Shan Nationalities League for Democracy-Mandalay

Shan Nationalities League for Democracy-Mandalay

Share

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဆီသို့.....

06/02/2022

ပၢင်တၢၼ်ႈၶႆႊ ဝၼ်းၸိူဝ်ႉၸၢတ်ႈၸိုင်ႈတႆး ၶွပ်ႈႁွပ်ႈ (75) ပီႊ
ၽူႈတၢၼ်ႈၶႆႊ - ၶူးပူင်သွၼ်လူင် လုင်းၸၢႆးၾႃႈ

(၇၅) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ

03/12/2021

Letter to Shan New Year 2116

03/02/2021

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်သည့်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏
သဘောထားထုတ်ပြန်ကြေညာချက် (၃/၂၀၂၁)

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်သည့်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏
သဘောထားထုတ်ပြန်ကြေညာချက် (၃/၂၀၂၁)

Photos 03/02/2021

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏
ထုတ်ပြန်ကြေညာချက် (၂/၂၀၂၁)

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏
ထုတ်ပြန်ကြေညာချက် (၂/၂၀၂၁)

14/01/2021

NLD ကိုယ်စားအဖွဲ့ နှင့် SNLD ခေါင်းဆောင်တစ်ဦး တရားဝင်ဆွေးနွေးပွဲ အတွက် အလွတ်သဘောညှိနှိုင်းနေ
+++++++++
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖွဲ့ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင်တစ်ဦး သည် ယနေ့ညနေပိုင်းတွင် ပြုလုပ်မည့် တရားဝင် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် အလွတ်သဘော ညှိနှိုင်းမှု များ ဆောင်ရွက်နေကြောင်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က RISE News သို့ ပြောကြားသည်။
ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေါက်တာအောင်မိုးညိုဦးဆောင်သော NLD ပါတီ ၏ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် SNLD ပါတီက အတွင်းရေးမှူးအဖွဲ့ထက် ရာထူးမြင့်သည့် ပါတီခေါင်းဆောင် တစ်ဦး သည် တရားဝင်ဆွေးနွေးပွဲ ကျင်းပမည့် အချိန် နှင့် နေရာကို အလွှတ်သဘော ညှိနှိုင်းနေကြောင်း ဦးစိုင်းလိတ်က ပြောသည်။
“ အခုမနက် ကျွန်တော်တို့ဘက်က အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်၊ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်နဲ့ ဒေါက်တာ အောင်မိုးညိုတို့နဲ့ အလွတ်သဘောတွေ့ဆုံနေတယ်။ တွေ့ပြီးတော့ တွေ့ဖြစ်ရင် တွေ့ရမယ့် အချိန်၊ နေရာ၊ လူအရေအတွက် ပေါ့နော် အဲ့ဒါတွေညှိနှိုင်းနေပါတယ်ခင်ဗျ။ အဆင့်မြင့်ပုဂ္ဂိုလ်ဆိုတာက အထွေထွေအတွင်းရေးမှူးအထက်ပေါ့။ ကျွန်တော်တို့ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့က အထွေထွေအတွင်းရေးမှူးရယ်၊ တွဲဖက်အတွင်းရေးမှူး နှစ်ယောက်ပါမယ်လေ။ အဲ့တော့ ဒီရဲ့ အထက်ပေါ့။ အဲ့ပုဂ္ဂိုလ်နဲ့ ဒေါက်တာအောင်မိုးညိုတို့နဲ့ တွေ့ဆုံညှိနှိုင်းနေဆဲဖြစ်ပါတယ်။ ကနဦး တွေ့ဆုံမှုတော့ စနေပြီပေါ့နော်။ ဒါပဲ ပြောလို့ရအုံးမယ်။”ဟု ၎င်းကရှင်းပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ က ဗဟိုအလုပ်မှုဆောင်များ ပါဝင်သော တိုင်းရင်းသားနိုင်ငံရေး ပါတီများ နှင့် တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ သည် ဇန်နဝါရီ လ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေပြီး ပအိုဝ်းအမျိုးသား အဖွဲ့ချူပ် PNO နှင့် တအောင်းအမျိုးသားပါတီTNPတို့ နှင့် ရှမ်းပြည်နယ် NLD ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Credit: RISE_News
မူရင်းလင့် https://www.facebook.com/.../a.27968.../4198162800198185/... မှ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါသည်။

05/01/2021

“သူတို့ဘယ်လောက်ဘဲအင်အားတောင့်တောင့် တိုင်းရင်းသားမပါဘဲနဲ့တော့ မဖြစ်နိုင်ဘူးဗျ”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်

#သတင်းမီဒီယာများထဲက_SNLD_သတင်းစကားများ(၄)

(RiSE News မူရင်းလင့် https://bit.ly/3neKleT မှ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၏ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးရေးခရီးကို ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကစတင်ခဲ့သည်။ NLD အနေနှင့် ပထမဆုံးသွားရောက် တွေ့ဆုံခဲ့သော ကချင်ပြည်နယ်ခရီးစဉ်တွင် တိုင်းရင်းသားနိုင်ငံရေးပါတီများကို Party to Party တွေ့ဆုံမှု မဟုတ်ဘဲ ရွေးကောက်ပွဲ အနိုင်ရကိုယ်စား လှယ်များ နှင့်သာတွေ့ဆုံခဲ့သည်။ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေး နေ့တွင်ပြုလုပ်မည့် မွန်ညီညွတ်ရေး ပါတီ နှင့် ဆွေးနွေးပွဲအစီစဉ်မှာလည်းနေရာညှိနှိုင်းမရဘဲ ပျက်ပျယ်သွားခဲ့ရသည်။ အဆိုပါခြေအနေများ၊နောင် ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲများနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ဥက္ကဌလည်းဖြစ် ဝါရင့်နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်တဲ့ ဦးခွန်ထွန်းဦး ၏ သုံးသပ်ချက်ကို RISE News က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ရပါသည်။

RISE News ။ ။ အခုလက်ရှိ NLD လုပ်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီ တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး အန်ကယ့်ရဲ့ သဘောထားအမြင်ကို သိချင်လို့ပါ။ မွန်ညီညွှတ်ရေးပါတီနဲ့တွေ့ဆုံဆွေးနွေးပွဲ ကလည်း ပျက်သွားတယ် လို့သိရှိရပါတယ် အန်ကယ့်အနေနဲ့ ဒီလိုဖြစ်ပေါ်ခဲ့တဲ့အခြေအနေအပေါ် ဘယ်လိုထင်မြင်ယူဆပါသလဲ။

ဦးခွန်ထွန်းဦး ။ ။ ဘာဘဲဖြစ်ဖြစ် Serious ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာတော့အဓိကဘဲဗျ။ ကျွန်တော်တို့ဆီကို ၂ရက် ၃ရက်လောက်ကျရင် လာမယ်ဆိုပြီးတော့ အဲ့ဒီလာမယ့်ကိစ္စကိုဖျက်ပြီးတော့တက်သွားတာဘဲလေ။ကျနော်တို့ဆီကနေမှ ကယားကိုသွားမှာ ဒီကိစ္စကမဖြစ်ဘဲနဲ့ ကျွန်တော်တို့က ဖြစ်နိုးဖြစ်နိုးနဲ့စောင့်နေတာ ဘာမှလည်းမပြောဘဲနဲ့အပေါ် တက်သွားပြီဆိုတော့ လာချင်လာ မလာချင်နေပေါ့။ နောက်ဆုံးကျတော့ဘာကြားလည်းဆိုတော့ မွန်ကတော့ လက်ခံမယ့်ပုံမပေါ်ဘူးဆိုပြီးတော့မလုပ်တော့ဘူးဆိုပြီးတော့ အဲ့လိုတွေတော့ရှိတယ်။ ဘာဘဲဖြစ်ဖြစ် NLD ရဲ့မူကတော့ ကျွန်တော်တို့ကတော့အယုံအကြည်မရှိဘူး၊ အထူးသဖြင့်ကျွန်တော်ပေါ့။ ကျွန်တော်တို့ကတော့ ကိုယ့် စံနှုန်းနဲ့ကိုယ်သွား မှာဘဲ သူတို့ခေါ်မှ သူတို့ပါမှရယ်လို့မရှိပါဘူးကျွန်တော်တို့ကတော့။

RISE News ။ ။ အခုNLD က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲနှစ်ခုမှာပေါ့ ပထမဆုံး ကချင်ပြည်နယ် က ပါတီတွေနဲ့တွေ့ ဆွေးနွေးပွဲမှာ တုန်းက အနိုင်ရကိုယ်စားလှယ်တွေနဲ့တွေ့တယ်။ အခု မွန်မှာတော့ ပါတီနဲ့တွေ့တယ်။တွေ့မယ့် နေရာညှိလို့မရလို့ ပွဲပျက်တယ်ပေါ့။ အဲ့ဒီလိုမျိုး ဖြစ်နေတာတွေကရော ဘာကြောင့်လို့ထင်ပါသလဲခင်ဗျ။

ဦးခွန်ထွန်းဦး ။ ။NLD ကတော့ တိုင်းရင်းသားတွေအပေါ်မှာတော့ မလေးမစားလုပ်တာတော့များလှပီ။ ဖြစ်နေတာ ကလည်း အခုက တိုင်းရင်းသားကိစ္စကအရေးကြီးနေတာ။တိုင်းရင်းသားအရေးကိစ္စကိုမှ သူတို့က ထိထိမိမိ စေတနာနဲ့ တစ်ကယ်ကို အားလုံးပါစေချင်တဲ့ကိစ္စမျိုးလုပ်မယ်ဆိုရင် ကျွန်တော်တို့ပါလည်းပါဝင်နိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ တိုင်းရင်းသားအားလုံး ကိုပါဝင်စေဖို့အရေး ညီတူညီမျှလည်းမရှိဘူးဆိုရင်တော့ ကျွန်တော်တို့လည်း ဒါစဉ်းစားရ တော့မှာပေါ့ဗျာ။ မွန်ဆိုရင်လည်း သူအထိုက်အလျောက်သူ့ ဟာသူ အင်အားရှိပါတယ်။ အခုဆိုလို့ရှိရင် ကယားတောင်ရှိလာပြီ။ အခုနောက်ဆုံး ရခိုင်ကျတော့လည်း အင်အားတစ်ခုကတိုးလာအုံးမှာဘဲ။ သူအဲ့တာတွေကိုမှ မထည့်တွက်ဘူးဆိုရင်တော့ သူတို့အတွက်တော့အများကြီးအခက်အခဲရှိမှာဘဲလေ။ သူတို့ဘယ်လောက်ဘဲအင်အားတောင့်တောင့် တိုင်းရင်းသားမပါ ဘဲနဲ့တော့မဖြစ်နိုင်ဘူးဗျ။များသောအားဖြင့်က တိုင်းရင်းသားတွေအားလုံးက ပြည်ထောင်စုကြီးကို ဝိုင်းဝန်းထား တဲ့အနေအထားရှိနေတာကြောင့်ပါ။

RISE News။ ။ အခုလက်ရှိ လုပ်နေတဲ့ဆွေးနွေးပွဲတွေရော ၊နောင်မှာ လုပ်မယ့်ဆွေးနွေးပွဲတွေမှာရော တိုင်းရင်းသား ပါတီတွေအနေနဲ့ တန်းတူဆွေးနွေး ခွင့်ရမယ်လို့ ထင်ပါသလားခင်ဗျ။

ဦးခွန်ထွန်းဦး။ ။ ဒီအတိုင်းသာဆိုရင် NLDကလည်း အများစုအနိုင်ရထားတာဆိုတော့ တန်းတူရည်တူကတော့မဖြစ်နေ ပါဘူး။ဘယ်လိုမှတန်းတူရည်တူ မဖြစ်ပါဘူး။ နဂိုကတည်းကလည်း ကျွန်တော်တို့ (တိုင်းရင်းသားတွေ) ကိုသာ အသိအမှတ်ပြု တယ်ဆိုရင် ဒီလိုဟာမျိုးကဖြစ်လာမှာမဟုတ်ဘူး။ NLD ရဲ့မူကတော့ ဘယ်တိုင်းရင်းသားမဆိုလာ ငါတို့တပည့်လာလုပ် ဆိုတဲ့ဟာမျိုး ပြောနေတာကို ဒါကဖြစ်နိုင်မယ်မထင်ဘူး။ အခုကျွန်တော်တို့တင်မကဘူး တိုင်းရင်းသားလက်နက် ကိုင်တွေအားလုံးကလည်း ဖြစ်မှာလဲမဟုတ်ဘူး ၊ NCA ကလည်း မဖြစ်လာတာလည်းကြာပြီ အဲ့တာညီမျှမှုမရှိလို့ပေါ့ဗျာ။ ပိုဆိုးတာက လက်နက်ကိုင်အဖွဲ့တွေများလာမယ်။အဲ့တော့ကျွန်တော်တို့ကတော့အယုံအကြည်ကိုမရှိဘူး။ ဘယ်သူတွေဘဲ ယုံကြည်ယုံကြည် ကျွန်တော်တို့တိုင်းရင်းသားတွေကတော့အယုံအကြည်မရှိဘူး။

RISE News။ ။ NLD က သူတို့ရည်ရွယ်ချက်ပေါ့နော် ရွေးကောက်ပွဲပြီးကာစမှာ တိုင်းရင်းသားပါတီတွေဆီ ပေးပို့ခဲ့တဲ့ စာအရပေါ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးမယ်ပေါ့ ၊ ဒီဆွေးနွေးပွဲ တွေမှာ NLD ရဲ့ ရည်ရွယ်ချက်အောင်မြင်နိုင်မယ်ထင်လား။ အန်ကယ် ဘယ်လိုမြင်ပါသလဲ။

ဦးခွန်ထွန်းဦး။ ။ မထင်ပါဘူး။နဂိုကကို ကျွန်တော်ပြောပါတယ် သူတို့မှာ တစ်ကယ့်ကို လှိုက်လှိုက်လှဲလှဲ တိတိပပလေး ရှင်းရှင်းလင်းလင်းလေး တစ်ကယ်တမ်းစေတနာနဲ့ဆွေးနွေးမယ်ဆိုရင်တော့ရတာပေါ့။ အခုဟာက ဒီဆွေးနွေးမှုတွေက ရှင်းရှင်းပြောရရင်ဖြစ်သလိုဘဲဗျ ဟိုဟာအရေးကြီးတယ်ဆိုရင် ဟိုဘက်ကိုသွား ၊ ဒီဟာအရေးကြီးတယ်ထင်ရင် ဒီဘက်ကို သွားနဲ့ သူ့မူကိုက သေချာမရှိလို့ အယုံအကြည်မရှိတာဗျ၊ ရှင်းရှင်းလင်းလင်းပြောရရင် ဒါပါဘဲ။

RISE News။ ။ အခုလုပ်ခဲ့တဲ့ ဆွေးနွေး တစ်ခုကပျက်တယ်၊ တစ်ခုကတော့ အနိုင်ရကိုယ်စားလှယ်တွေခွဲတွေ့လို့ ဝေဖန်မှုတွေရှိတယ်ပေါ့။အဲ့ဒီတော့ ဒီဆွေးနွေးပွဲတွေကို ဘယ်လို ပုံစံမျိုးသွားသင့်တယ်ထင်လဲ။ ဘယ်လိုအကြံပြုချင်ပါသလဲ ခင်ဗျ။

ဦးခွန်ထွန်းဦး။ ။ အားလုံး စားပွဲတစ်ဝိုင်းတည်း တူတူထိုင်ပြီး စကားပြောကြပေါ့ဗျာ။အဲဒါလည်းဘဲ မလုပ်နိုင်ဘူး။အဲ့တော့ စောစောကလည်းကျွန် တော်ပြောပြီးပြီ ငါတို့ဆီမှာပါချင်လို့ရှိရင် ငါတို့တပည့်လာလုပ် ဆိုတဲ့အနေ အထားမျိုးနဲ့ စကားပြောနေရင်တော့ ကျွန်တော်တို့လည်း ဘာပေါင်းစရာလိုလဲ ဘာပြောစရာလိုလဲ။ တစ်ကယ်တမ်း တန်းတူရည်တူပြောမှ ပြဿနာကပြီးမှာ။ အခုသူ့မှာ လူအင်အားဘဲရှိတယ်။ လက်နက်အင်အား (လက်နက်ကိုင်တပ်ဖွဲ့များ) ရှိတဲ့သူတွေကလည်း အများကြီးပဲဗျ။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ကျွန်တော်ပြောတာ ။ခင်ဗျား တို့လည်းအသိဆုံးဘဲ ဒါကတော်တော်လေး ကို သတိထားပြီး လုပ်ရမယ့် ကိစ္စဘဲ။


ဓာတ်ပုံ - SNLD

❝ႁူဝ်သိူဝ်သိုပ်ႇၶတ်းသၢင်ႈ ပုၼ်ႈပၢင်ႈၾႅတ်ႇတရႄႇ တေႃႇငမ်းယဵၼ်❞
❝ဖက်ဒရယ်မှသည် ငြိမ်းချမ်းရေးဆီ 𝐒𝐍𝐋𝐃 ဆက်လက်ချီတက်မည်❞
𝗙𝗿𝗼𝗺 𝗙𝗲𝗱𝗲𝗿𝗮𝗹, 𝗧𝗼𝘄𝗮𝗿𝗱 𝗣𝗲𝗮𝗰𝗲, 𝐒𝐍𝐋𝐃 𝗪𝗶𝗹𝗹 𝗠𝗮𝗿𝗰𝗵 𝗢𝗻𝘄𝗮𝗿𝗱.

Photos from Shan Nationalities League for Democracy's post 31/12/2020
22/11/2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ရှမ်းပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ၌ ယှဉ်ပြိုင်အရွေးခံရသူ ဦးထိုက်ဇော်နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းထုတ်ပြန်ခြင်း

27/10/2020

ပြည်ထောင်စုကြီးကို စုပေါင်းဆောင်ရွက်သော စနစ်ဖြင့် ရှေ့ဆက်မှသာ အမျိုးသားတန်းတူရေးကို တည်ဆောက် နိုင်မည်ဖြစ်သကဲ့သို့ အချုပ်အခြာအာဏာ တည်မြဲရေးကိုလည်း အာမခံနိုင်မည်ဟု SNLD ပါတီဥက္ကဋ္ဌ ပြောကြား

PUBLISHED 26 OCTOBER 2020

ပြည်ထောင်စုကြီးကို စုပေါင်းဆောင်ရွက်သော စနစ်ဖြင့် ရှေ့ဆက်မှသာ အမျိုးသားတန်းတူရေးကို တည်ဆောက် နိုင်မည်ဖြစ်သကဲ့သို့ ပြည်ထောင်စု၏ အချုပ်အခြာအာဏာ တည်မြဲရေးကိုလည်း အာမခံနိုင်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးက ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တည်ထောင်ခြင်း (၃၂) နှစ်မြောက် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်တွင် Zoom Meeting Application ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား အဖွင့်အမှာစကား ပြောကြားရာတွင် SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“ဒီပြည်ထောင်စုကြီးကို စုပေါင်းဆောင်ရွက်တဲ့ စနစ်နဲ့ ရှေ့ဆက်မှသာ အမျိုးသားတန်းတူရေးကို တည်ဆောက်နိုင်မှာ ဖြစ်သလို ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးကိုလည်း အာမခံနိုင်မှာ ဖြစ်ပါတယ်”ဟု SNLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကြီးကို လွတ်လပ်ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆိုပါက ပြည်ထောင်စုကြီး၏ မျှော်လင့်ချက်၊ ပြည်ထောင်စုကြီး၏ စံတန်ဖိုးနှင့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကို စုပေါင်းချမှတ်ရမည်ဖြစ်ကြောင်း SNLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်ကြီးထွားပြီး တရားမျှတသော လူ့ဘောင်သစ်တစ်ရပ်၊ ပြည်ထောင်စု တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု၏ မျိုးဆက်သစ်များသည် ပြည်ထောင်စု၏ လာရာလမ်းကို ကြေညက်နားလည်ရန် လိုအပ်ကြောင်းလည်း SNLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။

“အထက်ပါ ဖော်ပြခဲ့တဲ့ ဘုံမျှော်မှန်းချက်တွေ စံတန်ဖိုးတွေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒအထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ မိမိတို့ရဲ့ ပါတီဝါဒ လမ်းစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရင်း ပြည်သူလူထုထံ မိမိတို့ရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ မူဝါဒများ ပြန့်နှံ့ ရောက်ရှိစေရေး ကြိုးပမ်းလျက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဦးဆောင်မှု အောင်လံကို တိုးမြှင့်လွင့်ထူပေးပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်”ဟု SNLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။

SNLD ပါတီအနေဖြင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရန် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲသော ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များ၊ ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့သော ပြည်ထောင်စုစစ်မူအပေါ် အခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ရပ်တည်ကြိုးပမ်းခဲ့ကြောင်း SNLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။

“ယခုလည်းပဲ တိုးမြှင့်ကြိုးပမ်းနေပါတယ်။ ရည်မှန်းချက်ပန်းတိုင် မရောက်မချင်း ဆက်လက် ကြိုးပမ်း တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ SNLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ပေါက်မီကတည်းက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို အမြဲတမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ တိုင်းရင်းသားပြည်သူလူထုရဲ့ဆန္ဒနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစမှ အဆုံးတိုင် ပြန်လည်ပြုပြင်ရေးဆွဲမယ့် တာဝန်တစ်ရပ် တိုးလာတဲ့အပြင် နဂို ရှိရင်းစွဲ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ လူမျိုးကြီးဝါဒ ပပျောက်ရေးကိစ္စတွေကိုလည်း ဆက်လက်ဆင်နွှဲနေကြရမှာ ဖြစ်ပါတယ်”ဟု SNLD ပါတီဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ နှစ်ရပ်စုလုံး ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း မြင့်မြင့်မားမား အောင်မြင်မှု ရရှိအောင် ကြိုးပမ်းရမှာဖြစ်သကဲ့သို့ နိုင်ငံရေးဝမ်းစာ ပိုမိုပြည့်ဝရေးလည်း ကြိုးပမ်းဖြည့်ဆည်းကြရန် လိုအပ်ကြောင်း SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးက ပြောကြားသည်။

မူရင်းလင့် − https://news-eleven.com/article/196364 မှ ကူးယူဖော်ပြပါသည်။

26/10/2020

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
တည်ထောင်ခြင်း ၃၂နှစ်ပြည့် အခမ်းအနား
SNLD(Mdy)

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Address


No-75, 62(B)st Between 62x63 And Between 107(A)&108st
Mandalay
05032

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00