21/02/2025
https://www.facebook.com/share/p/16A4DsV3Ke/
ကျော၊က်ကပ်မှာပြ၊ဿ၊နာရှိနေပြီလို့
ပြနေတဲ့ လက္ခဏာ (၁၀) ခု
ပုံမှန်ကျန်းမာရေးစစ်ဆေးတဲ့လူတွေကလွဲလို့
တော်ရုံဆို ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေတာကို
မသိတဲ့သူများပါတယ်။
သိပြီဆိုလည်း ဆေးခန်းပြမှ လက္ခဏာတော်တော်ပြနေပြီ၊
ဝေဒနာတော်တော်ဆိုးနေပြီဆိုတာချည်းပဲ။
ဘာလို့လဲဆိုတော့ရောဂါလက္ခဏာတွေဖြစ်နေလည်း
လူတွေကကျောက်ကပ်လို့မထင်ဘဲ တခြားအကြောင်းရင်းတွေနဲ့
ရောထွေးကြလို့ပါပဲ။
နောက်ပြီး တချို့ကျောက်ကပ်ဝေဒနာရှင်တွေမှာ
ရောဂါရင့်တဲ့အဆင့်အထိ လက္ခဏာမပြဘဲရှိတတ်တယ်၊
နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ၁၀ ရာခိုင်နှုန်း
လောက်က ကိုယ့်ရောဂါကိုမသိဘဲနေကြတာတွေ့ရပါတယ်။
ကျောက်ကပ်ကောင်းမကောင်း အတိအကျသိနိုင်တဲ့
နည်းလမ်းကဆေးစစ်တာပဲဆိုတော့ လူတိုင်းပုံမှန်
ဆေးစစ်ဖို့ကလည်း သိပ်မဖြစ်နိုင်တဲ့ကိစ္စပါ။
ဒီတော့ဖြစ်နိုင်ခြေ လက္ခဏာတွေနဲ့ပဲအရင်
ဆန်းစစ်ရပါမယ်။ ကိုယ့်မှာသွေးတိုး၊ ဆီးချို၊ ဒါမှမဟုတ်
မိဘဆွေမျိုးတွေထဲမှာကျောက်ကပ်ရောဂါရှိဖူးတာ၊
ဒါမှမဟုတ် အသက် ၆၀ အထက်ရှိသူတွေဟာ
ကျောက်ကပ်ကျန်းမာရေးကို စစ်ဆေးမှုခံယူဖို့
လိုအပ်ပါတယ်။
ဆေးမစစ်ခင် ကိုယ့်မှာဒီလက္ခဏာတွေရှိနေသလား
အရင်ကြည့်ပါ။
(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ်
အာရုံစူးစိုက်လို့မရတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။
အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေ
ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။
(၂) အိပ်မပျော်တာ
ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့
ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ
အဆိပ်အတောက်တွေကျန်နေတာပေါ့။
ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက
ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ
အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။
(၃) အသားခြောက်ပြီး ယားတာ
ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက
ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။
ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့
အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊
သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊
အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ
သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်
ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။
အသားအရေခြောက်သွေ့ပြီး ယားယံနေတာက
ကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု
သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။
(၄) ဆီးခဏခဏသွားချင်နေတာ
အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာ
ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်
ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ
ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။
တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ
ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။
(၅) ဆီးထဲမှာသွေးပါတာ
ကျောက်ကပ်ကျန်းမာနေရင်သွေးထဲက
အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ
ခန္ဓါကိုယ်ထဲကသွေးကလာပ်စည်းတွေကို
ထိန်းသိမ်းကာကွယ်ပေးပါတယ်။
ဒါပေမယ့်ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က
ယိုယွင်းနေတဲ့အခါသွေးကလာပ်စည်းတွေက
ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။
ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့
အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊
ကျောက်ကပ်ကျောက်တည်တာ၊ရောဂါပိုးဝင်တာတစ်ခုခုရဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။
(၆) ဆီးကအမြှုပ်တွေထတာ
ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့်
အမြှုပ်ကသိပ်များနေတယ်ဆိုရင်၊ အထူးသဖြင့် ဆီးသွားပြီး
ရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေ
ရှိတာကိုဖော်ပြပါတယ်။ ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့
ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။
(၇) မျက်လုံးမို့အစ်နေတာ
ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်
မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။
ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား
ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီး
စွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။
(၈)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ
ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကို
ရောင်ရမ်းစေပါတယ်။
ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက
နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်
သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
(၉) အစာစားချင်စိတ်နည်းတာ
ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့
ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ကျောက်ကပ်ကြောင့်
ဖြစ်လာနိုင်ပါတယ်။
ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်
ဓါတ်တွေစုပုံလာတာက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။
(၁၀) ကြွက်တက်တာ
ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ
Electrolyteတွေမညီမျှတော့ပါဘူး။
ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်
ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။
13/01/2025
" ဆီးကျောက်တည်၊ သည်းခြေကျောက်တည် ရောဂါ အမြစ်ပြတ်ဆေးနည်း။ ဒါက Admin ကိုယ်တွေ့ပါ ။
ကိုကျော်စွာတစ်ယောက် ဆီးအရမ်းနာလွန်းလို့ ဇာသပြင်ကနေ ရန်ကုန်သွားပြီး ဓာတ်မှန်ရိုက်တော့ ဆီးကျောက်တည် နေတာတဲ့ ။ သူက အရမ်းနာနေတော့ မနက်ဖြန်ခွဲစိတ်မယ်ဆိုပြီး ရွှာကနေ ပိုက်ဆံ တစ်ခါထဲလှမ်းမှာလိုက်ပါတယ် ။
ဓာတ်မှန်ရိုက်ပြီး ရွှေတံဂုံအရှေ့ဘက်မုဏ် ကျိုက်သီမွန်ကျောင်းမှာပဲ လာတည်းပါတယ် ။ ကျောင်းမှာ နားနေရင်း အဲကျောင်းမှာ ဆွမ်းချက်တဲ့ ကပ်ပိယကြီးနဲ့ စကားပြောရင်း ရောဂါအကြောင်းပြောမိတော့ သူက ဆေးနည်းပေးပါတော့တယ် ။
သူပြောတဲ့အတိုင်း ငါးပြေမ တခါထဲသွားဝယ်ပြီး ကျိုက်သီမွန်ကျောင်းရဲ့ရှေ့ ဟိုဘက်လမ်းက ဘုန်းကြီးကျောင်းမှာ စောင်လျှာသီးပင်တစ်ပင် ရှိတယ် ။ ကျောင်းမုဏ်ဝမှာပဲ စာရေးနေတဲ့ Admin ကိုယ်တိုင်ပဲ အပင်ပေါ်တက်ပြီး ခူးပါတယ် ။
ခူးပြီး ကပ်ပိယျကြီးကိုပဲ ပေးချက်လိုက်ပါတယ် ။
ချက်နည်းကတော့........
ငါးပြေမနဲ့ စောင်းလျားသီး ကို ငါးပြေမ အရရိုးနူးတဲ့အထိ ချက်ရပါတယ် ။ (ဘယ်လိုပဲချက်ချက်ပါ အစပ် အဖြူ)
ငါးပြေမ အရိုးပါ အကုန်စားရပါတယ် ။
ညနေစောင်းတော့ ကပ်ပိယကြီး အဖြူ တစ်အိုးချက်လာပေးတယ် ။ စားတဲ့ထဲမှာ Admin လဲပါတယ် ။ ဒီတိုင်းစားကစာကြတာ ။
စားပြီးအိပ်တော့ မနက်စောစော သုံးနာရီလောက် ကိုကျော်စွာတစ်ယောက် ဆီးအရမ်းနာပြီး သေးပေါက်ချင်တာနဲ့ သေးထပေါက်တာ ဆီးတွေနဲ့ ဖြူဖက်တွေ ရောပါလာတာတွေ့တော့ အရမ်း အံသြသွားတယ် ။ (ကျောက်ကနုသေးတယ်ထင်ပါရဲ့ တစ်ညထဲနဲ့ ကျတယ်)
ဒါနဲ့ မနက်မိုးလင်းတော့ ဆေးရုံကို မသွားခွဲစိတ်တော့ပဲ ကျောင်းမှာနေပြီး အဲလို ငါးရက်လောက်စားပြီး ကျိုက်သီမွန်ကျောင်းမှာ ၁၀ ရက်တည်းပြီး ဇာသပြင်ကို ပြန်လာကြပါတယ် ။
အဲကတည်းကနေပြီး အခုချိန်ထိ ကိုကျော်စွာ ဆီးမအောက်တော့ပါဘူး အကင်းပျောက်သွားပါတယ် ။
ခွဲစိတ်စရာမလို၊ ငွေကုန်ကြေးကျမများပဲနဲ့ အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ အလွန်အစွမ်းထက်လှသော ဆီးကျောက်၊ သည်းခြေကျောက်တည် ရောဂါပျောက်ဆေးကြီးကို လိုရင်းတိုရှင်းဖြင့် နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် ဖော်ပြပေးလိုက်ပါတယ် ။
ဆေးရုံတကာကုသ သော်လည်းမထူးခြားသော ဆီးကျောက်တည်ခြင်းနှင့် သည်းခြေကျောက်တည်ခြင်းများကို ငါးပြေမ နှင့် စောင်းငါးသီး ရော၍ တစ်ရက် တစ်ခါ ငါးရက်ဆက် ချက်၍ စားပေးခြင်းဖြင့် တည်နေသော ကျောက်များကြေမွှပျက်ဆီးကာ ဆီး၊ ဝမ်းအတွင်း စွန့်ပစ်ရာမှ ဆီးကျောက်၊ သည်းခြေကျောက်တည် ရောဂါကို အမြစ်ပြတ်ကုသနိုင်ပါသည် ။
မိမိပြုသောကံမိမိထံပြန်လာမည် ။
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေ share နိုင်ပါတယ် 🙏
MON SOUNG
27/06/2024
ကျနော်မမှီလိုက်သော 1974 ခုနှစ်မှာထုတ်ခဲ့တဲ့ စတုတ္ထတန်းဖတ်စာအုပ်ထဲကပုံပြင်လေးတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်ဗျ
*************************************
မပုကြွယ်နှင့်ခရုငယ်
******************
ဓနိတောရွာတွင် မပုကြွယ် အမည်ရှိသော မိန်းကလေး တစ်ယောက် ရှိလေသည်။
မပုကြွယ်သည် ဓနိတောရွာရှိ အစိုးရကျောင်း တစ်ကျောင်းတွင် စတုတ္ထတန်း၌ ပညာသင်ကြားနေသူ ဖြစ်သည်။ သူသည် ကျောင်းသွားရန် မပျင်းသော်လည်း စာကျက်ရန် အလွန်ပျင်းသည်။ ထို့ကြောင့် အတန်းထဲတွင် အပျင်းဆုံး ဖြစ်သည်။ ဆရာမ၏ အဆိုအမြည်ကို နေ့ရှိသမျှ ခံရသည်။
တနေ့သောအခါ ဆရာမက တတန်းလုံးကို နက်ဖြန်ခါ မင်္ဂလသုတ် နှစ်ပုဒ် ရအောင် ကျက်ခဲ့ရမည်ဟု မှာလိုက်သည်။ အကောင်းဆုံး ဆိုပြနိုင်သူကို ဗလာစာအုပ် တဒါဇင်နှင့် ခဲတံ ခြောက်ချောင်း ဆုချမည်ဟုလည်း ပြောသည်။
ထို့ကြောင့် တတန်းလုံး အားတက်ကြသည်။ ဆရာမ၏ ဆုကို အရယူမည်ဟု နှုတ်ကထုတ်ဖော် မပြောကြသော်လည်း စိတ်ထဲက ကြိတ်၍ ကြံနေကြသည်။ ထိုအထဲတွင် မပုကြွယ် တယောက်လည်း ပါသည်။
မပုကြွယ်သည် ထိုဆုကို အလွန် လိုချင်လာသည်။ ထို့ကြောင့် မင်္ဂလသုတ် ကို အရ ကျက်မည် ဟု ဆုံးဖြတ်လိုက်သည်။
ထိုနေ့ ညနေတွင် မပုကြွယ်သည် အိမ်သို့ ရောက်လျှင်ရောက်ခြင်း ရေချိုးသည်။ ထမင်း စောစော စားသည်။ ပြီးလျှင် အိမ် နောက်ဖေး ခြံစည်းရိုး နားသို့ သွား၍ စာကျက်သည်။ ဆယ်ခေါက် ကျက်သော်လည်း အလွတ်မရနိုင်ချေ။ နောက်ဆုံးတွင် သူသည် စိတ်ပျက်လာသည်။ ထို့ကြောင့် လက်မှိုင်ချကာ ခြံစည်းရိုးကို ငေး၍ ကြည့်နေမိသည်။
ထိုသို့ ကြည့်နေခိုက် ခြံစည်းရိုးပေါ်သို့ တရွေ့ရွေ့ တက်လာသော ခရုငယ် တစ်ကောင်ကို သူမြင်ရသည်။ ခရုငယ် တစ်ကောင်သည် အလွန် နှေးကွေးလှသည်။ ခြံစည်းရိုးပေါ်သို့ တော်တော်နှင့် ရောက်နိုင်မည် မဟုတ်ဟု မပုကြွယ် ထင်မိသည်။ သို့ရာတွင် နောက်ဆုံး၌ ထိုခရုငယ်သည် ခြံစည်းရိုး၏ထိပ်သို့ ရောက်သွားလေသည်။
မပုကြွယ်သည် ထိုခရုငယ်ကို ကြည့်ရင်း အားကျလာသည်။ ခရုငယ်ကဲ့သို့ မရောက်မခြင်း မနားမနေကြိုးစားလျှင် နောက်ဆုံး၌ အောင်ရမည် ဟု မြင်လာသည်။
ထို့ကြောင့် မပုကြွယ်သည် စိတ်တင်းကာ သည်းသည်းမဲမဲ ကြိုးစား၍ ကျက်ပြန်သည်။
မိုးချုပ်သော်လည်း စာကျက်မရပ်သေး။ မိုးချုပ်၍ အိမ်ထဲသို့ ဝင်လာပြီးသည့်နောက် ဆက်၍ ကျက်ပြန်သည်။ ည ၉ နာရီထိုးသောအခါ သူသည် အတော်အတန် ဆိုနိုင်လာသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် အိပ်ရာသို့ ဝင်သည်။
နံနက်မိုးလင်းလျှင် လင်းခြင်း မပုကြွယ်သည် အိပ်ရာမှထ၍ ကျက်ပြန်သည်။ ကျောင်းသွားချိန် မရောက်မီ မင်္ဂလသုတ် နှစ်ပုဒ်ကို အထစ်အငေါ့ မရှိ ဆိုနိုင်လာသည်။
မပုကြွယ်သည် နံနက် ၉ နာရီထိုးသောအခါ ကျောင်းသို့ သွားသည်။ ကျောင်းတက်လျှင် တက်ခြင်း ဆရာမက အတန်းသားအားလုံးကို
ရှေ့သို့ တစ်ယောက်စီ ခေါ်၍ မင်္ဂလသုတ် ၂ ပုဒ်ကို အဆိုခိုင်းသည်။
ကျောင်းသူ ကျောင်းသားအများပင် ဆိုနိုင်ကြပါ၏။ သို့ရာတွင် စာတစ်လုံးစ နှစ်လုံးစ မေ့တတ်ကြသဖြင့် ဆရာမက သူတို့ကို ထောက်ပေးရသည်။
နောက်ဆုံး၌ မပုကြွယ် အလှည့်သို့ ရောက်လာသည်။ ထိုအခါ အတန်းသားများက ဝိုင်း၍ ရယ်ကြသည်။ မပုကြွယ်သည် သူတို့ကဲ့သို့ ဆိုနိုင်လိမ့်မည်ဟု မထင်ကြချေ။
မပုကြွယ်သည် ဘာမျှပြန်မပြော။ မိမိ၏နေရာမှ အသာထ၍ ဆရာမရှေ့သို့ သွားသည်။ ထို့နောက် မင်္ဂလသုတ် ၂ ပုဒ်ကို စာတစ်လုံးမကျန် ဆိုပြသည်။ ဆရာမသည် အတော်အံ့ဩသွားသည်။
တတန်းလုံးလည်း အံ့အားသင့်၍ အားပါးတရ လက်ခုပ်တီးကာ ဩဘာပေးကြသည်။
ဆရာမက ယနေ့ အလွတ်ဆိုကြသူများတွင် မည်သူသည် အတော်ဆုံးနည်း ဟု အတန်းသားများကို မေးလိုက်သည်။
မပုကြွယ် အတော်ဆုံးဟု တစ်တန်းလုံးက ဖြေကြသည်။ ထိုအခါ ဆရာမသည် စာတလုံးမကျန် အလွတ်ရအောင် မပုကြွယ်စာကျက်ပုံအကြောင်း အတန်းသားအားလုံးသိရန် ပြောပြစေသည်။
မပုကြွယ်သည် ခရုငယ်ထံမှ သူ အတု ရခဲ့ကြောင်းကို ရှင်းပြသည်။ မပုကြွယ်သည် အတန်းထဲတွင် အတော်ဆုံးဖြစ်သဖြင့် ဆရာမ ပေးသောဆုကို ရလေသည်။
ပြီးပါပြီ
& Photo
25/02/2024
လေးဆူဓာတ်ပုံ မြတ်ေရွှတိဂုံစေတီတော်၏ ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူး၊ အနီးကပ် မြင်ကွင်း။
22/04/2020
စိုင်းစိုင်းခမ်းလှိုင်က ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်
အလှူငွေ ကျပ်သိန်း ၃၀၀ ကနဦး လှူဒါန်းထား
=============================
နှစ်စဉ်ကျင်းပသော အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ရှိုးပွဲကို ယခုနှစ်တွင် အွန်လိုင်းမှဖျော်ဖြေသည့် ပုံစံဖြင့် အခမဲ့ ကျင်းပခဲ့သော်လည်း စိုင်းစိုင်းခမ်းလှိုင်၏ ပရိသတ်များနှင့် မိတ်ဆွေများ၏ ဝိုင်းဝန်းလှူဒါန်းမှုမှ ယခုအချိန်ထိ အလှူငွေ ကျပ်သိန်း ၈၀၀ ခန့် ရရှိထားပြီးဖြစ်ကြောင်း သိရ သည်။
အဆိုပါ ရရှိသော အလှူငွေများ ထဲမှ ကျပ်သိန်း ၃၀၀ ကို ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီထံသို့ စိုင်းစိုင်းခမ်းလှိုင်က ဧပြီ ၁၄ ရက်က လှူဒါန်းခဲ့သည်။
"ဒီအလှူငွေတွေဟာ ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ အလုပ်နားကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေအတွက် ရိက္ခာဝေငှ ရေးထဲကို ရောက်ရှိမှာဖြစ်ပါတယ်၊ ကျန်တဲ့ အလှူငွေကိုလည်း လိုအပ်တဲ့ နေရာတွေကို ဆက်လက်လှူဒါန်းသွား မှာပါ၊ Birthday Show ကနေတစ်ဆင့် ရန်ပုံငွေ ရှာဖွေခဲ့တဲ့ အစီအစဉ်မှာ ကျွန်တော်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ ကြတဲ့ သူငယ်ချင်းများ၊ အနုပညာရှင် များ၊ အတတ်ပညာရှင်များ၊ လုပ်ငန်း ရှင်များနဲ့ ပရိသတ်များ အားလုံးကို ကျေးဇူးတင်ပါတယ်"ဟု စိုင်းစိုင်း ခမ်းလှိုင်က ပြောကြားသည်။
22/02/2020
နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာအသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လောက် အချိန်ပေးပြီး ဒီ POST လေးကို ဖတ်ပေးပါ ။
နောက်ထပ် အသက် ၄၀ လောက် ကျန်းကျန်းမာမာအသက်ရှည်ရှည် နေသွားချင်ရင် ၄ မိနစ်လောက်အချိန်ပေးပြီး ဒီ post လေးကို ဖတ်ပေးပါ ။
လူတွေတော်တော်များများရဲ့ ကံကြမ္မာက တူညီကြပါတယ် ။ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး နောက်ဆုံးတော့ ဆေးရုံ ကုတင်ပေါ်မှာပဲ လူ့ဘဝ အဆုံးသတ်သွားပါတယ် ။ကံဆိုးတဲ့ တနေ့ .. ဆေးရုံက ဒီ အချက် ၃ ချက်ကိုပြောလိုက်ရင်တော့ သင်ဒေဝါလီခံရဖို့ (မွဲဖို့)လုံလောက်ပါပြီ။
၁။ သင့်မှာ ပြင်းထန်ဆိုးရွားတဲ့ ရောဂါတခုရှိနေပါပြီ၂။ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင်ကုသပေးပါမယ်။၃။ကုသစရိတ်က အရမ်းကြီးပါလိမ့်မယ် ။
ဘဏ်နဲ့ဆွေးနွေးတော့လည်းဘဏ်ကလည်း အချက် ၃ ချက်ကိုပဲ ပြောပါလိမ့်မယ် ။၁။ အခြေအနေမှန်ကို ကျနော်တို့ နားလည်ပါတယ်။၂။ဒါပေမယ့် ဥပဒေက ဥပဒေပဲလေ။၃။ငွေတွေပြန်မပေးနိုင်ရင် ဒေဝါလီခံရမှာပဲ။ဆေးရုံက ကုတင်ပေါ်မရောက်ခင် ကျန်းမာရေးကျွမ်းကျင်သူ ဆရာဝန်တွေပြောတဲ့ အချက် ၃ ချက်ကို
နားထောင်နိုင်မယ်ဆိုရင် သင့်ဘဝရဲ့ ကံကြမ္မာကို ပြောင်းလဲ နိုင်ပါလိမ့်မယ်။
♥၁။သင့်အတွက် အကောင်းဆုံးဆရာဝန်ကသင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်♥၂။အကောင်းဆုံးဆေးရုံက မီးဖိုချောင်ပဲဖြစ်ပါတယ်♥၃။အကောင်းဆုံးဆေးဝါးတွေကတော့
(ကျန်းမာသန့်ရှင်းတဲ့) အစာအာဟာရပဲ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ သင့်ကိုယ်စားကားမောင်းပေးမယ့်လူရှိမယ် ။ပိုက်ဆံရှာပေးတဲ့လူရှိနိုင်တယ် ။ပိုက်ဆံဖြုန်းပေးမယ့်လူလည်းရှိနိုင်တယ် ။
ဒါပေမယ့် …သင့်ကိုယ်စား ရောဂါဒဏ်ခံစားပေးမယ့်လူဘယ်သူမှမရှိဘူး။သင်စွန့်ပစ်လိုက် (ဆုံးရှုံးသွားတဲ့) တဲ့အရာတွေအကုန်ပြန်ရှာလို့ ရနိုင်ပါတယ် ။ ဒါပေမယ့် တကြိမ်ဆုံးရှုံးသွားပြီး ဘယ်တော့မှ ပြန်မရနိုင်တာက”အသက်” ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အချမ်းသာဆုံး သူဌေးတဦးဖြစ်သူ”ဂျက်မား” ပြောဖူးပါတယ်။ မျောက် တကောင်ရှေ့မှာငှက်ပျောသီး တဖီးနဲ့ ဒေါ်လာ တထပ် ထားပြီးရွေးခိုင်းမယ်ဆိုရင် မျောက်က ငှက်ပျောသီးကိုပဲ ယူမှာပဲ။ပိုက်ဆံက ငှက်ပျောသီး အများကြီးကို ဝယ်လို့ရတာမျောက်က မသိဘူးလေ။ လူတွေရှေ့မှာ ကျန်းမာခြင်း နဲ့ချမ်းသာခြင်း (ငွေကြေး) အဲဒီ၂ ခုကိုထားပြီး ရွေးခိုင်းမယ် ဆိုရင် အများစုက ချမ်းသာခြင်းကိုပဲ ရွေးကြပါတယ်။အံ့သြစရာကောင်းတယ် ။
ဒါပေမယ် … သင်သိပါသလား။ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံအားလုံနဲ့ ကျန်းမာရေးကိုဝယ်လို့ မရဘူးဆိုတာ ။လူတွေက အယူအဆ အမှားတွေနဲ့ ကိုယ့်ဘဝ ကို
ဖျက်စီးနေကြတယ်။တနေ့ ခွဲစိတ်ခန်းထဲဝင်ရတဲ့ အချိန်မှာ ရုတ်တရက်အလင်းရလိုက်တယ်။ကျန်းမာခြင်းထက် တန်းဖိုးရှိတာ ဘာတခုမှ မရှိပါလား။ကျန်းမာရေးနဲ့ပြည့်စုံတဲ့ ချမ်းသာခြင်းကသာ ကိုယ်ပိုင်ဥစ္စာ။ကျန်းမာရေးချို့တဲ့ တဲ့ ချမ်းသာခြင်းက အမွေ အဖြစ်ထားခဲ့ရမှာပါ။
လူအများစုက ကိုယ့်ကိုကိုယ် အသက်တိုအောင် လုပ်နေကြတယ်။ နောက်ဆုံးကျတော့ ကျန်းမာရေးကို ပိုက်ဆံနဲ့ဝယ်လို့ရတာလဲ မဟုတ်။ ပိုပြီးဝမ်နည်းဖို့ကောင်းတာကသေပြီးတဲ့အချိန်မှာ အကြွေးတွေ တောင်ပုံ ယာပုံ ထားခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ အပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။ဒီလို ကံကြမ္မာ ကနေ လွတ်မြောက်ချင်ပါသလား။သင်အခုကနေစပြီး ကျန်မားရေးနဲ့ပြည့်စုံတဲ့ဘဝကိုရရှိဖို့ စဉ်းစားပါ။
သေမင်းမှာ အချိန်းအချက် မရှိဘူး။တက်သစ်စ ဘောလုံးကစားသမား အာနီဒေးဗစ်ဟာသွေးကင်ဆာနဲ့ အသက် ၂၃ နှစ် မှာ ဆုံးခဲ့ပါတယ်။ကမ္ဘာကျော် အနုပညာရှင် အဲဗစ်ပရက်စလေဟာအသက် ၄၂ မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ် ။ဂျဇ္ဇ ဂီတပညာရှင် ဂျွန်ကိုထရိန်း အသက် ၄၀ မှာ
အသည်း ကင်ဆာနဲ့ ဆုံးခဲ့ပါတယ်။ကျွန်ုပ်တို့ မိသားစု ၊ သူငယ်ချင်း ဘယ်နှစ်ယောက်လူ့လောက ကနေ ထွက်ခွာသွားပြီလဲ ။ ကျွန်ုပ်တို့ပဲအသိဆုံးပါ။
ကျနော်တို့ အခု ကျန်းမာ သန်စွမ်းနေတာနောက် ၁၀ နှစ်အထိ ကျန်းမာသန်စွမ်းနေမယ်လို့ယူဆလို့ မရပါဘူး။သေစေနိုင်လောက်တဲ့ နာတာရှည် ရောဂါတွေဟာ
အသေးဆုံးပျက်စီးမှုက စတင်တာပါ ။အခု သင့်မှာ ကြိုတင်ကာကွယ်ဖို့ အခွင့်အရေး ရှိနေပါတယ်။ပုဆိန်နဲ့ပေါက်ရလောက်အောင် ကုသရမဲ့ ရောဂါကိုအပ်နဲ့ထွင်းရုံနဲ့ ကာကွယ်နိုင်မယ်ဆိုရင်ကျွန်ုပ်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ ။
ဒီနေ့ ကျန်းမာရေးအတွက် ဂရုစိုက်မှု မပေးနိုင်ဘူးဆိုရင်တနေ့မှာ ကျန်းမာရေး ကုန်ကျစရိတ်တွေ ပေးဆောင်ရမှာဖြစ်ပါတယ် ။၈၀% လူတွေက ကျန်းမာရေးအတွက် အကုန်အကျမခံချင်ကြ ဘဲနောက်ဆုံး ရက်၊လ များကို ဆေးရုံမှာပဲ နေသွားကြပါတယ်နာကျင်ခြင်း ၊ ရောဂါဝေဒနာတွေ ခံစားပြီး လောကကြီးကနေ ထွက်ခွာသွားကြပါတယ် ။၉၅% လူတွေက ရောဂါ ကြောင့် သေဆုံးရတာဖြစ်ပြီး၅% ကသာ အသက်ကြီးလို့ သေဆုံးတာ ဖြစ်ပါတယ် ။
ဒီလို ရောဂါတွေ ငါတို့တော့ ဘယ်တော့မှ မဖြစ်ဘူး လို့မထင်ပါနဲ့။မျက်ကန်း အကောင်းမြင်တာမျိုးတော့ မဖြစ်ပါစေနဲ့။ငယ်ငယ်တုန်းက ဒီလို အယူအဆ ရှိတဲ့လူတွေ အခု ဆေးရုံ ကုတင်ပေါ် ရောက်နေကြတာ သင်သိဖို့ကောင်းပါတယ်။ကျန်းမာခြင်း = အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ အရာ ။မပြန်လမ်းကို သွားရမယ့်အချိန် မရောက်အောင် ကျွန်ုပ်တို့ ကျန်းမာရေး ဂရုစိုက်ရပါမယ် ။နာကျင်ခြင်း ၊ ရောဂါဝေဒနာနဲ့ နပန်းမလုံးရအောင် ၊ကျနော်တို့ချစ်တဲ့သူတွေ ၊မိသားစုတွေ က
လူမမာတယောက် အပေါ် ငွေကြေး ၊အချိန်တွေ အကုန်ခံပြီး ဝန်ထုတ်ဝန်ပိုး မဖြစ်ရအောင်ကျန်းမာရေး သတိထား နေရပါမယ်။
သင့်ရဲ့ နောက်ပိုင်း ဘဝ တဝက်ကိုလူနာ ကုတင်ပေါ်မှာပဲ ကုန်ဆုံးချင်ပါသလား ။ဒါမှ မဟုတ်မလေးရှားက ဒေါက်တာ မဟာသီဟာလိုပဲအသက် ၉၃ နှစ်မှာ ဝန်ကြီးချုပ် အဖြစ်အရွေးခံရတဲ့ ဘဝ မျိုး ဖြစ် ချင်သလား။သင့် ဘဝ ကသင့်ဆုံးဖြတ်ပေါ်မှာပဲ မူတည်ပါတယ် ။
လေးစားစွာဖြင့် ခရစ်ဒက် ……မူရင်း
22/02/2020
အကယ်ဒမီ အကဲဖြတ်အဖွဲ့၏ ဒုတိယအဆင့်ဆန်ကာတင်စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၉ကား ထွက်ရှိ......
၂၀၁၉ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့ဝင်များ၏ ကြည့်ရှု့စစ်ဆေးခဲ့သည့်ဇာတ်ကား ၉၇ကားထဲမှ ဒုတိယ အဆင့်ကြည့်ရှု့သည့် ဇာတ်ကား ၂၉ကား စာရင်းထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။
လာမယ့် မတ်လ ၂၉ရက်နေ့ တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ၂၀၁၉ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။
တဖြည်းဖြည်းနီးကပ်လာတဲ့ အကယ်ဒမီပေးပွဲအတွက် ပရိသတ်တွေရဲ့အကယ်ဒမီ ခန့်မှန်းချက်လေးလဲ သိပါရစေ။Comment မှာဝင်ရေးပြီး ရင်ခုန်ကြည့်လိုက်ရအောင်✌️✌️✌️
22/12/2019
နှစ်သစ်ကူး တရားအလှူဓမ္မသဘင်ပွဲကြီးအား ရန်ကုန်မြို့ ၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည် ဖြစ် ရာ ..
၁.၁..၂၀၂၀ ရက်နေ့တွင်
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဗန်းမော်ဆရာတော်၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ
၂.၁..၂၀၂၀ ရက်နေ့ တွင် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)၊
( ပါမောက္ခချုပ်ဆရာတော်)
၃.၁..၂၀၂၀ ရက်နေ့ တွင် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ (အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ အဓိပတိ ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ၊ စစ်ကိုင်းမြို့) ၊
ဆရာတော်အရှင်မြတ်များက ရားရေအေး တိုက်ကျွေး မည်ဖြစ်ရာ၊
တရား အလှူဓမ္မသဘင် သို့ ကြွရောက်တရား နာယူနိုင်ကြပါ ရန် လေးစားစွာ ဖိတ်ကြား အပ်ပါ သည်။