06/10/2026
ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာအတွင်း တောင်ကျရေပြင်းထန်မှုကြောင့် ရေလွှဲဆည်များနှင့် ကားလမ်းဘေးရေတိုက်စားမှုအား ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
ပူတာအို အောက်တိုဘာ ၄
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆန်ဂေါင်ကျေးရွာအနီး ဖြတ်သန်းစီးဆင်း သည့် ပါတိတ်ချောင်းပေါ်ရှိ ဆန်ဂေါင်နှင့် နန်ကန်တိုရေလွှဲဆည်များ တောင်ကျ ချောင်းရေ အရှိန်ပြင်းထန်မှုကြောင့် ပျက်စီးခဲ့ပြီး ပူတာအို-အထက်ဆန်ဂေါင်-ဇီယာဒမ်းလမ်း (ရေခဲတောင် သွားလမ်း) ကားလမ်း ချောင်းရေတိုက်စားမှုအပေါ် ဌာနဆိုင် ရာများ၊ ဒေသခံတောင်သူများ၊ ရပ်မိ/ ရပ်ဖများနှင့် တွေ့ ဆုံပြီး အဆိုပါချောင်း ရေလွှဲဆည်သည် အကျိုးပြုမိုးစပါး စိုက်ဧက ၉၀၀ ကျော်ရှိနေပြီး ချောင်းရေလျှံမှုကြောင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲ၊ ထိခိုက်မှုမရှိစေရေးအတွက် ရေလွှဲဆည်များ ပြုပြင်ဆောင်ရွက်ရေး၊ ရေလမ်းကြောင်းနှင့် ရေစီးကြောင်း ထိန်းချုပ်နိုင်ရေး ဒေသရိုးရာအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောာင်ရွက်ခဲ့ကြသည်။
#ဆက်လက်၍ ကားလမ်းဘေးရေတိုက်စားမှုအပေါ် လမ်းဦးစီးဌာနမှ ပူတာအို-အထက် ဆန်ဂေါင်လမ်းမိုင် (၆/၄ နှင့် ၆/၆) အတွင်း ကျောက်စီမြေထိန်းနံရံကာရံခြင်းလုပ်ငန်းကို ဘဏ္ဍာ နှစ်သုံးနှစ်အတွင်း အရှည်ပေစုစု ပေါင်း ၅၈၀ ပေ ပြီးစီးအောင်ဆောင်ရွက်သွားမည့် အစီ အစဉ်များ ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ဆန်ဂေါင်ရေလွှဲဆည်နှင့် ကားလမ်းဘေး ရေတိုက်စားမှုအပေါ် ယာယီထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နန်ကန်တိုရေလွှဲဆည်အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
#ထို့အနောက် အဆိုပါကားလမ်းဘေးရှိ မွေးမြူရေးသု တေသနဦးစီးဌာန၏ မွေးမြူရေးသု တေသနစခန်း(ပူတာအိုမြို့)၌ စခန်းတာဝန်ခံက စခန်းအတွင်း အအေးပိုင်းငါးမျိုးစိတ်များ မျိုးထိန်းသိမ်းခြင်းနှင့် မျိုးပွားခြင်းလုပ်ငန်းများ၊ ငါးဖောက်ခြင်းစသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စခန်းတွင်း လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။