25/01/2021
Semi virtual meeting for Rakhine State Health Plan Development
State Health Plan is a guidance for the ITHP, wider consideration for whole township. The background idea and content are the same with Township Health Plan.
24/01/2021
Training 2nd day focus on Health Service delivery, supervision and Health budget management.
23/01/2021
As a part of NHP, development of ITHP is the key for the township level planning and budgeting for delivering essential health services to the community. Yakhine State Health Department held multiplier training workshop about developing ITHP with TMOs in Yakhine state.
NIMU join the workshop for technical support in developing ITHP at townships in Yakhine State.
12/12/2020
၁၂-၁၂-၂၀၂၀(စနေနေ့)
လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုနေ့(UNIVERSAL HEALTH COVERAGE DAY)
နှစ်စဉ် ဒီဇင်ဘာလ ၁၂ ရက်နေ့သည် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှုနေ့ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ထားရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံတွင် ၄င်းနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည်မှာ ၅ နှစ်ပြည့် ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ Health For all: PROTECT EVERYONE ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသားတိုင်းအား လက်ရှိ ဖြစ်ပွားလျက်ရှိသော COVID-19 ကပ်ရောဂါ အပါအဝင် ရောဂါအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုများ ရယူရာတွင် ငွေကြေးအခက်အခဲ မဖြစ်စေဘဲ အကာအကွယ်ပေးရန် ဖြစ်ပါသည်။ ထိုနေ့ အထိမ်းအမှတ်အဖြစ် ၁၁-၁၂-၂၀၂၀ ရက်နေ့ (သောကြာနေ့)တွင် ဝန်ကြီးဌာနမှ Semi-Virtual စနစ်ဖြင့် ပုံမှန်ကျင်းပသော Friday Health Talk တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လကိထောက်အတွင်းဝန် ဒေါက်တာ သန့်စင်ထူးမှ ၄င်းနေ့ ဖြစ်ပေါ်လာပုံအား အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့ပြီး ရုံးအမှတ် (၄၇)ရှိ ဝန်ထမ်းများမှ အသိပညာဆိုင်ရာ မေးခွန်းငယ်များကို ဖြေဆို၍ အထိမ်းအမှတ် လက်ဆောင်ပစ္စည်များကို မဲနှိုက်၍ ပေးအပ်ခဲ့ပါသည်။
12/12/2020
12.12.2020
Universal Health Coverage Day
HEALTH FOR ALL: Protect Everyone
08/12/2020
[English below]
📌📌📌 REMINDER!
Online Seminar:
"မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ကို ဖော်ဆောင်နိုင်ရန် လမ်းကြောင်းကိုပြန်လည်သုံးသပ်ခြင်း - ကွာဟချက်များ၊ COVID-19 ၏ သက်ရောက်မှုများနှင့် ရှေ့လျှောက်လမ်းစဥ်များ"
ကြာသပတေးနေ့ - ၁၀ ရက်၊ ဒီဇင်ဘာလ
သောကြာနေ့ - ၁၁ ရက်၊ ဒီဇင်ဘာလ
နေ့လည် ၁၂:၃၀ နာရီမှ ညနေ ၅ နာရီအထိ
မြန်မာဘာသာဖြင့် ဆွေးနွေးမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန် ထားရှိပေးသွားပါမည်။
Register at http://ow.ly/brd650Cyq2o
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့် မယ်တော်ဆေးခန်းတည်ထောင်သူဒေါက်တာစင်သီယာမောင်တို့မှ အဓိကမိန့်ခွန်း ပြောကြားပေးသွားမှာဖြစ်ပါသည်။
မှဦးဆောင်ပြီး မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ ရန်ကုန်တို့နှင့် ပူးပေါင်းကျင်းပပါသည်။ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကျွမ်းကျင်ပညာရှင်များ၏ဟောပြောချက်များလည်း ပါဝင်ပါသည်။
ပါဝင်နိုင်ဖို့ အားလုံးကိုဖိတ်ကြားအပ်ပါတယ်။
--
📌📌📌 REMINDER!
Online Seminar:
"Reimagining the Path to Universal Health Coverage (UHC) in Myanmar: Gaps, COVID-19 Impacts and the Way Forward"
Thursday 10th and Friday 11th December, 12.30 PM to 5.00 PM (Myanmar time)
In Burmese language with English interpretation.
Register at http://ow.ly/brd650Cyq2o
Keynote speeches to be delivered by H.E. Dr. Myint Htwe, Union Minister of Health and Sports, and Dr. Cynthia Maung, Founder of Mae Tao Clinic.
Organized by in partnership with the Ministry of Health and Sports, Myanmar, Department of Medical Research and the University of Public Health, Yangon. Featuring expert speakers from government, civil society and the private sector.
All welcome!