Zero ≠ Youth

Zero ≠ Youth

Share

လူငယ်တွေဟာ အလကားမဟုတ်ဘူး။

21/05/2026

ငိုးမ အယ်ဘ

ငါတို့မှာတော့ အယ်ဘ နိုင်နေပြီဆိုပြီး တော်လှန်ရေးပို့စ်တွေအောက် ၆၈၀၀ ယူပြီး လိုက်မန့်နေရတာ

အခုတော့ အယ်ဘက အယ်ဘကို တော်လှန်နေသူအားလုံးနဲ့ တဝိုင်းတည်းထိုင်ပြီး ဆွေးနွေးချင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့တယ်ဆို

ငိုးမ အယ်ဘကွာာာာာ အယ်ဘတို့ နိုင်နေရင် ဘာဆွေးနွေးစရာရှိလို့လဲလေ အယ်ဘ လုပ်ရက်တယ်ကွာ 😭😭

20/05/2026

သေသွားကြတဲ့ အီရန်​ခေါင်း​ဆောင်​တွေနှင့်
အခုလက်ရှိ မြန်မာ​ခေါင်း​ဆောင်​တွေဟာ
​တော်​တော်တူကြတယ်

၁၊ တရုတ်အားကိုး ရရုားအားကိုး
၂၊ ပြည်သူက နင်းပြားသက်သက်
၃၊ သယံဇာတ ​ရောင်းစား လဲလှယ်စား
၄၊ ​ဘုရားအလွန်ရိုခိုး ဥပ​ဒေအထက်က
၅၊ ခရိုနီ ခိုးစား ​​​​ပေါင်းစား အကုန်စား
၆၊ အကုန်လုံးကိုရန်လုပ် ABCD မတတ်

​ရှေ​လျောက်လဲ
​တူနိုင်ပါ​စေ

အဆုံးနိဂုံးလဲ
တူပါ​စေ။

19/05/2026

အမေရိကန်နိုင်ငံသားခံယူထားတဲ့ ချင်းလူမျိုး ဂျော့ရှုဝါဗန်က UFC ကလုပ်တဲ့ပွဲမှာ အနိုင်ရသွားတော့ တုမောင်ကြီးတို့ MWD ကနေ မမှီမကမ်း လှမ်း “မ” ရှာတယ်

ချင်းလူမျိုး တိုင်းရင်းသားမို့ အားပေးတာလားဆိုတော့လည်း
ချင်းပြည်နယ်တခုလုံး မြေကျန်ရင်ပြီးရော ဗုံးကြဲနေတာဆိုတော့ မဟုတ်ဘူးလို့ ပြောရမယ်

ပြည်ပရောက် မြန်မာမို့လို့ အားပေးနေတာလားဆိုတော့လည်း ဝမ်းစာရေးအတွက် ပြည်ပထွက် အလုပ်လုပ်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို အဝင်ခက် အထွက်ခက်အောင် OWICရော၊ Smart card ရော၊ PJ ရော PV ရော၊ ထောက်ခံစာပေါင်းစုံတောင်းပြီး ရှုပ်ရှက်ခတ်အောင် လုပ်နေတဲ့သူမို့ မဟုတ်ပြန်ဘူး

ဒါဆို မြန်မာဆိုတာကို ကမ္ဘာကသိအောင် လုပ်နိုင်သူမို့လားဆိုတော့ သူ့ထက်ပိုပြီး၊ ကမ္ဘာ့ခေါင်းဆောင်တွေကတောင် အလေးပြု စံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကိုတောင် ပုဒ်မအမျိုးမျိုးတပ်ပြီး အချုပ်ထဲ ဖမ်းထည့်ထားတာမို့ အဲသလိုလည်း မဟုတ်ပြန်ဘူး

လက်ဝှေ့ကို ဝါသနာပါလို့လားဆိုတော့ ပြည်တွင်းမှာ လက်ဝှေ့ထိုးတတ်တဲ့လူ ရှိသလားလို့ မေးမယ့်လူမျိုး

ဒါဆိုဘာလို့လဲဆိုတော့ အကျင့်ပါနေလို့ကို “မ” နေတာ
ဂျော့ရှုဝါဗန်ကို အကြောင်းပြုပြီး လူရာလေးများ ဝင်မလားလို့ မမှီမကမ်း လှမ်းဆွဲတာ

သူ့ကို အစည်းအဝေးမဖိတ်တဲ့ အာဆီယံခေါင်းဆောင်တွေကို ထိုးခိုင်းချင်လို့ဖြစ်မယ် ထင်တာပဲ 😁

သူနဲ့ သူ့မိသားစုကလွဲရင် ဘယ်သူ့မှ မချစ်တတ်တဲ့ ကောင်က ဟိုး USA က ဘောကို လှမ်း “မ” ဖို့ဆိုတာ တော်ရုံ အရှက်နည်းရုံနဲ့ မရဘူးရယ်

ဒါ လူရာဝင်ချင်တာ သက်သက်

#သမ္မတုဂျီးကိုပြောမိပြန်ပြီ

#ဒီကောင်တကယ့်ငစား

13/05/2026

ဒီလအတွက် ထောက်ပို့လေးပါ။ ပူးပေါင်းပါဝင်သူအားလုံး ကျေးဇူးအထူးပါ
အရေးတော်ပုံအောင်ရမည်

12/05/2026

"ကောင်းတော့ ဟဝှာ၊ ညောင်းတော့ ဒူးခေါင်း"

မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခွေးတွေသာ အတုံးအရုံးနဲ့ နေ့စဉ် ခွေးသေဝက်သေ သေနေကြတာ.. လဝက ငနဲတွေကတော့ ကျည်လွတ်နယ်မြေမှာ ဇိမ်နဲ့နှပ်ရင်း အချီကြီး ဝိုက်ပြီး ချမ်းသာနေကြတာဟ..

ပေးဆပ်နေရတဲ့ စစ်ခွေးလေးတွေ..😅

လဝက 1 - 0 စစ်ခွေး

11/05/2026

ိုအားပေးရတာဒီစကားတစ်ခွန်းနဲ့တင်တန်လွန်းနေပါပြီ
နာမည်ကြီး ကစားသမားတွေ ဘယ်သူမှ ဒါမျိုးမပြောခဲ့ကြဘူး။

"လူတွေကို ကျွန်တော် သိစေချင်တာက မြန်မာနိုင်ငံဟာ အရင်က အင်အားတောင့်တင်းပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ဖူးပါတယ်... ဒီ အစိုးရ အာဏာသိမ်းမှုတွေ မဖြစ်ခင် အချိန်ထိပေါ့။ အဲဒီ အာဏာသိမ်းမှုတွေကပဲ ကျွန်တော်တို့ နိုင်ငံကို အရာရာ ပျက်စီးစေခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်နေဆဲပါ... ပြီးတော့ အောင်ပွဲရတဲ့အထိလည်း ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။"

#ဂျိုရွှာဗန်
(The Straits Times နှင် အင်တာဗျူးမှ ကောက်နုတ်ချက်)

"I want people to understand that Myanmar used to be a strong, independent country, until these government takeovers. It ruined it all for us. But we are still fighting... and we will fight until we get the victory."


(From the interview with The Straits Times)

11/05/2026

စစ်တပ်က ၂ နှစ်ကျော်အတွင်း လူသစ်စုဆောင်းတာ တသိန်းကျော် ရသွားတာ တော်လှန်ရေးအတွက်လည်းမကောင်းသလို တိုင်းပြည်အတွက်လည်း ရင်နစ်စရာတွေဖြစ်လာတယ်

စစ်တပ်က ရလာတဲ့လူသစ်တွေကို သူလက်လွတ်ထားရတဲ့ဒေသတွေကို လူ_သား_တံတိုင်းလုပ်ပြီး စစ်ကြောင်းပြန်ထိုးတယ်

ရခိုင်မှာဆို 6သလိုက်တဲ့စစ်မှုထမ်းဆင်းတွေဆိုတာ မရေနိုင်အောင်ပဲ လက်ရှိမှာလည်း အပေါ်ပိုင်းမှာ စစ်မှုထမ်းဆင်း ရာချီထောင်ဂဏန်းလောက် 6သ_နေကြပြီ

စစ်မှုထမ်းဆင်းတွေ 6သ_တာမြင်တော့ အရင်လို စစ်သားတွေ 6သ_သလို ဝမ်း_သာအား_ရမဖြစ်ပေမယ့် တိုင်းပြည်ထဲ ကျန်တဲ့ အရွယ်ကောင်းတွေအတွက် ဘယ်အချိန်အလှည့်ရောက်မလဲ ကာယကံရှင်တွေအတွက်ရော မိဘတွေအတွက်ရော မတွေးရဲစရာ ရင်မောစရာကြီးပဲ

စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ကတော့ တိုင်းပြည်ကိုရော တိုင်းပြည်ထဲ လူ_သား_မျိုး_ဆက်တွေရော အကုန်ချနင်းမယ်ဆိုတာ ထွေထူးပြောဖို့မလိုလောက်ဘူး

စစ်တပ်က လက်သပ်မွေးထားတဲ့ ပျူတွေ လူမိုက်တွေကလည်း လူထုကို ဒုက္ခပေးယုံမဟုတ်ပဲ ဘာ6စာက်လုပ်မှ မလုပ်တော့ပဲ ပေါ်တာဆွဲ လူ_ဖမ်း_ပွဲတွေလုပ်ပြီး ငွေ_ညှစ်_တာ စစ်တပ်အတွက် လူသားရင်းမြစ် ရှာပေးနေတယ်

ဒါကိုပဲ တွန်းလှန်ရမှန်းမသိ စစ်ကော်မရှင်လုပ်တဲ့အခမ်းအနားတွေမှာ ပါဝင်နေတဲ့သူတွေကိုပဲ အံ့ဩရတယ် အချိန်တန်ရင် စစ်တပ်အတွက် လူသားရင်းမြစ်အဖြစ် စစ်ထဲရောက်မှာကို မတွေးမိတာလား 6ကြာက်ရမှန်းမသိတာလားပဲ

မင်းတို့တော်လှန်ရေးက ဘယ်တော့နိုင်မှာလဲ မေးရမှာထက် မင်းတို့စစ်မှုထမ်းရမယ့်အလှည့်က သိပ်မကြာတော့ဘူးဆိုတာကိုပဲ တွေးနေသင့်တာလေ

တော်လှန်ရေး ကြာနေလို့ကတော့ တော်လှန်သူရော မတော်လှန်သူရော အကုန်လုံး ငုတ်တုတ်မေ့မယ့်တိုင်းပြည်ဆိုတာကိုလည်း သိထားကြအုံးပေါ့။

08/05/2026

ရုရှားဘက်ကနေ အခမ်းအနားမဖိတ်တာကိုတောင် ဘာလို့မဖိတ်တာလဲ မျက်နှာပြောင်တို_က် မေးရဲတယ်နော့်

လွတ်တု အစိုးတု သမ္မတုဖြစ်လည်း အာဆီယံက လက်မခံဘူးဆိုတော့ ဒီပရက်ရှင်တွေ အတော်ဝင်နေလောက်တယ်

ဒီပရက်ရှင်ဝင်ပြီး ကိုယ့်ကိုယ့်ကို သ_တ်_​6သ_သွားရင် သမိုင်းမှာ မှတ်တမ်းဝင်သွားအုံးမလားမသိ 😁😁

တော်လှန်သောနေ့သစ်ပါနော့် 💛💛

@@

08/05/2026

တော်လှန်ရေးကလေ မိုးထဲရေထဲ ရောက်နေတာနော့် အရေးထဲ ၆၈၀၀ စားတွေကလည်း အတော်များလာတယ် မဘလော့နိုင်တဲ့အထိ များလာသလိုပဲ

NUG က အားကိုးမရပါဘူး မင်းတို့တော်လှန်ရေးက ပြီးသွားပါပြီဆိုတဲ့ 6စာက်ရူး_chee_ပန်း_ရေးနေတဲ့အ6ကာင့်တွေ များလာတာ သတိထားမိတယ်

စစ်တပ်က ဆိုရှယ်မှာ အဲလိုအကောင့်တွေအများအပြား အဲလိုမန့်ဖို့အတွက် နည်းပညာကုမ္ပဏီတခုခုကို ငှားပြီး တမင်လုပ်လာလို့ ဖြစ်မယ်

ဒီကြားထဲ တော်လှန်ရေးထဲ 6ခွးနေရာမရတဲ့ သဒ်အုပ်စုတွေကသပ်သပ် အတော်လေး မျက်စိနှောက်ဖို့ကောင်းလာတယ်

အရင်အချိန်မှာ ​သိပ်ပြီးအာရုံမနောက်ပေမယ့် ယခုလို တော်လှန်ရေးဟာ တကယ့်ကို အရေးတကြီးအချိန်ကျမှ NUG ကို ဆွဲချချင်လာကြတာ အတော်လေး ဆိုးတယ်

NUG က စင်းလုံးချော ကောင်းနေတာမဟုတ်တာ လူတိုင်းသိကြတယ် မကောင်းတဲ့တချို့ကို ရည်ညွှန်းပြီး NUG တခုလုံးကို ထိုးချနေတာ အောက်_တန်း_ကျလွန်းတယ်

ပြည်မတော်လှန်ရေးမှာ NUG အားနည်းသွားလို့မရပါဘူး အထူးသဖြင့် လက်ရှိအချိန်မှာ NUG အားနည်းချက်ရှာပြီး 6စာက်ပြစ် ပြောရမယ့်အချိန်မဟုတ်ပဲ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးနဲ့ စစ်တပ်ရဲ့စစ်ရေးတွေကို တန်ပြန်နိုင်ဖို့အတွက် NUG အားကောင်းအောင် ပံ့ပိုးပေးရမယ့်အချိန်ဖြစ်တယ် NUG ကိုယ်တိုင် ဦးဆောင်နိုင်မှုစွမ်းရည် ပြဖို့လိုပါတယ်

မြို့ရွာတွေအများအပြား ထိန်းချုပ်ပြီး အခွန်ဘဏ္ဍာအများအပြား သယံဇာတအများအပြား ရှာနိုင်နေတုန်းအချိန်မှာတောင် အရွေ့ကြီးကြီး မလုပ်ပြနိုင်ခဲ့တာ ထိန်းချုပ်မြို့ရွာတချို့ လက်လွတ်လိုက်ရရင် တော်လှန်ရေးရဲ့ရန်ပုံငွေရရှိမှုဟာလည်း အားနည်းသွားနိုင်တာကိုလည်း ပြင်ဆင်ထားဖို့လိုပါတယ်

ဒါကြောင့် ဘာကြောင့် ဘယ်လိုတွေဆိုပြီး NUG ကို 6စာက်6ဖာင်းထုနေရမယ့်အချိန်မဟုတ်ပဲ စစ်တပ် ထိုးစစ်တွေကို ရပ်တန့်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်တပ်ကို ဘယ်လိုအလုပ်ပေးမလဲဆိုတာ မဟာဗျူဟာကျကျ တို_က်ခိုက်ရမယ့်အချိန်ရောက်နေပြီလို့ မြင်မိတယ်

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Website

Address


Chin Dwin Street
Naypyidaw
163