ဗဟုသုတ

ဗဟုသုတ

Share

နေ့စဉ်စာဖတ်ချိန် သတ်မှတ်ထားပါ။

10/10/2025

အချစ်တွေမှာ တန်ဖိုးတွေရှိပါတယ် ။
ပေါပေါပဲပဲ ရနေတိုင်း တန်ဖိုးတွေ မထားပဲမနေပါနဲ့ တန်ကြေးတွေ ဖြတ်ပြလို့မရတာပဲ ရှိတာပါ...သူ့မှာ ဖြတ်လို့မရတဲ့ တန်ဖိုးတွေမှ အများကြီးပဲ
ကိုယ်နဲ့မဆိုင်တဲ့ သူစိမ်းတစ်ယောက်ကို အချစ်ဆိုတာလေးတစ်ခုတည်းနဲ့ စိတ်ပူဖို့ ကိုယ့်ရဲ့ လွတ်လပ်ခြင်းတွေကို ကျေကျေနပ်နပ်ကြီး စတေးထားကြတယ် ။
ကိုယ့်ကို နဲနဲလေးဂရုစိုက်ပေးရုံနဲ့ အများကြီး ပျော်တတ်တဲ့ သဘာ၀ကိုလဲနားလည်ပါ ။ အကြိမ်ကြိမ်ငိုစေခဲ့တာတွေထက် တစ်ကြိမ်တစ်ခါပျော်စေခဲ့တာကိုပဲ ကျေးဇူးတင်တွေတင်တတ်တာကိုလဲ မြင်ပါ ။
အချစ် ...တန်ကြေးဖြတ်လို့မရဘူး ဒါပေမယ့် ထားစရာတန်ဖိုးတွေ အများကြီးပါတယ် အချိန်တွေ စိတ်တွေ ပြီးတော့ ခံစားမှုတွေ အားလုံးပါတယ် ။
တန်ဖိုးထားပေးပါ ။

#မိန်းမသားတို့အတွက်
#သျှင်ယွန်း

10/10/2025

ငွေ မရှိရင်
ဆွေမျိုးတောင် သူစိမ်းဖြစ်တယ်
ငွေရှိရင်, သူစိမ်းတောင် ဆွေမျိုးဖြစ်တယ်။
ငွေရှိအောင်ကြိုးစားပါ
မရှိခင်မှာ ချွေတာပါ။
ရှိလာတဲ့အခါ စည်းကမ်းရှိပါ။
ငွေရှာပြီး မချွေတာရင်
သေအောင်ရှာ မကြီးပွားပါဘူး။
ငွေနဲ့ပတ်သက်လာရင်
ကျန်းမာရေးနှင့် ပညာရေးကလွဲပြီး
လိုတာထက် ပိုမသုံးပါနဲ့။
လူမသေ ငွေမရှားဆိုတဲ့အတိုင်း
လူတစ်ယောက် အသက်ရှင်နိုင်ရန်အတွက်
ငွေကိုနှမျှောနေလို့မရပါဘူး။
ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့အတိုင်း .
ပညာတတ်ဖြစ်ရန် ငွေကိုနှမျှောနေလို့မရပါဘူး။
အရာရာတိုင်းကို
ငွေနဲ့ဝယ်လို့ မရပေမယ့်
နေရာတော်တော်များများက
ငွေမပါရင် မပြီးသလောက်ပါပဲ။
နောက်ဆုံး ဆေးရုံပေါ်ကလူနာ
အသက်ကယ်ဆေးထိုးဖို့အတွက်
ငွေမပါရင်
မပြီးပါဘူး။
"ရရစားစား
ဝါးဝါးမျိုမျို
စုမထားလို့
ငါးပြားမပို
ဒုက္ခတွေ့မှ
ပေးကြပါဆို
သေခါးနီး
ငိုချည်း
မျက်ရည်ယို"။
လူတွေဟာ
ကိုယ့်ကိုကူညီဖို့
မွေးဖွားလာကြတာမဟုတ်ပါဘူး။
သူများအကူညီကို မမျှော်လင့်ပါနဲ့။
ကိုယ့်အားကိုယ်ကိုးပါ။
ကြိုးစားတိုးပွားနိုင်ကြပါစေ။❤

23/08/2025

ကျွန်တော်တို့ရဲ့ ဘဝတက်လမ်းတွေကို ပိတ်ပင်နေတဲ့ သူတစ်ယောက်ရှိတယ်။ အဲ့ဒါက ကျွန်တော်တို့ ကိုယ်တိုင်ပါ လို့ ပြောလိုက်ရင် ယုံကြမှာလား။

ဒီစကားကို ယုံတဲ့သူလည်းရှိသလို လက်မခံချင်ကြတဲ့ သူတွေလည်း ရှိတယ်။ သေချာစဥ်းစားကြည့်လိုက်ရင်…
ကျွန်တော်တို့မှာ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့်၊
ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိတာ မဟုတ်ဘူးရှိတယ်။
ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကိုယ် မရှိဘူး၊ မရဘူး လို့ လိမ်ထားကြတာပါ။

တချို့ကကျတော့လည်း
ကိုယ်ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိလို့
ဘာကို ဆုံးဖြတ်ရမှန်း မသိတာလည်းရှိတယ်။
ဒီလိုမသိထားတော့ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့
ဘဝက လိုသလောက် ရှေ့မရောက်နိုင်ဖြစ်နေကြတာပါ။

ဒီလို ကိုယ့်အကြောင်းကိုယ် မသိတာက ညံ့ရာရောက်တယ်။
တစ်နေ့မှာ ၂၄ နာရီ ရှိတယ်ဆို အိပ်ချိန်နဲ့ အလုပ်ချိန်ကို ဖယ်လိုက်ပြီး
ကျန်တဲ့ အချိန်တွေမှာ အချိန်တစ်ခုပေးပြီး
ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်သုံးသပ်နေရမယ်။
▪️ဘာတွေခံစားနေရတာလဲ?
▪️မလိုအပ်တာတွေ တွေးမိနေပြီလား?
▪️ဘာကို လိုချင်တာလဲ?
▪️ဘာက်ို လိုအပ်တာလဲ? ဆိုတဲ့ မေးခွန်းတွေနဲ့
ကိုယ့်စိတ်ကိုယ် သတိ ကပ်ပြီး
ကိုယ့်အကြောင်းကိုယ် ပြန်သိဖို့ ကြိုးစားသင့်ပါတယ်။

ကိုယ့်အကြောင်းကိုယ် သိပြီး
ကိုယ့်ဘဝမှာ ဘာလိုချင်တာလဲ ဆိုတဲ့ အဖြေကို ရှာနိုင်ပြီဆိုရင်
ဘာအခက်အခဲတွေ နဲ့ပဲ ကြုံကြုံ
လက်မလျှော့ဘဲနဲဲ့
အဲ့ဒီ ဘဝပန်းတိုင်ကိုရောက်အောင်သွားနိုင်လိမ့်မယ်။

အမှားတွေရှိရင် ပြင်ပါ။ လဲကျရင် ပြန်ထပါ။
အမြဲတမ်း အသစ်အသစ်တွေကို လေ့လာပါ။
ကိုယ့်ကိုယ်ကိုယ် “ငါလုပ်နိုင်တယ်” ဆိုတဲ့
ယုံကြည်မှု အပြည့်နဲ့ အလုပ်လုပ်ပါ။

────
ကိုယ့်ကိုယ်ကိုယ် ဖျက်စီးမိနေတဲ့ အမူအကျင့်တွေ၊
စိတ်ဓာတ်တွေ၊ အောင်မြင်မှုကို တားဆီးနေတဲ့ အရာတွေထဲမှာ ကိုယ်ကိုယ်တိုင်ပါတယ်။ ShweNote Application ထဲမှာ ဒီ အမူအကျင့်တွေကို ဘယ်လိုဖျောက်ဖျက်ရမလဲဆိုတာနဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတဲ့ နည်းလမ်းကောင်းတွေကို ရေးသားထားတဲ့ “ The Mountain is You” စာအုပ်ကောင်းတစ်အုပ်ရှိတာမို့ Premium User တွေ မဖြစ်မနေ သွားဖတ်သင့်တဲ့ စာအုပ်မို့ အခုပဲ သွားဖတ်ပါ။

#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

14/04/2025

"လူ့တန်ဖိုး"💚
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;

ပညာတွေတတ်ပြီး
အကောင်းအဆိုးကို မခွဲခြားနိုင်ရင်
အလကားပါပဲ

ငွေကြေးချမ်းသာပြီး
အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲထည့်ဖို့
ကြိုးစားနေရင်လည်း အလကားပါပဲ

အတွေးအခေါ် ဘယ်လောက်မြင့်မြင့်
စာနာနားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကားပါပဲ။

ရုပ်ရည် ဘယ်လောက်ချောချော
လူတစ်ယောက်ကို လူလို့မမြင်တတ်ရင်
အလကားပါပဲ။

အသိပညာ ဘယ်လောက်ရှိရှိ
တစ်ခြားသူပြောတဲ့စကားကိုတန်ဖိုးမထားတတ်ရင်
အလကားပါပဲ။

အလုပ်တွေဘယ်လောက်ပဲကြိုးစားကြိုးစား
ရိုးသားမှု မရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ်မရှိရင် အလကားပါပဲ။

ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ
သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် အလကားပါပဲ။

အမှန်တရားကို
ဘယ်လောက်ပဲလက်ခံတယ်ပြောပြော
ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ
မကြိုက်ရင် အလကားပါပဲ။

တကယ်တော့
လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်း မဟုတ်ပါဘူး။

တခြားသူတွေအပေါ်
ကြင်နာတတ်တဲ့ နှလုံးသား....

ဂရုစိုက်နားထောင်ပေးတတ်တဲ့
စာနာတတ်တဲ့ နား.....

ပေးကမ်းကူညီတတ်တဲ့
လက်တစ်စုံ......

အကောင်းမြင်တတ်ပြီး
အမြင်ကြည်လင်တဲ့ မျက်စိနဲ့.....

အပြောချိုပြီး
မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့.....

လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး
လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။

#ဘဝအတွတ်စာဖတ်ပါ
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

14/04/2025

#ရိုးသားပါဆိုသည်မှာ
လူ့ဘဝနှင့် လူမှုဆက်ဆံရေးတွင်
အလွန်အရေးပါသော
ကိုယ်ကျင့်တရားဆိုင်ရာ
အခြေခံများဖြစ်ပါသည်။
အောက်ပါအတိုင်း
ရှင်းလင်းပြသပေးပါမည်။

၁။ #ရိုးသားခြင်း
ရိုးသားမှုဆိုသည်မှာ
စိတ်နှင့်နှုတ်၊ အပြုအမူတို့ကို
မှန်ကန်စွာ ထုတ်ဖော်
ပြောဆိုခြင်း ဖြစ်သည်။

#အရေးပါပုံ
လူ့ဆက်ဆံရေးတွင်
ယုံကြည်မှုကို တည်ဆောက်ပေးပြီး၊
မိမိကိုယ်ကို လေးစားမှုနှင့်
စိတ်သက်သာရာရစေသည်။

#ဥပမာ :
အမှားလုပ်မိပါက ဝန်ခံခြင်း၊
သူတစ်ပါး၏ မေးခွန်းကို
မှန်မှန်ကန်ကန် ဖြေဆိုခြင်း။

-၂။ #မဟုတ်မခံပါနဲ့
လိမ်လည်ခြင်းသည် ယုံကြည်မှုကို
ပျက်စီးစေသော အပြုအမူရာဖြစ်သည်။

#ဆိုးကျိုးများ
- လိမ်လည်မှုတစ်ခုကို ဖုံးကွယ်ရန်
နောက်ထပ်လိမ်မှုများ လုပ်ရသည်။
- သင့်အား ယုံကြည်သူများ
စိတ်နှလုံးပျက်စီးကာ
ဆက်ဆံရေးပြိုကွဲနိုင်သည်။
- မိမိကိုယ်တိုင် စိုးရိမ်
ပူပန်မှုများ ဖြစ်ပေါ်စေသည်။

၃။ #ရိုးသားမှုနှင့်
#ဉာဏ်ရည်ဉာဏ်သွေး
ရိုးသားမှုသည်
ဉာဏ်ရည်မြင့်မားခြင်း၏
လက္ခဏာ လည်းဖြစ်သည်။
- မှန်ကန်သော စကားကို နားလည်သဘောပေါက်ပြီး သင့်တော်သောနည်းလမ်းဖြင့် ပြောဆိုနိုင်ခြင်းသည် ဉာဏ်ရည်တိုးတက်မှုကို ပြသသည်။

#ဥပမာ
သိပါတယ်၊ ဒါပေမယ့်
မပြောချင်ဘူး" ထက် "မသိဘူး" ဟု
ရိုးရိုးသားသား ဝန်ခံခြင်းက
ပိုမိုထိရောက်သည်။

၄။ မြန်မာ့ယဉ်ကျေးမှုနှင့်
ဆက်စပ်မှု မြန်မာလူမှု
အသိုင်းအဝိုင်းတွင် သစ္စာရှိမှု၊ ရိုးသားမှု၊ ကတိသစ္စာပြည့်စုံဟူသော
တန်ဖိုးများကို အလေးထားသည်။

၅။ #ရိုးသားမှုကို
#ဘယ်လိုလေ့ကျင့်မလဲ

- မိမိ၏အမှားကို ဝန်ခံပါ။
- သူတစ်ပါး၏ ခံစားချက်ကို ထိခိုက်စေမည့် အမှန်ကို နားလည်စွာ ပြောပါ (ဥပမာ - ကြမ်းတမ်းစွာမပြောဘဲ နူးညံ့သိမ်မွေ့စွာ ဖွင့်ဟပါ)။
- ကိုယ့်စကားနှင့်ကိုယ် ကိုက်ညီအောင် နေထိုင်ပါ။

၆။ #ရိုးသားမှုသည်
လွယ်ကူသောလမ်း
မဟုတ်သော်လည်း၊
ရေရှည်တွင် သင့်ကို လွတ်လပ်မှု၊
ယုံကြည်မှုနှင့် စိတ်ချမ်းသာမှုများ
ပေးစွမ်းနိုင်သည်။

#မဟုတ်တာကိုမခံပါနဲ့
ဆိုသည့် စည်းကမ်းကို
လိုက်နာခြင်းဖြင့် သင်သည်
မိမိကိုယ်ကို လေးစားမှုနှင့်
သူတစ်ပါး၏ လေးစားမှုကို
ရယူနိုင်ပါလိမ့်မည်။

#ထို့ကြောင့်_ရိုးသားပါ
#လိမ်လည်မှုကိုရှောင်ပါဟူသော #စကားကိုအမြဲလက်ကိုင်ထားသင့်ပါသည်။

Crd

14/04/2025

အလုပ်မှာ တအား လုပ်မပြပါနဲ့...
======================
တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။
သူမှာနွားပိန်တစ်ကောင်ပဲရှိတယ်
လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။
သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ
တယ်။
သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး
ယောင်ဆောင်ပြီး နေတယ်။
သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။
အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။
လိုက်တောင်တရွတ်ဆွဲနေသေး ၊
နွားလားဥဿဖသိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။
တစ်နေ့တစ်နေ့အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီးကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။
၃ / ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့
ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော
ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။
ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊ အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။
သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။
မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း
အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန်
တွေရွိတယ်။
အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ
ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့
အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့
ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊
ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊
သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
#စာပေ #ဘဝအတွက်စာပေ #လူ့တန်ဖိုး #တကယ်တော့ #စေတနာ

14/04/2025

"မဖိနှိမ့်ပါနဲ့"
ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
ခွေးကြောက်တယ်ထင်ပြီး
ရှူးတိုက်ချင်သေးတယ်။

လည်မျိုတက်နင်းလို့ လျှာထွက်နေတာကို
မျက်နှာပြောင်တယ်ထင်ပြီး
ပါးရိုက်ချင်သေးတယ်။

ကြိုးစားနေချိန်မို့ သည်းခံနေတာကို
ကြောက်တတ်တယ်ထင်ပြီး
ဗိုလ်ကျချင်သေးတယ်။

အားနာလို့ လိုက်ရောတာကို
အ,တယ်ထင်ပြီး
အနိုင်ကျင့်ချင်သေးတယ်။

ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
သတ္တိမရှိဘူးထင်ပြီး
မိုက်ကြေးခွဲချင်သေးတယ်။

နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
အဆင့်မရှိဘူး ထင်ပြီး
မောက်မာချင်သေးတယ်။

လူတစ်ချို့က
ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
ငါ သူ့ကိုပိုင်တယ်၊
ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
အပေါ်စီးက အမြဲနေချင်ကြတယ်။

တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
အင်မတန် ပြင်းထန်လာလိမ့်မယ်။
အဲ့အချိန်ကျရင် သတိထားပေတော့
တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။

14/04/2025

အသိနောက်ကျခဲ့ရင်.....

ရေတစ်စက်ရဲ့တန်ဖိုးကို
ရေငတ်တဲ့အချိန်ကြမှ သိလာရင်

ငွေတစ်ကျပ်ရဲ့တန်ဖိုးကို
ငွေပျက်တဲ့အချိန်ကြမှ သိလာရင်

ထီးတချောင်းရဲ့တန်ဖိုးကို
မိုးရွာတဲ့အချိန်ကြမှ သိလာရင်

ဖိနပ်ရဲ့တန်ဖိုးကို
နေပူတဲ့လျှောက်ရတဲ့အချိန်ကြမှ သိလာရင်

မိဘရဲ့တန်ဖိုးကို
မိဘတွေမရှိတဲ့အချိန်ကြမှ သိလာရင်

သိတဲ့အချိန်က
အရမ်းနောက်ကျသွားခဲ့ပါပြီ

အဲအချိန်ကျရင်
နာကျင်မှုတွေနဲ့ ကြုံတွေ့ရလိမ့်မယ်

နာကျင်မှုတွေနဲ့
ကြုံတွေ့ရမှာကြောက်ရင်

ချွေတာသင့်တာ ချွေတာပါ
စုဆောင်းသင့်တာ စုဆောင်းပါ
ဂရုစိုက်သင့်တာ ဂရုစိုက်ပါ
တန်ဖိုးထားသင့်တာ တန်ဖိုးထားပါ

အရှင်ဇဝန (ရွှေကုန်းမြေ)
💚🙏💚

#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ

13/03/2025

"စာဖတ်ခြင်း

ခွေးတကောင်ဟာ မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ
နောက်တကောင်က ထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ ပူတဲ့ကိစ္စကို တခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး

ဘာဖြစ်လို့လည်းဆိုတော့
သူတို့မှာ ဘာသာစကားမရှိလို့
ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစ ခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ

တို့တတွေလူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
မင်းတို့ ငယ်ငယ်ကတည်းက တပါးသူရဲ့ အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက အဲ့ဒါမကိုင်နဲ့ ပူပူ အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား
မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်

အောက်ဆီဂျင်ကို ခုချက်ချင်း မင်း ဓာတ်ခွဲခန်းထဲမှာ မင်း ရှာဖွေထုတ်နိုင်တယ်
အဲ့ဒီအောက်ဆီဂျင်ကို မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်
ရှာတွေ့ခဲ့တဲ့ ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ချင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကို လက်ဆင့်ကမ်းတာပဲ
ပညာသင်တယ် ပညာရှာတယ်ဆိုတာ ဒါပဲလေ

ဘာသာစကားရှိလို့ တပါးသူရဲ့ အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းကြတယ်
ဒါကြောင့်လည်း
လူ့လောကကြီးက တဆင့်ပြီးတဆင့် တိုးတက်ပြောင်းလဲလာတာပေါ့

အတွေးအကြံ ၊အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိုးရှိတယ်
တခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တခုက သူ့ရဲ့ အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ

ဥပမာ
အောင်မြင်သူတွေရဲ့အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ ၊အတွေ့အကြုံတွေ
မင်း ရလာမယ် မင်း စိတ်ဓာတ်တွေ မာကျောလာမယ်
အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်
အောင်မြင်သူတွေလည်း အခက်အခဲတွေကြားက ရုန်းထကြတာကိုး

ဒါမို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့ နေရာမှာလည်း နည်းနည်းဖတ်မိတောင် များများတွေးပါ လိုက်နာပါ ကျင့်သုံးပါ
သူတပါးရဲ့ အတွေ့အကြုံကို
ကိုယ့်ရဲ့ အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ
ကိုယ့်ကိုကိုယ်ခိုင်း ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ် စဉ်းစားတွေးတောပေးရတယ် ဦးနှောက်ကို ခါးတောင်းကျိုက်ပါ ဒါမှ ခေါင်းဆောင်ဖြစ်မှာ လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့

စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ တပါးသူရဲ့ အမှားကို ကိုယ်ဆက်မမှားအောင်လုပ်တာ
တပါးသူရဲ့ အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံအဖြစ် ရယူတာပဲ

လူလိမ္မာတို့သည် တပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

ကိုယ်တိုင်မှားမှ မှားမှန်းသိရင် ခွေးသာသာဖြစ်သွားမှာပေါ့

စာကြည့်တိုက်တတိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး မိဘတွေ ဆုံးမရတာသက်သာတယ်

မင်းကိုယ်မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ

မင်းတို့တတွေ
ဗဟုသုတကို ရှာဖွေပါ လေ့လာပါ ဆည်းပူးပါ
စာဖတ်ပါ
တပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ

ဘဝကို
ဦးနှောက်က ဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနှောက်ကို ဦးစားပေးတဲ့စာမျိုး
များများဖတ်စေချင်တယ် ။

- အောင်သင်း

ဓာတ်ပုံနှင့် မူရင်းပိုစ့်တင်ထားသူအား လေးစားစွာ Credit ပေးပါတယ်ခင်ဗျာ

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

#အောင်သင်း
#စာပေဟောပြောပွဲ
#ကျွန်တော် ဖတ်ဖို့

21/10/2024

တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာ
ပညာရှိအမတ်ကြီးတစ်ပါးရှိပါတယ် …။
တစ်နေ့နန်းတွင်း ညီလာခံ အပြီးမှာ
မင်းကြီးက အမတ်ကြီးကိုမေးတော်မူတယ် . .
"အမတ်ကြီး လူတွေမှာ ဘာအရေးကြီးဆုံးလဲ"တဲ့ . .
အမတ်ကြီးက . . .
"မှန်လှပါဘုရား လူတစ်ယောက်မှာ
ဘာအရေးကြီးဆုံးလဲဆိုရင် …မမြင်ရတာတွေပိုပြီး
အရေးကြီးကြောင်းပါဘုရား "
"ဘယ်လိုများလဲ အမတ်ကြီး "
"မှန်လှပါ အရှင်မင်းကြီးလက်တွေ့သိချင်ရင်
ပြိုင်ပွဲတစ်ခုကျင်းပပေးပါ "
အဲ့လိုနဲ့ မင်းကြီးလည်းသိချင်တာနဲ့
ပြိုင်ပွဲတစ်ခုကျင်းပခွင့်ပေးလိုက်ပါတယ် .။
ပြိုင်ပွဲရဲ့စည်းကမ်းက . . .
"ကိုယ်ချစ်တဲ့သူကိုထမ်းပြီးလာရပါမယ် . .
သက်မှတ်တဲ့နေရာရောက်ရင် ရောဂါပေါင်းစုံ
ပျောက်ကင်းပြီး ခွန်းအားပြည့်ဆေးတစ်တစ်ခွက်
သောက်သုံးရမှာဖြစ်ပြီး မိမိ အလိုရှိရာတစ်ခုကို
ရယူရမှာဖြစ်တယ်..
အဲ့လိုနဲ့ ပြိုင်ပွဲစတော့ "ပထမဆုံး
လူကြီးတစ်ယောက်က မကျန်းမာတဲ့
ကလေးတစ်ယောက်ကို
ထမ်းပြီး ဆေးခွက်ရှိရာကို ရောက်တော့
ကလေးငယ်ကိုတိုက်လိုက်တယ် . . .
ကလေးက အဲ့ဆေးလည်းသောက်ပြီးရော
လန်းဆန်းလာတယ် . . .
ကြိုက်တာယူဖို့ ချထားတဲ့ဆုတွေထဲက
ပစ္စည်းတစ်ခုယူသွားပါတယ် …ကတ္တီပါ စောင်ထူတစ်ထည် ပါ. . . .။
နောက်တစ်လည်းယောက်ထမ်းပြီးဝင်လာပြန်တယ်။အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို
ထမ်းပြီးဝင်လာတယ် ။
ဆေးခွက်ရှေ့ရောက်တော့
တစ်ယောက်တစ်ဝက်သောက်တယ် . . .
ဆုကိုတော့ နားကပ်တစ်ရံယူပြီး အမျိုးသမီးကို
ဆင်ပေးလိုက်တယ် . .။
တတိယ အတွဲပြိုင်ပွဲထဲဝင်လာတယ် . . .
ရွယ်တူတန်းတူ နှစ်ယောက် ပါ … ။
ဆေးခွက်ရှေ့ရောက်တော့
မင်းသောက်ငါသောက်နဲ့
တစ်ယောက်တစ်လှည့်သောက်သွားတယ် . . .
ယူသွားတဲ့ ပစ္စည်းက ရွှေခွက်တစ်စုံ .
နောက်တစ်တွဲထမ်းပြီးဝင်လာပြန်တယ် ။
လူငယ်တစ်ဦးက အိုမင်းမစွမ်းတဲ့လူတစ်ယောက်ကို
ထမ်းလာပြီး ဆေးကိုသောက်စေတယ် ။
ပြီးတော့ ရတနာပစ္စည်းတစ်ခုကိုယူသွားတယ် . .။
အဲ့လိုနဲ့ပြိုင်ပွဲကပြီးသွားပါတယ် . .။
မင်းကြီးက အမတ်ကြီးကို မေးတယ်
"အဖြေဘယ်မှာလဲ " တဲ့ . .။
အမတ်ကြီးက ရိုသေစွာလျှောက်တင်လိ်ုက်တယ် .။
"အရှင်မင်းကြီး နှလုံးသားနဲ့ခံစားပြီး
ဦးနှောက်နဲ့ဆုံးဖြတ်တော်မူပါ "
ပထမဆုံးဝင်လာတဲ့ လူကြီးနဲ့ကလေးဟာဆိုရင်
တုနှိုင်းမမှီတဲ့ မေတ္တာ တရားကိုဖော်ပြပါတယ်ဘုရား
ဒုတိယဝင်လာတဲ့အတွဲဟာ ချစ်သူနှစ်ဦးရဲ့
ချစ်ခြင်းကိုပြသပြီး သံယောဇဉ်
ကိုဖော်ပြနေပါတယ်ဘုရား . .
တတိယ ဝင်လာတဲ့ လူရွယ်နှစ်ဦးကတော့
တစ်ဦးနဲ့တစ်ဦး သစ္စာရှိမှု
ယုံကြည်မှုကိုဖော်ပြတဲ့
မိတ်ဆွေကောင်းတို့ရဲ့
ခံယူချက်ကိုဖော်ပြနေပါတယ်ဘုရား . .
နောက်ဆုံးဝင်လာတဲ့ လူရွယ်နဲ့လူအိုကတော့
ကျေးဇူးတရား သိတတ်ပြီး ကျေးဇူးဆပ်တတ်တဲ့
လူတော်လူကောင်းတို့ရဲ့
အကျင့်လဏ္ခကိုဖော်ပြပါတယ်ဘုရား . .
"ဒါဆိုဘယ်အတွဲကအရေးကြီးဆုံးလဲအမတ်ကြီး "
"အရှင်မင်းကြီး သတ်ရင်လည်းသေ
ထားရင်လည်းနေပါ့မယ့်ဘုရား . . "
"အရှင်မင်းကြီးရဲ့ ခြေဖဝါးတော်နဲ့လက်တော်
ဘယ်ဟာကို စွန့်လွှတ် မည်နည်း "
"ဘယ်အရာမှ မစွန့်လွှတ်လို့ပါအမတ်ကြီး "
"အရှင်မင်းကြီးရဲ့ အမြင်အာရုံနဲ့အကြားအာရုံ
ဘယ်အရာကိုစွန့်လွှတ် မည်နည်း "
"ဘယ်အရာမှ မစွန်လွှတ်လို့ပါအမတ်ကြီး
အမတ်ကြီးပြောသောအရာတွေစုံမှသာ
သွားလာ ယူနိုင် ကြားနိုင် မြင်နိုင်မည်အမတ်ကြီး "
"မှန်လှပါဘုရား . . .ထို့အတူပဲ
လူထဲက လူဖြစ်ဖို့လည်း . . .
ပထမအတွဲလို မေတ္တာတရားလည်းရှိရမည် .!
ဒုတိယအတွဲလို သစ္စာရှိသော အချစ်လည်းရှိရမည် !
တတိယအတွဲလို မိတ်ဆွေကောင်းစိတ်လည်းရရှိမည်
နောက်ဆုံးအတွဲလို သူ့ကျေးဇူးကိုသိတတ်တဲ့စိတ်လည်းရှိရပါမည် ဘုရား "
ဒါကြောင့်
လူတစ်ယောက်အတွက်အရေးကြီးအရာတွေဟာ
မျက်စိနဲ့မမြင်ရသော အရာတွေဖြစ်ပါတယ်ဘုရား...။
🌻🌻🌻

25/08/2024

မိဘကို ချစ်နေရုံနဲ့မပြီးဘူး
ပြုစုစောင့်ရှောက်ဖို့လည်းလိုတယ် ။

ပြုစုစောင့်ရှောက်ရုံနဲ့လည်းမပြီးဘူး
ချိုချိုသာသာပြောဖို့လည်းလိုတယ် ။

ချိုချိုသာသာပြောရုံနဲ့လည်းမပြီးဘူး
ကြင်နာယုယဖေးမဖို့လည်းလိုတယ် ။

ကြင်နာယုယဖေးမရုံနဲ့လည်းမပြီးဘူး
မိဘရဲ့အိုမင်းခြင်းကို သည်းခံနိုင်ဖို့လည်းလိုတယ် ။

ဆီးမနိုင်တာတွေ
ဝမ်းမနိုင်တာတွေနဲ့
စိတ်သွားတိုင်းကိုယ်မပါတော့တဲ့
အိုမင်းခြင်းကို
ဘယ်သူမှ မနှစ်သက်ပါဘူး ။

ဘယ်သူမှလည်းမဖြစ်ချင်ပါဘူး ။
သင်လည်း ဖြစ်ချင်မှာမဟုတ်ပါဘူး ။
ဒီလိုပြုစုခွင့်တွေဟာ
သင်ကံကောင်းလို့ရတာပါ ။

❤️ ငယ်စဉ်က အားကိုးတကြီးဆုပ်ကိုင်ခဲ့ဖူးတဲ့ လက်အစုံက
တချိန်မှာ မိဘတွေအတွက် အားဖြစ်စေမဲ့ လက်တစ်စုံဖြစ်ပါစေ 💚

- credit to original with respect

Photos from ဗဟုသုတ's post 25/08/2024

ပဏ္ဍိတာနဉ္စ သေဝနာ။🙏🙏🙏

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay
HI