03/07/2021
"လူဖြစ်ရတာ ပင်ပန်းတယ်ဗျာ...
နံနက်..နံနက် မိုးသာလင်းလို့ မိုးချုပ်သွားတယ် ပျော်ရွှင်တယ် ကျေနပ်တယ်လို့ကို မခံစားရဘူး''
"ဟော မောင်လူပေ ဒီကနေ့ ဘာတွေ ဖြစ်လာတာတုန်း''
ဘာမှတော့ မဖြစ်ပါဘူး ဒီလိုပါပဲ ဘကြီးအောင်ရေ.. ကောင်းအောင်နေထိုင်ပြန်တော့ ဆိုးကွက်လေးတွေ လိုက်ပြောပြန်ရော၊ လွတ်အောင်ကျွတ်အောင် ကြိုးစားပြန်တော့ ကြိုးစားတိုင်းလဲ အရာမထင် စိတ်ညစ်ပါတယ်ဗျာ''
"အိမ်နဲ့ မဟုတ်ရင် ကိုယ့်ပြောတဲ့လူတွေကြောင့် စိတ်ညစ်လာပြန်ပြီထင်တယ်။ ဒါတွေက လောက သဘာဝတွေပါကွာ။စိတ်ညစ်ပြေအောင် ပျော်ရွှင်အောင် ထင်တာမြင်တာတွေ လျှောက်လုပ်ကြလို့ပဲ ပုထုဇဉ် တွေရဲ့ နေအိမ်ဟာ အပယ်လေးပါးလို့ ဆိုတာထားမို့လား။တစ်နေ့တာကို ကိုယ်ကျင့်သီလပြည့်စုံဖို့၊ကုသိုလ်ကောင်းမှုတွေရနေဖို့၊စိတ်ကောင်းနှလုံးထားပြီး အသိပညာ အတတ်ပညာ ရနေဖို့ကြိုးစားနေထိုင်ရင် ကြာလာတာနဲ့အမျှ ပျှော်ရွှင်တဲ့ဘဝမျိုးရမယ်လို့ ပါချုပ်ဆရာတော် ဟောတာ မှတ်သားဖူးတယ်''
.................
#လောကခရီးသည်
02/07/2021
"လောကကြီးက မတရားဘူးဗျာ
လူတွေကလဲ မတရားဘူး''
မောင်လူပေ တစ်ယောက် မဆီမဆိုင် လူအများအလယ်တွင် အမာန်ခံလိုက်ရ ဆူပူခံလိုက်ရ၍ မကျေနိုင် မချမ်းနိုင် ဖြစ်နေခြင်းဖြစ်သည်။
"ဘကြီးအောင် ပြောပါဦးဗျ ဘာလို့ ဒီလို မတရားအပြောခံရတာလဲ။ကိုယ်ပြုမိ၊ ပြောမိလို့ အပြောအဆို ခံရတာဆိုရင်လဲထားပါတော့ဗျာ''
ဘကြီးအောင်က ပြုံးတုံးတုံးကြီးလုပ်နေသည်။ပြီးမှ
"ဒီမှာ လူလေး သူဘာသာနေတဲ့ ပုတ်သင်ညိုဟာ ဘာအပြစ်ရှိလို့ နွားကျောင်းသားတွေရဲ့ ခွပစ် လက်တည့်စမ်းခြင်း ခံရတာလဲ။ရေကြီးချိန် ဒုက္ခရောက်လို့ အပင်ပေါ်တတ်နေတဲ့ ကြွက်လေးတွေဟာ ဘာအပြစ်ရှိလို့ လူတွေရဲ့ သတ်ဖြတ်စားသောက်ခြင်းကို ခံရတာလဲ။''
လူပေ ခပ်တွေတွေစဉ်းစားနေသည်။ အဖြေပြန်မပေးနိုင်..
"ဒီမယ် လူလေး မဆီမဆိုင် အပြောအဆိုခံရတာ၊ အနှိပ်စက်ခံရတာ၊အသက်အဖြတ်ခံရတာတွေက လောကသဘာဝ၊ ကံတရားတွေကြောင့်ပေါ့ကွာ။ကိုယ်တစ်ယောက်တည်းခံရတာမဟုတ်ဘူးဆိုတာ သိထားပေါ့။ ဒီလောကဓံတွေကို ဖြတ်ကျော်ဖို့ လောကသဘာဝအကြောင်း သိရမယ်။ကံဆိုတာပြင်ယူလို့ရတယ်ဆိုတာ ယုံရမယ်။သည်းခံရမယ်။ ဥာဏ်ရှိရမယ်။ဝိရိယ ရှိရမယ်။ဒါဆိုရင် မင်းဒီလို ပေါက်ကွဲ ဒေါသထွက်နေတော့မှာ မဟုတ်တော့ဘူး''.....
...................
#လောကခရီးသည်
20/09/2020
ညီမလေးရေ....
သတင်းတွေ....
သတင်းတွေ.....
သတင်းတွေ.....
ကြည့်ရတယ် ဖတ်ရတယ်
နားထောင်ရတယ်...
ကြောက်ရမှာလား မကြောက်ရမှာလား..
အမှားလား အမှန်တွေလား
ဝေဖန် ပိုင်းခြားနိုင်အောင်
အသိတရားရှိဖို့ အစွဲကင်းဖို့ လိုလာပြီ။
19/09/2020
ညီမလေးရေ.....
အခုတစ်လော ညီမလေး လူတွေအကြောင်းအရမ်းပြောနေတယ်နော်။
လူတွေကသူတို့နဲ့ဘက်မတူရင် ရွဲ့စောင်းနေတာပဲတို့...
လူတွေကအပြောနဲ့အလုပ် တခြားစီပဲတို့...
လူတွေက ကိုယ်သိကိုယ်တတ်လုပ်ပြီး အရမ်းပြောတာပဲတို့ စသည်ဖြင့်...
ညီမလေး
ညည်းအကြောင်းတွေးတာ ညည်းအကြောင်းပြောတာ ညည်းတိုးတတ်အောင်ဘာတွေလုပ်နေပြီဆိုတဲ့ဟာ မပြောဘူးနော်....
ဘယ်မှမရောက်ချင်ရင် လူအုပ်ကြီးနောက်လိုက်ပါတဲ့
လူတွေအကြောင်းပြောနေရင်ပြီးမှာကို မဟုတ်တော့ဘူး...
မှောင်မိုက်တဲ့ညလယ်မှာတောင် ကိုယ့်အတွက်မှိတ်တုတ်မှိတ်တုက်ကြယ်ရောင်လေးတွေရှိပါတယ်။
ဘဝဆိုတာသီးခံပြီးတည်ဆောက်ယူရတာမဟုတ်လား..
အခုချိန်မှာ အားတင်းထားပါနော် FIGHTING 😊
07/05/2020
အား.....အား......အား.....
ခြင်ကိုက်သွားလို့.....😃😃
# အချစ်ဖွဲ့လေညင်း
03/05/2020
စိတ်ညစ်ရင်ဘာလုပ်တတ်သလဲ?
လူတိုင်းတော့ကိုယ်လုပ်ချင်တာဘယ်လုပ်ခွင့်ရမလဲ။လုပ်ပိုင်ခွင့်ရတဲ့အထဲက ကိုယ်ဘာလုပ်မလဲ ကိုယ့်ကိုယ်ကိုပျော်ရွင်အောင်ဘယ်လိုဖန်တီးယူမလဲပေါ့။ဘဝဆိုတာ ကိုယ်လိုချင်တဲ့အခြေအနေ ကိုယ်ရည်ရွယ်တဲ့ဘဝမျိုးပိုင်ဆိုင်ရဖို့ သည်းခံပြီးတည်ဆောက်ရတာမျိုးလေ...
စိတ်ညစ်လို့ လုပ်ချင်တာတွေလျောက်လုပ်နေရင်...
ဘုကလန့်တွေပြန်ပြောနေရင်..
ကိုယ်လိုချင်တဲ့ဘဝမျိုး မရောက်နိုင်တော့ဘူးလေ..ဟုတ်တယ်မို့လား....
12/04/2020
ညီမလေးရေ.....
တစ်ကယ်တမ်းကျတော့ကိုယ့်ကိုတစ်ကယ်နားလည်ပေးမယ့်အဖော်...
သူငယ်ချင်းအစစ်ဆိုတာမရှိဘူးနော်.....
လူဆိုတာသူ့စိတ်သူကိုယ့်စိတ်နဲ့ကိုယ်နားလည်သည်လည်းရှိမယ်....
နားမလည်သည်လည်းရှိမယ်....
ကိုယ့်အကြိုက်လိုက်မယ့်သူ ... ကိုယ့်စကားနားထောင်မယ့်သူ..ဆိုတာစာအုပ်ပဲရှိတယ်...
ဒါကြောင့်မို့ စာအုပ်ဖတ်ပါညီမလေး....
02/03/2020
ညီမလေးရေ......
ရည်မှန်းချက်ရှိသူနဲ့ ရည်မှန်းချက်မရှိသူ ဘယ်လိုတွေကွာသလဲ?
ယောက်ျားလေးဆိုတော့ ယောက်ျားတွေအကြောင်းပြောရဦးမယ်...
ရည်မှန်းချက်ရှိသူလည်းအရက်သောက်တယ် ဒါပေမယ့်အရက်သောက်တဲ့အရေအတွက်နည်းသွားတယ်။
ရည်မှန်းချက် ရည်ရွယ်ချက်ရှိသူလဲ ဆေးလိပ်သောက်တယ် ကွမ်းစားတယ် ပိုက်ဆံသုံးတယ် ဒါပေမယ့် ဘဝကိုထိခိုက်လောက်အောင်ထိတော့မသောက်တော့မစားဘူးပေါ့.....။ရည်ရွယ်ချက်မရှိသူကတော့ဘဝကိုပေါ့ပေါ့ပါးပါးလေးပဲ သောက်တယ် စားတယ်ပေါ့ ဒါပေမယ့်အရေးပေါ်လည်းဖြစ်ပြီဆိုရော သိန်း၁၀၀လောက်ကိုသူတို့ဘဝမှာမကိုင်နိုင် မသုံးနိုင်တော့ဘူးဖြစ်ကုန်ရော....။
28/02/2020
ညီမလေးရေ...
ပြောရဦးမယ်ပေါ့ ကိုယ်ရည်မှန်းချက်ပြည့်ဖို့ဘယ်လောက်ကြိုးစားရမလဲဆိုရင်နှစ်၂၀လောက်ကြိုးစားရမယ်ညီမလေး..ကြာတယ်လို့မထင်လိုက်နဲ့နော် ကြားထဲမှာ ပျက်စီးသွားတတ်တယ်၊ အားလျော့သွားတတ်တယ်၊ငါဖြစ်တော့မှာမဟုတ်ပါဘူးဆိုပြီးလွတ်ချတတ်ပြန်ရော..စိုက်တာကညောင်ပင်၊ပေါက်လာတာကထန်းပင်ဆိုတာမျိုးက ဘယ်နှစ်ခါမှန်းကိုမသိဘူး..ဒီလိုနဲ့လိပ်လိုတဖြည်းဖြည်းကြိုးစားရင်းကိုယ့်ရည်မှန်းချက်ကိုရောက်တာ...။
အချစ်များစွာဖြင့်သာ....
21/02/2020
ညီမလေးရေ...
ညီမလေးပြောဖူးတယ်လေ..
ပိုက်ဆံတွေအများကြီးရှာနိုင်ပြီးတော့ကိုယ်ချစ်ရတဲ့သူတွေနဲ့အသက်ရှည်ရှည်နေသွားချင်တယ်။
ချစ်ရတဲ့မိသားစုဝင်တွေနဲ့ပျော်ပျော်နေသွားချင်တယ်လို့...
ဖတ်ဖူးခဲ့တဲ့ပုံပြင်လေးသွားသတိရမိတယ်။
ခြံစည်းရိုးပေါ်မှာကြောင်သုံးကောင်ထိုင်နေတယ်။၂ကောင်ကခုန်ချဖို့ဆုံးဖြတ်လိုက်တယ်။ဘယ်နှကောင်ကျန်သလဲ?
အဖြေကတော့...၃ကောင်စလုံးကျန်ပါတယ်။
အကြောင်းကတော့ခုန်ချဖို့ဆုံးဖြတ်တာဟာ ဆုံးဖြတ်ရုံသာရှိပြီးလက်တွေ့ရုပ်ပိုင်းအနေဖြင့်တကယ်ခုန်ချတာမှမဟုတ်သေးပဲကိုး။
ဒါကြောင့်ညီမလေးရေ...
Get started လိုက်ပါ...