14/06/2025
USDP YANGON
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (ဗဟို) အလုပ်
အမှုဆောင်များ ဖြစ်ကြသော အလုပ်သမား ရေးရာတာဝန်ခံ
ဦးမောင်မြင့် နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး တို့မှ လှိိုင်သာယာ မြို့နယ် ရှိJESSIE စက်ရုံအလုပ်သမား များ နှင့်တွေ့ဆုံ
ဇွန် (၁၃) လှိုင်သာယာ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(ဗဟို) အလုပ်အမှုဆောင်များ ဖြစ်ကြသော အလုပ်သမား
ရေးရာ တာဝန်ခံ ဦးမောင်မြင့် နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး တို့မှ လှိိုင်သာယာ မြို့နယ် ရှိ JESSIE စက်ရုံ အလုပ်သမား များနှင့် ယနေ့ ၁၃-၆-၂၀၂၅ (သောကြာနေ့) နေ့လည် (၁၁:၃၀) အချိန်သွားရောက်
တွေ့ဆုံခဲ့ပြီး ဘုရားဆင်းတုတော် အဆူ(၂၀) လှူဒါန်းခဲ့ပါသည်။
အဆိုပါတွေ့ဆုံ ရာသို့ ဗဟိုအလုပ်အမှု
ဆောင်များ ဖြစ်ကြသော အလုပ်သမား ရေးရာ တာဝန်
ခံ ဦးမောင်မြင့် နှင့် ရန်ကုန်
တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး ၊ တိုင်းပါတီကော်မတီဝင် များဖြစ်ကြသောဦးခင်မောင်တင့် ၊ ဦးနေဝင်း ၊ ဒေါ်အိအိလှိုင် ၊အင်းစိန်ခရိုင် ပါတီဥက္ကဌဦးမင်းသူထွန်း ၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ ဦး မျိုးမင်းနိုင် ၊ လှည်းကူးခရိုင် ပါတီဥက္ကဌ ဦးအောင်မျိုးနိုင် ၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်ဥက္ကဌဦးကြည်စိုး ၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ဥက္ကဌ ဦးမင်းမင်းတို့နှင့် စက်မှုဇုန် တာဝန်ရှိသူများ၊JESSIE စက်ရုံတာဝန်ရှိသူများ နှင့် စက်ရုံဝန်ထမ်းများ စုစုပေါင်းအင်အား(၆၀၀)ခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
28/09/2024
အလုပ်သမားရေးရာကော်မတီတာ၀န်ခံအဘဦးမောင်မြင့်၏
ဦးဆောင်လမ်းညွှန်မှုဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ် လုပ်လိုသည့်လူငယ်လေးများဂျပန်သို့ရောက်ရှိပြီးလုပ်ငန်း ခွင်၀င်နေကြပါပြီ။
ကိုယ်ကျိုးမဖက် အများအကျိုးကိုစေတနာမေတ္တာအရင်းခံဖြင့် လုပ်ဆောင်ပေးခံဲသည့် အဘ၏ကျေးဇူးများကြောင့်
ဆာကူရာမှာ ပိတောက်ပန်းတွေဝေနေပြီဖြစ်ပါသည်။
25/09/2024
ဆာကူရာမှာပွင့်တဲ့ပိတောက်ပန်းများ
ဂျပန်နိုင်ငံသည်အရှေ့အာရှတွင်ရှိသည့်ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ပစ္စိဖိတ်သမုဒ္ဒရာအတွင်းတွင် တည် ရှိပြီးဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် ရုရှတို့၏ အရှေ့ ဘက်တွင်တည်ရှိပြီး မြောက်ဘက်အိုဟွတ်ပင်လယ်မှတောင်ဘက်အရှေ့တရုတ်ပင်လယ်နှင့်ထိုင်၀မ်တို့နှင့်နယ် နိမိတ်ချင်းထိစပ်လျက်ရှိပါသည်။ ဂျပန်နိုင်ငံသည်သန့်ရှင်းလုံခြုံ၍ စီးပွားရေးတိုးတက်သောတိုင်းပြည်ဖြစ်ပါ သည်။စီးပွားရေးဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှကုန်ထုတ်စွမ်းအားစုများတိုးတက်များပြားပါသည်။ထို့အပြင်ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့် ပြောင်းလဲတိုးတက်လျက်ရှိပြီး လုပ်ငန်းလည်ပတ်မှုစနစ်များနှင့်(ကုန်ထုတ် လုပ်မှု) အရည်အသွေးစသည်တို့ကို သင်ယူမှုတွေများပြားလာသည့်အလျောက်လုပ်ငန်းလိုအပ်ချက်အရလုပ်သား အင်အားလည်း တစ်နှစ်ထက်တစ်နှစ်ပိုမိုလိုအပ်လျက်ရှိပါသည်။ ဂျပန်နိုင်ငံသည် မွေးဖွားနှုန်းနည်းပါး၍ သက်ကြီးရွယ်အိုများပြားလာသည့်အလျောက် အလုပ်လုပ်ကိုင်နိုင်သူလူဦးရေသည် နှစ်စဉ်လျော့ကျလျက်ရှိ သည့်အတွက် ထူးချွန်သောအလုပ်အကိုင်စွမ်းရည်ရှိသောပြည်ပနိုင်ငံများမှလုပ်သားများအတွက် အလုပ် အကိုင်များစွာ ခေါ်ယူနေခြင်းဖြစ်ပါသည်။ ထို့အပြင်ဂျပန်နိုင်ငံသည် မိမိနိုင်ငံသို့လာရောက်၍ အလုပ်လုပ် ကိုင်ကြသူများအတွက် ခိုင်မာသည့် ဥပဒေများဖြင့် ကာကွယ်ပေးထားခြင်း၊၎င်းတို့သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်းတို့သည် ပြည်ပနိုင်ငံများမှလာရောက်အလုပ်လုပ်ကိုင်ကြ သည့်သူများအတွက် စိတ်အေးချမ်းမှုနှင့်နွေးထွေး လုံခြုံမှုကိုရရှိစေပါသည်။
တဖန်တစ်ကမ္ဘာလုံးဆိုင်ရာဖွံဖြိုးတိုးတက်မှု(human resources)အရ နိုင်ငံရပ်ခြားလူသားအရင်း အမြစ်များတိုးပွားမှုလိုအပ်လာသည့်အပြင်၊ မတူကွဲပြားအရည်အသွေးတန်ဖိုးနှင့်ယဉ်ကျေးမှုဆိုင်ရာပတ်၀န်း ကျင်အခြေအနေ ကိုပိုင်ဆိုင်သောပြည်ပနိုင်ငံများမှလုပ်သားများနှင့်အတူအကွ အလုပ်လုပ်ကိုင်လိုကြသူများ အတွက် အခွင့်အလမ်းများမြင့်မားလျက်ရှိသည့်အတွက်ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်လိုကြသောနိုင်ငံခြား သားဦးရေမှာ တစ်နှစ်ထက်တစ်နှစ်တိုးပွားများပြားလာသည်နှင့်အမျှ ဂျပန်စီးပွားရေးကုမ္ပဏီများအနေဖြင့် လည်း နိုင်ငံခြားသားများအား အလုပ် ခန့်အပ်လိုကြသည်များကိုလည်းတွေ့ရှိရပါသည်။
ဂျပန်နိုင်ငံတွင် ပြည်ပမှအလုပ်လုပ်ကြမည့်သူများအ တွက် Working Visa, Training Visa, Specific Skill Visa , Specific Activity Visaဟူ၍ Visa (၄)မျိုးဖြင့် မိမိအရည်အချင်းနှင့်ကိုညီသည့် အလုပ်များကို ရွေးချယ် လုပ်ခွင့်ရရှိပြီး ၎င်းVisaများအပြင် ဂျပန်တွင်နေထိုင်ရင်းဖြင့် အလုပ်လုပ်ခွင့်ရသည့် အခြား Visa အမျိုးအစား များရှိကြောင်းလည်း သိရှိရပါသည်။
Working Visaရဖို့ဆိုလျှင်မိမိနိုင်ငံ(သို့မဟုတ်)ဂျပန်နိုင်ငံတက္ကသိုလ်၊ကောလိပ်တစ်ခုခုမှဘွဲ့တစ်ခုရရှိရန် လိုအပ်ပါသည်။မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ITအလုပ်ဖြင့်လာရောက်အလုပ်လုပ်ကြသူများလည်း အဆိုပါ Working Visaရပါသည်။ Visaသက်တမ်းသည် မ်ိမိအားအလုပ်ခန့်သည့်ကုမ္ပဏီမှ သက်တမ်းတိုးပေး သလောက် ရရှိနိုင်ပါသည်။ ဂျပန်နိုင်ငံတွင်အလုပ်လုပ်နေစဉ် နေ့စဉ်နေထိုင်မှုဘ၀မှာ အခက်အခဲမရှိစေရအောင် အနည်း ဆုံး ဂျပန်စာကို အနည်းဆုံး(N-3)အောင်လျှင်လုပ်ငန်းခွင်တွင်လည်းကောင်း၊ လူမှုဆက်ဆံရေး နယ်ပယ်တွင် လည်းကောင်း အစစအဆင်ပြေချောမွေ့နိုင်ပါသည်။
Training Visaသည် အများဆုံး(၅)နှစ်သက်တမ်းရပါသည်။ သက်တမ်းပြည့်လျှင် မိမိနိုင်ငံပြန်လိုလျှင် လည်းကောင်း ဆက်လုပ်လိုလျှင်လည်းကောင်းရသော်လည်း ဂျပန်နိုင်ငံအစိုးရမှ သတ်မှတ်ထား သည့် မူဝါဒအရအလုပ်ပြောင်းလဲခွင့်မရှိဟုသိရပါသည်။အဆိုပါVisaတွင်လုပ်နိုင်သည့်အလုပ်များမှာ ဆောက်လုပ်ရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ စက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ စားသောက်ဆိုင်၊ဘိုးဘွားစောင့်ရှောက်ရေး ၊ဟိုတယ်လုပ်ငန်း၊အိမ် ဆေး သုတ်ခြင်းလုပ်ငန်းစသည်တို့တွင် အလုပ်လုပ်လို့ရ ကြောင်းသိရပါသည်။
Specific Skill Visaသည် ၂၀၁၉ခုနှစ်မှစတင်ကာဂျပန်အစိုးရမှ နိုင်ငံခြားသားများအတွက်အသစ် ထုတ်ပြန် လိုက်သည့် ထက်တစ်ဆင့်ပိုမြှင့်သည့် Visaဖြစ်ပါသည်။ အထူးကျွမ်းကျင်လုပ်သား Visaသည် ဂျပန်နိုင်ငံတွင်နိုင်ငံခြားသားအလုပ်သမားများပို၍အလုပ်လုပ်လာနိုင်စေရန်အတွက်ပြုလုပ်ထားသည့်နေထိုင် ခွင့်Visaဖြစ်သည်ဟု ဆိုပါသည်။ အထူးကျွမ်းကျင်လုပ်သားတွင် နံပါတ်(၁)နေထိုင်ခွင့် Visaနှင့် နံပါတ်(၂) နေထိုင်ခွင့် Visaဟူ၍ရှိပြီး နံပါတ်(၂)နေထိုင်ခွင့် Visaသည်နံပါတ်(၁)နေထိုင်ခွင့် Visa ထက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်သည်ဟုလည်းဆိုပါသည်။ နံပါတ်(၁)နေထိုင်ခွင့် Visaသည် ဂျပန်နိုင်ငံတွင်(၅)နှစ် အလုပ်လုပ်နိုင်ပါသည်။ မိသားစုအားခေါ် ဆောင်မရပါ။ဂျပန်လူမျိုးများနှင့်တန်းတူ လစာ ပမာဏကိုရရှိပါသည်။ ဂျပန်စကားလည်းသင်ယူနိုင်ပြီး ကုမ္ပဏီ ဘက်မှ ပေးသောအထောက်အပံ့ များလည်းရရှိနိုင်ပါသည်။ နံပါတ် (၂)နေထိုင်ခွင့် Visaသည် နေထိုင်သည့်ကာလ ကန့်သတ်ချက်မရှိပါ။ မိသားစုကိုခေါ်နိုင်ပါသည်။ အဆိုပါ Visaကို လျှောက်ရန်အတွက် ပညာအရည်အချင်းသတ်မှတ်ထားခြင်းမျိုးမဟုတ်ပဲ ဂျပန်စာအရည်အချင်း အနည်းဆုံး (N-4)အောင် ရန်လိုအပ်ပါသည်။
အထူးကျွမ်းကျင်လုပ်သားနံပါတ်(၁)လုပ်နိုင်သည့်အလုပ်များမှာ- ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း၊အ ဆောက်အဦသန့်ရှင်းရေးလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊ စက်အစိတ်အပိုင်းနှင့် စက် ကရိယာလုပ် ငန်းများ (သတ္ထုလုပ်ငန်း၊စက်မှုစက်ရုံလုပ်ငန်း၊လျှပ်စစ်အီလက်ထရောနစ်နှင့်သတင်းအချက်အလက်ထုတ်လုပ်ရေးလုပ်ငန်း၊သင်္ဘောတည်ဆောက်ခြင်းနှင့်သင်္ဘောစက်ရုံလုပ်ငန်း၊ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊လေကြောင်းလုပ်ငန်း၊ဟိုတယ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊ရေလုပ်ငန်း၊စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊အစားအသောက်၀န်ဆောင်မှုလုပ်ငန်းစသည်ဖြင့် (၁၂)မျိုးရှိပါသည်။
ကျွမ်းကျင်လုပ်သားနံပါတ်(၂)လုပ်ကိုင်နိုင်သည့်အလုပ်များမှာ- အဆောက်အဦသန့်ရှင်းရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊စက်အစိတ်အပိုင်းနှင့် စက်ကရိယာလုပ်ငန်းများ(သတ္ထုလုပ်ငန်း၊ စက်မှုစက်ရုံ လုပ်ငန်း၊ လျှပ်စစ်အီလက်ထရောနစ်နှင့် သတင်းအချက်အလက်ထုတ်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည် ဆောက်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း၊ကားပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း ၊ရေလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အစားအသောက် ၀န်ဆောင်မှု လုပ်ငန်းစသည်ဖြင့်(၁၁) မျိုးရှိကြောင်းသိရပါသည်။
Specific Activity Visa သည်မှာ ကျောင်းပြီး၍အလုပ်ရှာနေသောသူများအတွက်လည်းကောင်း၊ နိုင်ငံ ရေးခိုလှုံခွင့်လျှောက်ထားပြီး Visaမကျသေးသည့်သူများအတွက်လည်းကောင်း ယာယီထုတ်ပေးသည့် Visaဟု ဆိုပါသည်။ ၎င်းတွင် Working,Holliday,Internshipစသည့်Visaအမျိုးအစားများသည် မြန်မာနိုင်ငံတွင် မရှိသော်လည်း တခြားနိုင်ငံမှသူများက ဂျပန်နိုင်ငံ၏အလုပ်အကိုင်များကို လေ့လာသောသူများအတွက် ထုတ်ပေးထားသည့် Visaဖြစ်သည်ဟုဆိုပါသည်။ Specific Activity Visa၏ သက်တမ်းသည် ၃လ၊ ၆လ၊ ၁နှစ်၊ ၃နှစ်မှသည်အများ ဆုံး၅နှစ်ဟူ၍ Visaလျှောက်ထားသူ၏အကြောင်းပြချက် နှင့်အခြေအနေများပေါ် မူတည်ပြီး Visaသက်တမ်းသတ်မှတ်ပေးပါသည်။များသောအားဖြင့် အနည်းဆုံးတစ်ပတ်လျှင်(၂၈)နာရီအလုပ်လုပ်ခွင့်ရှိ သည်ဟုဆိုပါသည်။
ဂျပန်နိုင်ငံမှကုမ္ပဏီများသည် မိမိတို့ကုမ္ပဏီတွင်အလုပ်လုပ်ကြသည့်၀န်ထမ်းများအား လုပ်ငန်းခွင် သာယာပျော်ရွှင်စွာအလုပ်လုပ်နိုင်ရန်နှင့် ကုမ္ပဏီတွင်ရေရှည်နေထိုင်အလုပ်လုပ်နိုင်ရန် အတွက် အကောင်းဆုံး ထောက်ပံ့ မှုများကိုပေးကြောင်းသိရပါသည်။ ၀န်ထမ်းတစ်ယောက်သည် မိမိကိုယ်တိုင်လည်း အလုပ်ခွင်တွင် စွမ်းဆောင်ရှိ အောင်အကောင်းဆုံးကြိုးစားသကဲ့သို့ Team Workဖြင့်လုပ်ဆောင်မှုကိုလည်း တန်းဖိုးထားကြ ပါသည်။ တစ်ဦး တစ်ယောက်ထဲဖြင့်လုပ်ဆောင်ခြင်းထက်အများ စုပေါင်းလုပ်ဆောင်ခြင်းဖြင့်ကုမ္ပဏီရေရှည် တည်တံ့ခိုင်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့်၀န်ထမ်းများလုပ်ငန်းခွင်တွင် ပျော်ရွှင်စွာတာ၀န်ထမ်းဆောင်ကြစေရန် ကိုလည်းအလေးထားပါသည်။မည်မျှပင်အဆင်ပြေချောမွေ့သည်ဆိုသော်လည်းနိုင်ငံတစ်နိုင်ငံတွင်ယဉ်ကျေးမှု နှင့်ရိုးရာဓလေ့များစွာရှိပြီး မတူညီတဲ့မတူညီတဲ့အယူအဆနှင့်ကွဲပြားခြားနားသည့် စည်းမျဉ်းစည်းကမ်းများ လည်းများစွာရှိကြပါသည်။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုင်းပြည်တစ်ခုနှင့် တစ်ခုယဉ်ကျေးမှုဘာသာ စကားနှင့်ရိုးရာဓလေ့ထုံးစံများ မတူညီသည့်အတွက်နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်ရန်၊ အလုပ် တစ်ခုရရန်မှာအလွန်ခက်ခဲလှပါသည်။ ကြီးမားသည့်စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အလုပ်သမားရေးရာကော်မတီတာ၀န်ခံ ဗဟိုအလုပ်အမှု ဆောင်ဦးမောင်မြင့်သည် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုကြသည့် လူငယ်များအား Myanmar SanKouသင်တန်းကျောင်းနှင့်ချိတ်ဆက်၍ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်စေရေးဆောင်ရွက်ပေးခဲ့ပါသည်။ထိုသို့ဆောင်ရွက်ပေးရာတွင်အလုပ်လုပ်ကိုင်ကြသူ(၂၇၂)ဦးသည် ဂျပန်နိုင်ငံရှိHokkaido, Kago shima Ken,Toyonaka Shi,Osaka, Kanagawa Ken, Fukuokaစသည့်နေရာများတွင် ဘိုးဘွား စောင့်ရှောက်ရေး လုပ်ငန်း၊အဆောက်အအုံဆေးသုတ်/သန့်ရှင်းရေးလုပ်ငန်း၊ ကုန်ကြမ်းပစ္စည်းစက်ရုံ၊ စက်မှု ပစ္စည်းစက်ရုံ၊လျှပ်စစ် အီလက်ထရောနစ်သတင်းအချက်အလက်နှင့်ဆိုင်သောလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်း၊သင်္ဘောတည် ဆောက်ရေးနှင့်ဆေးသုတ်လုပ်ငန်း၊ ကားစက်ရုံတွင်ကားတပ်ဆင်ခြင်းလုပ်ငန်း၊ လေ ယာဉ် ကွင်းတွင် ပစ္စည်းသယ်ယူသောလုပ်ငန်း၊ ဟိုတည်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စားသောက်ကုန်စက်ရုံလုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင် နေကြပြီဖြစ်ပါသည်။
မသိသူကျော်သွား၊သိသူဖော်စား၊ သတိမမူ ဂူမမြင် သတိမူတော့ မြူကိုမြင်ဆိုသကဲ့သို့ အခွင့်အရေးနှင့် အခွင့်အလမ်းများကို အကောင်းဆုံးအသုံးပြုနိုင်သူအတွက် အောင်မြင်မှုကိုရယူပိုင်ဆိုင်နိုင်ပြီး လူငယ်များသည် အနာဂတ်တွင်ထွန်းလင်းတောက်ပကြမည့်ကြယ်ပွင့်လေးများဖြစ်သကဲ့သို့၎င်းတို့ကိုယ်စီတွင်အိပ်မက်များရှိကြ ပါသည်။အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိလိုသည့်လူငယ်များအတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ၊အလုပ်သမားရေးရာကော်မတီတာ၀န်ခံ၊ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့်သည် အကောင်းဆုံး ဆောင်ရွက်ပေးခဲ့သည့်အတွက်အခွင့်အရေးကိုအကောင်းဆုံးအသုံးချခဲ့ကြသည့်လူငယ်လေးများသည် မိမိတို့ မက်ချင်ကြသည့် အိပ်မက်များကို အမှန်တကယ်မက်ခွင့်ရခဲ့ပါပြီ။မက်ခွင့်ရသည့်အိပ်မက်များသည် လည်းအမှန် တကယ်တန်ဖိုးကြီးလှပါသည်။
ယခုအခါတွင် ဂျပန်ကုမ္ပဏီများမှအလုပ်ကမ်းလှမ်းစာ(Demand Letter)၄၄၀ခုကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာသံရုံးမှ ၂၀၂၄ခုနှစ်၊ဇူလိုင်လ(၁၅)ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှပါတီ၀င်များ၊ပါတီ၀င်များ၏ သားသမီးများ၊ ပါတီ ၀န်းရံမိသားစုများဂျပန်သို့သွားရောက်အလုပ်လုပ်ကိုင်နေကြသူများ၊ ၊ဂျပန်ကုမ္ပဏီများ၏ Interview အောင်မြင်ပြီး သွားရောက်ရန်ပြင်ဆင်နေကြသူများ၊ သင်တန်းတက်နေကြသူများ၊သင်တန်း၀င်ခွင့် Interview ဖြေဆို ရန် စောင့်ဆိုင်းနေကြသူများစသည်ဖြင့် အကောင်းဆုံးတွေသာ ဖန်တီးနိုင်ကြမည့် လူငယ်များ၏ အနာ ဂတ်သည်ရွှေရောင်နေ့ရက်များသာဖြစ်ပြီး ဆာကူရာမှာပိတောက်ပန်းများဝေဆာနေအောင်ပွင့်နေပြီဖြစ်ပါ ကြောင်းတင်ပြလိုက်ရပါသည်။
21/09/2024
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့်သည် ၂၁.၉.၂၀၂၄ရက်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာရှိ ရှေးဟောင်းကျောင်းတော်ကြီး၌ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေ (၁၅)သိန်းကျပ်၊(၂၄)ပြည်ပါ ဆန်(၁၀)အိတ် ဆီ၁၀ပိသာဗူး( ၂)ဗူးအားလှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် ပညာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်း၌ရေဘေးသင့်ပြည်သူများ အတွက် ငွေ(၁၀)သိန်းကျပ်၊ဆန်၂၄ပြည်အိတ်၁၀အိတ်၊ဆီ၁၀ပိသာဗူး၂ဗူးတို့အားလှူဒါန်းခဲ့ပြီး ရေဘေးသင့်မိသားစု၀င်များအားအားပေးစကားပြောကြားခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးလှဆွေနှင့်အတူပြည်ထောင်စုနယ်မြေပါတီကော်မတီ၀င်များတက်ရောက်ခဲ့ကြပါသည်။
19/09/2024
ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံရှိ အလုပ်သမားများနှင့်တွေ့ဆုံဆွေးနွေး
ပဲခူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ၊ အလုပ်သမားရေးရာတာဝန်ခံဦးမောင်မြင့်သည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့သို့ရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်း / ခရိုင် / မြို့နယ်ပါတီတာဝန်ရှိသူများလိုက်ပါလျှက် ပဲခူးမြို့စက်မှုဇုံအတွင်းရှိ လုပ်ငန်းရှင်များ ၊ စက်ရုံလုပ်သားများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံလုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ပဲခူးမြို့ရှိ ပဲခူးစက်မှုဇုံသို့ရောက်ရှိကာ ဆေးရုံသုံးပစ္စည်းများအားထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျှက်ရှိသော "ကောင်းပိတ်ဆဲလ်(ပဲခူး)ကုမ္ပဏီလီမိတက်" COBES INDUSTRIES (Bago) CO.,LTD သို့ရောက်ရှိကာ စက်ရုံ၏တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စက်ရုံတွင်တာဝန်ထမ်းဆောင်နေသော ရုံးအဖွဲ့တာဝန်ရှိသူများ ၊ စက်ရုံလုပ်သားများနှင့်တွေ့ဆုံခဲ့ပြီး ပါတီ၏ဗဟိုအလုပ်အမှုဆောင်မှ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့စဥ် အလုပ်သမားများအရေးအရာ ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းပေးခဲ့မှု ၊နိုင်ငံတကာ အလုပ်သမားရေးရာကိစ္စရပ်များ ၊ ဖြတ်သန်းမှုကာလအတွေ့အကြုံများ ၊ ၂၀၂၀ ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဖြစ်ပေါ်ခဲ့သောမဲမသမာမှုဖြစ်စဥ်များ ၊ မဲစာရင်းကွာဟမှုအခြေအနေမှန်များ ၊ တပ်မတော်၏ တိုင်းပြည်၏အခြေနေအရပ်ရပ်အား ထိန်းကြောင်းနေရမှုအခြေအနေများ ၊ သန်းခေါင်းစာရင်း၏ အရေးပါရှိမှုနှင့် ပြည်သူများ၏ပါဝင်မှုအခန်းကဏ္ဍများ ၊ နိုင်ငံသားအခွင့်အရေးများ စသည့်အချက်များအား ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်မေးမြန်း တင်ပြ ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်မှ ပြန်လည်ချပြရှင်းလင်းခဲ့ပြီးနောက် ဓမ္မလက်ဆောင်ဖြစ် ပန်းပေါင်းစုံဖြစ်ထုဆစ်ထားသော ဗုဒ္ဓရုပ်ပွားတော်ဆင်းတုများအား ပါတီ၏တာဝန်ရှိသူများက ပြန်လည် ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စက်ရုံ၏ လည်ပတ်နေမှုအခြေအနေများ ၊ စက်ရုံမှထုတ်လုပ်သော ဆေးရုံသုံးပစည်းများ၏ အသုံးဝင်မှု ၊အရေးပါမှု စသည်တို့ကို စက်ရုံ၏တာဝန်သူများမှအသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည် ။
01/07/2024
အမိမြေနဲ့ယာယီခွဲခွာကြရပါဦးမယ်။
နောင်တစ်ချိန်မှာ သားတို့သမီးတို့ဟာ
အောင်မြင်မှုတွေနဲ့အတူ အမိမြေရဲ့ရင်ခွင်မှာပြန်လည်နားခိုခွင့်ရကြမှာပါ။
အခုချိန်မှာတော့ ဇွဲလုံ့လ၀ီရိယနဲ့အကောင်းဆုုံးကြိုးစားကြရပါဦးမည်။
စိတ်ရှည်သီးခံပြီးကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ အောင်မြင်မှုတွေနဲ့အတူအမိမြေအတွက်ပြန် လည်အကျိုးပြုကြမယ့် သားကောင်းသမီးမွန်လေးတွေဖြစ်မယ်လို့လည်းယုံကြည်မိပါတယ်။ဒီလိုယုံကြည်ချက်ကြောင့်ပဲ ဘာမျှော်ကိုးမှုမှမပါပဲ စိတ်ရင်းစေတနာအပြည့်အ၀နဲ့ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
အလုပ်သမားရေးရာကော်မတီ
30/04/2024
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏
(၈၆)ကြိမ်မြောက် အလုပ်သမားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ
07/02/2024
လူငယ်များနှင့်၄င်းတို့အမှန်တကယ်မက်ခွင့်ရခဲ့သည့်
အိပ်မက်များ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ရန်ကုန်တိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုလုပ်အမှဆောင် ဦးမောင်မြင့်က ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင် လိုကြသည့် လူငယ်များကို သင်တန်းကျောင်းနှင့်ချိတ် ဆက်၍ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်စေရေးဆောင်ရွက်ပေးခဲ့ရာ
Myanmar San Kou သင်တန်းကျောင်းမှာသင်တန်းတက်ရောက်ခွင့်ရပြီး(၇)အတွင်းဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ရန် ၆.၂.၂၀၂၄ရက်နေ့မှာ
မြန်မာနိုင်ငံမှဘန်ကန်သို့ထွက်ခွာပြီး ဘန်ကောက်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ရောက်ရှိပြီဖြစ်ပါသည်။
ဂျပန်နိုင်ငံသို့ထွက်ခွာသူ ယခင်ကျား၁၀ဦး
၆.၂.၂၀၂၄ဦး ကျားဦးမ ၃ဦး
အင်တာဗျူးအောင်မြင်ပြီးသူ ကျား၇၇ဦး မ၁၆ဦး
စုစုပေါင်း ၉၃ဦး(ဂျပန်သွားရတော့မှာဖြစ်ပါသည်)
သင်တန်းတက်ရောက်သူကျား၁၈၉ဦးမ၈၃ဦးပေါင်း၂၇၂ဦးသင်တန်းတက်ရောက်နေပါသည်။
05/11/2023
လျှောက်ထားလိုသူများအတွက်
နိုင်ငံခြားရေးဝန်ကြီးဌာနက
အငယ်တန်းစာရေးရာထူး (၂၀)နေရာ
အလုပ်ခေါ်စာပါ။