Myanmar delegation attends the forum in Beijing
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
30/05/2026
အုတ်တွင်းမြို့နယ် အရှေ့ကွင်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေးကွင်းဆင်းတိုင်းတာ
=====================================================
အုတ်တွင်း၊ မေ-၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ လက်စွပ်ကျကျေးရွာအုပ်စု၊ အရှေ့ကွင်းကျေး ရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကို ယနေ့နံ နက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက် ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းတိုင်းတာရာတွင် အုတ်တွင်းမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများမှ ကျေးရွာတာဝန်ရှိသူများနှင့်အတူ အရှေ့ကွင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ် မည့်မြေနေရာအခြေအနေများ၊ မြေရရှိနိုင်မည့်အ ခြေအနေများကို တိုင်းတာကြပြီးနောက် မြို့နယ်ဦး စီးမှူးက ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိ သူများကို ကျေးရွာမှဆောင်ရွက်ပေးရမည့်လုပ် ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရ သည်။
အုတ်တွင်းမြို့နယ် အရှေ့ကွင်းကျေးရွာ၌ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မရှိသော ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရန် ခွင့် ပြုချက်ရေးတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ခွင့်ရရှိပါက အရှေ့ ကွင်းကျေးရွာရှိ ကျေးရွာသူကျေးရွာသားများသွား လာရေးလွယ်ကူစေပြီး လယ်ယာစိုက်ပျိုးမြေဧက ၈၀၀ ကို အကျိုးပြုမည်ဖြစ်ကြောင်း အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်ထံမှ သိရသည်။
30/05/2026
သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်ချေးပေး
===================================================
သံဖြူဇရပ်၊ မေ-၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝဲခမိကျေးရွာ၌ ဧကဒဿမအကြိမ်မြောက်မြစိမ်း ရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။
ရှေးဦးစွာ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ဆုသန္တာလင်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုး ကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဥပဒေ၊ နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံ ငွေကျပ် ၆၄ ဒဿမ ၃၀ သန်းကိုလွှဲပြောင်းပေး အပ်သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေး ရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဝဲခမိကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၁၁ ဦးကိုချေး ငွေကျပ် ၁၉ ဒဿမ ၈၀ သန်း၊မွေးမြူရေးလုပ်ငန်း လုပ်ငန်းဆောင်ရွက်သူ ၉ ဦးကိုချေးငွေကျပ် ၂၂ သန်း၊ အရောင်းအဝယ်လုပ်ငန်းဆောင်ရွက်သူ ၁၀ ဦးကိုချေးငွေကျပ် ၂၂ ဒဿမ ၅၀ သန်း၊ စုစုပေါင်းအသင်းသား အသင်းသူ ၃၀ ဦးထံသို့ ဧကဒဿမအကြိမ်မြောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းအ ရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၄ ဒဿမ ၃၀ သန်းကို အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး
29/05/2026
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ကမ္ဘာလုံးဆိုင်ရာဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ဖွံ့ဖြိုးရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး
============================================================================
နေပြည်တော် မေလ ၂၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs-MARA)မှ ကြီးမှူး၍ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ မေလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ Beijing International Convention Center တွင်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ် (GPPAD Forum)သို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် Liu Guozhong နှင့် ပါတီအဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Ministry of Agriculture and Rural Affairs မှ ဝန်ကြီး H.E Mr. ZHANG Zhu၊ ကမ္ဘောဒီးယား၊ ကိုလံဘီယာ၊ လိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မိုဇမ်ဘစ်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တောင်အာဖရိက၊ ဥဇဘက်ကစ္စတန်၊ အိုင်ဗရီကို့စ်တို့အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၅၄) နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးမှဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချရေးဗဟိုဌာန(IPRCC)မှ ကိုယ်စားလှယ် များ၊ UN အဖွဲ့အစည်း(၉)ခုမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံတက္ကသိုလ်တို့မှ ပါမောက္ခများ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Liu Guozhong က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ကြပါသည်။
ဆက်လက်ပြီး ပထမအကြိမ် ဆင်းရဲမှုလျော့ချရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကမ္ဘာ့မိတ်ဖက် အဖွဲ့ အစည်း ကော်မတီအစည်းအဝေးကို ကျင်းပကြရာ “ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်အဖွဲ့အစည်း” (Global Partnership for Poverty Reduction and Development Alliance) ကို တရားဝင် တည်ထောင်ကြောင်း ကြေညာခဲ့သည်။ မိတ်ဖွဲ့အဖွဲ့အစည်း တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းအကျိုးရှိရေးကို အခြေခံကာ ဆင်းရဲမှုလျှော့ချရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုတို့တွင် အတွေ့အကြုံဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပြီး အဆိုပါ အစည်းအဝေးတွင် GPPAD Charter ၊ ကော်မတီ ဥက္ကဌ နှင့် ဒုတိယဥက္ကဌများ ရွေးချယ်ခြင်း၊ GPPAD Action Plan တို့ကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် နေ့လယ်ပိုင်းတွင် ဖိုရမ်အား ခေါင်းစဉ် (၄) ခုခွဲ၍ Parallel Sessions ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်များက အုပ်စုခွဲ၍ ခေါင်းစဉ်အသီးသီးဖြင့် မိန့်ခွန်းပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက Sub-Forum 3: Social Equity and Inclusive Development ကဏ္ဍ၌ မိန့်ခွန်း ပြောကြားရာ မြန်မာနိုင်ငံ အနေဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်ဖွံ့ဖြိုးရေး နှင့် ရေရှည်တည်တံ့သော ဆင်းရဲမှုလျှော့ချရေးကို အားပေးကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စွမ်းအင်၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သမဝါယမ စီးပွားရေးကဏ္ဍများတွင် လက်တွေ့ကျသောစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းကာ ဆင်းရဲမှု လျှော့ချရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေးပတ်ဝန်းကျင် တည်ဆောက်သွားမည်ဖြစ် ကြောင်း အလေးပေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မေလ (၂၈) ရက်နေ့၌ ပေကျင်းမြို့၊ ပင်းကူးခရိုင်သို့ သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆောင်ရွက်ထားသော ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီစိုက်ပျိုးရေး၊ သန့်ရှင်းသောစွမ်းအင် အသုံးပြုမှုနှင့် လူနေမှုဘဝမြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများကို လေ့လာကြည့်ရှုခဲ့သည်။ ထို့ပြင် ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘဝတိုးတက်လာမှုနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသော လက်တွေ့ကျသည့် ဖွံ့ဖြိုးရေးစနစ်များကို ကြည့်ရှုလေ့လာခဲ့ပြီး ကျေးလက် ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတွေ့အကြုံများနှင့် အောင်မြင်မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေလ (၂၅)ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာခဲ့ပြီး မေလ(၂၉) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းဒါရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး ဦးရောင်တောက်ပင်းတို့က လိုက်ပါ ကြိုဆိုပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
29/05/2026
ရွှေဘိုခရိုင်၌ ဝင်ငွေတိုးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်
=====================================
ရွှေဘို၊ မေ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေဘိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ၌ ကျင်းပသည်။
အခမ်းအနားသို့ ရွှေဘိုခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရွှေဘိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ ၊သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပါ သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ရွှေဘိုခရိုင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီမံကိန်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ ရည်ရွယ်ချက်များနှင့်အကျိုးကျေးဇူးများ၊ လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့် ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက်ရွှေဘိုခရိုင် ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ရွှေဘိုခရိုင် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းတွင် အသုံးပြုမည့်သင်ထောက်ကူပစ္စည်းများနှင့်ကုန်ကြမ်းပစ္စည်းများကို သင်တန်းသားများ ကိုယ်စား သင်တန်းသူတစ်ဦးထံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ယခု ဝင်ငွေတိုးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်း သား(၁၂)ဦးအား စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံ၊ အခြေခံစက်နင်းနည်း၊ ကိုယ်တိုင်းနည်း၊ Pattern ဆွဲနည်း၊ အမျိုးသမီးဝတ်အင်္ကျီအမျိုးမျိုးချုပ်နည်း၊ သင်္ဘောသား အင်္ကျီချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ စကပ်ချုပ်နည်း စသည်တို့ကို (၂၉.၅.၂၀၂၆)ရက်နေ့မှ (၂၇.၆.၂၀၂၆) ရက်နေ့အထိ အခြေခံနှင့် (၃.၇.၂၀၂၆) ရက်နေ့မှ (၁၇.၇.၂၀၂၆) ရက်နေ့အထိ (မွမ်းမံ) သင်တန်းကို စာတွေ့ ၃၀% နှင့် လက်တွေ့ ၇၀% သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသူ (၅) ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများသုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
29/05/2026
မကွေးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
=================================
မကွေး မေ ၂၈
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လမ်း/တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို မေ ၂၇ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးသည် လွင်မြတ်ကန်ကျေးရွာအုပ်စု ကန်သစ်ကျေးရွာလုပ်ငန်းခွင်သို့ တာဝန်ရှိသူများနှင့် သွားရောက်ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းထွန်းဦးနှင့် မကွေးမြို့နယ် ဦးစီးအရာရှိ (မြို့ပြ)တို့က မကွေး-ရေနံချောင်းလမ်းမှ ကန်သစ်ကျေးရွာလမ်းပေါ်၌ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၃၇ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ရေကျော် တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၆ သန်းဖြင့် ကျောက်ကြီးစီ ကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert နှစ်စင်းတည်ဆောက်နေမှုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံ ငွေကျပ် ၁၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်ကြီးစီ ကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert တစ်စင်း တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး လမ်း/တံတားလုပ်ငန်းများကို မေ ၁ ရက် မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
29/05/2026
မကွေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
===============================================
29/05/2026
ကချင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
============================================
29/05/2026
ဧရာဝတီတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
==========================================================
Click here to claim your Sponsored Listing.
Location
Category
Contact the business
Website
Address
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရုံးအမှတ် (၁၆)၊ နေပြည်တော်
Naypyidaw
15015
