Nay Pyi Taw Fire Fighting

Nay Pyi Taw Fire Fighting

Share

fire service and known sharing

23/02/2024

Engineer အားလုံး မဂ်လာပါ
ကျွန်တော် ဘဝဖြတ်သန်းမှု အရ သိခဲ့တဲ့ Engineer field ကို ဝါသနာ အရ သင်တန်းလေး ဖွင့်ချင်ပါတယ်
သင်တန်းဖွင့်ချင်တာ ငွေကို မက်မော၍မဟုတ်ပါ ကျွန်တော် ဝါသာနာရ sharing ပုံစံနဲ့ ပေးရတဲ့အချိန်ပေါ်မှာ ကျွန်တော် ရပ်တည်မှု မယိုင်လဲဖို့ အခကြေးငွေ နည်းနည်းနဲ့ သင်တန်းဖွင့်ချင်ပါတယ် ကျွန်တော် ရဲ့ sharing သင်တန်းက ဘာတွေပါမလဲဆိုရင် ဘယ်လိုတွေသိရမလဲ

system တွေရဲ့ လုပ်ဆောင်ချက် Key point
တစ်ယောက်ရဲ့ သိရမဲ့ system တင်မကပဲ international မှာ အသုံးပြုနေတဲ့ Engineering Document flowတွေ
procedures တွေ
မှာလုပ်ချင်တဲ့ Engineer တွေရဲ့ လိုအပ်ချက်တွေ သိရမဲ့ solutions တွေ
တစ်ယောက် ရဲ့ လုပ်ငန်းအဆင့်ဆင့်ရ flowတွေ
တစ်ယောက်ရဲ့ Project Planning တွေ
အပြင်အခြား MEP engineer တစ်ယောက်သိရမဲ့ civil & Archi flowတွေ sharing လုပ်သွားပါမယ်

ခေတ်အခြေအနေအရမိမိရဲ့ အားနည်းချက်များကို ပွင့်လင်းစွာ ဆွေးနွေးတိုင် ပြီး တတ်​ရောက် နိုင်ပါတယ်


09423735371

Photos from Nay Pyi Taw Fire Fighting's post 03/02/2024

မကွေးတိုင်း 66 KV Solar Plan...

17/10/2023

အခုတွေ့နေရတဲ့ fire fighting system of building တွေမှာ လိုအပ်ချက်ထက်ပိုနေတာတွေ လိုအပ်ချက်ထက်လျော့ နေတာတွေ အများကြီးတွေ့ရတယ် မလိုအပ်ပဲ ပိုနေတဲ့အခါ project ရဲ့ ငွေပမဏာတွေမလိုအပ်ဆုံးရှူံးစေတယ် လိုအပ်ချက်ထက်နည်းတဲ့အခါမျိုးမှာလဲ authority department ရဲ့ comments ကြောင့် လုပ်ပြီးသားတွေပြန်ပြင်ရတဲ့အခါ project ရဲ့ငွေပမဏာ အပြင်ပ ပြန်ကုန်တာတွေရှိတယ် သိလိုလုပ်တာရှိသလို မသိလိုလုပ်တာတွေရှိတယ် မိတ်ဆွေ အဲ့လိုမျိုးအခက်ခဲရှိရင်ပြောပါ ကျွန်တော် sharing and support လုပ်ပေးဖို့အသင့်ပါ

24/07/2023

Please 🙏🙏🙏

19/07/2023

မေမေရေးသော အာဇာနည် နေ့ အမှတ်တရ

14/07/2023

မသိပဲ နွံ့နင်းမိတဲ့ကို​ခြေထောက်ကို ပြန်နုတ်ဖို့ နည်းလမ်းရှာကြည့်တော့ တရားဓမ္မကပဲ ကူညီနိုင်တယ်။နုတ်လိုပြီးသည့်တိုင်အောင် ကပ်ငြိလာတဲ့အညစ်ကြေးမရှိအောင်ဖယ်ထုတ်ဖို့လဲ တရားဓမ္မနဲ့ဆက်ထိန်းရမယ်

Photos from Nay Pyi Taw Fire Fighting's post 07/08/2022

device
အရင်လကတင်ထားတာက input device တွေအကြောင်းဖြစ်ပီး အခုက control device အကြောင်း ပါခင်ဗျာ။

🔥➡Detector/MCP( manual call point )➡FA Panel➡Alarm🔊/Fire fighting 💦💦➡🔥

Control device ဖြစ်တဲ့
Fire alarm panel တွေကို project ရဲ့design ပေါ်မှုတည်ပီး အဆင့်ဆင့်ခွဲခြားလုပ်ဆောင်ကြပါတယ်။
တစ်ချို့ project ေတွမှာ Panel 3 nos ပါပါတယ်။( mimic panel,sub alarm panel,main control panel )

input device မှ မီးလောင်လို့ activated ဖစ်တဲ့ signal ကို sub or main panel ဆီအရင်ပိုပါတယ်။ sub or main panel မှ mimic panel ဆီ activated information ပို့ပါတယ်။ မီးသတ်သမားသို့မဟုတ်အခြားသူများက လောင်နေတဲ့ zone အခန်းရဲ့တည်နေရာကို ကြည့်ချင်ရင် mimic panel မှာကြည့်ပီး သွားရောက်ငြိမ်းသတ်ပါတယ်။

panel ( mimic panel လုပ်ဆောင်ချက်ကတော့ zone indicator လုပ်ပေးတာပါ။)

alarm panel( Building က အရမ်းကြီးမားတဲ့အခါ fire alarm zone တွေကို main panel တစ်ခုထဲသုံးမယ်ဆိုရင် error,faults, panel ရဲ့လုပ်ဆောင်ချက်တွေလေးလံနေပါလိမ့်မယ်။ ဒါကြောင့် sud alarm panel က ကူထိန်းပေးတာပါ။)

control panel ( အဆောက်အဦးအတွင်းမှာ ရှိတဲ့ fire alarm system တစ်ခုလုံးရဲ့ main control ပဲဖြစ်ပါတယ်။ input device က activated ဖြစ်ကြောင်းလက်ခံရရှိတာနဲ့ AUXs အပိုင်းနဲ့ NACs အပိုင်းတွေကို automatic စေခိုင်းခြင်း panel screen မှာ activated location ကိုဖော်ပြခြင်းတွေလုပ်ဆောင်ပါတယ်)

အခုပြောပြတဲ့ panel 3 ခု ပါဝင်တဲ့ project ကတော့ podium project ,5 star hotel,office tower, high rise building....အစရှိတဲ့ big project တွေမှာပဲ များသောအားဖစ်အသုံးပြကြပါတယ်။

ပုံမှန် အဆောက်အအုံတွေမှာတော့ main control panel တစ်ခုထဲနဲ့ပဲ အသုံးပြုကြပါတယ်။

Main control panel အတွင်းမှာပါဝင်တဲ့အစိတ်အပိုင်အချို့နဲ့လုပ်ဆောင်ချက်ကိုဖော်ပြပေးပါမယ်။

1. Power supply (AC inverted to DC for power supply )

2. Battery ( မီးပျက်သွားတဲ့အချိန် system run ဖို့ Backup power for panel)

3. IDCs/SLC ( Input device ဘက်ကပေးပို့လာတဲ့ signal data တွေဖတ်ဖို့ )

4. Program distribution software /hardware ( IDCs/SLCs မှပေးပို့လာသော data တွေကိုကြည့်ပီး control and notification ဖစ်ကြတဲ့ AUXs replay and NACs တွေဆီကို distribution လုပ်ပေးသည့် program ပိုင်း)

5. NACs notification appliance circuit (signal to alarm devices - horn, strobe light ,alarm bell)

6.AUXs auxiliary system ( signal to control devices -relay for HVAC, relay for security door and accept...etc )

7. User interface ( program distribution မှပေးသော faults & activated, incase fire location.....etc... ဖော်ပြပေးသော LED screen )

Fire alarm control panel တစ်ခု installation လုပ်တဲ့အခါ MCP ရဲ့ Brand နဲ့သက်ဆိုင်တဲ့ fire alarm software engineer တစ်ဦးမဖစ်မနေလိုအပ်ပါတယ်။ software engineer က input devices and output devices တွေရဲ့ code ကို program ထဲထည့်ပီး link လုပ်ကာ system တစ်ခုလုံးကို အလုပ်လုပ်စေမှာဖြစ်ပါတယ်။ သတိပေးချင်တာကတော့ software engineer ကို site မှာလာပီး software လာသွင်းခိုင်းတာပိုအဆင်ပြေပါတယ် ။
နောက်လထဲ output devices များရဲ့ အကြောင်းနဲ့ installation requirements ‎တွေအကြောင်း ဆက်လက်ရေးသွားပါအုံးမယ်။

#အမှားများပါခဲ့ရင်လဲ ဝေဖန်ထောက်ပြပေးကြပါခင်ဗျာ🙏🙏🙏 လေးစာစွာဖြင့်

Photos from Nay Pyi Taw Fire Fighting's post 12/06/2022

အရင်လက တင်ထားတဲ့ Fire alarm system ရဲ့အဆက်ပါ။
🔥➡Detector/MCP( manual call point )➡FA Panel➡Alarm🔊/Fire fighting 💦💦➡🔥

Fire alarm system တွေအကြောင်းမပြောခင် system မှာပါဝင်တဲ့
device, control device and out put device ၃ ပိုင်းခွဲပီးတစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်တွေလိုအပ်ချက် တွေကိုအရင်ဖော်ပြပေးပါမယ်။
device ( smoke detector and heat detector ,manual call point,sprinkler flow switch,tamper switch ,etc..)

1. call point

Manual call point ကိုတပ်ဆင်တဲ့အခါမှာ ကြမ်းခင်းရဲ့ FFL မှ #1.4 meter အမြင့်ရှိပါမယ်။ Manual call point ကိုထားရှိရမဲ့နေရာတွေက ကောင်းစွာမြင်နိုင်သည့်နေရာ ၊ အလွယ်တကူးအသုံးပြုနိုင်သည့်နေရာ၊ exist ထွက်ပေါက်နေရာတွေ ၊ လှေကားအထွက်နေရာတွေ၊ Hose reel ပါရှိပါက Hose reel ဘေးနေရာတွေ ဖြစ်ရပါမယ်။ နောက်ပီး Manual call point တစ်ခုနဲ့တစ်ခုအကွာဝေးက travel distance 25-45 Meter အတွင်းရှိရပါမယ်။

2. Detector

Two type of heat detector

a. Fix temperature detector (သတ်မှတ်ပေးထားသော အပူချိန်ရောက်လာရင် activate လုပ်ခြင်း )
b. Rate-of-rise temperature detector ( အခန်းအပူချိန်က 1 မိနစ်တွင် 10ံ C မြင့်တက်လာပါက activate လုပ်ခြင်း )

Heat detector တွေကိုတပ်ဆင်တဲ့အခါ အခန်းတွေ (open area, Hall type) တွေမှာ ဆိုရင် တစ်ခုနဲ့တစ်ခုကို 7.2 meters ထိထားရှိနိုင်ပါသည်။ ဝရန်တာ (corridor) တွေမှာဆိုရင်တော့ တစ်ခုနဲ့တစ်ခု အကွာ10.2 meters အထိထားရှိတပ်ဆင်နိုင်ပါတယ်။ အဆောက်အအုံ ရဲ့ beam size က slab အောက် 300 mm ကျော်ခဲ့ရင် heat detector ကို beam ရဲ့အောက်မှာပဲတပ်ဆင်ရပါမယ်။
Heat detector တွေကိုများသောအားဖြင့် machine room,kitchen room,car parking,etc စသည့်အခန်းများတပ်ဆင်ကြပါတယ်

3. detector

Two type of smoke detector

a. Ionisation ( အတွင်းမှာရှိတဲ့ positive ions နဲ့ negative ions နှစ်ခုကြား မီးခိုမှဝင်ရောက်လာတဲ့အခါ activate လုပ်ခြင်း )
b. Photoelectric ( အတွင်းမှာရှိတဲ့ photocell ကိုပစ်ထားတဲ့အလင်းတန်းကြားထဲသို့မီးခိုးဝင်ရောက်တဲ့အခါ activate လုပ်ခြင်း ) # like beam detector

Smoke Detector တွေကိုတပ်ဆင်တဲ့အခါ အခန်းတွေရော ဝရန်တာတွေရောမှာ တစ်ခုနဲ့တစ်ခုအကွာဝေး 10.2 meters အထိထားရှိပီးတပ်ဆင်နိုင်ပါတယ်။ smoke detector တပ်ဆင်မည့် ceiling hight သို့မဟုတ် slab ရဲ့အမြင့်ဆုံးက 4 meters ထက်မပိုရပါဘူး။ smoke detector တွေကိုတော့ living room,office room,corridor,etc..စသည့်အခန်းတွေမှာ တပ်ဆင်ကြပါတယ်။

4. pipe line flow switch

Fire fighting system တွေမှာပါတဲ့ zone control valve, alarm gong valve, valve assembly အစရှိသည့် valve တွေရဲ့ ရေအစုန်ဘက်မှာ floor switch တွေကိုတပ်ဆင်ပီး fire alarm နဲ့ချိတ်ဆက်ထားရပါမယ်။ အဆောက်အအုံ အတွင်းထဲရှိ sprinkler head တစ်ခုခုဟာ အပူကြောင့် ကွဲကြေသွားပီး မီးငြိမ်းသတ်တဲ့အခါ စီးဆင်းသွားတဲ့ရေရဲ့ flow ကြောင့် flow switch က activate လုပ်ပီး fire alarm panel ကို မီးလောင်နေကြောင်းသတင်ပို့တဲ့ input device ဖြစ်ပါတယ်

4. switch

Tamper switch ကတော့ fire fighting စနစ်ရဲ့ security လို့ပြောလို့ရပါတယ်။ Tamper switch ကို fire fighting control valve တွေမှာ တပ်ဆင်ပီး လူတစ်ဦးတစ်ယောက်က normally open ဖြစ်ရမဲ့ control valve ကို ပိတ်လိုက်တာနဲ့ tamper switch က valve ပိတ်သွားကြောင်းကို fire alarm panel သို့ သတင်းပို့ပေးတဲ့ input device ဖြစ်ပါတယ်။

အသေးစိတ် လိုအပ်ချက်တွေတော့ရှိအုံးပါမည်🙏🙏🙏
#စာတွေအများသွားမှာဆိုးလို့ input device အကြောင်းပဲအရင်ဖော်ပြလိုက်ပါတယ်။
#နောက်ထပ် control device နဲ့ output device အကြောင်းတွေကိုထပ်ရေးသွားပါအုံးမယ်။ 🙏🙏🙏

Photos from Nay Pyi Taw Fire Fighting's post 09/05/2022

Fire Alarm System ဆိုတာဘာလဲ?
လူကြီးမင်းတို့ကြားဖူးကြမှာပါ
အမှိုက်ကစ လောင်းတဲ့မီးဟာ အိမ်ခေါင်အမိုးအထိလောင်ကျွမ်းနိုင်သည်စကားရှိပါသည်။
အဲ့စကားမှာ အမှိုက်ကို လောင်သောမီးကိုသာအရင်သိပီးငြိမ်းသတ်နိုင်လျင် အိမ်အမိုးထိမီးလောင်ဆုံးရှူံးစရာမရှိနိုင်တော့ပါဘူး
Fire alarm system ဆိုတာအမှိုက်ကိုမီးစလောင်တဲ့အချိန်ကိုသိနိုင်တဲ့စနစ်တစ်ခုပါခင်ဗျာ။
alarm system ရဲ့လုပ်ဆောင်ပုံအဆင့်ဆင့် ?
မီးလောင်ခြင်းမှထွက်လာတဲ့ မီးခိုးငွေ့ မီးရဲ့အပူချိန် တို့ကို detector မှ အာရုံခံပီး FAP fire alarm panel သို့မီးလောင်နေကြောင်းသတင်းပို့ပါတယ်။
Fire alarm panel မှ alarm bell ,horn,strobe light စသည့်တို့ဖြင့် အသံပေးအချက်ပြပြီး မီးငြိမ်းသတ်နိုင်ရန် နှင့်အဆောက်အအုံ အတွင်းမှလူများအားမီးလောင်နေကြောင်းသတိပေးခြင်းလုပ်ဆောင်ပါသည်။အခြားသော system control များဆီသို့လဲအချက်ပေးလုပ်ဆောင်ပါသည်။
မီးငြိမ်းသတ်သည်စနစ်ကတော့ အဆောက်အအုံ ရဲ့အမျိုးအစားအရွယ်အစားအမြင့်လိုက် auto and manual မီးငြိမ်းသတ်စနစ်ကွဲပြားပါသည်။
🔥➡Detector/MCP( manual call point )➡FA Panel➡Alarm🔊➡Fire fighting 💦💦➡🔥
Fire Alarm System ကိုဘယ်လိုအဆောက်အုံမျိုးမှာထည့်ရမလဲ manual system လား auto system သုံးမှာလား?
build
1.တစ်ထပ် ➡အကျယ်အဝန်း 400 m² အောက်➡manual fire alarm system
2. နှစ်ထပ်မှ လေးထပ်➡အကျယ်အဝန်း200 m²အောက်➡manual fire alarm system
3. လေးထပ်နှင့်အထက် ဆိုရင်တော့ auto fire alarm system
building
1. တစ်ထပ်➡အကျယ်အဝန်း 2000 m² အောက်➡manual fire alarm system
2. နှစ်ထပ်မှ လေးထပ်အထိ ➡အကျယ်အဝန်း 1000 m² အောက်➡ manual fire alarm system
3.လေးထပ်နှင့်အထက် ဆိုရင်တော့ auto fire alarm system
အခုဖော်ပြပေးသွားသောအဆောက်အအုံများအပြင် အခြာသောအဆောက်အုံအမျိုးစားပေါ်မှုတည်ပီး auto system သုံံးရမှာလား manual system သုံးရလားဆိုပီး နောက်ထက်ရှိပါသေးတယ်။
ဥပမာ hotel တွေဆိုရင်တော့ မဖြစ်မနေထည့်ရပါမယ်
addressable fire alarm system
fire alarm system
fire alarm system
fire alarm system

အခုလောလောဆဲ လက်ခံထားတဲ့အလုပ်လေးရှိလို့နောက်ရက်များမှ fire alarm system အမျိုးအစားများဆက်လက်တင်ပေးပါမယ်ဗျာ။ 🙏🙏🙏

Photos from Nay Pyi Taw Fire Fighting's post 11/04/2022

အရင်ပတ်ကတင်ခဲ့ Rising Main ရဲ့ Dry Rising and Wet Rising system တွင် ပါဝင်ရမည့် requirements
( #အသေးစိတ်လိုအပ်ချက်များလဲရှိပါအုံးမည်)

rising system ( building height 10 m to 24 m)
Fire engine (မီးသတ်ကား)➡ Breeching inlet ➡ Riser pipe line➡Landing Valve➡Fire hose pipe ➡🔥🔥🔥

rising system (building height above 24 m)
Breeching inlet➡Fire ground tank➡Fire pump ➡ Riser pipe line➡Landing Valve➡Fire hose pipe ➡🔥🔥🔥

#(1).Breeching inlet(ရေသွင်းပေါက်)
Dry system ဆိုလျင် Breeching inlet သည် အဆောက်အအုံအတွင်းရှိ riser pipe line ကိုတိုက်ရိုက်ချိတ်ဆက်အသုံးပြုသည်။ Breeching inlet သည် riser pipe line မှနေ 12 m အကွားဝေး အတွင်း၌သာရှိရမည်။ 2 way Breeching inlet ကိုအသုံးပြုရမည်။ Breeching inlet အရောင်မှာ အဝါရောင်ဖြစ်ရမည်။
Wet system ဆိုလျင် Breeching inlet သည် fire ground tank ကိုချိတ်ဆက်ပီးရေဖြည့်ဖို့ရန်အသုံးပြုသည်။ ground tank size ကတော့ ရေထွက်နှုန်း 1500 liter per minute ဖြင့် 30 min ကြာအသုံးပြုနိုင်သည့် ground tank ဖြစ်ရမည်။ 4 way Breeching inlet ကိုအသုံးပြုရမည်။Breeching inlet အရောင်မှာ အနီရောင်ဖြစ်ရမည်။ wet rising ရဲ့ Breeching inlet ကို အလွယ်တကူ မြင်နိုင်သောနေရာတွင် ခိုင်မာသော box ပုံစံဖြင့် ပြုလုပ်ပီး Breeching inlets ဟု block latter min 50 ဖြင့်ဖော်ပြပေးထားရမည်။
Breeching inlet ကို install လုပ်ရာတွင် Breeching inlet ရဲ့center သည် finished floor level ရဲ့အထက် 760mm-1000mm အမြင့်တွင်ရှိရမည်။

#(2) Riser pipe size and Landing valve
လူကြီးမင်းရဲအဆောက်အအုံဟာ riser pipe line or landing valve ထားရှိသည့်နေရာ မှ 38 အတွင်းမရှိပဲ ပိုပီးကျယ်ဝန်းပါက နောက်ထပ် riser pipe line and landing valve ထပ်ထည့်ပေးရပါမည်။
Riser pipe size က အနည်းဆုံး 100 mm ရှိရပါမည်။ Riser pipe line ဖြတ်သွားသည် အထပ်တိုင်းရဲ့ floor slab တွင် pipe sleeve ခံ၍သာဖြတ်သွားရမည်။ pipe sleeve ရဲ့ size ဟာ riser pipe size ရဲ့
Riser pipe ရဲ့အဆုံးတွင် air release valve ပါရှိရပါမည်။
Landing valve size ကတော့ပုံမှာပြထားပါတယ်
Landing valve ကိုဘယ်လိုနေရာတွေမှာထားမလဲ?
မီးသတ်သမားအလွယ်တကူအသုံးပြုဖို့ရန်အတွက်
မီးသတ်ရန်ပြင်ဆင်သည့်အခန်း(fire fighting lobby ),မီးခိုးမဝင်နိုင်အောင်တားဆီထားသောအခန်း(smoke stop lobby),ထွက်ပေါက်လှေကား (exist staircase )နေရာများတွင် အတားဆီးအပိတ်ပင်မရှိမြင်သာပီးအလွယ်တကူအသုံးပြုနိုင်အောင် တပ်ဆင်ပေးထားရမည်။ landing valve ကို install လုပ်ရာတွင် Landing valve ရဲ့lower point သည် finished floor level ရဲ့အထက် 760mm-1000mm အမြင့်တွင်ရှိရမည်။

#3. Fire hose pipe
Fire Hose pipe,ရဲ့ အရှည်သည် 30 meters ရှိရမည်။ fire hose pipe ရဲ့ တစ်ဖက်သည် landing valve နဲ့ဆက်နိုင်သည့် သတ္တုနဲ့ပြုလုပ်ထားသည် male coupling ပိုက်ဆက်ရှိရမည်။ နောက်တစ်ဖတ်သည် မီးငြိမ်းသတ်နိုင်ရန်အတွက် nozzle တပ်ဆင်နိုက်မည့် female coupling ပိုက်ဆက်ရှိရမည်။ fire hose pipe ကိုလိပ်ရာ၌ ပုံမှာပြထားသည့်အတိုင်း နှစ်ဖက်ဆွဲနိုင်သည့်ပုံစံလိပ်ထားပီး မီးလောင်ဒဏ်ခံနိုင်သည် cabinet ဖြင့် နေရောင်နှင့် တိုက်ရိုက်မကျသောနေရာတွင် ထားရှိရမည်။ fire hose cabinet ကို landing valve မှ 2 meters အကွာဝေးအတွင်းမှာထားရှိရမည်။ block letter 50 mm အနည်းဆုံးထားပီး အဖြူရောင်ဖြင့် fire hose cabinet ဟုဖော်ပြပေးထားရမည်။

#4.Wet rising pump
Wet system အတွက် pump ကို duty and standby ဆိုပီး pump 2 လုံးထားပေးရပါမယ်။
Pump 2 လုံးစလုံးအတွက် emergency electrical power supply ရှိရပါမည်။ရေပြင်းအား (Water pressure) ကတော့ landing valve full open 3 points မှာ 3.5 bar to 5.5 bar အတွင်းမှာရှိရပါမယ်။ ရေစီးဆင်မူ ( water flow rate) မှာ landing valve full open 3 points ဖွင့်ပီး
၁. လူနေအဆောက်အအုံအတွက်( residential building ) 27 l/s flow rate ရှိရပါမည်။
၂. လူနေအိမ်မဟုတ်သောအဆောက်အအုံ(non residential building ) အတွက်ဆို 38 l/s flow rate ရှိရမည်။
🙏🙏🙏

Photos from Nay Pyi Taw Fire Fighting's post 24/03/2022

Rising Main
Dry System and Wet System
လူကြီးမင်းတို့ဆောက်လုပ်နေတဲ့ Hotel,Motel,business build, အစရှိတဲ့ အဆောက်ဦးများမှာ မီးသတ်စနစ် ဘယ်ပုံစံထည့်ရမလဲ ?
မြန်မာပြည်ရဲ့မီးသတ်ဌာနမှ ပြဌာန်းချက်အရ လူကြီးမင်းတို့ရဲ့ အဆောက်ဦးဟာ 10 meters ထက်မြင့်ပီး 24 meters ထက်နိမ့်ဆိုရင် Dry system မီးသတ်ကားရေဖြင့်ငြိမ်းသတ်သည်စနစ်ကိုသာထည့်ရပါမယ်။
တကယ်လို့ လူကြီးမင်းတို့ရဲ့အဆောက်ဦးဟာ 24 meters ထက်မြင့်နေပါက Wet System ကိုယ်ပိုင် ရေဖျန်းစနစ် electrical power supply ပျက်တောက်သွားတောင်မှ backup power ဖြင့် အချိန်မရွေး မီးငြိမ်သတ်နိုင်သည့် ground tank and auto pressure pump ရေဖျန်းစနစ် လုပ်ဆောင်ပေးရပါမယ်။

👨‍🚒👨‍🚒ဘာလို့ 24 meters အထက်မှာ wet system. ထည့်ရတာလဲ? ( cb မှာမေးပါခင်ဗျာ )👩‍🚒👩‍🚒

🙏🙏🙏Fire fighting Rising Main system ရဲ့ Dry Rising and Wet Rising system requirements တွေကိုနောက်ရက်မှာ ပုံနဲ့တကွ တင်ပေးပါမယ်🙏🙏🙏
(Fire alarm system service အလုပ်လေးရှုပ်နေလို့ပါ🙏🙏🙏)

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Naypyidaw