လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး တီးတိန်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Social Welfare, Relief and Resettlement
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သတင်းစာမျက်နှာ
ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက် ထုတ်ပြန်
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှု၊ အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်
27/05/2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ မေလ(၂၇)ရက်က ဖလမ်းမြို့ရှိ နေရပ်ပြန်ပြည်သူများနှင့် တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်
ချင်း၊ မေ (၂၇)
နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟားခါးမြို့မှ ဖလမ်းမြို့သို့ ရောက်ရှိလာကြရာ နယ်မြေခံတပ်မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ ပြည်သူ့ဆေးရုံ၏ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုနှင့် ကျောင်းအပ်နှံမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်သည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအတွက် ကော်မတီဖွဲ့စည်းကာ ဒေသခံများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးက ပြည်သူများအနေဖြင့် အတိတ်နှင့်ပစ္စုပ္ပန်ကို သင်ခန်းစာယူကာ အနာဂတ်ကောင်းမွန်ရေးအတွက် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ နယ်မြေအေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည့်အတွက် မှန်ကန်သည့်လမ်းကို ရွေးချယ်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က သွပ် (၂၇၉၀)ချပ်၊ ဘိလပ်မြေ (၁၂၀)အိတ်၊ သွပ်ရိုက်သံ (၆)ဖာကိုလည်းကောင်း၊ နေရပ်ပြန်အိမ်ထောင်စု (၇၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် လူဦးရေ (၁၂၁)ဦးအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်ရာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဖလမ်းမြို့ ပြည်သူ့ဆေးရုံ ယာယီဆေးကုသသည့်နေရာနှင့် မြို့တွင်း ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
်းသတင်းဌာနခွဲ
26/05/2026
ဒုတိယသမ္မတ ဦးညိုစော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် မေ ၂၅
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဦးညိုစော က အမှာစကားပြောကြားရာတွင် ယနေ့အစည်း အဝေးကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားကော်မတီအနေဖြင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ကြုံတွေ့လာနိုင်ခြေ ရှိသည့် သဘာဝဘေးများအတွက် ဝန်ကြီးဌာနများနှင့်နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ထားသည့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ် ဖြစ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး အဆင်သင့်ဖြစ်အောင်စီမံထားရှိမှုများကို သိရှိရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း။
ယခုကာလသည် မုတ်သုံကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မုတ်သုံကာလ အတွင်း ဖြစ်ပေါ်လေ့ရှိသည့်မုန်တိုင်း၊ မြစ်ရေကြီးခြင်းအပါအဝင် နောက်ဆက်တွဲ ဘေးအန္တရာယ် များကို ဒေသအလိုက်သတိပြု၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မိုးလေဝသဆိုင်ရာခန့်မှန်းချက်၊ ကြိုတင်သတိပေးချက်များကို မျက်ခြေ မပြတ် ဂရုတစိုက်သိရှိစေရန်လည်း လိုအပ်ကြောင်း၊ ယခုကာလအတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဒေသအချို့တွင် အပူချိန်များလာပြီး အယ်နီညိုဖြစ်နိုင်ခြေကိုလည်း တွေ့ရှိရ ကြောင်း၊ တစ်ဖက်တွင်လည်း ငလျင်ဘေးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများကို စနစ်တကျစီမံဆောင်ရွက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်း အတာတစ်ခုထိ လျော့နည်းစေနိုင်ရုံမျှမက တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် သုံးစွဲရမည့်စရိတ်များကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပိုမို အသုံးပြုနိုင်မည်ဖြစ်ကြောင်း။
ထို့ပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် ဝန်ကြီးဌာနများအလိုက်၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်မှုများ ကဏ္ဍအလိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး လူ/တိရစ္ဆာန် ပြောင်းရွှေ့ရေး၊ ယာယီနေရာချထားရေး၊ အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေး၊ လုံခြုံရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေးအပါအဝင် ထိခိုက်နိုင်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ပြန် လည်ကုစားမည့်အစီအမံများနှင့် ဒေသအလိုက်တည်ရှိနေသည့် ဆည်မြောင်းတာတမံများကြံ့ခိုင် မှုထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ လုပ်ငန်းလည်ပတ်မှုမပြတ်တောက်စေရန် အစီအမံများကို ကဏ္ဍစုံတွင် ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ဒေါက်တာစိုးဝင်းတို့က သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါ အချိန်မီတုံ့ပြန်နိုင်ရေးအတွက် လူမှုကယ်ဆယ်ရှာဖွေရေးအဖွဲ့ များ၊ ဘေးဒဏ်ခံခိုလှုံရေးအဆောက်အဦနှင့် ကယ်ဆယ်ရေးစခန်းများ ကြိုတင်စုဖွဲ့ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ကူညီကယ်ဆယ်ရေးနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေလျာထားဆောင်ရွက်ထားရှိမှု၊ သဘာဝဘေး အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကဏ္ဍများအလိုက် ထိခိုက်ဆုံးရှံးမှုလျော့နည်းစေရေးနှင့် အချိန်နှင့် တစ် ပြေးညီ တုံံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သော ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ပြန်လည်ထူထောင်ရေးဆောင်ရွက်၊ လိုအပ်သော တည်ဆောက်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်
24/05/2026
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၂၃-၅-၂၀၂၆၊ နေပြည်တော်
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၅-၂၀၂၆ ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအား ၂၂-၅-၂၀၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ဥက္ကဋ္ဌအဖြစ်နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်ကိုယ်စားလှယ်စုစုပေါင်း (၂၂) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ချင်းပြည်နယ်အတွင်း တွန်းဇံ၊ ဖလမ်းနှင့် တီးတိန်မြို့နယ်များ ပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရန်နှင့် လိုအပ်ပါက လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များက ချင်းပြည်နယ်အတွင်းရှိ မိမိတို့ဌာနများနှင့် ကြိုတင်ချိတ်ဆက်ဆောင်ရွက်ရန်မှာကြားပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
နေပြည်တော်ရှိ မူလတန်းဆရာ၊ ဆရာမများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယ)အကြိမ် သင်တန်းဆင်းပွဲ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(သို့) နီးစပ်ရာလူမှုဝန်ထမ်းရုံးများသို့ မေလ (၃၁) ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးကြေညာ
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Naypyidaw
