စာပေ ဗဟုသုတများ စုဝေးရာ

စာပေ ဗဟုသုတများ စုဝေးရာ

Share

မပြေးနိုင်လည်း ဖြေးဖြေးတော့ သွားပါ-?

Photos from စာပေ ဗဟုသုတများ စုဝေးရာ's post 11/10/2025

ချစ်သော ပုဂံ

24/02/2023

တစ်ဦးလက်တစ်ဦးဆုပ်ကိုင်ပြီး အဖေ့ကိုကြည့်နေကြရှာတဲ့ မောင်နှစ်မနှစ်ဦး-

Cute Boy&Girls
Photo-Mc

Photos from စာပေ ဗဟုသုတများ စုဝေးရာ's post 21/12/2022

သစ္စာတရားနဲ့ မိသားစုအပေါ် နွေးထွေးမြတ်နိုးတဲ့ယောက်ျားတွေက ကြည့်လို့ကောင်းပြီး တောက်ပနေတာပဲ…

သူများကိုလည်း ဘယ်တော့မှ မဝေဖန်တတ်ဘူး…

ကိုယ့်ကိုယ်ကိုလည်း ဘယ်တော့မှ ကမ္ဘာ့အကောင်းဆုံးပါဆိုပြီး မပြောပြတတ်ဘူး…

နာမည် အရှိန်နဲ့ ဆော်တွေထည်လဲတွဲတတ်သူထဲမှာလည်း သူမပါပြန်ဘူး…

ဝေဖန်သံတွေကိုလည်း ဘယ်တော့မှ ခွန်းတုံမပြန်တတ်ဘူး…

တစ်ခါမှ Ferrari Lamboghini ပြိုင်ကားကြီးတွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေ မတွေ့ခဲ့ရဘူး…

Life ကရိုးရှင်းတယ်… ခဏခဏ လဲကျတယ်… တိတ်ဆိတ်စွာပဲပြန်ထတယ်…

မိသားစုကိုချစ်တယ်… Interview တွေမှာလည်း သူကမ္ဘာ့အကောင်းဆုံးဆိုတာထက် “အကောင်းဆုံး လူသားတစ်ယောက်ပဲဖြစ်ချင်တယ်”ဆိုပြီး နှိမ့်ချစွာပြောတတ်လေ့ရှိတယ်…

Credit

19/08/2021

ဒီပုံလေးကိုကြည့်လိုက်ပါ
တကယ်လို့လှည်းကိုဆွဲနေသူကသင်ဆိုရင်
အပေါ်မှာအဖေနဲ့အမေရှိတယ်အောက်မှာမိန်းမနဲ့ကလေးရှိတယ်
မတော်တဆချော်လဲသွားမယ်ဆို
သင့်မိသားစုတွေ အခက်အခဲဖြစ်ပြီ
မင်းဟာတစ်ခြားလူတွေရဲ့မျက်စိထဲမှာမြက်တစ်ပင် ဖြစ်နေပါစေ
မင်းမိသားစုရဲ့ရင်ထဲမှာတော့ မင်းဟာကောင်ကင်ကြီးလိုပါဘဲ
ယောင်္ကျားတစ်ယောက်အနေနဲ့ အသက်ရှင်တာအဓိပ္ပာယ်ရှိရမယ်
မိန်းမတစ်ယောက်အနေနဲ့ အသက်ရှင်တာတာဝန်ယူစိတ်ရှိရမယ်
ယောင်္ကျားအရမ်းပင်ပန်းတယ်ဆိုရင်
နောက်မှာအသုံးမကျတဲ့မိန်းမရှိလို့ပါ
မိန်းမအရမ်းပင်ပန်းတယ်ဆိုရင်
နောက်မှာ တာဝန်ယူစိတ်မရှိတဲ့ယောင်္ကျားရှိလို့ပါ
အဖေအမေ အရမ်းပင်းပန်တယ်ဆိုရင်
နောက်မှာ မိဘကျေးဇူးမသိတတ်တဲ့ သားသမီးရှိလို့ပါ
ကလေး အရမ်းပင်ပန်းတယ်ဆိုရင်
နောက်မှာ အိမ်နဲ့မတူတဲ့မိသားစုရှိလို့ပါ
အဲ့ဒါကြောင့်အသက်ရှင်ပြီး
ကိုယ့်ကိုယ်ကို အရမ်းအချောင်မခိုပါနဲ့
သူတို့အားလုံးက သင့်ရဲ့ရှိနေမှုကိုလိုလားကြတယ်
သင့်ကို နာမည်ခေါ်ဖို့တခုတည်းမဟုတ်ပါဘူး
ကိုယ်အသက်ရှင်ရတာ အရမ်းပင်ပန်းတယ်လို့မထင်ပါနဲ့
ပင်ပန်းမှဘဝက အဓိပ္ပာယ်ရှိတာ
တကယ်တော့လက်တွေ့ဘဝမှာဘယ်သူမှအသက်ရှင်ရတာမလွယ်ကူပါဘူး
သူများရဲ့အခက်ခဲတွေ ဒုက္ခတွေကို
သင်မမြင်ရတာပဲ ရှိတာပါ
အသက်ရှင်ရတာပင်ပန်းပြီး မောပန်းတယ်ဆိုမှန်ပြီ
လူသားအာလုံးဟာပင်ပန်းကြိုးစားပြီးမှ အောင်မြင်မှုကိုရကြတာပါ
လူသားတိုင်းမိမိတို့ရဲ့အသက်အရွယ်ပေါ်မှုတည်ပြီး ကိုယ့်ပုခုံးပေါ်ကတာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေ။
ဖြိုးခန့်

08/07/2021

”ဂရုစိုက်ပါ” ...ခဏခဏစိတ်ပူခံရတဲ့
နေ့ရက်တွေပေါ့ ဟန်နီရေ ....

မျက်စိနဲ့ မမြင်ရတဲ့ အကောင်လေးတို့
ဆော့မြူးကစားချိန်...

ချစ်တတ်တဲ့သူတို့ ငိုရတဲ့အချိန်
ခွဲခွာခြင်းတွေ ကြီးစိုးနေတဲ့ရာသီ ...

ပင်ပန်းပါတယ်
ငြီးခွင့်မသာတဲ့သူတွေက... ...
သူတို့ရဲ့ ချစ်ရသူတွေဆီ စိုးရိမ်ပူပန်ခြင်းကိုပဲ
လွှတ်ပေးနိုင်တဲ့ နေဝင်အိပ်တန်းတက်ချိန်တွေ ..

လောကကြီးကို စွန့်မခွာလိုတဲ့လူတွေရဲ့
ရုန်းကန်လှုပ်ရှား‌ခြင်းတွေကို
ငေးကြည့်နေရတဲ့ လူတစ်ချို့ရဲ့
ဝမ်းနည်းမျက်လုံးတွေ ......
သေမင်းဆီလှမ်းသွားနေတဲ့ချစ်ရသူတွေကို
နှုတ်ဆက်ခွင့်မသာတဲ့
ရက်စက်ခြင်းတွေ မင်းမူနေတဲ့အချိန် ..

တိတ်ဆိတ်နေတဲ့လောကကြီးမှာ ...
ဘဝအသေတွေနဲ့ ရှင်သန်နေတဲ့လူတစ်ချို့ရဲ့
ပျော်ရွှင်မှု‌တွေ ပျောက်ကွယ်နေတဲ့
ရက်စွဲတွေ ။ ။

ဝေးနေရသူတွေ နီးစေဖို့
နေပြန်ကောင်းပါတော့ ကမ္ဘာကြီးရေ ....။

01/01/2021

နောက်တစ်နေ့ အစီအစဉ်
____________________

နှစ်သစ်ကို ကြိုဖို့
အနံ့တစ်ခုလိုမယ်လို့ ဘယ်သူထင်မှာလဲ

မျက်လုံးတွေနဲ့ပဲ
ယဉ်ကျေးပျူငှါပြနေရတဲ့ ကမ္ဘာကြီးမှာ
စိတ်သက်သာရာရကြဖို့
အဆိုးတရားတွေ လျှော့ကြည့်ကြရတယ်

ကြွေပေးတိုင်းလည်း ခေါင်း အမော့နဲ့ ကြုံဦးမှ
ဝေပေးတိုင်းလည်း ပန်ဖို့ နေရာ ရှိဦးမှတဲ့
စေတနာဟာ ချိန်သားမကိုက်ရင်
အန္တရာယ် အများသား

အဖြေ ရှာကြည့်ခိုင်းတိုင်း
အမှား ရှာကြည့်နေတဲ့သူတွေနဲ့ ထပ်မဆုံချင်ဘူး
လူတွေဟာ ပျော်ရွှင်ဖို့ မွေးဖွားလာတာပါ
ပြည့်စုံဖို့ မွေးဖွားလာတာ မဟုတ်ဘူး

ဒီဘက်အခန်းကနေ
ဟိုဘက်အခန်းကို ကူး မသွားခင်မှာ
ဘယ်လောက်ဖိုးမှန်ခဲ့သလဲပဲ သိချင်တယ်
ဘယ်လာက်ဖိုး ထပ်မှားမလဲ မသိချင်ပါ

သူ့ချည်းသက်သက်ဆို ဗလာဖြစ်နေတဲ့ ကမ္ဘာထဲ
အရာရာကို စုစည်းထားတဲ့ စိတ်ကလေးနဲ့ နေမယ်
ပတ်ဝန်းကျင် အရောင်ဆန်းတွေကြားထဲ
အဖြူရောင်ကတော့
ဖြည့်တတ်သလောက် ပြည့်မှာ မဟုတ်လား

-အေးရိပ်-

01/01/2021

လရောင်ကို ခူးလို့မမှီသည့်နောက်
ကိုယ့်ကိုယ်ကိုယ်ပဲ ကြယ်လို လင်းလိုက်သည် ။

အစက ထိုအကျင့်မှာ ခဲခက်လှ၏ ။ ဆန္ဒ နှင့် လောဘ ၊ လိုတာ နှင့် ပိုရာကို သေချာ မခွဲတတ်သေး ။ အကောင်းဆုံးကိုမရလျှင် အသင့်ဆုံးဆိုတာကို မတွေးတတ်ဘဲ အဆိုးဆုံးကိုချည်း ပွေ့ပိုက်ယူမိ၏ ။

ကြာသော် တောင်ထိပ်မရောက်သော်လည်း တောင်ခြေမှာပဲ ရပ်နေတတ်သည့်အကျင့်က ခရီးမတွင်လှကြောင်း သိလာသည် ။ ဘယ်လောက်ရောက်ရောက် ရှေ့ဆက်လျှောက်နေဖို့လိုကြောင်း ၊ ရှေ့ဆက်လျှောက်နေခြင်းသည်ပင် ရှားပါးရတနာဖြစ်ကြောင်း သင်ယူမိလာ၏ ။ အနီးအပါး မြတ်နိုးစရာများကိုလည်း ငဲ့ကြည့်မိတတ်လာသည် ။ လက်ခံတတ်လာသည် ။

ပင်ကြီးရခိုင်ဆိုတာတွေထက် လောင်းရိပ်အောက်မှာပင် မရမက အသက်ရှင်နေသော မြေကပ်ပင်လေးများကို ချစ်တတ်လာသည် ။ လှိုင်းကြီးလေကြီးထက် ခံနိုင်ရည်ရှိလွန်းလှသော ကမ်းစပ်သောင်စကို ပိုအားကျလာ၏ ။ လူချင်းပေါင်းလို့ စိတ်လေးတစ်ကွက်ကောင်းလျှင်ပင် တစ်လှေတည်းစီးဖို့ ဝန်မလေးတတ်တော့ ။

စင်စစ် ယောနိသောမနသိကာရဆိုသည်ကား ထူးထွေသော နွယ်မြက်သစ်ပင်မရှိသည့်နေရာ၌ တစ်ခုတည်းသော ဆေးဖက်ဝင်စရာပင် ။

-အေးရိပ်-

26/12/2019

စာကိုမကျက်ပါနဲ့သား .
စာကိုနားလည်အောင် ဖတ်ပါ
မှတ်ပါ

လိုချင်တာတွေကို မဝယ်ပဲ
ပိုက်ဆံကို ခြစ်ကုပ်စုပီး
ကပ်စေးမနဲပါနဲ့သား
ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို
ခွဲခြားတတ်ပါစေ

ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ
အတင်းအဖျင်းတွေကို
ဂရုမစိုက်ပါနဲ့သား .
သားအကြောင်းကို
သားကိုယ်တိုင်ထက်ပိုပီး
ဘယ်သူမှ မသိနိုင်ပါ

စာများများဖတ်ပါ သား .
reader ကောင်းတစ်ယောက်ပာ
leader ကောင်းတစ်ယောက်
ဖြစ်လာမှာပါ

စိတ်ဝင်စားတဲ့အလုပ်ကိုပဲ
ရွေးလုပ်ပါ သား .

သားစိတ်မဝင်စားတဲ့ အလုပ်ကို
ဘယ်သူက ဘယ်လောက်ပဲ
တွန်းအားပေးနေပါစေ
အကျိုးသင့် အကြောင်းသင့်ပြောပီး
ပြတ်ပြတ်သားသားနဲ့
ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ .

လူတွေကို အားမနာပါနဲ့ သား .
အားနာတယ်ဆိုတဲ့စိတ်က
သားကို ဘယ်တော့မှ
ကောင်းကျိုးမပေးဘူး

လူတွေကို တတ်နိုင်သလောက်
မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ
ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး
မမျှော်လင့်ပါနဲ့

ဘဝမှာ "မှား"သွားမှာကို
မကြောက်ပါနဲ့သား .
လူတိုင်းမှားတတ်ကြပါတယ် .

ဒါပေမဲ့မှားမှန်းသိရင်
အမှန်ပြင်နိုင်အောင်
တတ်နိုင်သလောက်
ကြိုးစားကြည့်ပါ

လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ
သဘောထားချင်း
မတိုက်ဆိုင်တာတွေ့ရင်
ခံမငြင်းပါနဲ့ သား .
သူတို့ပြောတာပဲ
နားထောင်ပေးလိုက်ပါ

Manual Gearနဲ့
ကားမောင်းတတ်အောင် သင်ပါ .
ဘယ်ကားကိုမဆို မောင်းတတ်တဲ့
ယောကျာ်းတစ်ယောက်ပာ
သိပ်ကို Style ကျတယ် အမေ့သား

ကျန်းမာရေးအတွက်ရော
body လှဖို့အတွက်ပါ
အားကစားလုပပြါ သား .
ခန္ဓာကိုယ်တောင့်တင်းတဲ့
ယောကျာ်းတစ်ယောက်ပာ
ဘယ်နေရာသွားသွား
လူတောသိပ်တိုးတယ် ငါ့သား

ရန်ဖြစ်ရင် သူများကို
ဘယ်တော့မှစမထိုးပါနဲ့သား .
သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ
ယောကျာ်းသိက္ခာကျတယ်
အမေ့သား

ခရီးများများထွက်ပါ သား .
သွားတိုင်းလဲ
Camera တစ်လုံးယူဖို့မမေ့ပါနဲ့
ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့
အထင်ကရနေရာတွေကို
ဓါတ်ပုံရိုက်ခဲ့ပီး ...

ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို
memory card ထဲ
မသိမ်းထားပဲ photo album လေး
တစ်အုပ်အမြဲထုတ်ပါ.

အဲ့သည့်ဓါတ်ပုံတွေကို
သားပြန်ထုတ်ကြည့်မိတိုင်း
"ငါဒီနေရာတွေကို
ရောက်ခဲ့ပါလား" ဆိုတဲ့
အတွေးက
သိပ်ကြည်နူးစရာကောင်းတယ်

ရည်းစားအများကြီး
ထားကြည့်ပါ သား .
ဒါပေမဲ့ တစ်ယောက်ပီးမှ
တစ်ယောက်ထားပါ

အိမ်ထောင်ပြုတဲ့အခါ
မိန်းမကောင်းရှာယူမယ်ဆိုတဲ့
စိတ်ကြီးမမွေးပါနဲ့သား .
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်အောင်
သာကြိုးစားပါ .
မိန်းမကောင်းတစ်ယောက်
သားအတွက်
အလိုလိုပေါ်လာပါလိမ့်မယ်

အိမ်ထောင်ဖက်ကို
သားစိတ်တိုင်းကျ
သေသေချာချာရွေးချယ်ပါ .
သားဘဝရဲ့ ၉၀% သော
ပျော်ရွှင်မှုကို
ဒီမိန်းကလေးဆီကပဲ ရမှာပါ.

စိတ်ထားဖြူစင်ပီး
သဘောထားပြည့်ဝတဲ့
ယောကျာ်းကောင်းတစ်ယောက်
ဖြစ်ပါစေ။

Credit :

10/12/2019

ဗုဒ္ဓကမိန့်ကြားပါတယ်:

"လူတစ်ယောက်အကြောင်းကို
ဂဃနဏသိသွားသည့်တိုင်အောင် လူအများသိအောင် ထုတ်ဖော်ပြောပြစရာ မလိုဘူး" တဲ့၊

လူတစ်ယောက်ရဲ့အကြောင်းစုံကိုသိသွားတောင်..
သူရဲ့အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင် သူတစ်ပါးအပေါ်လေးစားခြင်း (Respect) ဆိုတဲ့ အဓိပ္ပါယ်ကို သင်နားလည်သွားပြီ..

ကိုယ်နဲ့မတည့်တဲ့သူရဲ့အကြောင်းကို သင်မထုတ်ဖော်ဘူးဆိုရင် နားလည်ခွင့်လွှတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သင်နားလည်သွားပြီ..

သူရဲ့အကြောင်းကိုအကုန်သိသွားသည့်တိုင်အောင် မထုတ်ဖော်ဘူး၊ အတင်းအနေနဲ့မပြောဘူးဆိုမှသာ စိတ်ဓာတ်ရဲ့အမြင့်ဆုံးပိုင်းမှာ သင်ရောက်နေတာ...

ဒီအဓိပ္ပါယ်ကိုနားလည်သွားရင် ဘဝမှာပျော်ပျော်နေဖို့ နောက်ထပ်နည်းတစ်ခုကိုတွေ့ရမှာ ...

အသက်ရှင်စဉ်.
ကိုယ်က ကြည့်မရတဲ့သူတွေရှိမယ်..
ကိုယ်ကို ကြည့်မရတဲ့သူတွေရှိမယ်..

သင့်ရဲ့ရင့်ကျက်မှုက သင်အသက် ဘယ်လောက်ကြီးပြီးသလဲနဲ့မဆိုင်ဘူး...

ဘဝမှာ ဘယ်လောက် လမ်းအများကြီးလျှောက်ဖူးသလဲ နဲ့မဆိုင်ဘူး...

ဘဝမှာ ဘယ်လောက်ရှုံးနိမ့်မှုအများကြီးနဲ့ ရင်ဆိုင်ဖူးသလဲ နဲ့မဆိုင်ဘူး...

သင်သာ လွှတ်ချခြင်းကိုနားလည်နိုင်မှသာ၊

ခွင့်လွှတ်ခြင်းကို သင်ယူနိုင်မှသာ၊

သူတစ်ပါးနဲ့ မလုယူတတ်တော့မှသာ ရင့်ကျက်ခြင်းဟုဆိုနိုင်မှာ....

နာကျင်မှုကမရှိတာမဟုတ်ဘူး၊ အေးခဲပြီးအငွေ့ပျံသွားတာ၊

လူတိုင်းမှာ သူ့နာကျင်မှုနဲ့သူ ရှိတယ်၊

အချိန်က ကုစားသွားလို့ ပျောက်တာမျိုး မဟုတ်ဘဲ ကိုယ်က ဒါ အကြောင်းကြောင့် အကျိုးဖြစ်တယ်မှန်း တစ်ချက်နားလည်လိုက်တာနဲ့ တစ်မဟုတ်ချင်း ယူပစ်သလို ပပျောက်သွားတာ...

မိမိစိတ်ထဲက အမှောင်ရိပ်ကိုဂရုမစိုက်ဘဲ စိတ်ရဲ့ဟိုးအောက်ဆုံးမှာ ချုံနွယ်ပိတ်ပေါင်းများစွားနဲ့ ဖုံးကွယ်ထားတာမျိုး မဟုတ်ဘူး..

နားလည်သဘောပေါက်ပြီး ဆရာဝန်ခွဲစိတ်ကုသမှုပြုသလို မျက်နှာအေးတိအေးစက်ထား.. ရင်ဆိုင်ကုသပြီး နဂိုတိုင်းပြန်ဖြစ်အောင်လုပ်ယူရမှာ..


ဒီအသက်အရွယ်အထိနေလာတဲ့တောက်လျှောက်မှာ
ဘယ်သူနဲ့နေရတာပျော်သလဲ.. ပျော်တဲ့သူနဲ့နေ၊

သူငယ်ချင်းကောပဲ.. တွဲရတာပင်ပန်းတယ်ထင်ရင် လက်လွှတ်လိုက်၊

သူ့ဆီက အပျော်ကိုရှာမယ့်အစား ကိုယ့်ကိုယ်ကိုပျော်အောင်နေပေါ့၊

သူ့ဆီကအပျော်ရဖို့ ကိုယ်ကသူ့ကိုတစ်ခါပျော်အောင်ထားရဦးမယ်၊ ကိုယ်လည်းပျော်အောင်နေရဦးမယ်၊

ဘာဖြစ်လို့ နှစ်ခါပင်ပန်းခံမှာလဲ..

` အထီးကျန်ဆန်ပဲခံလိုက်မယ် စိတ်ဆင်းရဲဒဏ်မခံဘူး

မိမိစိတ်ထဲကိုဝင်နိုင်တဲ့သူ တန်ဖိုးထားမယ်၊

မဝင်နိုင်ရင် ဝေးဝေးကနေမယ်၊

ရေစက်က မှေးမှိန်နေမှတော့ လုပ်မယူတော့ဘူးလေ..

လူတစ်ယောက်အကြောင်းကို အတွင်းသိအစင်းသိဖြစ်သွားရင်တောင် အတင်းအနေနဲ့မထုတ်ပြောဘဲ ဖြည်းဖြည်းချင်းမေ့ပစ်လိုက်တာ သိပ်မခက်ခဲပါဘူး.....

ကိုယ့်ကိုပျော်နေ ပြီးရောပေါ့ ....

Credit စာပေ

Photos from စာပေ ဗဟုသုတများ စုဝေးရာ's post 30/10/2019

{Mother Teresa } မာသာထရီဇာ ပြောတဲ့ “ ဘ၀ ” အကြောင်း

1. Life is an opportunity , benefit from it.
ဘ၀ဆိုတာ အခွင့်အလမ်းတစ်ခု တဲ့ ... အကျိုးအမြတ် ရယူပါ ။
2. Life is beauty , admire it .
ဘ၀ဆိုတာ အလှအပ တဲ့ ... မြတ်နိုးတန်ဖိုးထားပါ ။
3. Life is bliss , taste it .
ဘ၀ဆိုတာ ချမ်းမြေ့ပျော်ရွှင်မှု တဲ့ ... မြည်းစမ်းခံစားပါ ။
4. Life is a dream , realize it .
ဘ၀ဆိုတာ အိပ်မက်တစ်ခု တဲ့ ... တကယ်ဖြစ်လာအောင် လုပ်ပါ ၊
5. Life is a challenge , meet it .
ဘ၀ဆိုတာ စိန်ခေါ်မှု တစ်ရပ် တဲ့ ... ထိပ်တိုက်တွေ့ဆုံပါ ။
6. Life is duty , complete it .
ဘ၀ဆိုတာ တာဝန် တဲ့ ... ကျေပွန်ပြီးမြောက်အောင် ဆောင်ရွက်ပါ ။
7. Life is a game , play it .
ဘ၀ဆိုတာ ကစားပွဲတစ်ခု တဲ့ ... ကစားလိုက်ပါ ။
8. Life is a promise , fulfill it .
ဘ၀ဆိုတာ ကတိဝန်ခံချက်တစ်ခု တဲ့ ... တည်တံ့ခိုင်မြဲအောင် ဖြည့်ဆည်းပါ ။

9. Life is sorrow , overcome it .
ဘ၀ဆိုတာ ၀မ်းနည်းကြေကွဲခြင်း တဲ့ ... ဖြေဖျောက်ကျော်လွှားပါ ။
10. Life is a song , sing it .
ဘ၀ဆိုတာ သီချင်းတစ်ပုဒ် တဲ့ ... သီဆိုလိုက်ပါ ။
11. Life is a tragedy , confront it.
ဘ၀ဆိုတာ ကံဆိုးမိုးမှောင်ကျခြင်း တဲ့ ... ကြံ့ကြံ့ခံဖြေရှင်းပါ ။
12. Life is an adventure , dare it .
ဘ၀ဆိုတာ စွန့်စားခန်းတစ်ရပ် တဲ့ ... သတ္တိရှိရှိ ရင်ဆိုင်ပါ ။
13. Life is luck , make it .
ဘ၀ဆိုတာ ကံကောင်းခြင်း တဲ့ ဖန်တီးပြုလုပ်ပါ ။
14. Life is too precious , do not destroy it .
ဘ၀ဆိုတာ အရမ်းတန်ဖိုးရှိလို့ ဖျက်ဆီးမပစ်လိုက်ပါနဲ့ ။
15. Life is life , fight for it .
ဘ၀ဆိုတာ ဘ၀ ပါပဲ တဲ့ ... တိုက်ခိုက်ပြိုင်ပွဲဝင်ပါ

Photos from စာပေ ဗဟုသုတများ စုဝေးရာ's post 17/10/2019

သိန်း ၄၀ တန် မီးပုံးပျံကြီး တက်သွားတဲ့အခါ
၄၀၀ တန် ထမင်းထုပ်လေး စားနေတဲ့
ကလေးလေးက ငေးကြည့်နေတယ်.....

သိန်းသောင်းများစွာနဲ့ တည်ဆောက်ထားတဲ့
ဝေရောစဏ ကျောက်စိမ်းစေတီကြီးရဲ့ရှေ့မှ
အစိမ်းရောင် ဆင်းတုတော်တစ်ဆူ ခြေရင်းက
လက်အုပ်ချီပြီး ရောင်းနေတဲ့ ပန်းသည်လေးက
" အကိုရယ် ယူပါနော်" တဲ့.....

သီချင်းတပုဒ်ဆိုရင် သိန်းဆယ်ဂဏန်းရတဲ့ အဆိုတော်မလေးက
မီးပွိုင့်က သီချင်းညည်းရင်း စံပါယ်ပန်းရောင်းတဲ့
ပန်းသည်လေးကို " အကြွေ မရှိသေးဘူး"တဲ့....

ရွှေဆိုင်ပိုင်ရှင် အဒေါ်ကြီးက
ကန်စွန်းရွက်သည် ကလေးလေးကို
" ၃ စည်း ၅၀၀ မရရင် မယူဘူး"တဲ့.....

ဒါပေမယ့် .....

မီးပုံးပျံ သိန်း ၄၀ တန်ကို
လက်ခုပ်တီးရင်း ကနေကြသူတွေဟာ
ကလေးငယ်လေးရဲ့ ထမင်းထုပ်လေးကို
မတွေ့မိလိုက်ကြဘူး...

ဟင်းဆိုတာ ပဲရည်ကျဲလေးနဲ့ ဂေါ်ဖီကြော်.....

ကလေးလေးနားကို ဖုတ်ခနဲ ကျသွားတာက
သိန်းဂဏန်းတန်တဲ့ အရက်ပုလင်းခွံတစ်လုံး.......

ကျောက်စိမ်း စေတီကြီးဆီမှာ
ဆုတောင်းနေသံတွေကို လေ့လာရင်
လောဘတွေ ပြည့်နေပေမယ့်
ပန်းရောင်းတဲ့ ကလေးလေးပါးစပ်က
မေတ္တာပို့သံလေး လွင့်လွင့်လာတတ်တယ်.....

စံပါယ်ပန်းတွဲလေးကိုင်ထားတဲ့ ကလေးလေးက
သူ ဈေးမရောင်းရတာကို ဝမ်းမနည်းဘူးဗျာ
ကားပေါ်က အဆိုတော်မလေးကိုတွေ့ရလို့
အားရဝမ်းသာ ရယ်ပြနေတယ်.....

ကန်စွန်းရွက် ၃ စီး ၅၀၀ နဲ့ ဈေးဆစ်နိုင်လို့
ပြုံးနေတဲ့ အဒေါ်ကြီးကို ဈေးသည်လေးက
နောက်တစ်ခါ ဝယ်လှည့်ပါဦးတဲ့......

တစ်ခါတစ်ခါ ပြောင်းပြန်ဖြစ်တဲ့လောကဓံနဲ့
လောကကြီးကို မုန်းတယ်.…

ူရင်းရေးသားသူ

26/09/2019

နေရာ
======

ကျမ နာမည်က မြမေပါ။ အသက် ၅၀ ပြည့်ပြီဖြစ်တဲ့ အပျိုကြီးပေါ့။ မတည်မြဲတဲ့ လောကသဘာဝ၊ ပေးတိုင်းပြန်မရတဲ့ မေတ္တာတရား၊ ခါးသီးတဲ့ အတွေ့အကြုံတွေက ရင့်ကျက်တည်ငြိမ်တဲ့ ဒေါ်မြမေ ဖြစ်စေခဲ့ပြီ။ ဘ၀ကို ကျရာနေရာက တာဝန်ယူဖို့ အသင့်။ အလုပ်မှန်သမျှလည်း ဂုဏ်ရှိစွာ လုပ်တတ်ခဲ့လေပြီ။ မရှိမရှားဘ၀နဲ့ အလိုက်သင့် နေတတ်ခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီလေ။ အဲဒီလို နေတတ်အောင်လည်း သူတို့တွေ သင်ပေးခဲ့ကြတာပဲ။

အခန်း( ၁)

အဖေရော အမေရော ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဆုံးပါးသွားကြချိန်မှာ အစ်ကိုက အိမ်ထောင်ကျပြီး သမီးနှစ်ယောက် ရနေလေပြီ ။

"မြမေ၊ ညီမလေး … ငါ့သမီးနှစ်ယောက်ကို နင်ဂရုစိုက်ပေးရင် ရပါပြီဟာ။ ကျန်တာ နင် ပူစရာမလိုဘူး။ နေဖို့လည်း မပူနဲ့။ စားဖို့လည်း မပူနဲ့။ နင် တစ်သက်လုံး ငါတို့နဲ့ပဲ နေရမှာ"

"ဟုတ်တယ် မြမေ… ငါတို့ ညီအစ်မတစ်တွေ အတူတူပဲ နေကြရအောင်။ ကိုဝင်းထွန်း ညီမကလည်း ငါ့ညီမပဲပေါ့ အေ"

"ဟုတ်ကဲ့ပါ အစ်ကို… အစ်ကိုတို့ စီစဉ်သလို မြမေ နာခံပါ့မယ်"

ယောင်းမဖြစ်သူ မချောနဲ့ အစ်ကို ကိုဝင်းထွန်း စကားတွေကို မြမေ ယုံကြည်မိခဲ့တယ်။
အဖေနဲ့အမေ ဆုံးပါးသွားတော့ မြမေ အသက်က သုံးဆယ်ရှိလေပြီ။ အိမ်ထောင်လည်း မပြုလေတော့ အစ်ကိုက အမွေပစ္စည်း မခွဲချင် တစ်အိမ်တည်းမှာ စည်းစည်းလုံးလုံး နေဖို့ စိတ်ကူးခဲ့ကြသည်ပဲ။

"တီမေ… သမီးကို ကျောင်းလိုက်ပို့ပေး"

"တီမေ… သမီးကို လက်ဖက်သုပ်ပေးပါ။ ည စာကျက်ရင် စားဖို့ "

တူမ နှစ်ယောက် ပူဆာသမျှ မညည်းမညူ လုပ်ဆောင်ပေးရတာက မြမေတာဝန်။

အစ်ကိုနဲ့ ယောင်းမက ကလေးတွေကို ပြန်မကြည့်နိုင်။ မိုးလင်းက မိုးချုပ် တောထဲမှာပဲ အလုပ်လုပ်ရင်း အချိန်ကုန်ကြသည်။ မြမေက အိမ်မှာချက်ပြုတ်၊ကလေး နှစ်ယောက် စောင့်ရှောက်ရင်း မြမေ ဘ၀ အစစအရာရာ ပြည့်စုံသာယာတယ်လို့ ထင်မိခဲ့တယ်။

အခန်း (၂)

အချိန်ကြာလာသည်နဲ့အမျှ တူမလေးတွေလည်း အရွယ်ရောက်လာကြလေပြီ။အကြီးမ ယုယုက ဆယ်တန်း။ အငယ်မ နုနုက ရှစ်တန်း။ တူမတွေ လိုရာဆန္ဒကို ဖြည့်ဆည်းပေးရင်း မြမေ အသက် လေးဆယ်နား ကပ်လာပြီ ။ မြမေကို လာရောက်တောင်းရမ်း လက်ထပ်ချင်သူ ရှိသော်လည်း ခေါင်းခါခဲ့သည်။ အစ်ကို့ မိသားစုကို ကိုယ့်မိသားစုလို သဘောထားကာ ဘ၀ကို ကျေနပ်နေခဲ့လေသည် ။

"သမီး စာမေးပွဲအောင်ရင် ကျောင်းဆရာမ လုပ်မယ်။ သမီးတာဝန်ကျတဲ့နေရာ တီမေ လိုက်ရမယ်နော် "

အကြီးမ ယုယုက ပြောတော့

"သမီးအိမ်ထောင်ကျတော့ တီမေက ဘယ်သူနဲ့ နေရမလဲ"

"သမီးက ယောက်ျားမယူဘူး၊ တီမေလို အပျိုကြီးပဲ လုပ်မှာ"

တူမချောချောတွေ စကားက မြမေကို စိတ်ချမ်းမြေ့စေခဲ့တယ်။ဟုတ်ဟုတ် မဟုတ်ဟုတ် အဲဒီအချိန်တုန်းကတော့ မြမေ အားဖြစ်ခဲ့ရသည်လေ။ အစ်ကို လင်မယားကလည်း မြမေကို ဦးစားပေးခဲ့ကြတာကိုး။

"သမီး စာမေးပွဲအောင်တယ် တီမေ၊ ဂုဏ်ထူးနှစ်ခုပါတယ်… ပျော်လိုက်တာ။ အဖေရေ အမေ သမီး စာမေးပွဲအောင်ပြီ"

"ဒါမှ ငါ့သမီးကွ၊ ငါ့သမီး ဘာလုပ်ချင်လည်း ပြော၊ အဖေဖြစ်အောင်လုပ်ပေးမယ် "

မိသားစုတွေ ပျော်ကြရပြီ။

ယုယုက အမှတ်ကောင်းလို့ ကျောင်းဆရာမ မလုပ်တော့ပေ။ သူနာပြုဆရာမ လျှောက်တော့ ဝင်ခွင့်ရခဲ့တယ်။ မန္တလေးမှာ သင်တန်းတက်နေချိန် လိုရာအကြော်အလှော် ပို့ပေးရပြန်တယ်။ အငယ်မကိုလည်း တစ်ဖက်က ဂရုစိုက်ပေးရသေးတယ်။ ညဘက် စာကြည့်ချိန် ဘေးနားမှာ ထိုင်ရင်းစာဖတ်။ တူမလေးအိပ်ပြီဆိုမှ မြမေလည်း အိပ်ရ နားရ တယ်။ သည်လိုနဲ့ အငယ်မလည်း ဆယ်တန်း အောင်ခဲ့ပြန်ရော။

အစ်ကိုနဲ့ ယောင်းမရဲ့ စိတ်သဘောထားတွေလည်း ပြောင်းစပြုလာပြီ။ အပြင်အလုပ် မလုပ်သည့် မြမေကို ငြိုငြင်လာကြပြီ။ အပြစ်မရှိ အပြစ်ရှာ ပြောကြတယ်။ ဘယ်အချိန်ကမှ အပြင်အလုပ် မလုပ်ရတဲ့ မြမေကို အပြင်အလုပ် ခိုင်းတတ်လာကြတယ်။ သမီးနှစ်ယောက် သင်တန်းကို အစ်ကိုတစ်လှည့် ယောင်းမတစ်လှည့် သွားကြည့်ကြရင်း မြမေမှာ တဖြည်းဖြည်း ဘေးရောက်နေလေပြီ။

တူမတွေ အလည်ပြန်လာခိုက်မှာ အဆင်ပြေသလို ရှိသော်လည်း တူမတွေမှာ သူတို့ ဘ၀အတွက် ကြိုးစားနေကြပြီလေ။ အရင်လို မြမေကို တီတီတာတာ မလုပ်ကြတော့။ ချစ်သူရည်းစားလည်း ထားတတ်လာကြတော့ မိမိမှာ အထီးကျန်သလိုနဲ့ ဝမ်းနည်းအားငယ်မိသည်သာ။

အခန်း (၃)

"ဘာပြောတယ် အစ်ကို… အခုမှ အမွေခွဲမယ် ဟုတ်လား"

အစ်ကို့နှုတ်က ဒီလိုစကားမျိုး ထွက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မြမေ မမျှော်လင့်မိခဲ့။ အခုတော့

"ခွဲစရာရော ဘာကျန်သေးလို့လဲ အစ်ကိုရဲ့။ ရှိသမျှ လယ်မြေ အစ်ကို့ သားသမီး ပညာရေးအတွက် ရောင်းချခဲ့တာပဲ။ အခုမှ အမွေခွဲမယ်ဆိုတော့"

မြမေ စကားဆက်မပြောနိုင်။ မျက်ရည်ဖြိုင်ဖြိုင် ကျရလေပြီ။

"အဲဒါ ငါတို့ချည်း သုံးလာတာ မဟုတ်ဘူးလေ။ နင်လည်း တစ်သက်လုံး ထိုင်စားလာတာပဲ"

ယောင်းမကလည်း ပြောပြန်တယ်။အလုပ်မလုပ်တာကပဲ အပြစ်တစ်ခု ဖြစ်လာလေပြီ။

"အစ်မသမီးတွေ ငယ်ငယ်တုန်းက ဒီ စကားမပြောပါဘူး။ အခု ရှိတာလည်းကုန်ရော အစ်မတို့ ပြောပြီပေါ့"

"မဆိုင်ပါဘူး မြမေရာ၊ နင်လည်း အတူတူ စားသောက်လာတာ ခုမှ ကုန်တာတွေ ဘာတွေ လာမပြောနဲ့"

"ပြောရက်လိုက်တာ အစ်ကိုရယ်၊ အစ်ကို့ သမီးတွေလည်း အလုပ်ကိုယ်စီ ရကုန်ကြပြီ ဆိုတော့ ပြောအားရှိပြီပေါ့။ သူတို့ အရွယ်မရောက်ခင်က ကျွန်လို ပြုစုစောင့်ရှောက်ခဲ့ရတာ မြမေပါ"

သူတို့ ဘာမှ ပြန်မပြောကြ။ မြမေ ဆက်ပြောလိုက်တယ်။

"သည်အိမ်ကတော့ မြမေ ခွဲမပေးနိုင်ဘူး။အစ်ကိုတို့ မနေချင် ဆင်းကြ။ ကိုယ့်တစ်ဝမ်း တစ်ခါးအတွက်တော့ မြမေ ရှာစားနိုင်ပါတယ်။ ခုလို စောစောသိရတာ ကောင်းတာပေါ့"

အခြေအနေက တင်းမာလာတယ်။ မိသားစု စိတ်ဓာတ်လည်း ပျက်ကွယ်ပြီ။ စိတ်ဝမ်းတွေ ကွဲခဲ့ကြရင်း အစ်ကိုမိသားစုက တစ်နှစ်အတွင်းမှာပဲ အိမ်ခွဲသွားကြတော့တယ်။ မိဘအိမ်အိုကြီးမှာ မြမေ တစ်ယောက်တည်း အားငယ်စိတ်နဲ့ ကျန်ခဲ့ရသည်။

တူမတွေကလည်း မိဘစကားကိုပဲ နားထောင်ကြသည်လေ။ မြမေ ရင်နာရလေပြီ။ ရှေ့ဆက်ရမယ့် ဘ၀ခရီးကို မာနတွေနဲ့ ကြိုးစားအားတင်းခဲ့တယ်။

အစ်ကို့စကား ယုံစားမိခဲ့တာလည်း နောင်တရတယ်။ ဒါပေမယ့် မြမေက သူတို့ဆီမှာ အောက်မကျို့ခဲ့။ ကျန်ရှိသမျှ ပစ္စည်းလေးကို ခွဲဝေယူပြီး တစ်ယောက်တည်း အဆင်ပြေအောင် နေခဲ့တယ်။ မင်္ဂလာဆောင်ပြီး နေစရာ အခက်အခဲဖြစ်နေသည့် တူဝမ်းကွဲ ဖိုးလုံးနဲ့ မိညိုကို ခြံထဲမှာ အိမ်ဆောက်နေဖို့ ခွင့်ပြုပေးလိုက်တယ်။ အရေးအကြောင်းဆို အကူအညီ ဖြစ်ရသည်ပေါ့။ အချိန်ရှိသခိုက်မှာ နောင်ရေးအတွက် ကိုယ်လုပ်နိုင်ရာ အလုပ်လုပ်ခဲ့တယ်။

မိဘအမွေ လယ်တစ်ခင်းကိုတော့ နာဖို့အတွက် ချန်ထားရင်း သူများကို သီးစား ချပေးလိုက်တယ်။ စားဖို့ သောက်ဖို့အတွက် သိပ်မပူပင်ရပေမယ့် လုပ်နိုင်ကိုင်နိုင်ချိန်လေးမှာ အလုပ်လုပ်ရမည်လေ။ ကိုယ်က ငယ်စဉ်အချိန်မှာ အရေးပါတဲ့ငွေကို မရှာမိခဲ့။ မေတ္တာတရားကိုပဲ မျက်စိမှိတ် ယုံကြည်မိခဲ့သူ။ နောင်တတွေ ရမိသည်။ အခုအချိန် မြမေမှာ ရွှေအပြည့် ငွေအပြည့်ရှိမယ်ဆိုလျှင် အစ်ကို မိသားစု သည်လိုလုပ်မည်မထင်။

"နှမကောင်းစားလျှင် အစ်ကို အိမ်ဦးခန်း၊ အစ်ကိုကောင်းစားလျှင် နှမ မီးဖိုချောင်" ဆိုသော အရပ်သုံး စကားပုံတောင် မြမေအတွက် ပျက်ခဲ့လေပြီ။ မီးဖိုချောင်မှာပင် မသုံး လိုကြတော့။

မြမေလည်း ကိုယ့်နေရာအမှန်ကို သိလာရပြီ။ ညဘက်ဆို ရေဒီယို ကက်ဆက်ကလေးဖြင့် တရားနာရင်း ကိုယ့်အတွက် ကိုယ်လုပ်ရတယ်။ နေ့ခင်းမှာဆိုရင်တော့ ပဲပြာ၊ ပဲရွေး လက်တိုလက်တောင်း အငှားခေါ်ရာ လိုက်လုပ်ပေါ့။ အခုဆို ရွာရဲ့ သာရေး နာရေးတွေမှာ ရှေ့ဆုံးက။ ကိုယ့်ချွေးနဲ့ရတဲ့ လုပ်အားခကို အလှူအတန်းပြုရင်း သံယောဇဉ်ကြိုးကို နည်းနိုင်သမျှ နည်းအောင် ဖြတ်နေတယ်။

အစ်ကိုတွေကတော့ သမီး ပညာတတ်တွေနဲ့ မော်ကြွားနေကြပြီ။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတောင် ဂရုမစိုက်ကြ။ တူမလေးတွေကတော့ တစ်ခါတစ်ရံတော့ မုန့်ပဲ သွားရည်စာလေးများနဲ့ လာကန်တော့ကြပါသေးတယ်။ ဒါပေမယ့် မြမေက သူတို့ဆီက ဘာမှ မမျှော်လင့်တော့။ ကျန်ရှိနေတဲ့ ဘ၀အချိန်ပိုင်းလေးမှာ ကိုယ့်အားကိုယ်ကိုးရင်းနေဖို့ ဆုံးဖြတ်ထားသည်ပဲလေ။

"ကြီးမေ… ကြီးမေ"

မိညိုခေါ်သံကြောင့် အတွေးက ပြတ်တောက်သွားသည်။

"ဟေ… မိညို …ကြီးမေ ဒီမှာ"

"အရီးမြိုင်က ကြီးမေကို ပဲပြာဖို့ ခေါ်ထားတယ်ဆို၊ မလာသေးဘူးလား မေးလို့။ နေများ မကောင်းလို့လား ဝင်ကြည့်တာ"

"ကြီးမေ နေကောင်းပါတယ်ကွယ်၊ အခုပဲ သွားတော့မှာ၊ အိမ်ကြည့်ထားလိုက်ဦးနော် မိညို"

"ဟုတ်ကဲ့ပါ… ကြီးမေ"

မိညို စကားသံ အဆုံးတော့ မြမေလည်း ဆန်ကောတစ်ချပ် ကိုင်ကာ ခြေလှမ်းတွေက ပဲသန့်ရမည့် အိမ်သို့။

The Mirror Daily. Page မှ _

မေသူ ( တမာတော )

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


26-27-90/91
Mandalay
9988