မြန်မာ့နွေဦးတော်လှန်ရေး တပ်ဦး

မြန်မာ့နွေဦးတော်လှန်ရေး တပ်ဦး

Share

အထွေထွေသပိတ်ကြီး ဆင်နွှဲကြ
နိုင်ငံကို ဘယ် စစ်ခွေး လက်ထဲမှ အပါမခံနဲ့

26/02/2026

Nelson Mandela ဟာ သမတဖြစ်လာပြီးတဲ့အခါ သူ့ရဲ့ လုံ
ခြုံရေးသက်တော်စောင့်အ
ချို့နဲ့အမြို့ထဲ အတူလျှောက်ပြီး လှည့်ပတ်ကြည့်ရင်း ဒေ
သခံစားသောက်ဆိုင်တဆိုင်မှာ နေ့လည်စာ စားဖို့ အစား အစာမှာယူပြီး ထိုင်စောင့်နေကြတယ်။

သမတနဲ့အဖွဲ့ စားသောက်နေတဲ့အချိန် သူတို့စားပွဲအနီးရှ်ိ အခြားစားပွဲတခုမှာ တ
ယောက်ထဲထိုင်နေတဲ့လူတယောက်ဟာ သူ့ပန်းကန်ကို ကိုင်ရင်း ဘယ်သွားစားရမှန်း မသိ ဖြစ်နေတယ်။

ဒါနဲ့ သမတက လုံခြုံရေးတ
ယောက်ကို သူ့ကို ဒီစားပွဲမှာလာစားဖို့ ဖိတ်ခေါ်လိုက်ပါ
လို့ပြောလိုက်တယ်။

အဲဒီသူဟာ သမတရဲ့ဘေးမှာ
ကုတ်ကုတ်ငြိမ်ငြိမ်လေး လာထိုင်ပြီး စားနေတယ်။

ဒါပေမဲ့ လူလက်တွေဟာ ထိနး
မရအောင် တုန်ယင်နေတယ်။
စားပြီးတာနဲ့ စကားတလုံးမှမပြောပဲ ခပ်မြန်မြန်ပဲ ထထွက်သွားတယ်။

လုံခြုံရေးက သမတအနားချဉ်းကပ်ပြီး ခပ်တိုးတိုးလေး
“ သူ အတော်ဖျားနေပုံရတယ်၊
စားနေတုန်းတောက်လျှောက် သူ့လက်တွေတုန်နေတယ် “
လို့ပြောလာတယ်။

သမတက
“ သူ လုံးဝမဖျားဘူး။
ငါထောင်ကျနေတဲ့ကာလတောက်လျှောက္မှာ
ဒီလူက ထောင့်စောင့်တယောက်ပေါ့။

အဆိုးဆုံးအခိုက်အတန့်က
တော့ ငါ့ကို ညှင်းပန်းနှိပ်စက်ပြီးတဲ့အခါ၊ ငါ ရေငတ်လို့ အော်ဟစ်ပြီး ရေတောင်းရင်
သူ ရောက်လာပြီး ရေပေးရမယ့်အစား ငါ့ခေါင်းပေါ်ကို သေးပေါက်ချတာ သူပေါ့။

ဒီနေ့ သူဖျားလို့ တုန်နေတာ မဟုတ်ဘူး။ ကြောက်လန့်ပြီး တုန်နေတာ။အခု ငါက သမတဖြစ်လာတော့ သူ ကြောက်နေတာ။ငါက သူ့ကို အရှက်ပြန်ခွဲလိမ့်မယ်၊ အပြစ်ပေးလိမ့်မယ်၊သူလုပ်ခဲ့သလို ပြန် က
လဲ့စားချေလိမ့်မယ်ဆိုပြီး
ကြောက်လန့်လို့ တုန်နေတာ။ “

“ ဒါပေမဲ့ ငါ ဒီလိုပြန်ကလဲ့စားချေတဲ့လူမျိုး မဟုတ်ဘူး။

ငါ ကြိုးစားနေတာ
ဒီလို ကလဲ့စားချေတတ်တဲ့တိုင်းပြည်မျိုး တည်ထောင်ဖို့
မဟုတ်ဘူး။

ကလဲ့စားချေလိုစိတ်ရှိနေရင် တိုင်းပြည်ဟာ ပျက်ဆီးမှာပဲ။
ခွင့်လွှတ်နိုင်မှ တိုင်းပြည်ကို ရေရှည်တည်တန့်အောင်
တည်ဆောက်နိုင်မှာ။ “

အဲဒါ ​နယ်လ်ဆင်မန်ဒဲလား ပြောခဲ့တဲ့စကားပါ။


Mandela အကြောင်အတို
Comments မှာရှိ
Pise Maker
#ငြိမ်းချမ်းရေး

27/11/2025

တော်လှန်ရေးကျားဖြန့်
------

ကျားဖြန့်ဆိုတာ အမှန်တကယ်ကတော့ တရုတ် ဝေါဟာရ ဖြစ်ပါတယ်။ လိမ်လည်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သို့ပေမယ့် ကျနော်တို့ ပြည်သူတွေအကြားမှာတော့ ကျားဖြန့်လို့ ဆိုလိုက်တာနဲ့ လူလိမ်တွေ၊ လူလိမ်ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေကို ပြေးမြင်ကြပါတယ်။ လူလိမ်၊ လူညာ၊ လိမ်လည်ခြင်း စသဖြင့် ဘယ်လိုပဲဆိုဆို ကျားဖြန့်တွေဟာ အမှန်တကယ်ကို ကြောက်ဖို့ ကောင်းပါတယ်။ လူတဦး တသက်လုံး ရှာဖွေသမျှကို မိနစ်ပိုင်းအတွင်း အကုန် ပြောင်သွားစေနိုင်သလို နိုင်ငံတခုလုံးကိုလည်း မြောင်းထဲကျအောင် ဆောင်ရွက်နိုင်ပါတယ်။ အခုအချိန်မှာ အများအင်မတန် စိတ်ဝင်စားနေကြတာကတော့ အကြမ်းဖက်တပ်ထုတ်ကုန် မြန်မာ့ကျားဖြန့်လုပ်ငန်းဟာ အာရှတင်မကဘဲ အနောက်နိုင်ငံထိ ကျော်ဇောပြီး အမေရိကန်ကပါ ကျားဖြန့်နှိမ်နင်းရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းလို့ ပါဝင်ပတ်သက်လာတာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကတော့ အမေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေးမှာ ပါဝင်လာရတဲ့ အကြောင်းရင်းကို ဆွေးနွေးမှာ မဟုတ်သလို ကျားဖြန့်တွေရဲ့ ကြောက်မက်ဖွယ်ကောင်းပုံအကြောင်းကို တင်ပြမှာလည်း မဟုတ်ပါဘူး။ ဒီဆောင်းပါးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျားဖြန့်တွေဟာ အမှန်တကယ်တော့ တနေရာ တစုတဖွဲ့တည်းမှာ ရှိနေတာ မဟုတ်ကြောင်းနဲ့ တော်လှန်ရေးအစုအဖွဲ့တွေမှာလည်း ကျားဖြန့်တွေ ပျံ့နှံ့နေကြောင်း အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။ တော်လှန်ရေးနယ်ပယ်မှာလည်း အင်မတန် ကြောက်စရာကောင်းတဲ့ ကျားဖြန့်တွေဟာလည်း အမြစ်စွဲလျက် ရှိနေကြပါတယ်။ ဒါကို ဘယ်သူကမှ ကျယ်ကျယ်လောင်လောင် မပြောကြသလို တချို့ကလည်း စည်းလုံးညီညွတ်ရေး ပျက်ပြယ်မှာ ကြောက်လို့ ထုတ်မပြောဝံ့ကြပါဘူး။ ဒီဆောင်းပါးမှာတော့ အင်မတန်အရေးကြီးတဲ့ ပြဿနာရပ် ဖြစ်ပေမယ့် လျစ်လျူရှုခံနေရတဲ့ တော်လှန်ရေးကျားဖြန့်အမျိုးအစား၊ ကျားဖြန့်ရဲ့ အကျိုးဆက်၊ နောက်ဆုံး ရလဒ်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပုံအကြောင်းကို အထူးပြု ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

တော်လှန်ရေး ကျားဖြန့်အမျိုးအစား
----
ကျားဖြန့်ဆိုတာမျိုးဟာ တကယ်တော့ ပုံစံတမျိုးတည်းနဲ့ ဘယ်သောအခါမှ မရပ်တည်ကြပါဘူး။ သူတို့ လိမ်တဲ့နည်းကို လူတွေ အရမ်းကို ရင်းနှီးကျွမ်းဝင်လာပြီး လိမ်ရလည်ရ ခက်လာရင် နောက်တနည်း နောက်ပုံစံတမျိုးကို ပြောင်းကြပါတယ်။ အဲ့ဒါကြောင့်လည်း အင်မတန်ကို ကျားဖြန့်ပုံစံပေါင်းက စုံလင်လှပါတယ်။ သို့ပေမယ့် သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကျောရိုး အများစုကတော့ တခုတည်းပါပဲ။ လူတွေကို တခုခု (အကျိုးအမြတ်၊ အန္တရာယ်) နဲ့ ဆင်ခြင်ဉာဏ်ကို ဖျက်ချလိုက်မယ်။ ပြီးရင် အချိန်တိုအတွင်း တခုခုကို အတင်းအဓမ္မ ဖိအားပေးပြီး ငွေထွက်လာအောင် ညှစ်ထုတ်တာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် တော်လှန်ရေး ကျားဖြန့်ကတော့ သာမန် ကျားဖြန့်ပုံစံနဲ့ ပြောင်းပြန်လိုတောင် ကွဲထွက်နေပါတယ်။ သူတို့တွေက ဆရာကြီးအထာနဲ့ ခပ်အေးအေး တော်လှန်ရေးအခြေပြုလို့ ရေရှည် ကျားဖြန့်တာမျိုးပါ။ ဒီနေရာမှာ တော်လှန်ရေးကျားဖြန့်အမျိုးအစားတချို့ကို ဆွေးနွေးကြည့်ပါမယ်။

၁။ တော်လှန်ရေးကို အခြေပြုလို့ တတိယနိုင်ငံရောက်၊ တော်လှန်ရေးကို လေသံမဟတဲ့ လူစု

သူတို့ကတော့ တော်လှန်ရေးအစပိုင်းမှ သူတို့ကမှ တော်လှန်ရေးရဲ့ ပင်မယောင်ယောင်၊ တော်လှန်ရေးရဲ့ အတွင်းစည်းပညာရှိ အစစအရာရာ သိသယောင်နဲ့ တတိယနိုင်ငံရောက်တဲ့အခါမှ တော်လှန်ရေးက အောင်မှ မဟုတ်ဘူး ဘာညာနဲ့ ဒုက္ခဆင်းရဲကြားက ပိတ်မိနေကြတဲ့ အများပြည်သူကို မျက်ကွယ်ပြုလို့ ဆရာကြီးအထာနဲ့ တော်လှန်ရေးကို လေသံတောင် မဟကြတော့ပါဘူး။ တော်လှန်ရေးနဲ့ ပြည်သူကို အသာအယာ ကျားဖြန့်သွားကြတယ်။ ဒီအစုထဲမှာ နောက်နှစ်မျိုးရှိသေးတယ်။ တမျိုးကတော့ တော်လှန်ရေးဆိုတာကို ဘာမှန်းတောင် မသိဘဲ တော်လှန်ရေးကို ခုတုံးလုပ်ပြီး တတိယနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းကြသူတွေ ဖြစ်ပြီး နောက်တမျိုးကတော့ အာကဏာသိမ်းချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ အမေရိကန်၊ ဥရောပတွေမှာ ရောက်ရှိနေပြီး တော်လှန်ရေးဆိုတာ တခါမှကို မပါဖူးဘဲ အိမ်ပြန်မောင်းထုတ်ခံရတော့မယ်ဆိုတဲ့ အချိန်မှ တော်လှန်ရေးအတွက် နှစ်ပဲတပြား ထောက်ပို့လို့ အိမ်ပြန်မရတော့ပါဘူး နိုင်ငံရေးခိုလှုံခွင့်ပေးပါဆိုတဲ့ သူတွေဖြစ်ကြပါတယ်။

သူတို့ကတော့ သာမန်ကြည့်လိုက်ရင်တော့ ဘာမှ ပြဿနာမရှိတဲ့ လူလိမ် အမျိုးအစားလို့ ထင်ရပါတယ်။ သူတို့ဘာသာ အေးဆေး တိတ်တိတ်ဆိတ်ဆိတ်လေး နေသွားကြတာ ဘယ်သူ့ကို ထိခိုက်နေလဲ ဘာတွေ ဖြစ်နေလို့လဲ မေးစရာ ရှိပါတယ်။ သာမန်အားဖြင့်ဆိုရင်တော့ သူတို့ ဘာမှ မလုပ်တော့တဲ့အတွက် ဘာမှတော့ ဖြစ်စရာ အကြောင်းမရှိဘူး။ ​ဘာသက်ရောက်မှုမှ မရှိဘူးလို့ ထင်ရပါတယ်။ သို့ပေမယ့်လည်း နှစ်ချက် ရှိပါတယ်။ နံပါတ် (၁) ကတော့ မြန်မာနိုင်ငံသားတွေက လူလိမ်တွေ၊ အလကား ဒရာမာချိုးနေတယ်ဆိုတာမျိုးကို ကမ္ဘာသိအောင် ချပြနေတာဖြစ်တယ်။ (၂) တိတ်ဆိတ်ခြင်းဟာ အသံ ဖြစ်တယ်။ သူတို့တွေဟာ ဘယ်နိုင်ငံရောက်နေပါစေ မြန်မာကို ကိုယ်စားပြုနေပါတယ်။ သူတို့တတွေ တိတ်ဆိတ်နေခြင်းဟာ မြန်မာကိုယ်တိုင်က မြန်မာတွေရဲ့ အကျပ်အတည်းကို လျစ်လျူရှုရာ ရောက်ပြီး တခြားနိုင်ငံတွေရဲ့ ထောက်ခံမှုကို ကျဆင်းဖြစ်လာပါတယ်။ ဒါ့အပြင် သူတို့ ပတ်ဝန်းကျင်က ပြည်သူတွေအတွက်လည်း တော်လှန်ရေးဆိုတာ လုပ်စားကြီးပါကွာဆိုတာမျိုး ခံစားရစေပါတယ်။

၂။ တော်လှန်ရေး အကြောင်းပြ၊ အလှူခံ၊ ရန်ပုံငွေရှာ ဇိမ်ခံနေကြခြင်း

ဒီအစုအဖွဲ့ဝင်တွေဟာလည်း အမှန်တကယ်ကို ဆရာကြီးလုပ် ရေရှည် အေးအေးချမ်းချမ်း ရှာဖွေစားသောက်နေကြသူတွေ ဖြစ်ပါတယ်။ တော်လှန်ရေးစတင်ချိန်က စပြီး အင်မတန်ကို ပေါများလွန်းလှတဲ့ တော်လှန်ရေး ကျားဖြန့်အမျိုးအစား ဖြစ်ပါတယ်။​ တချို့ကလည်း အမှန်တကယ် ရှာဖွေပေးရင်း ကူနေရင်း လုပ်နေရင်း စားဝတ်နေရေးအတွက် လုံလောက်ရုံ ယူရာကနေ တဖြည်းဖြည်း အကျင့်ပါသွားပြီး ဇိမ်ခံတဲ့ဘက် ကူးလာတာမျိုး ဖြစ်ပါတယ်။ တချို့ကျတော့လည်း စလုပ်ကတည်းက ကိုယ့်အတွက်ဆိုတာကို ပိုဦးစားပေး ယူထားပြီး အကြွင်းအကျန်ကိုမှ ပြည်တွင်း တော်လှန်ရေး အုပ်စုဆီကို ပေးပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ဆိုတော့ စာရင်းက ကိုယ့်လက်ထဲမှာ ရှိနေပါတယ်။ နောက်ဆုံး ပြည်ပက ပေးတဲ့ ရန်ပုံငွေတွေပါ ကိုယ်ကျိုးအတွက်ခပ်များများ အသုံးချကြတဲ့ အုပ်စုမျိုးပါ။ ဒီအုပ်စုကတော့ မြန်မာပြန်နဲ့ အနီးဆုံး မဲဆောက်မှာ အများအပြားတွေ့နိုင်ပါတယ်။

ဒါကတော့ ဘယ်လိုထိခိုက်သလဲဆိုတာ မေးစရာ မလိုလောက်အောင် သိသာလွန်းလှပါတယ်။ ဒီတော်လှန်ရေးကျားဖြန့်နည်းဟာ ဟိုးယခင် တော်လှန်ရေးစတင်ကတည်းက ရှိလာခဲ့ပေမယ့် အခုချိန်လည်း ဒီနည်းဗျူဟာက အလုပ်ဖြစ်နေဆဲပါပဲ။ တချို့တွေဆိုရင် အဖွဲ့အစည်းမှာ တာဝန်ယူထားပြီး အခုချိန်အထိ သာသာယာယာ ကိုယ်ကျိုးရှာလို့ ကောင်းနေဆဲပါပဲ။ ဒီကျားဖြန့်နည်းလမ်းဟာ တော်လှန်ရေးကို ဘဏ္ဍာရေးအရ အကြီးအကျယ် ထိခိုက်နစ်နာစေသလို အများပြည်သူရဲ့ ယုံကြည်မှုကိုလည်း ကျဆင်းစေပါတယ်။ ဒါ့အပြင် နိုင်ငံတကာပုံရိပ်အရရော၊ နိုင်ငံတကာပြည်သူတွေဆီကနေ မြန်မာ့နွေဦးတော်လှန်ရေးကို စီးဆင်းလာတဲ့ ငွေကြေးအရပါ တော်လှန်ရေးကို အင်မတန် ထိခိုက်နစ်နာစေပါတယ်။ တော်လှန်ရေး အကွဲကွဲအပြားပြားနဲ့ အစုအဖွဲ့ ရာထောင်ချီ ဖြစ်နေခြင်းကလည်း ဒီကျားဖြန့်နည်းလမ်းကို ပိုမို လုပ်ဆောင်ရ လွယ်ကူစေတာ ဖြစ်ပါတယ်။

၃။ တော်လှန်ရေးအမည်ခံ စီးပွားရေးလုပ်၊​ကိုယ်ကျိုးရှာ

သူပုန်ပြဿနာကို မှတ်မိကြဦးမယ် ထပ်ပါတယ်။ တကယ်တော့ သူပုန်က ထင်သာမြင်သာတဲ့ ဥပမာ တခုပဲ ရှိပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုတော့ မပြောလိုပါ။ လက်ခံတာ မဟုတ်ပါ။ တော်လှန်ရေးကျားဖြန့်ကို ဦးတည်တာ ဖြစ်တဲ့ အတွက် ခေါင်းစဉ် မလွဲချင်လို့ပါ။ သူ့လုပ်ဆောင်ချက်ကလည်း တကယ့်ကို ထင်ရှားတဲ့ တော်လှန်ရေးကျားဖြန့် ဥပမာ တရပ် ဖြစ်ပါတယ်။ တကယ်တော့ သူ့ရဲ့ ကုမ္ပဏီက အမြတ် ၆၀ ရာနှုန်းယူပြီး PDF ကို အမြတ် ၄၀ ရာနှုန်း ပေးမယ်ဆိုတာကိုလည်း လက်ခံနိုင်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ ပြဿနာက ဘာလဲဆိုတော့ ပြည်သူတွေကို ၁၀၀ ရာနှုန်း ရောက်ပါတယ်ဆိုပြီး ကျားဖြန့်လုပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ တကယ်ဆို အစကတည်းက ရှိလာတဲ့ ဒီမူဝါဒကို နဂိုကတည်းက ရှင်းရှင်းလင်းလင်း ကြေညာထားသင့်ပါတယ်။ တကယ်လို့သာ ရှင်းရှင်းလင်းလင်း လုပ်ထားခဲ့ရင် ဒါဟာ ပြဿနာ မဟုတ်တော့ပါဘူး။

အဲ့နေရာမှာ ဖြူဖြူကျော်သိန်းရဲ့ Concert ကိစ္စကိုလည်း ထည့်ပြောချင်ပါတယ်။​ တကယ်တော့ ကျားဖြန့်လို့ စွပ်စွဲချင်တာ မဟုတ်ပါဘူး။ အင်မတန်ကောင်းတဲ့ အမူအကျင့်လို့ ချီးကျူးချင်တာပါ။ တော်လှန်ရေးကို ၇၅ ရာနှုန်းပေးမယ်။ ကျန်တဲ့ ၂၅ ရာနှုန်းကို သူ့အတွက် ထားမယ်။​ သို့ပေမယ့် သူ့အတွက် ၂၅ ရာနှုန်းဆိုတာတောင် Art Project တစ်ခုအတွက် ဆိုတာမျိုးလည်း ရှင်းထားပါသေးတယ်။​ အဲ့အချိန်တုန်းက အကြမ်းဖက်တပ်နောက်ဆွဲတွေက အကွက်တွေ့ပြီဆိုပြီး ဝင်ကိုက်ရာကနေ တော်လှန်ရေးချိန်းဘရီးအုပ်စုကလည်း ဝိုင်းဟောင်ကြတာကို တွေ့မိပါသေးတယ်။ တကယ်ကတော့ ငွေကြေးအရှုပ်အရှင်းတွေဟာ အကောင်းရည်ရွယ်လို့ပဲဖြစ်ဖြစ် အဆိုးရည်ရွယ်လို့ပဲဖြစ်ဖြစ် လိမ်ညာရာကနေ စပါတယ်။

ဖြူဖြူကျော်သိန်းအနေနဲ့ သူ့လုပ်အားခငွေကို သူ့စိတ်ကြိုက်စီမံပိုင်ခွင့်ရှိပါတယ်။ တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကိုယ့်အတွက် ယူတာမျိုး မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ကြေညာတာကိုမှ အင်မတန်ကောင်းမွန်တဲ့ အမူအကျင့်တရပ် ဖြစ်ပါတယ်။​ ၂၅ ရာနှုန်းမကလို့ ၅၀ ရာနှုန်းကို ပြောင်ကြေညာပြီး အမှန်တကယ် ယူရင်တောင် ဒါက အင်မတန်ကို မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။

ဒီကျားဖြန့်အုပ်စုရဲ့ တော်လှန်ရေးအပေါ် ထိခိုက်စေမှု အတိုင်းအတာကတော့ ဘယ်လောက်ထိ ကြီးမလဲ ဘယ်နယ်ပယ်တွေအထိ ဘယ်လောက်ထိ တာသွားမလဲဆိုတာကတော့ တွေးကြည့်တာနဲ့ကို သိနိုင်ပါတယ်။ သူပုန်ကိစ္စဆိုတာ တော်လှန်ရေးဆိုင်ရာ စီးပွားရေးကျားဖြန့်ထဲက တခုပဲ ဖြစ်ပါတယ်။ သူပုန်အနေနဲ့ကတော့ တော်လှန်ရေး နာမည်ခံမယ်ဆိုရင် ပွင့်လင်းမြင်သာဖို့ပဲ လိုပါတယ်။ အဲ့လို ကွယ်ဝှက်ထားပြီး ချစားနေတဲ့ တော်လှန်ရေးနာမည်ခံ စီးပွားရေးကျားဖြန့်တွေဟာ တော်လှန်ရေးကို လှိုက်စားနေနိုင်ပါတယ်။

၄။ လူမှုကွန်ရက်မှာ တော်လှန်ရေးအကြောင်းပြု နာမည်ကျော်၊ ဝင်ငွေကောင်း၊ ကြော်ငြာတွေရ၊ အလုပ်ဖြစ်လာတာကို ကိုယ်အင်မတန်အရည်အချင်းရှိသယောင် မှတ်ယူပြီး တော်လှန်ရေးကို ထိုးနှက်ခြင်း

ဒါကလည်း အင်မတန်များပါတယ်။ တော်လှန်ရေး ကနဦးပိုင်းမှာ တော်လှန်ရေးကို ပံ့ပိုးဖို့အတွက် နည်းမျိုးစုံနဲ့ တော်လှန်ရေးဆယ်လီတွေပေါင်းများစွာ ထွက်လာခဲ့ပါတယ်။ အဲ့ဒါတွေက အစပိုင်းမှာတော့ တော်လှန်ရေး အစုအဖွဲ့တဖွဲ့ဖွဲ့ဆီကို စီးဆင်းသွားပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုး ပြလို့ ကိုယ်ပိုင် ကိုယ်ကျိုးစီးပွား လုပ်ငန်းတွေ ဖြစ်သွားကြကုန်ပါတယ်။ ​ပြည်သူတွေရဲ့ တော်လှန်ရေးအကြောင်းပြု ဝိုင်းဝန်းပံ့ပိုးပေးခဲ့တာကို မေ့လျော့ပြီး တော်လှန်ရေးကို အပုပ်ချလို့ ကိုယ့်ရည်သွေးကြကုန်ပါတယ်။ နောက်ပိုင်းမှာ တော်လှန်ရေးကို အပုပ်ချရုံက လွဲလို့ အပြီးတိုင် စွန့်ခွာပြီး တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ ကိုယ်ကျိုးရှာ တော်လှန်ရေး ကျားဖြန့်လေးတွေ ပေါ်ပေါက်လာပါတော့တယ်။ တချို့ကြတော့လည်း တော်လှန်ရေးကနေ ထွက်ခွာသွားတာမျိုး မဟုတ်ဘဲ တော်လှန်ရေးကို ဆက်အကြောင်းပြပြီး ကိုယ်ကျိုးရှာတယ်။ အရိုးအရင်းလောက်ကို တော်လှန်ရေး အုပ်စုကို ပို့ပြီး အများစုကို ကိုယ်ပိုင်ပြုထားကြတယ်။ ဝေဖန်ရင် ကိုယ့်ပိုက်ဆံ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ရှာတယ်။ ကိုယ့်ဘာသာ ပေးချင်ပေးမယ် မပေးချင် မပေးဘူးဆိုတာမျိုး ပြန်တုံ့ပြန်ကြတယ်။ တော်လှန်ရေးက မွေးဖွားပေးလိုက်တယ်ဆိုတာကို လုံးဝ မေ့လျော့သွားကြတယ်။

၅။ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ တော်လှန်ရေးအမည်ခံ ကျားဖြန့်စစ်အုပ်စုများ

ဒီကျားဖြန့်အုပ်စုကတော့ အကြီးဆုံး အုပ်စုဖြစ်ပြီး တော်လှန်ရေးကို အထိခိုက်စေနိုင်ဆုံး ဖြစ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီအုပ်စုကို ဒီကျားဖြန့်အမျိုးအစားထဲမှာ ထည့်ဖို့သင့်မသင့်ဆိုတာကို အတော်ကို စဉ်းစားရပါတယ်။ ရှေ့တော်လှန်ရေးနှစ်တွေမှာ စည်းလုံးမှုပြိုကွဲမှာရယ် တော်လှန်ရေးနှောင့်နှေးမှာရယ်ကို စိုးရိမ်ကြပြီး ဒီလို အင်မတန် လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရားတွေကို နှုတ်ဆိတ်နေခဲ့ကြတယ်။ အမှန်မှာတော့ စည်းလုံးမှု ပြိုကွဲပြီးသား တော်လှန်ရေးကို စည်းလုံးမှု ပြိုကွဲမှာ ကြောက်လို့ မပြောခဲ့ကြတာဟာ တကယ့်ကို ဟာသတခု ဖြစ်နေခဲ့တယ်။ ဒါကျားဖြန့်အုပ်စုဟာ အင်မတန်ကို ထိလွယ်ရှလွယ်ပေမယ့် မဖော်ထုတ်ဘဲ ဆက်ပြီး ထားခဲ့ရင် ဒီလိုနှုတ်ဆိတ်နေခြင်းက တော်လှန်ရေးကို ပိုမို အစိတ်အစိတ်အမွှာမွှာ ကွဲစေပြီး တော်လှန်ရေးကို ကျဆုံးစေလိမ့်မှာ ဖြစ်တဲ့အတွက် ထည့်သွင်းခဲ့ရပါတယ်။

ဒီလိုဆို ဒါက ဘယ်လို အုပ်စုမျိုးကို အဓိကဆိုလိုတာလဲလို့ မေးစရာ ရှိပါတယ်။ တကယ်ကတော့ စာကြောင်းတကြောင်းနဲ့တင် ပြည့်စုံပါတယ်။ တော်လှန်ရေးကို အခြေပြုလို့ ကိုယ်ကျိုးစီးပွားရှာ၊ စစ်ဘုရင်လို ကျင့်သုံး၊ အာဏာရူး ခုံလု စင်ဆောက်၊ နယ်မြေအပိုင်စားယူ၊ ကိုယ်နဲ့ ကိုယ့်အစုအဖွဲ့ရဲ့ ပါဝါကိုသာ ထူထောင်လိုသူတွေ (တိုင်းရင်းသားလက်နက်ကိုင်တပ်၊ ဒေသခံ သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်၊ အရပ်ဖက်အမည်ခံ အဖွဲ့အစည်းများနှင့် အခြား တော်လှန်ရေးအမည်ခံ အဖွဲ့အစည်းအမျိုးမျိုးထဲက ဖြစ်နိုင်ပါတယ်။) ကို ဆိုလိုပါတယ်။ ဒါဟာ တော်လှန်ရေးရန်ပုံငွေ၊ တပ်သားနဲ့ ပြည်သူ့ထောက်ခံမှုတွေကို အလွဲသုံးစားပြုနေတာလည်း ဖြစ်ပါတယ်။ ဒီလို စစ်ဘုရင်စနစ်ကျင့်သုံးနေခြင်းဟာ ဘယ်သောအခါမှ တော်လှန်ရေးကို အောင်မြင်စေမှာ မဟုတ်ဘဲ မြို့ရွာအခြေပြု အကြီးစား ဓားပြတွေပဲ ဖြစ်ပေါ်လာစေပြီး အချိန်တန်တဲ့အခါ အကြမ်းဖက်တပ်ရဲ့ နှိမ်နင်းမှုကို ခံလိုက်ရမှာပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတရပ်လုံး မျှော်လင့်နေတဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ကလည်း အင်မတန်ကို ဝေးကွာနေဦးမှာ ဖြစ်ပါတယ်။

ဒါဟာ ဘယ်အဖွဲ့အစည်း ဘယ်သူဆိုတာမျိုးကို စွပ်စွဲခြင်း မဟုတ်ပါ။ အတိအကျကတော့ ကိုယ့်လုပ်ရပ်ကို ကိုယ် အမှန်တကယ် အသေအချာ ပြန်ဆန်းစစ်လိုက်ရင် ကိုယ်ဟာ တော်လှန်ရေးကျားဖြန့် ဟုတ်မဟုတ် သေချာပေါက် ပေါ်လွင်လာပါလိမ့်မယ်။ ကိုယ်က တော်လှန်ရေး ကျားဖြန့်အသွင် ဖြစ်လာရင်တော့ ကိုယ့်ဘာသာ အသွင်ပြောင်းရင်ပြောင်း မပြောင်းနိုင်ခဲ့ရင်တော့ တချိန်မှာ တော်လှန်ရေး အစိုးရ ဒါမှမဟုတ် အကြမ်းဖက်တပ်ရဲ့ နှိမ်နင်းခြင်းကို ခံရမှာပဲ ဖြစ်ပါတယ်။

အကျိုးဆက်တွေက ဘာရှိမလဲ
---
တချက်ချင်းစီမှာလည်း အကျိုးဆက်ကို ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီနေရာမှာတော့ ဒီတော်လှန်ရေးကျားဖြန့်ကြောင့် ဖြစ်မယ့် အကျိုးဆက်ကို အကျဉ်းချုပ် တင်ပြပါမယ်။ တော်လှန်ရေး ကျားဖြန့်ကြောင့် ထိခိုက်မှုမှာ အမြင်သာဆုံးကတော့ ငွေကြေးရင်းမြစ် ဆုံးရှုံးမှု ဖြစ်ပါတယ်။ အမှန်တကယ်သာ အကျအန တွက်ကြည့်မယ်ဆိုရင် ဒီကျားဖြန့်အုပ်စုတွေကြောင့် ငွေကြေးအရ ထိခိုက်နစ်နာမှုက မနည်းလှပါဘူး။ နောက်တချက်ကတော့ ပြည်သူ့ယုံကြည်မှု ကျဆင်းတာ ဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေး ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှုနဲ့ ဝိုင်းဝန်း ကူညီပံ့ပိုးပေးမှုတွေကြောင့်မို့ ဒီလောက်အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီလို ပြည်သူတွေ တခဲနက် ပါဝင်ထောက်ခံမှု အရှိန်အဟုန်သာ မရှိခဲ့ရင် တိုင်းရင်းသားလက်နက်ကိုင်တွေဟာလည်း တိုင်းစစ်ဌာနချုပ် သိမ်းဖို့ မဆိုထားနဲ့ ခရိုင်မြို့ကြီးတမြို့နားကို ကပ်ဖို့တောင် မလွယ်လှပါဘူး။ နှစ်ပေါင်းများစွာ အတွင်းမှာ ခရိုင်မြို့ကြီးနား ရောက်ရှိခဲ့တဲ့ အကြိမ်ရေဆိုတာ လက်ချိုးရေလို့ ရပါတယ်။ ပြည်သူ့ယုံကြည်မှု ကျဆင်းလာတာဟာ တော်လှန်ရေး အရှိန်အဟုန် ကျဆင်းတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး တချက်အနေနဲ့ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တော်လှန်သော ပြည်သူတွေအကြားမှာ တော်လှန်ရေးရဲ့ ပုံရိပ်ကို ကျဆင်းစေမှာ ဖြစ်ပါတယ်။​ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ လွတ်လပ်မှုအခြေခံပြီး အကြမ်းဖက်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ တိုက်နေတာ မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားရှာဖို့နဲ့ အာဏာရှင် မလုပ်ရလို့ အာဏာရှင်ဖြစ်ဖို့ တိုက်နေတဲ့ ဆိုတဲ့ ပုံအသွင်ကို ဖြစ်စေနိုင်ပါတယ်။

နောက်ဆုံးရလဒ်က ဘာဖြစ်မလဲ။ ဘာလုပ်ဖို့လိုမလဲ။
---
အတိုဆုံးဆိုရရင် တော်လှန်ရေး ကျဆုံးစေပါလိမ့်မယ်။ ဒီအကျိုးဆက် (၃) ရပ်စလုံးဟာ တော်လှန်ရေးကို အဆုံးသတ်နိဂုံးကိုရောက်အောင် တွန်းပို့နေပါတယ်။ ဒါကြောင့်လည်း အကြမ်းတပ်ဟာ ဒီလမ်းကြောင်းပေါ် ရောက်လာအောင် နည်းပေါင်းစုံ ဝါဒဖြန့်၊ ပြည်သူတွေကို အယုံသွင်းပြီး တော်လှန်ရေးအစုအဖွဲ့တွေ အစိတ်စိတ်အမွှာမွှာ ကွဲအောင် အစဉ်မပြတ် ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။ နဂိုကွဲပြီးသား အစုအဖွဲ့တွေကို ကွဲအောင် ခွဲရတာက အရမ်းတော့ ခက်တဲ့ အလုပ် မဟုတ်ပါဘူး။ အကြမ်းဖက်တပ်ဝါဒဖြန့်တာ၊ တော်လှန်ရေး အစုအဖွဲ့တွေ နဂိုကွဲပြီးသား ဖြစ်နေတာတွေကို တော်လှန်ရေးကျားဖြန့်တွေက အတွင်းကနေ တဖြည်းဖြည်း လှိုက်စားလာလို့ တွန်းအားပေးလိုက်ချိန်မှာ တော်လှန်ရေးဟာ အချိန်တခုအရောက်မှာ ထာဝရ ဖြစ်လာပြီး နိဂုံးကမ္ပတ် အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

တော်လှန်ရေး အောင်မြင်ဖို့အတွက်ဆိုရင် လုပ်ဆောင်ဖို့ လိုအပ်တာကတော့ အစိတ်စိတ် ဖြစ်နေတဲ့ တော်လှန်ရေး အစုအဖွဲ့တွေဟာ စည်းနှောင်အားကောင်းတဲ့ အစုအဖွဲ့အားလုံးအကြား အခြေခံ သဘောတူညီချက်တွေပါဝင်တဲ့ တော်လှန်ရေးအစိုးရ ဖွဲ့စည်းပုံ စာချုပ်တခုတည်းအောက်ကနေ အစိုးရတရပ်၊ တပ်တတပ်အနေနဲ့ စုစည်းပြီး ဒီတော်လှန်ရေးကျားဖြန့်တွေကို စနစ်တကျဖော်ထုတ်လို့ အပြီးတိုင် နှိမ်နင်းဖို့ လိုအပ်ပါတယ်။

ဒါဟာ တော်လှန်ရေးကို အပြီးတိုင်အောင်မြင်မယ့် အခြေအနေကို ဦးတည်စေမယ့် အပြောင်းအလဲကြီးတစ်ရပ် ဖြစ်လာမှာ မုချမသွေပါပဲ။

သိန်းရီတင်

မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ် အတွဲ (၄)၊ အမှတ်စဉ် (၁၀) တွင် ဖော်ပြထားသော ဆောင်းပါးကဏ္ဍမှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ် အတွဲ (၄)၊ အမှတ်စဉ် (၁၀) ကို ဖတ်ရှုရန်နှင့် ပြန်လည်ဖြန့်ဝေရန် ကွန်မန့်တွင် Download ပြုလုပ်နိုင်ပါသည်။

မြစ်ကွေ့ - လူထုတော်လှန်ရေးစာစဉ်

23/11/2025

အားလုံးပဲ မင်္ဂလာပါ

ကျနော်ကတော့ မကြည်ပြာရဲ့ အာဏာအလွဲသုံးစားလုပ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို လက်မှတ်ထိုးတိုင်ကြားထားတဲ့ ဝန်ကြီးချုပ်ရုံးဝန်ထမ်းဟောင်းတွေထဲက တစ်ဦးပါ ။

တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အများပြည်သူ သေချာသိစေလိုတဲ့ အချက်ကို ပြောပြပါရစေ။

“ဒီတိုင်ကြားမှုဟာ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကို အခြေခံတဲ့တိုင်ကြားမှု မဟုတ်ပါ။ အားလုံး ပေးဆပ်ကြိုးစားနေတဲ့ တော်လှန်ရေးရဲ့ အကျိုးကို ရှေးရှုတဲ့ တိုင်ကြားမှုပါ ။ “

ကျနော် သေချာရှင်းပြပါမယ်။ မကြည်ပြာရဲ့ အမျိုးသား ကိုညီညီမင်း ရုံးမှာ မကြာခဏပြောလေ့ရှိတဲ့ စကားတခွန်းရှိပါတယ် ။ “ ဝန်ကြီးချုပ်ရုံးဟာ တော်လှန်ရေးရဲ့ဗဟိုချက် “ ဆိုတဲ့ စကားပါ။ ဝန်ကြီးဌာန ၁၇ ခုလုံးရဲ့ အချုပ်အချာရုံးဖြစ်တာကြောင့် သူ အဲဒီလိုပြောတာလို့ ကျနော်​နားလည်တာပါပဲ ။

အဲဒီလို ဗဟိုချက်ကြီးမှာ မိန်းမက အတွင်းဝန် ၊ ယောကျ်ားက ညွှန်ချုပ်/ငွေကိုင် ၊ ဘာဘွဲ့မှ မရထားတဲ့တူက အင်တာတောင်အဗျူးမခံရပဲ ဦးစီးအရာရှိဆိုပြီး လုပ်ကိုင်နေကြတာဟာ ကျနော်တို့ တော်လှန်ရေးအတွက် အတော်လေးကို အကျည်းတန်ရုပ်ဆိုးလှပါတယ် ။ တော်လှန်ရေးရဲ့ ဗဟိုချက်ရုံးကြီးကို မောင်ပိုင်စီး မပိုင်စီးပြီး အလွဲသုံးစားလုပ် ၊ ငွေစာရင်း ရှင်းတမ်းတွေမရှိ ၊ ဝန်ထမ်းတွေကို ဖိနှိပ်ဆက်ဆံနေတာဟာ တော်လှန်ရေးအဓွန့်ရှည်နေရတာရဲ့ အကြောင်းရင်းတွေထဲက အရမ်းကြီးတဲ့ အကြောင်းရင်းတခုပါပဲ ။

ဒီလို အကျင့်ပျက်ခြစားမှုတွေ မရှိမှ
အကျင့်ပျက်လူတန်းစားတွေ မရှိမှ
ကျနော်တို့ တော်လှန်ရေးဟာ ခရီးရောက်နိုင်မှာ ဖြစ်ပါတယ် ။

ဗဟိုချက်မှာ ဖြစ်နေတဲ့အနာမို့ ဖဲ့ထုတ်ရတာ နာတော့တော်တော်နာပါလိမ့်မယ် ။ ဒါပေမယ့် မဖဲ့ထုတ်ရင်တော့ တကိုယ်လုံးပြန့်ပြီး တော်လှန်ရေးပါ ပျက်စီးရပါလိမ့်မယ် ။

ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေ စုဖွဲ့ခြိမ်းခြောက်မှုတွေကို တွက်ဆမိပေမယ့် ကျနော်တို့ဟာ တော်လှန်ရေးကို ရှေးရှုပြီး တော်လှန်ရေးထဲက အနာကိုဖဲ့ထုတ်ဖို့ ခုလို တိုင်ကြားခဲ့တာပါ ။

ကြည်ပြာ ညီညီမင်း အပေါ်မှာ ချစ်ခြင်းမုန်းခြင်း ကင်းပါတယ်။
တော်လှန်ရေးရဲ့ အကျိုးကိုပဲ ကြည့်ပါတယ် ။

19/11/2025

အနာရှိရင်တော့လဲစပ်ကြပေါ့နော်
နွေဦးတော်လှန်ရေးကြီးဖြစ်လာမှ
တချို့သော
တော်လှန်ရေးသမားဆိုသူတွေက

နွေဦးတော်လှန်ရေးကြောင့် အိမ်ဦးခန်း
ရောက်လာကြတာ။ အဲဒီတော့ မသွားဘူးတာတွေသွားရ၊မစားဘူးတာစားရ၊ လူရာသွင်းခံကြတော့ စိတ်ကြီးဝင် လူကြိုက်များစကားလုံး ဒီမို့ကရေစီအတွက် တို့ အာဏာရှင်အတွက် တိုက်ပွဲဝင်မယ်ဘာညာတွေ အမူးပြေသည့်အခါထထအော်…

မြေပြင်မှာ တကယ်တိုက်ပွဲတွေဖြစ်တော့ မြိုပေါ်ကရောက်လာသည့်လူငယ်တွေကိုရှေ့ကထားပြီးတော့ အသေခံခိုင်းတာ အားလုံးသိကြတယ်။သေသူတွေရဲ့စရင်းကိုကြည့်ရင်သိနိုင်တယ်။

နွေဦးတော်လှန်ရေး အစက တော့ တနိုင်ငံလုံးအတွက် ဒီမိုကရေ ရရှိရေးလို့ ကြွေးကျော်ပြီတော့ ခွက်ခေါက်ခဲ့ကြတာ၊ ဒီအချိန်ရောက်တော့ သူတိုပဲသဘာပတိလုပ် သူတိုပဲ ပြောရေးဆိုခွင့်လုပ်အခုကြတော့ သူတို့မူနဲ့သူတို့တိုင်ပတ်

နှစ်ပေါင်း၇၀တော်လှန်းဘာကြောင့်သက်တမ်းကြာခဲ့ကြတာလဲဆိုတာ AAက ထွန်းမြင့်နိုင်တခါကပြောသည့်စကားသတိရတယ်။ တကယ်မတိုက်ခဲ့ကြလို့ပေါ့နော့။

ဝမ်းစာပြည့်တဲ့နိုင်ငံရေးသမားဆိုတာ မိုးထဲရေထဲ ရောက်လေ စွမ်းရည်ပြသခွင့်ရလေပဲ။

မိုးညို

Photos from Mandalay Free Press - MFP's post 08/10/2025
28/09/2025

တချို့က ပုဆိုးအစုတ်နဲ့ဝင်လာပြီး
ကားဝယ်စီးသွားတယ်။

တချို့က ဖိနပ်အစုတ်နဲ့ဝင်လာပြီး
အိမ်တစ်လုံးပိုင်သွားတယ်။

တချို့က ခြေနှစ်ချောင်းနဲ့ဝင်လာပြီး
ခြေတစ်ချောင်းအစား ချိုင်းထောက်တစ်ခုရသွားတယ်။

တချို့က သူတို့ဘဝလေးပိုက်လာပြီး
အသက်ကလေးပြန်ပေးသွားရှာတယ်။

တော်လှန်ရေးကကျယ်ပြန့်သလောက်
တော်လှန်သူစစ်စစ်ကရွှေထက်ရှားတယ်။

အာဏာဆိုတာ ဓါးသွားထက်ကပျားရည်ပဲ
အယက်မတော်ရင် လျှာပျက်ကြလိမ့်မယ်။

Photos from ဆီသို့ -  Towards's post 17/09/2025
Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Website

Address


Naypyidaw