စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ - NPT

စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ - NPT

Share

စစ်ခွေးစစ်တပ် အမြစ်ဖြတ်

24/05/2026

ရှေ့တန်းက ပြန်လာတဲ့ PDFရဲဘော်ချစ်သူကို အပြေးအလွှားကြိုနေသောသူမ😍😍😍😍😆😆😆

#သူမကလည်း သူထီးကိုပြောင်းထားတာပါ🥰😍😆

21/05/2026

စစ်တပ်ကကောင်တွေရဲ့ ပုံစံကိုကြည့် မိရင်အဲ့လိုသနားစရာပုံဖမ်းတယ်

လုပ်သက်က(၁၆)နှစ်
ပြည်သူကိုဒုက္ခမျိုးစုံပေးခဲ့တာ(၁၆)နှစ်

လူငယ်တို့ မြို့ပေါ်သာယာမှုနည်းနည်းလေးနဲ့ ကျွဲခြေရာကွက်ကို ပင်လယ်မထင်နဲ့

စစ်တပ်ရဲ့ ပေါ်တာကို လွတ်အောင်ရုန်းမလား စခအနေနဲ့ ပြည်သူ့ဒဏ်အခတ်ခံမလား

Video- 30/12/2025ရက်က ဖမ်းမိခဲ့သည့် စခတ

18/05/2026

*ပေါ်တာဆက်တိုက်ဆွဲခံနေရသော နေပြည်တော်ပြည်သူများနှင့် နေပြည်တော်စစ်တပ်

*ပေါ်တာပွဲစားပျူများ ပေါများလာပြီး ကြီးပွားနေ

*အနေသာသလိုနေချင်သော လူငယ်များ ပေါ်တာနောက်ကောက်ကောက်ပါ

*နေ့ ည မရွေး ပေါ်တာဆွဲတဲ့အလုပ်နဲ့ စစ်တပ် ရဲ အလုပ်ရှုပ်နေ နေပြည်တော်ဟာ ပေါ်တာဆွဲခံရမှုမှာ အရမ်းဆိုးတဲ့အခြေအနေပါ

*ဒီအခြေအနေမှာ အနေသာသလိုနေတဲ့ သူတွေအတွက် ကျွန်တော်တို့ ဘာများကူညီနိုင်မလည်း စဥ်းစားကြည့်ပါတယ် အဖြေက အခက်တွေ့ပါတယ်

* လူငယ်တို့ တော်လှန်ရေးကို ရွေးချယ်မယ်လို့ စဥ်းစားရင် ကျွန်တော်တို့ Pageကိုဆက်သွယ်ပါ အချိန်မရွေးပါဗျာ စစ်သားကြီးဖြစ်ချင်တာဆိုရင်တော့သွားပေါ့

Photos from စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ - NPT's post 01/05/2026

“ဝမ်းနည်းကြောင်း သဝဏ်လွှာ”

ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ မေလ(၁)ရက်

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ်(၁၉)၊ တပ်ရင်း(၈၀၇)တွင် တပ်စိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ရဲဘော်တက်တူး(ခ)ဟိန်းဖြိုးအောင် ကိုယ်ပိုင်အမှတ်(P30807173)သည် တော်လှန်ရေးတာဝန်များကိုထမ်းဆောင်ရင်း ၂၀၂၆ခုနှစ်၊ဧပြီလ(၂၄)ရက်နေ့၌ ကျဆုံးသွားခဲ့ပါသည်။
ရဲဘော်တက်တူး(ခ)ဟိန်းဖြိုးအောင် ကိုယ်ပိုင်အမှတ်(P30807173)သည် ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်၊ သာစည်ကုန်းရွာတိုက်ပွဲတွင် အကြမ်းဖက်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး တိုင်းပြည်နှင့်ပြည်သူလူထုအတွက်လွတ်မြောက်ရေးင်းကျဆုံးခဲ့သည့်အတွက် ညီနောင်တပ်ရင်းအမှတ် (၉ဝ၁)ရဲဘော်များက အသိမှတ်ပြုလေးစားဦးညွှတ်ရင်း အကြမ်းဖက်အာဏာရှင်စနစ်ကျရှုံးသည် အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုလျှက် ဝမ်းနည်းကြောင်း ထုတ်ပြန်အပ်ပါသည်။

တပ်ရင်းအမှတ်(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန

20/04/2026

" ရိုးမမှသည် မြို့ပြဆီသို့ " ကမ်ပိန်းအတွက်
အောက်ပါနိုင်ငံတကာ FR များထံတွင်
ပါဝင်ကူညီထောက်ပို့နိုင်ပါသည် ။

📌 နိုင်ငံအလိုက် တပုံခြင်းစီ၏အောက်တွင်
နိုင်ငံတကာ FR များအား ကြည့်ရှု့နိုင်ပါသည် ။

📌 ကမ်ပိန်းတားဂတ် - သိန်း ၁၅၀၀
📌 ကမ်ပိန်းကာလ - မတ်လ ၁၂ ရက် မှ ဧပြီလ ၃၀ ရက်ထိ
📌 ကမ်ပိန်းရည်ရွယ်ချက် - စစ်ဆင်ရေးဆိုင်ရာ
ကိစ္စရပ်များအတွက် ဆေးဝါး ၊ ရိက္ခာနှင့်
လိုအပ်သည်များအား
အုပ်ချုပ်ထောက်ပံ့မှုပြုလုပ်ရန်
📌 စီးဆင်းမည့်အဖွဲ့ - ပဲခူးရိုးမ ဗျူဟာ ( ၂၂ )

#ရိုးမမှသည်မြို့ပြဆီသို့
#ဗျူဟာ၂၂


Photos from စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ - NPT's post 17/04/2026

**ကျဆုံး(၂)နှစ်ပြည့် ကုသိုလ်ပြုလုပ်ခြင်း**

17.4.2024ရက်နေ့တွင် ရေတာရှည်မြို့နယ် ဆွာမကြီး ခင်တန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သော တပ်ခွဲမှူး ရဲဘော် ဇိုးလေး(ခ)ချစ်ဆန်းမောင်၊ စနိုက်ပါ ရဲဘော်သရဲ(ခ) ဥက္ကာစိုးတို့ရဲ့ ကျဆုံးခြင်း(၂)နှစ်ပြည့် အဟာရ ကုသိုလ်ပြုခြင်း

14/04/2026

ယခုည မြန်မာအချိန် (၁၂)နာရီတွင် ကဏ္ဍလေးခု
ကျပ်သိန်း(၁၀၀၀)လိုအပ်ချက် ပြည်သူသို့
အကူအညီတောင်းထားတာလေး သတ်မှတ်ရက်ကုန်ဆုံးပြီး ပိတ်ပါပြီခင်ဗျ

ရရှိရာခိုင်နှုန်းမှာ (၄၆)ရာခိုင်နှုန်းနှင့်ညီမျှသော သိန်း(၄၆၀)သာရရှိထားပါတယ်ခင်ဗျ

လေးစားစွာဖြင့်

တပ်ရင်း(၉၀၁)
နေပြည်တော်တိုင်းစစ်ဌာန
နေပြည်တော်PDF

09/04/2026

ယနေ့ပြီးဆုံးမယ့် ကဏ္ဍလေးခုလိုအပ်ချက် ကျပ်သိန်း(၁၀၀၀)အကူအညီတောင်းခံခြင်းမှာ ၄၂.၅% ၊ကျပ်(၄၂၅)သိန်းပဲရရှိ​ထားတယ်ခင်ဗျ

ငါးဂျင်းမြှီးတစ်လက်စာအတွက်လိုအပ်သည့် ကျပ်သိန်း(၅၀၀)ပမာဏပြည့်မှီရန်ပင် လိုအပ်နေပါသေးတယ်ခင်ဗျ

တိုက်ခိုက်ရေးမှာအသုံးဝင်မယ့် လက်နက်အမျိုးအစားမို့ ပြည့်မှီဖို့က ကျွန်တော်တို့တပ်ရင်းအတွက် အရေးပါလှပါတယ်ခင်ဗျ

ယခုအခါ ကျပ်သိန်း(၆၀၀)၊ ၆၀%ပြည့်မှီရေး ကဏ္ဍလေးခု လိုအပ်ချက် ပိတ်ရက်ကာလကို (၅)ရက်တိုးကာ ဧပြီလ (၁၄)ရက်အထိ ရက်တိုး ရန်ပုံငွေရှာဖွေမည့်အကြောင်း တော်လှန်ပြည်သူသို့ တင်ပြအပ်ပါတယ်ခင်ဗျ
(မှတ်ချက်။ ၅ရက်အတွင်း ၆၀%မပြည့်မှီခဲ့ရင်လည်း
အခြားကမ်ပိန်းများကို အားနာလေးစားသောအားဖြင့်
ပိတ်သိမ်းမှာဖြစ်ပါတယ်ခင်ဗျ)

လေးစွာဖြင့်

တပ်ရင်း(၉၀၁)

Photos from Nay Pyi Taw PDF-Battalion 901's post 09/04/2026

ကဏ္ဍလေးခုလိုအပ်ချက်အတွက် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း ကူညီထောက်ပို့ခဲ့မှုအား တပ်ရင်း(၉၀၁)မှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ

ယနေ့ပြီးဆုံးမယ့် ကဏ္ဍလေးခုလိုအပ်ချက် အကူအညီတောင်းခံခြင်းမှာ 42.5%ပဲရသေးလို့ အားစိုက်ဝန်းရံပေးကြပါအုံးခင်ဗျ

08/04/2026

မနက်ဖြန်( ၉.၄.၂၀၂၆)ရက် ည(၁၂)နာရီဆိုရင် ကဏ္ဍလေးခုအကူအညီတောင်းခံခြင်း အစီအစဥ်လေးက ရက်ပြည့်လို့ ပိတ်ရမယ့်အချိန်ရောက်ပါပြီခင်ဗျ

ကဏ္ဍလေးခုအတွက် ကျပ်သိန်း(၁၀၀၀)လိုအပ်ချက်က ယခုအချိန်အထိ (၄၂)ရာခိုင်နှုန်းပဲရရှိသေစတာမို့ ဒီနေ့ညပိုင်းနဲ့ မနက်ဖြန် အားနည်းနည်းစိုက်ပြီး (၆၀)ရာခိုင် နှုန်းလောက်ရအောင် ဝိုင်းတွန်းပေးကြစေချင်ပါတယ်ခင်ဗျ

လေးစားစွာဖြင့်

တပ်ရင်း(၉၀၁)

Photos from Nay Pyi Taw PDF-Battalion 901's post 07/04/2026

ကဏ္ဍလေးခုလိုအပ်ချက်အတွက် တစ်ဦးချင်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း ကူညီထောက်ပို့ခဲ့မှုအား တပ်ရင်း(၉၀၁)မှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျ

ရက်ပြည့်ရန် (2)ရက်သာလိုတာတော့တဲ့ ကဏ္ဍလေးခုလိုအပ်ချက် အကူအညီတောင်းခံခြင်းမှာ 38%ပဲရသေးလို့ အားစိုက်ဝန်းရံပေးကြပါအုံးခင်ဗျ

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yarzathingha
Naypyidaw
062