အလင်းရောင်

အလင်းရောင်

Share

" you only lose what you cling to "

04/10/2020

သူမဟုတ်တဲ့ ကိုယ်...။

အစမှာ အမေကမွေးပေးလိုက်လို့လူဖြစ်လာပြီဆိုတဲ့အချိန်ထဲက လူဆိုတာမျိုးက တယောက်ထဲမဟုတ်တော့ပါဘူး။ အသက်ရွယ်ကြီးပြင်းလာတာနဲ့အညီ အချိန်ရဲ့ ပြောင်းလဲမှုတွေထဲမှာ လူအမျိုးမျိုး၊ ကိစ္စ အဖုံဖုံကိုလည်း တွေ့ကြုံလာရတာ လူတိုင်းပါပဲ။

ဒီနေရာမှာ လူတွေက ငယ်ရာကကြီးလာတာနဲ့အတူ
အမြင်တွေ၊ အတွေးတွေ၊ ယုံကြည်ရာတွေဟာလည်း တရက်နဲ့ တရက်မတူလာကျပါဘူး။ ငယ်ငယ်က ကြက်သားကြိုက်တတ်လည်း ကြီးလာတော့ ကြိုက်ချင်မှ ကြိုက်တော့မှာပါ။ ဆက်ကြိုက်နေတာလည်း ရှိမှာပါ။ လူတကိုယ်စိတ်တမျိုးပါပဲ။ အဲစိတ်ဆိုတာကလည်း စက္ကန့်နဲ့အမျှပြောင်းလဲနေတဲ့ အရာတခုပါ။

လူတယောက်နဲ့ တယောက် ပြောဆိုဆက်ဆံကျတဲ့
နေရာမှာ ယုံကြည်မှုဆိုတာရယ် ရိုသေလေးစားမှု
ဆိုတာရယ်ဟာ အရေးကြီးဆုံးပါပဲ။ ကိုယ်မဟုတ်
တဲ့အခြားလူတယောက်ရဲ့ စိတ်နေစိတ်ထားဟာ
ဘယ်လို ဘယ်ပုံလည်းဆိုတာ ရင်းနှီးတဲ့သူတွေမှာ
တောင် အကုန်မသိနိုင်ကျပါဘူး။ လူတွေက လူတ
ယောက်နဲ့ နောက်လူတယောက်ကို ဆက်ဆံကျတဲ့
စိတ်နေသဘောထားတွေဟာ တူမနေကျပါဘူး။
လူတိုင်းက ကိုယ်ယုံကြည်ရာတွေအတွက် အသက်
ရှင်နေကျတာကြည်ပါပဲ။ အဲယုံကြည်မှုတွေဟာလည်း
မတူညီနိုင်ပါဘူး။

အဲလိုမတူညီမှုတွေထဲမှာ ပြဿနာတွေ ယူဆောင်
လာတာကတော့ "သူက" ဆိုတဲ့ နာမ်စားလေးကြောင့်
ပါပဲ။ လူတွေက ကိုယ်မဟုတ်တဲ့ အခြားလူတ
ယောက်ရဲ့ စိတ်ကို အရမ်းဖတ်ချင်ကျပါတယ်။
ပြီးရင် အရမ်းလည်း စိတ်ချင်းတူစေချင်ကျတယ်။
ဒါကပြဿနာ တခုဖြစ်လာနေစေတာပါပဲ။ လူတယောက်
က ဘယ်လိုတွေးနေလဲ၊ ဘာကိုယုံကြည်လဲ ၊ ဘယ်
လိုလူစားမျိုးလဲ ဆိုတာ အဲဒီလူကိုယ်တိုင်တောင် သိ
ချင်မှ သိနေမှာပါ။ ဒါကို ကိုယ့်ကိုကိုယ်တောင် အ
သေချာမသိတဲ့ ကျနော်တို့တတွေဟာ တခြားလူတွေ
ရဲ့လုပ်ရပ် ၊ အတွေးခေါ်၊ အမြင်တွေကို ဝေဖန်မယ်
ပုတ်ခတ်မယ်၊ တန်းညှိမယ်ဆိုတဲ့ စိတ်ဟာ လူတဦး
နဲ့ တဦးရဲ့ကြားထဲက ဆက်ဆံရေးနဲ့ ယုံကြည်မှုတွေ
ကို ဖျက်စီးနေတာပါပဲ။

လူတိုင်းက သတ္တဝါ တခုကံတခုနဲ့လာသလို လူတိုင်း
ကလည်း သူ့အတွေး သူ့အမြင် သူ့ယုံကြည်ချက်နဲ့
ရှင်သန်ကျတာခြင်းအတူတူ ဝေဖန်အကဲဖြတ်ဆိုတဲ့
ခေါင်းစဉ်တွေမတပ်ကျရင် ပိုပြီးအဆင်ပြေလာကျမှာပါ။
" ယုံကြည်မှုဆိုတဲ့အရာကို ပုံပန်းသဏ္ဍာန်ဖော်လို့
မရသလို စက်ရုံထုတ်တွေလို တပုံစံထဲ ဖြတ်ထုတ်
ဖို့မကြိုးစားပါနဲ့ "
လူတိုင်းက သူကသူ ကိုယ်ကကိုယ်ပါပဲ။ အားလုံးက
ကိုယ်မဟုတ်တဲ့ သူတွေပါပဲ။

03/10/2020

ခက်ခဲတဲ့အလုပ်ဆိုတာ မရှိပါဘူး....

ကျနော်တို့လူတိုင်းအမြဲပြောနေကျစကားလေး
တခွန်းရှိတယ်။ ခက်ခဲလိုက်တာ လုပ်ရကိုင်ရတာ
ခက်ခဲလိုက်တာ ငါ့ဘဝကြီးကဆိုပြီး။ ဒါကရိုးရိုး
လေးတွေးရင်တော့မှန်ပါတယ်။ အရာရာက လွယ်
ကူတဲ့နည်းတွေနဲ့ဖြစ်တည်နေတာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း နည်းပညာဆိုတာ ပေါ်ပေါက်လာတာပေါ့။ အလွယ်ကူဆုံးလို့ထင်ရတဲ့ စကားပြော
ခြင်းဆိုတာတောင် တခါတလေမှာ ဘာပြောရမှန်း
မသိဖြစ်သလို ဘာမှမပြောချင်တဲ့အချိန်တွေလည်း
ရှိတတ်တာပါပဲ။
အမြဲနေ့စဉ် လူတိုင်းကစားဝတ်နေရေးအတွက်
ပူပန် ရှာဖွေနေရတဲ့ အချိန်မှာ ဒီခက်ခဲမှုဆိုတဲ့ခေါင်း
စဉ်ကြီးက စိတ်ရဲ့တဝက်လောက်ကို လွှမ်းမိုးထား
တာပါ။ တကယ်တမ်းတော့ ခက်ခဲတယ်ဆိုတာ
သဘာဝတရားထဲက တခုပါပဲ။ ဘာမှထူးဆန်းတဲ့
အရာတခုမဟုတ်ပါဘူး။ အဲလိုမထူးဆန်းတဲ့အရာ
တခုကဘာကြောင့် ကိုယ့်ကို လွှမ်းမိုးနိုင်တာလဲ ?
ဒါက ခက်ခဲတယ်ဆိုတဲ့ အသုံးနှုန်းကို နေရာမှားပြီး
သုံးနေကျလို့ပါပဲ။
တကယ်တမ်းတော့ခက်ခဲတဲ့အရာဆိုတာ မရှိပါဘူး။ ပင်ပန်းတာနဲ့ စိတ်ညစ်တာတွေကြောင့်ဖြစ်
လာတာပါ။ ဒါတွေကဘာလို့ဖြစ်လဲဆို ကျနော်တို့က
ကိုယ်မချစ်တဲ့ မမြတ်နိုးတဲ့အရာတွေကို အသက်ရှင်
ဖို့ဆိုတဲ့ခေါင်းစဉ်ကြောင့် လုပ်ကိုင်နေရလို့ပါ။ ဥပမာဆိုရင် စကိတ်စီးတာမြတ်နိုးဝါသနာပါတဲ့
လူတယောက်ဆိုရင် ဒီစကိတ်ပေါ်ကနေအခါခါ ပြုတ်ကျ ကွဲပြဲဒဏ်ရာတွေရလည်း ဆက်စီးနေအုံး
မှာပါပဲ။ အဲလိုတွေဖြစ်နေလို့လည်း ပင်ပန်းတယ်၊
နာကျင်တယ်ဆိုပြီး အော်ဟစ်နေမှာမဟုတ်ပါဘူး။
ဒါသူ့ရဲ့ စကိတ်စီးခြင်းအပေါ်မှာထားတဲ့ ချစ်တဲ့
စိတ်ကြောင့်ပါ။ ကျနော်တို့က အရာရာကိုချစ်တတ်
မယ် ၊ မေတ္တာထားတတ်မယ်ဆို ခက်ခဲတယ်ဆိုတဲ့
ဝေဒနာက ပေါ်မလာတော့ပါဘူး။ အလုပ်တွေမှာ
ရော ၊ လူတဦးတယောက်အပေါ်မှာပါ ချစ်တဲ့စိတ်
ကိုထားနိုင်ရင် အရာရာဟာ လွယ်ကူတယ်လို့ခံစားရမှာပါ။ အလုပ်မှာဆိုလည်း ကိုချစ်တဲ့အလုပ်ကို လုပ်
မှာလား ၊ ကိုလုပ်တဲ့အလုပ်ကိုချစ်မှာလား ။ ဒါကို
ပြုပြင်နိုင်ရင် ခက်ခဲတယ်ဆိုတဲ့အရာတွေဟာ
ကြည်နူးခြင်းဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းသွားစေမှာပါ။
ဘာလိုလဲဆို "ကျနော်တို့ချစ်တဲ့လူတွေအတွက်
ခက်ခဲတယ်ဆိုတာမရှိလို့ " ပါပဲ ။

03/10/2020

မိုးစက်လေးများကပြောသောစကား...။

လူတယောက်ရဲ့ "ပြဿနာ" ဆိုတာ ဆန်အိတ်ထဲကဆန်စေ့တလုံးချင်းစီ လိုက်ပြီးရေနေတာနဲ့ တူပါတယ်။ အချိန်ကုန် အကျိုးမရှိတဲ့အပြင် အဆုံးမှာရလဒ်တခုကလည်း ဘာအတွက်မှ အသုံးမဝင်တဲ့
လုပ်ရပ်တခုလိုပါပဲ။ ဆန်ကဆန် စားဖို့ဆိုတဲ့ သူ့နေ
ရာနဲ့သူလုပ်ဆောင်ခြင်းဆိုတာသိဖို့လိုအပ်တာပါ။

တခါက အဖိုးကြီးတယောက်က ပင်လယ်ထဲမှာလှေ
လေးတစင်းနဲ့ ငါးမျှားဖို့ထွက်လာခဲ့တယ်။ နေ့ရက်
တွေကြာလာလို့ တပတ်လောက်ထိအောင် ဘာငါးမှ
မရတဲ့အပြင် ထုပ်ပိုးလာတဲ့သူ့ရဲ့ ရိက္ခာတွေပါကုန်
လုနီးနီးဖြစ်လာခဲ့တယ်။ တရက်မှာတော့ ဘယ်ကမှန်းမသိတဲ့ အကောင်ကြီးကြီး အသားပေါပေါ ငါးကြီးတွေဟာ သူငါးမျှားနေတဲ့ နေရာကိုရောက်လာခဲ့တယ်။ အဲအချိန်မှာတော့ အဖိုးကြီးက ပျော်မဆုံးတွေဖြစ်ပြီး အားကုန်ကြိုးစားပြီးငါးတွေကို ဖမ်းပါတော့တယ်။ တနေ့လည်းကုန်တော့ အဖိုးကြီးလည်းငါးတွေ တပုံတပင်ကြီးနဲ့ပေါ့။ ဒီလိုနဲ့ နောက်တရက်မှာတော့ မုန်တိုင်းတခုနဲ့ကြုံလာရပါတယ်။ အဲအချိန်မှာ အဖိုးကြီးဟာ သေဘေးကိုအား
ထုတ်နေရချိန်ဆိုတော့ ငါးတွေကိုလည်း ဂရုမစိုက်
နိုင်ခဲ့ပါဘူး။ လှိုင်းနဲ့အတူတက်လာတဲ့ ငါးမန်း တ
ကောင်ဟာ ရုတ်တရက်ပေါ်လာပြီး တွဲလောင်းချည်
ထားတဲ့ အဖိုးကြီးရဲ့ ငါးတွေကို တခါထဲ ဝါးမျိုးသွားလိုက်တယ်။ အဖိုးကြီးလည်း ဘာမှမတတ်သာတဲ့အခြေနေမှာ ငါးတွေကိုဆုံးရှုံးလိုက်ရတာပေါ့။
မိုးလည်းလင်းလို့ မုန်တိုင်းလည်းဆဲသွားချိန်မှာ အဖိုးကြီးတယောက်ခြေကုန်လက်ပမ်းကျပြီး ပျက်စီးသွားတဲ့ လှေရဲ့ ရေယိုပေါက်တွေကိုဖာထေး
ရင်း တယောက်ထဲပြုံးပြုံးလေး ကျေနပ်နေခဲ့ပါ
တယ်။

အသက်မသေတာကံကောင်း ငါးတွေလည်းဆုံးရှုံးလိုက်ရတဲ့ အဖိုးကြီးက ဘာလို့ပြုံးနေတာလည်း
ဘာတွေကိုကျေနပ်နေတာလဲ ကျနော်ကိုယ်တိုင်
လည်း မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရက်
သားက မိုးဖွဲဖွဲလေးတွေကျလာလို့ မိုးမိမှာစိုးပြီး
တဲလေးတခုထဲမှာ မိုးဝင်ခိုတော့ တွေးလိုက်မိတယ်။
အဲအချိန်က မိုးကတဖြည်းဖြည်းရွာချလာတဲ့အချိန်
မိုးရေထဲမှာပြေးလွှား နေတဲ့လူတွေကိုကြည့်မိတယ်။ တဖက်မှာလည်း "မိုးတွေရွာပြီဟေး " ဆိုပြီး
ပျော်မြူးပြီး ခုန်ပေါက်ဆော့ကစားနေတဲ့ ကလေး
ငယ်လေးတွေကိုလည်းတွေ့လိုက်ရတယ်။

ဒီအချိန်မှာ ကျနော်နားလည်လိုက်မိတာ အဘိုးကြီး
ကငါးဖမ်းပြီး ရလာတဲ့ငါးတွေကို ကြည့်ပြီး ကိုယ်
တိုင်ဖမ်းထားတဲ့ငါး၊ အပင်ပန်းခံစိတ်ရှည်ပြီး ရလာ
တဲ့အောင်မြင်မှုတခုဆိုပြီး ခံစားရချင်တာပေါ့။ ငါး
ဖမ်းပြီးစားချင်တာရောင်းချင်တာထက် ငါးဖမ်း
ပြီးငါးမိတယ်ဆိုတဲ့ ခံစားချက်ကသူ့အတွက်ပိုအရေးကြီးနေတာပေါ့။ နောက်ပြီး အဘိုးကြီးက
အဘိုးကြီး၊ ငါးကငါးပဲလေ။ လူတိုင်းက ကိုယ့်ဖြစ်
တည်မှုနဲ့ကို အသက်ရှင်နေရပါပဲ။ မုန်တိုင်းမှာ မသေတာကိုကျေးဇူးမတင်ပဲ ငါးတွေစားသွားတဲ့
ငါးမန်းကို အပြစ်ရှာနေလို့ ဘာထူးမှာလဲလေ။

ဒါကိုသဘောပေါက်သွားတဲ့ အဘိုးကြီးရဲ့ အပြုံးကို
ကျနော်သဘောပေါက်တဲ့အပြင် မိုးရွာတာကြည့်ပြီး
ပြေးလွှားနေတဲ့လူတွေကတမျိုး ပျော်နေတဲ့ ကလေးတွေက တမျိုးကိုလည်း ထပ်ပြီးသတိထားမိခဲ့တယ်။ မိုးရွာထဲထွက်ရင်တော့ မိုးစိုခံရမှာပါပဲ။ မိုးရွာတာကိုအပြစ်ဖို့လို့မရသလို မိုးရေထဲမှာ
ပျော်နေတဲ့ကလေးလေးလို ကိုယ်ခံယူတဲ့ အပေါ်မှာ
မူတည်ပြီး ရလဒ်ဆိုတာ ပြောင်းလဲသွားပါတယ်။

ဒီတော့လူတော်တော်များများက ပြဿနာဆိုတာကို
ပဲမြင်တယ်။ ဘာလို့ဖြစ်နေလဲဆိုတဲ့ အဖြေကိုကျ
ငါးမန်းကိုပဲ အပြစ်ပုံချချင်နေကျတယ်။ မိုးဆိုတာ
ရွာပြီးရင် ဆဲသွားသလို ပြဿနာဆိုတာလည်း ဖြစ်
ပြီးရင် ပြေလည်တတ်ပါတယ်။ ဖြစ်တုန်းမှာ ခံစား
ရတဲ့ တခဏတာ စိတ်ခံစားချက်ကို ပြဿနာလို့
ယူဆရင်း ဒုက္ခခံနေရတာပါ။
"မိုးစက်လေးတွေကပြောတယ်..
မိုးရွာစေချင်ရင် ရွံ့ပေတော့ခံနိုင်ရမှာပဲ" တဲ့ ။

03/10/2020

"ကိုယ်တိုင်ပြုံးရယ်နေနိုင်တဲ့ အခိုက်တန့်တိုင်းက
ကိုယ့်အတွက်ပြီးပြည့်စုံနေခြင်းပါပဲ"

လူတိုင်းက ပန်းသီးပုပ် တွေပါပဲ....
သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်။ သူက
ပန်းသီးတစ်လုံးမှာ ပုပ်နေတဲ့အပိုင်းကို ဖယ်ပြီးစား
မယ့်သူတဲ့။ ဒီစကားက လူတစ်ယောက်ကိုပေါင်း
သင်းဆက်ဆံတဲ့နေရာမှာ သူက အဲဒီလူရဲ့မကောင်း
တဲ့အရာတွေကိုဖယ်ကြည့်ပြီး ကောင်းတဲ့အချက်
တွေကိုရှာပြီးပေါင်းမယ်ဆိုတဲ့ သဘောထားပြည့်ဝ
မှုကိုပြောချင်တာပါ။ အဲလိုပြောတော့ကျနော်လက်
မခံခဲ့ပါဘူး။ ဘာလို့လဲဆိုရင် ပန်းသီးတစ်လုံးအနေနဲ့တော့ အပုပ်ပိုင်းကိုဖယ်စားရတာ လွယ်တာပေါ့။
လူတစ်ယောက်အနေနဲ့တော့ မကောင်းတဲ့အချက်ကို
လျစ်လျူရူဖို့ဆိုတာ အပြောလွယ်သလောက်လက်
တွေ့မှာခက်ခဲပါတယ်။ လုပ်နိုင်တယ်လို့ပြောတဲ့သူ့
အနေနဲ့လည်း အဲဒီလူက သူ့ကိုပုပ်နေတဲ့ အပိုင်းကို
မပြသတာမျိုး မပေးတာမျိုးကြောင့်ရေရှည်ခံနေတဲ့သဘောပါပဲ။ မကောင်းတဲ့အချက်တွေသာ ဆက်
တိုက်ပေးနေရင် ပြောခဲ့သလို အပုပ်ကို ဖယ်စားနိုင်
မယ်မထင်ပါဘူး။
တချို့လူတွေကျလည်း တကယ်ကိုပြီးပြည့်စုံတဲ့
အနာအဆာ မရှိတဲ့ပန်းသီးတစ်လုံးလို့ထင်ရလောက်
အောင် လူမှုဆက်ဆံရေးအတတ်ပညာ မြင့်မားပါ
တယ်။ ဒါပေမဲ့ လုံးဝမပုပ်ဘူးဆိုတဲ့ပန်းသီးရယ်လို့
မရှိပါဘူး။ ဘယ်လောက်ပဲအနာအဆာ ကင်းကင်း
အချိန်ကြာလာတာနဲ့အမျှ ဆွေးမြေ့ပုပ်ပွလာတာပါပဲ။ လူတွေလည်းဒီလိုပါပဲ ကြာကြာကြည့်လေ
ပုပ်တဲ့အပိုင်းကိုမြင်လာရလေပါပဲ။ ဒီတော့ ကျနော်
လည်း တစ်ဦးတစ်ယောက်အတွက်ပန်းသီးပုပ်တလုံးဖြစ်နေနိုင်တာပါပဲ။ ပြီးပြည့်စုံတဲ့လူဆိုရယ်လို့
မရှိပါဘူး။ ပြည့်စုံချင်နေတဲ့ စိတ်ကသာ မှားယွင်း
နေတာပါ။ တစ်စုံတစ်ယောက်အတွက် ပြီးပြည့်စုံ
နေဖို့မလိုအပ်ပါဘူး။ ကိုယ်တိုင်ပြည့်စုံတယ်လို့
ခံစားရဖို့ပဲအရေးကြီးတာပါ။ အများအမြင်မှာ
ပြည့်စုံပြီး အနာအဆာမရှိတဲ့ပန်းသီးတစ်လုံးဖြစ်
ချင်နေသ၍ မိမိလိုအပ်ချက်တွေက တစ်ခုပြီး
တစ်ခု တိုးလာနေမှာပါပဲ။ ဘာလို့လဲဆိုကျနော်တို့
အားလုံးက ပန်းသီးပုပ်တွေပဲမလို့ပါ။

29/07/2020

အရင်တိုင်းပဲလားတဲ့.....
______________________________

ကျနော်လေးစားရတဲ့ သူငယ်ချင်းတယောက်က

ကျနော့်ကိုမေးဖူးတယ် ။

"သူငယ်ချင်း မင်းအရင်တိုင်းပဲလားတဲ့"

မေးခွန်းလေးက လွယ်သလောက် တကယ်က

ပညာသားအရမ်းပါတဲ့သဘောမျိုးနဲ့မေးတယ်

ဆိုတာကျနော်မသိခဲ့မိဘူး ။

ဒီတော့ ရိုးရိုးလေးပဲတွေးဖြေမိတာပေါ့ ။

"အေးကွာ အရင်ကလေးတုန်းကလိုတော့

ဘယ်ဟုတ်တော့မလဲ နည်းနည်းပါးပါးတော့

ပြောင်းလဲလာတာပေါ့ စိတ်ရော လူရော အစစ

အရာရာပေါ့ကွာ" ဆိုတော့ သူကပြောတယ် ။

"ဒါဆိုမင်း အရင်တိုင်းပါပဲ" တဲ့ ။

ဟုတ်ပါတယ် တကယ်အမှန်တိုင်းဝန်ခံကြေးဆို

ကျနော်အရင်တိုင်းပါပဲ ။ ပြောင်းလဲလာတဲ့

အသက်ရွယ် အချိန်နဲ့လိုက်ပြီး လုပ်နေတာတွေ

မတူတော့တာကလွဲရင် ကျန်တာ အရင်တိုင်း

ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲခြင်း

ဆိုတာပါးစပ်ကထုတ်ပြောစရာ လက်နဲ့လုပ်

ပြနေစရာ မလိုတဲ့အရာတခုမို့ပါပဲ ။

တကယ်ပြုပြင်ပြောင်းလဲပြီး ရင့်ကျက်လာတဲ့

လူတယောက်ဆိုတာ မေးစရာမလိုပဲ ကြည့်

လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ခင်များတို့လည်း ပတ်

ဝန်းကျင်မှာ လက်တွေ့မြင်နိုင်မှာပါ ။ တကယ်

ပြောင်းလဲလာတဲ့ လူတယောက်ဆိုတာ သူက

ရှင်းပြနေစရာ ကိုယ်ကမေးနေစရာကို မလို

လောက်အောင် တွေ့လိုက်တာနဲ့

"ဟာ..မင်းတော်တော်ပြောင်းလဲသွားတာပဲ "

ဆိုပြီးဖုံးလို့မရအောင်သိသာနေမှာပါ ။ ဒါအမှန်

တကယ်ပြောင်းလဲလာတဲ့ လူတယောက်ရဲ့

တန်ဖိုးပါ။ ဒါကြောင့် ကိုယ်ပြောင်းလဲနေပါ

တယ်။ ငါကြိုးစားနေပါတယ်ဆိုတာ ဘယ်သူ့

ကိုမှ ဖော်ပြနေစရာ သတိပေးနေစရာ ကြွားဝါ

နေစရာမလိုအပ်ပါဘူး။ ငါတော့ဘာတွေ လုပ်

နေပါပြီလည်း ကိုယ့်ရဲ့ ခြေလှမ်းတွေကို

အများမြင်အောင်ချပြနေစရာမလိုအပ်ပါဘူး။

အောင်မြင်မှု ၊ ပြောင်းလဲမှု ဆိုတာ အများမြင်

အောင်ပြသနေစရာမလိုပါဘူး ။ ကိုယ်တကယ်

အောင်မြင်ရင် အဲဒီရလဒ်က ပြနေစရာ

မလိုလောက်အောင် အရှိန်ဝါ တောက်ပနေမှာ

မလို့ပါပဲ ။

အဲတော့ .....

"ခင်များရော အရင်တိုင်းပဲလား" ...

10/07/2020

ပေးသူရှိသလို ယူသူလည်းရှိတာ

သဘာဝပါ ဒီနှစ်ခုက ဒွန်တွဲနေတာမျိုး

ဒါပေမဲ့ လူတွေက ပေးလွန်းရင်ဖြစ်ဖြစ်

ရောလွန်းရင်ဖြစ်ဖြစ် အရောင့်တက်လာ

တတ်တာလည်း လူ့သဘာဝပဲ

ဆိုတော့ကား ခက်ပြီ 🥴

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay
12345

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00