ”
အပြည်ပြည်ဆိုင်ရာစားသုံးသူအဖွဲ့အစည်း၏ အဖွဲ့ဝင်နိုင်ငံများသည် လုံခြုံစိတ်ချရမှုမရှိသော ထုတ်ကုန်များနှင့် စပ်လျဉ်းသည့် ကိန်းဂဏန်းသတင်းအချက်အလက်များကို စုဆောင်း၍ မျှဝေပြီး ဈေးကွက်စုံစမ်းစစ်ဆေးမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စားသုံးသူများကို အသိပညာပေးခြင်း၊ လှုပ်ရှားဆောင်ရွက်မှုများ (campaigns) လုပ်ဆောင်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များကို အသိပေးအကြောင်းကြားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကို တာဝန်ခံစေခြင်းလုပ်ငန်းများကို စားသုံးသူများအတွက် တစ်ကမ္ဘာလုံးတွင် “Safe Products, Confident Consumers” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပါတယ်။
#စားသုံးသူရေးရာဦးစီးဌာန
#ထုတ်ကုန်ဘေးကင်းလုံခြုံမှ၊ ယုံကြည်စိတ်ချစားသုံးသူဘဝ
.doca.gov.mm
စားသုံးသူရေးရာဦးစီးဌာန
Official Page
18/06/2025
Online Sales မှတ်ပုံတင်လျှောက်ထားခြင်းအပေါ် မြေပြင်စစ်ဆေးသည့်အချက်အလက်များ
✅မှတ်ပုံတင်လက်မှတ်လျှောက်ထားသည့် လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/မရှိ
✅လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသည့် အထောက်အထား အချက်အလက်များ မှန်ကန်မှုရှိ/မရှိ
✅ရောင်းချနေသော ကုန်စည်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ
✅ရောင်းချနေသည့် ကုန်စည်/ဝန်ဆောင်မှုသည် ဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားသော/ ကန့်သတ်ထားသော ကုန်စည်/ဝန်ဆောင်မှုဖြစ်/မဖြစ်၊
✅ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက် (လိုင်စင်)/ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ
#စားသုံးသူရေးရာဦးစီးဌာန
#စားသုံးသူများလုံခြုံစေဖို့၊ Online Sales ကိုမှတ်ပုံတင်ကြစို့
.ecomreg.gov.mm
.doca.gov.mm
စားသုံးသူရေးရာဦးစီးဌာန
Official Page
08/05/2025
မှတ်ပုံတင်ရမည့် Online Sales အမျိုးအစားနဲ့ ကြိုတင်ပြင်ဆင်ထားသင့်သည့်အချက်များ
Online Sales လျှောက်ထားရာမှာ အောက်ပါအမျိုးအစား (၂) မျိုးရွေးချယ်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်-
- အမျိုးအစား (၁) - ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းများ
- အမျိုးအစား (၂) - Individual တစ်ဦးချင်းစီးပွားရေးလုပ်ငန်းများ
အမျိုးအစား (၁)/အမျိုးအစား (၂) မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့် အထောက်အထားများမှာ အောက်ပါအတိုင်းဖြစ်ပြီး တင်ပြမည့်ပုံများ၊ ထောက်ခံချက်များ၊ မှတ်ပုံတင်/Passport များ၊ Logo များသည် ထင်ရှားပြတ်သားပြီး အပြည့်အစုံပါဝင်ရပါမည်-
မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများ
၁။ လုပ်ငန်း၏ Logo(jpg File)
၂။ လုပ်ငန်းလိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံချက်(pdf File)
၃။ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ(jpg File)
၄။ Citizen - လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့နောက်(pdf File)
၅။ လုပ်ငန်းပိုင်ရှင်လိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံချက်(pdf File)
၆။ လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်
အမျိုးအစား(၁) ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းများအတွက်သာ
၇။ ကုမ္ပဏီမှတ်ပုံတင်မိတ္တူကာလာ(ဒါရိုက်တာ List အပါ)
၈။ ကုမ္ပဏီ Letter Head ပါ ဒါရိုက်တာလက်မှတ်ထိုး၍ ကုမ္ပဏီ၏ လုပ်ငန်းဖြစ်ကြောင်း ထောက်ခံချက် (လျှောက်ထားသည့် လုပ်ငန်းအမည်၊ ကုမ္ပဏီအမည်၊ လျှောက်ထားသည့် Link မတူပါက)
ဖြည့်သွင်းမှုအရ ထပ်မံတင်ပြရမည့် အထောက်အထားများ (မဖြစ်မနေတင်ပြရန်မလိုပါ)
[အမျိုးအစား(၁),(၂) - တင်ပြရမည့်အထောက်အထားများ]
၉။ SME မှတ်ပုံတင်/SME ကတ်(pdf File) (SME နံပါတ်ဖြည့်သွင်းထားပါက)
[အမျိုးအစား(၁) အတွက်သာ]
၁၀။ ပသကမှတ်ပုံတင်လက်မှတ် pdf File (ပသကအမှတ်ဖြည့်သွင်းထားပါက)
#စားသုံးသူရေးရာဦးစီးဌာန
#စားသုံးသူများလုံခြုံစေဖို့၊ Online Sales ကိုမှတ်ပုံတင်ကြစို့
.ecomreg.gov.mm
.doca.gov.mm
09/04/2025
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ အစားအသောက်များလှူဒါန်းပေးပါသော မွန်ပြည်နယ်ဦးစီးမှူးနှင့်တကွ အရာထမ်း/အမှုထမ်းများအားလုံးကို အထူးကျေးဇူးတင်ပါသည်။
20/03/2025
လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့
(A Just Transition to Sustainable Lifestyles)
============================
ကုန်စည်နှင့်ဝန်ဆောင်မှုတို့၏ အရည်အသွေး တန်ဖိုးရှိမှုနှင့် ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားရှိမှုဆိုသော အချက်တို့သည် ယခု ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day-WCRD)အတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International-CI)က သတ်မှတ်ပေးသည့် ‘A Just Transition to Substainable Lifestyles’ ဆောင်ပုဒ်ကို ဘာသာပြန်ဆိုမှုပြုရာ ‘လူနေမှုဘဝအစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့’ ဟူသော အဓိပ္ပါယ်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၏ ပုဒ်မ(၁၉)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်အနက် နောက်ဆုံးအချက်ဖြစ်သော “ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း” ဟူသောအချက်ကို ညွှန်းဆိုခြင်းဖြစ်ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။
#စားသုံးသူရေးရာဦးစီးဌာန
#စားသုံးသူများလုံခြုံစေဖို့၊ Online Sales ကို မှတ်ပုံတင်ကြစို့
.ecomreg.gov.mm
.doca.gov.mm
14/03/2025
မတ်လ ၁၁ရက်နေ့ကကျင်းပပြုလုပ်ခဲ့သော
ကမ္ဘာ့စားသုံးသူအခွင့်ရေးများနေ့အခမ်းနားတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊နည်းပဒေစာအုပ်များခင်းကျင်းပြသခဲ့ပြီးဥပဒေစာအုပ်ကိုdownloadရယူနိုင်ရန်QR code scanဖတ်နိုင်ရန် scan codeထားရှိပေးထားပြီးကုန်အညွှန်းအမှတ်အသားအတွက် ပါဝင်ရမည့်အချက်များအားကုန်စည်များနှင့်တွဲ၍ ခင်းကျင်းပြသခဲ့
13/03/2025
၂၀၂၅ခု နှစ်၊မတ်လ(၁၁)ရက်နေ့က မန္တလေး
မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သော
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ လှပျိုဖြူလေးများက "စောင့်လျောက်ဝိုင်းကူ စားသုံးသူ" သီချင်းဖြင့် ကပြဖျော်ဖြေခြင်းအစီအစဉ်