အခွန်အယူခံခုံအဖွဲ့

အခွန်အယူခံခုံအဖွဲ့

Share

ယုံကြည် မျှတမှန်ကန် အခွန်အယူခံ

12/05/2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

11/05/2026

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံပွဲတက်ရောက် (နေပြည်တော် ဧပြီ ၂၈)

07/05/2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Photos from အခွန်အယူခံခုံအဖွဲ့'s post 27/04/2026

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အခွန်အယူခံခုံအဖွဲ့နှင့် အခွန်အယူခံခုံအဖွဲ့ရုံး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား

နေပြည်တော် ဧပြီ ၂၄

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းအား အခွန်အယူခံ ခုံအဖွဲ့နှင့် အခွန်အယူခံခုံအဖွဲ့ရုံး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

ဦးစွာ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ ပြည်ထောင်စုဝန်ကြီးနှင့် အခွန်အယူခံခုံအဖွဲ့၊ အဖွဲ့ဝင်များအား မိတ်ဆက်ပေးခဲ့ပြီး အခွန်အယူခံခုံအဖွဲ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်မှ ပြည်ထောင်စုဝန်ကြီးနှင့် အခွန်အယူခံခုံအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ အား မိတ်ဆက်ပေးခဲ့ပြီး အခွန်အယူခံခုံအဖွဲ့ရုံး ဖွဲ့စည်းပုံ၊ ဝန်ထမ်းရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး နေ့လယ် (၁၂:၀၀) နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အခွန်အယူခံခုံအဖွဲ့ရုံး ရုံးခန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။

Photos from အခွန်အယူခံခုံအဖွဲ့'s post 22/04/2026

နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားနာပွဲ ကျင်းပပြုလုပ်ခြင်း

နှစ်ဆန်းတစ်ရက်နေ့ (၁၇-၄-၂၀၂၆)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီတွင် အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၅၇) ရုံးဝန်းအတွင်း၌ သံဃာတော်(၅)ပါးပင့်ဖိတ်၍ ပရိတ်တရားတော်နာကုသိုလ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

09/04/2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုများစာရင်း

24/03/2026

အခွန်အယူခံခုံအဖွဲ့က (၃၁-၃-၂၀၂၆) ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

11/03/2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Photos from အခွန်အယူခံခုံအဖွဲ့'s post 06/03/2026

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်း

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို (၂-၃-၂၀၂၆)ရက် (တနင်္လာနေ့)တွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးထင်ကျော်သူနှင့် ဇနီး၊ အခွန်အယူခံခုံအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အခွန်အယူခံခုံအဖွဲ့ အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများမှ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

24/02/2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန် ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Address


Https://goo. Gl/maps/HVuXrseafCpJFyXF 6
Naypyidaw

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00