13/03/2026
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်းသည် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတို့နှင့်အတူ ပုသိမ်မြို့ရှိ စာစစ်ဌာနများတွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ပါသည်။
11/03/2026
ဌာနတွင်း အသိပညာပေးသင်တန်း ကျင်းပပြုလုပ်
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် အရာထမ်း၊ အမှုထမ်းများအတွက် လေ့လာဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
04/03/2026
"မန္တလေးတိုင်းဒေသကြီးရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက အခြေခံပညာကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန့်မာ့ပထဝီဝင်ဘာသာရပ်များ သင်ကြားသင်ယူမှုအခြေအနေကို နမူနာအခြေပြုလေ့လာဆန်းစစ်အကဲဖြတ်ခြင်း ဆောင်ရွက်"
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း ဦးဆောင်သော ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက အခြေခံပညာကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များ သင်ကြားသင်ယူနေမှုအခြေအနေကို ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်မှုများ ဆောင်ရွက်ခဲ့ပါသည်။
23/02/2026
"နေပြည်တော်ကောင်စီနယ်မြေရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက အခြေခံပညာကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန့်မာ့ပထဝီဝင်ဘာသာရပ်များ သင်ကြားသင်ယူမှုအခြေအနေကို နမူနာအခြေပြုလေ့လာဆန်းစစ်အကဲဖြတ်ခြင်း ဆောင်ရွက်"
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း ဦးဆောင်သော ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက အခြေခံပညာကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များ သင်ကြားသင်ယူနေမှုအခြေအနေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း သွားရောက်၍ ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပါသည်။
23/02/2026
"နေပြည်တော်ရှိ International Leadership College သို့ သွားရောက်၍ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းများ ဆောင်ရွက်"
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း ဦးဆောင်သော ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်အဖွဲ့သည် နေပြည်တော်ရှိ International Leadership College သို့ သွားရောက်၍ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
01/02/2026
"သက်ပြည့်အငြိမ်းစားပင်စင်ယူသွားသည့် ဦးစီးအရာရှိအား နှုတ်ဆက်ပွဲ ကျင်းပပြုလုပ်"
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် သက်ပြည့်အငြိမ်းစားပင်စင်ယူသွားသည့် ဦးစီးအရာရှိ ဒေါ်နိုင်နိုင်ခင်အားနှုတ်ဆက်ပွဲကို ၃၀-၁-၂၀၂၆ ( သောကြာနေ့) တွင် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
01/02/2026
"ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲ ပါဝင်ဆင်နွှဲ"
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရုံးအမှတ် ၁၃၊ ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်သော ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
21/01/2026
"ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက အခြေခံပညာကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန့်မာ့ပထဝီဝင်ဘာသာရပ်များ သင်ကြားသင်ယူမှုအခြေအနေကို နမူနာအခြေပြုလေ့လာဆန်းစစ်အကဲဖြတ်ခြင်း ဆောင်ရွက်"
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း ဦးဆောင်သော ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသည့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိက အခြေခံပညာကျောင်းများတွင် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် ဘာသာရပ်များ သင်ကြားသင်ယူနေမှုအခြေအနေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း သွားရောက်၍ ကွင်းဆင်းလေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပါသည်။
15/01/2026
"စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုဖော်ဆောင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်အသုံးပြုမှုအခြေအနေကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်းဆောင်ရွက်"
ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း ဦးဆောင်သော ကွင်းဆင်းလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့သည် ရှမ်းပြည်နယ် ( တောင်ပိုင်း) ရှိ ရွေးချယ်ထားသော အခြေခံပညာကျောင်းများသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း သွားရောက်၍ စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုဖော်ဆောင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်အသုံးပြုမှုအခြေအနေကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်းဆောင်ရွက်ခဲ့ပါသည်။