ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး

ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး, Government Organization, Naypyidaw.

10/05/2020

(၁၀.၅.၂၀၂၀)ရက်နေ့ ၊ (၁၆ ၀၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၃)လမ်း၊ အပေါ်ဘလောက်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှတ်တမ်း Video အား အများပြည်သူ ကြည့်ရှုနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါသည်။

Crd - ko Yea

Photos from ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး's post 02/05/2020

၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်အနက်မှ တစ်ရပ်ဖြစ်သော ပြည့်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးအနေဖြင့် သွေးလှူဒါန်း ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်တို့ဖြင့် အမျိုးသားသွေးဌာန၊ ရန်ကုန်တွင် သွေးလှူဒါန်းခဲ့ကြပါသည်။
အဆိုပါ သွေးလှူဒါန်းခြင်းကို သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် ညှိနှိုင်း၍ လူစုလူဝေးမဖြစ် စေရန်အတွက် (၁.၅.၂၀၂၀)ရက်နေ့နှင့် (၂.၅.၂၀၂၀)ရက်နေ့များတွင် တစ်ကြိမ်လျှင် အင်အား (၂၅)ဦးဖြင့် (၈)ကြိမ်ခွဲကာ သွေးပုလင်း(၂၀၀)ကျော် လှူဒါန်းခဲ့ပါသည်။
အဆိုပါ သွေးလှူဒါန်းရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးတို့မှ သွားရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး သွေးလှူဒါန်းခဲ့ကြသည့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အားဖြည့်အစားအစာများ ပေးအပ်ခဲ့ပါသည်။
ယင်းသို့ သွေးလှူဒါန်းရခြင်းမှာ COVID-19 ကမ္ဘာ့ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလတွင် သွေးလှူဒါန်းသူနည်းပါးမှုကြောင့် အရေးပေါ်လူနာများအတွက် သွေးလိုအပ်မှုနှင့် သွေးပြတ်လပ်မှု မရှိစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Crd-MFSD

Photos from ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး's post 27/04/2020

၂၇.၄.၂၀၂၀ ရက်နေ့ ၊ ၁၄ ၃၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း မိုးများရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် အမှတ်(၁၅၅)ရပ်ကွက် ၊ အမှတ်(၁၃၃) ရပ်ကွက် နှင့် စစ်ပင်တောင်ရပ်ကွက်တို့တွင် လူနေအိမ်များ သွပ်မိုးများလန်ခြင်း ၊ ပြိုလဲခြင်းများဖြစ်ပေါ် နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဖုန်းဆက် သတင်းပေးပို့သဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးမြင့်အောင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာအဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု(၇၀)စု ၊ လူဦးရေ(၂၇၆)ဦးတို့၏ နေအိမ် (၇၀)လုံးခန့်ပျက်စီးခဲ့ပြီး အဆိုပါပျက်စီးခဲ့သော နေအိမ်များအား ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများ ၊ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်း၍ ပြင်ဆင် ဆောင်ရွက်ပေးခဲ့ပါသည်။

25/04/2020

၂၅.၄.၂၀၂၀ ရက်နေ့ ၊ ၁၂ ၂၅ အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်သစ်ရပ်ကွက် ၊ စံပယ်ဖြူလမ်း ၊ အကွက်အမှတ်(၃၀) ၊ အမှတ်(၅၄) ၊ ပိုင်ရှင် ဒေါ်သီတာ၏ အကျယ်အဝန်း (၆၀×၆၀)ပေ RC (၂)ထပ်တိုက်အောက်ထပ်ရှိ (၈×၁၀)ပေ ရေချိုးခန်းမျက်နှာကြက်အတွင်း လုံးပတ် (၁)လက်မ ၊ အရှည်(၃)ပေခန့်ရှိ ထန်းမြွေ(၄)ကောင်ဝင်ရောက်နေ၍ ဖမ်းဆီးပေးပါရန် အိမ်ရှင်ကိုယ်တိုင် လာရောက်အကူအညီတောင်းခံသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမိုးသီဟဇော် ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်(၄)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးဖြင့် သွားရောက်၍ ဖမ်းဆီးပေးခဲ့ပြီး ဘေးလွတ်ရာသို့ လွှတ်ပေးခဲ့ပါသည်။

Photos from ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး's post 24/04/2020

၂၄.၄.၂၀၂၀ ရက်နေ့၊ (၁၅ ၄၅)အချိန်ခန့်တွင် ခရမ်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ပြည်တော်အေးလမ်း၊ အမှတ်(မရှိ) ပိုင်ရှင် ဒေါ်ခင်ရွှေ၏ အကျယ်အဝန်း(၁၅×၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (အမည်မရှိ)ဆေးရိုးဂိုဒေါင်တွင် မီးလောင်နေကြောင်း ပတ်ဝန်းကျင်ရှိ တာဝန်သိ ပြည်သူတစ်ဦးမှ လူကိုယ်တိုင်လာရောက် သတင်းပေးပို့သဖြင့် (၁၅ ၅၀)အချိန် သတင်းရ၊ (၁၅ ၅၁) အချိန် ခရမ်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သုံးခွမှ (၁)စီး၊ တံတားနယ်မြေမှ (၁)စီး၊ တောင်ပိုင်းခရိုင်မှ (၂)စီး၊ သန်လျင်မှ (၁)စီး၊ ဒဂုံဆိပ်ကမ်းမှ (၁)စီး၊ ဒဂုံတောင်မှ (၁)စီး၊ ဒဂုံအရှေ့မှ (၁)စီး၊ အရှေ့ပိုင်းခရိုင်မှ (၂)စီး၊ သက္ကလ(ပဲခူး)မှ (၁)စီး၊ စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်(၁၅)စီး၊ ရေသယ်ယာဉ် ခရမ်းမှ (၂)စီး၊ သုံးခွမှ (၁)စီး၊ တောင်ပိုင်းခရိုင်မှ (၁)စီး၊ သန်လျင်မှ (၁)စီး၊ ပေါက်ပင် ရွှေလှေမှ (၁)စီး၊ ကျောက်တန်းမှ (၂)စီး၊ သာကေတမှ (၁)စီး၊ စုစုပေါင်း ရေသယ်ယာဉ်(၉)စီး၊ ကွပ်ကဲမှုယာဉ် စန္ဒာ(တိုင်း) (၁)စီး၊ စန္ဒာ(၂+၃) (၁)စီး၊ ရန်ပိုင်(၁)စီး၊ တောင်ထန်း(၁)စီး၊ စုစုပေါင်း ကွပ်ကဲမှုယာဉ်(၄)စီးထွက်၊ (၁၆ ၁၈)အချိန် မီးထိန်း၊ (၁၆ ၃၅)အချိန် မီးငြိမ်း၊ မီးလောင်မှု အကြောင်းအရင်းမှာ တာဝန်ခံ ဦးအေးဝင်းမှ ဆေးလိပ်သောက်ပြီး ဆေးလိပ်တိုအား ခုံပေါ်တင်ထား ရာမှ ဆေးရိုးပုံပေါ်သို့ကျပြီး မီးစတင်လောင်၊ မီးလောင်မှုကြောင့် ဆေးရိုးဂိုဒေါင် အကျယ်အဝန်း (၁၅×၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)လုံး၊ ပဲဂိုဒေါင် အကျယ်အဝန်း(၃၀×၇၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၂)လုံး၊ အကျယ်အဝန်း(၁၅×၁၅)ပေ၊ ဓနိမိုး၊ အကာမရှိ၊ မြေစိုက်အိမ်(၁)လုံးနှင့် အကျယ်အဝန်း(၁၅×၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်(၁)လုံး မီးလောင်ခံရပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၃၄၀၀၀၀၀ိ/- (ကျပ်သုံးဆယ့်လေးသိန်း)ဖိုးခန့် ဆုံးရှုံးပြီး တာဝန်ခံဖြစ်သူ ဦးအေးဝင်း (ဘ) ဦးမြင့်အောင်၊ အသက်(၄၃)နှစ်အား ခရမ်းမြို့မရဲစခန်းမှ (ပ) ၄၃၇ / ၂၀၂၀ / ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားပါသည်။ မီးလောင်မှုအား ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မီးလောင်နေစဉ် မီးငြှိမ်းသတ်ယာဉ် များနှင့် ရေသယ်ယာဉ်များမှ ရေဂါလန်(၆၄၀၀)၊ မီးကြွင်းမီးကျန်များအား ရေဂါလန်(၄၈၀၀)၊ စုစုပေါင်းရေဂါလန်(၁၁၂၀၀) အသုံးပြု၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ပါသည်။

24/04/2020
Photos from ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး's post 23/04/2020

(၂၃.၄.၂၀၂၀)ရက်နေ့ ၊ (၁၁ ၀၀)အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ အပိုင် (၁၁)၊ ဂျိုးဖြူလမ်းသွယ် (၃)ရှိ ဦးကျော်မွှေး၏ အကျယ် (၄)ပေ ၊ အနက် (၃၀)ပေခန့် ရေတွင်း အတွင်း အမှိုက်များရှင်းလင်းဆယ်ယူရာမှ လူတစ်ဦး အောက်စီဂျင်ပြတ်၍ သေဆုံးနေကြောင်း ဖုန်းနံပါတ် (၀၉ ၄၄၃၀၉၁၁၁၀)မှ သတင်းပေးပို့ခဲ့သဖြင့် (၁၁ ၁၁)အချိန်တွင် သတင်းရ၊ (၁၁ ၁၂) အချိန်တွင် မင်္ဂလာဒုံမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုမီးသတ်ဦးစီးမှူး ဦးညီညီအောင် ဦးဆောင်၍ မီးသတ်စက်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်၍ (၁၁ ၃၈)အချိန်တွင် သေဆုံးသူ ဦးဝင်းလှိုင် (ဘ) ဦးကျော်မွှေး အသက် (၃၇)နှစ်အား ဆယ်ယူရရှိခဲ့ပြီး (၁၁ ၃၉)နာရီတွင် မင်္ဂလာဒုံနာရေးကူညီမှုအသင်းမှ သူနာတင် ယာဉ်ဖြင့် မြောက်ဉက္ကလာပဆေးရုံကြီး (PR-56)သို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

Photos from ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး's post 23/04/2020

(၂၃.၄.၂၀၂၀) ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ ရောဂါပိုးတွေ့ရှိသော ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကျမ်းစာသင်ကျောင်းလမ်း၊ နံသာကုန်းရပ်ကွက်ရှိ နိဗ္ဗာန်န္နလမ်း၊ မြို့သစ်(က+ခ)ရပ်ကွက်ရှိ က(၅)လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ ကွက်သစ်(၁)လမ်းများအား အင်းစိန်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
Crd-MFSD

Photos from ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး's post 22/04/2020

(၂၂.၄.၂၀၂၀)ရက်နေ့၊ (၀၉ ၀၀)အချိန်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် COVID-19 ကာကွယ်ရေးအတွက် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်များ၊ ဆေးဖျန်းယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ ရေသယ်ယာဉ်(၉)စီး၊ LUF-60(Robotic Fire Fighting Vehicle) ယာဉ်(၁)စီး၊ LUF – Micro (Robotic Fire Fighting Vehicle) ယာဉ်(၁)စီး၊ အဆင့်မြင့်မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအသင်းများမှ ရေသယ်ယာဉ်(၂)စီး၊ ဆေးဖျန်းယာဉ်(၃)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များဖြင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Crd-MFSD

21/04/2020

၂၁.၄.၂၀၂၀ ရက်နေ့ ၊ (၁၅ ၄၇)အချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ အမှတ်(၂၇)ရပ်ကွက် ၊ ဆရာစံလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး ဘုန်းကြီးကျောင်းနောက်တွင် မီးလောင်နေကြောင်း ဖုန်းနံပါတ်(၀၉၄၂၀၀၇၆၅၀၉)မှ သတင်းပေးပို့သဖြင့် (၁၅ ၅၀) အချိန် သတင်းရ ၊ (၁၅ ၅၁)အချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မင်းဦး ဦးဆောင်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၂)စီးနှင့် ရေသယ်ယာဉ်(၁)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦးတို့ဖြင့် မီးငြှိမ်းသတ်ရန်သွားရောက်ခဲ့ရာ အဆိုပါဘုန်းကြီးကျောင်းနောက်ကျောဘက် ခြံကွက် အလွတ်ရှိ အမှိုက်နှင့်မြက်ခြောက်များ မီးလောင်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် မီးငြှိမ်းသတ်ယာဉ်မှ ရေကိုအသုံးပြု၍ ငြှိမ်းသတ်ခဲ့ရာ (၁၅ ၅၇)အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၅ ၅၈)အချိန်ခန့်တွင် မီးငြိမ်းခဲ့ပါသည်။ မီးလောင်မှုအကြောင်းအရင်းမှာ ဘုန်းကြီးကျောင်းအနောက်ဘက်လမ်းရှိ လမ်းသွားလမ်းလာတစ်စုံတစ်ဦးမှ ဆေးလိပ်တိုမီးစွန့်ပစ်ရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ပြီး ဆုံရှုံးမှု တန်ဖိုးမရှိ ၊ အရေးယူခံရသူမရှိပါကြောင်းနှင့် မီးလန့်မှုဖြစ်ပွားခဲ့ပါသည်။

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Naypyidaw
KYAUKDATATOWNSHIP