11/02/2026
အင်းတော်မြို့နယ်၊ နဘားကျေးရွာရှိ မြန်မာ့မီးရထား CDM နိုင်ငံ့ဝန်ထမ်းများအပေါ်
လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့ခြင်းအား ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း
ထုတ်ပြန်ကြေညာချက်
------------------------------------------------------------------------
၁။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၇) ရက်နေ့၊ ညနေ (၅) နာရီတွင် အင်းတော်မြို့နယ်၊ နဘားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် မြန်မာ့မီးရထား CDM နိုင်ငံ့ဝန်ထမ်း (၅) ဦး၊ CDM ကျောင်းသူ (၁) ဦးတို့အား ခေါ်ယူမေးမြန်း၍ ဖုန်းများကို စစ်ဆေးခြင်း၊ ယင်းသို့ စစ်ဆေးနေစဉ် ဝန်ထမ်း (၂) ဦးအား လက်ပြန်ကြိုးတုတ်၍ ဒူးထောက်ခိုင်း ထားပြီး ထိုးကြိတ်ခြင်း၊ ဝင်ရောက်ပြောဆိုသည့် သားဖြစ်သူ CDM ကျောင်းသားအား ဒူးထောက် ခိုင်း၍ ထိုးကြိတ်ခြင်း၊ ဝန်ထမ်း (၅) ဦးနှင့် ကျောင်းသူကို ခံဝန်လက်မှတ်ဖြင့် ရွာအပြင်မထွက်ရဟု ခြေချုပ်ထားရှိပြီး (၇) ရက်အကြာ (၂၄.၁.၂၀၂၆) ရက်နေ့တွင်မှ ပုံမှန်သွားလာခွင့်ပြုခဲ့သည်ဟု သိရှိရပါသည်။
၂။ နဘားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့သည် လက်ရှိကာလ တွင် နဘားကျေးရွာကို တာဝန်ယူအုပ်ချုပ်နေကြသော အဖွဲ့အစည်း ဖြစ်ပါသည်။ ယင်းကဲ့သို့ တာဝန်ရှိအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကျေးရွာအတွင်းနေထိုင်သည့် ပြည်သူများဖြစ်ကြ သည့် CDM နိုင်ငံ့ဝန်ထမ်းများနှင့် CDM ကျောင်းသား၊ ကျောင်းသူတို့အား သံသယဖြင့် ကျူးလွန် သော အထက်ပါလုပ်ရပ်သည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း ဖြစ်သည့် အပြင် CDM များအပေါ် ဥပဒေမဲ့ ကျူးလွန်ခဲ့မှုများအတွက် ကျွန်ုပ်တို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။
၃။ ယခုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကာယကံမြောက်ကျူးလွန်သူများမှ အစပြု၍ ပူး ပေါင်းဆောင်ရွက်သူများ၊ ထောက်ခံအားပေးသူများ၊ သွေးထိုးလှုံ့ဆော်သူများ၊ အမိန့်ပေးစေခိုင်း သူများ၊ ဆုံးဖြတ်ချက်ချမှတ်သူများနှင့် မူဝါဒချမှတ်သူများအထိ တာဝန်ရှိမှုအဆင့်ဆင့်ကို ကြီးမား သော သက်ရောက်မှုဖြစ်စေပါသည်။ ထိုမှတဆင့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ပြည်သူများ၏ ယုံကြည်မှုများ လျော့ရဲလာပါက တော်လှန်ရေးအတွက် ဆိုးရွားသော ထိခိုက်မှုကို ဖြစ်စေပါလိမ့်မည်။
၄။ သို့ဖြစ်ပါ၍ စစ်အာဏာရှင်ကို တိုက်ဖျက်၍ ဖက်ဒရယ်ဒီမိုကရေစနစ် တည်ဆောက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းနေသည့်ကာလတွင် ယခုကဲ့သို့ CDM နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အပေါ် ဥပဒေမဲ့လုပ်ရပ်များ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံ မဖြစ်ပွားစေရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အထူးအလေးပေး ဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက လေးလေးနက်နက် တိုက်တွန်းလိုက် ရပါသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ
#သတင်းပြန်ကြားရေးနှင့်မှတ်တမ်းထိန်းသိမ်းရေးဆပ်ကော်မတီ
#ထုတ်ပြန်ချက်
02/02/2026
ဦးထွန်းကိုကို
လက်မှတ်သိမ်း
တိုင်း ၃ မန္တလေးဘူတာကြီး
အသက် ၄၅နှစ် သည် ယနေ ၂.၂.၂ဝ၂၆တွင်
(မြန်မာ့မီးရထား CDMကြီး)ကွယ်လွန်ပါကြောင်း
ကြည့်ထားနော် CDMဝန်ထမ်းတွေရဲ့ နေဝင်ချိန် ရိုးသား ကြိုးစားခဲ့လို့ ပကာသနတွေ မရှိ
နေဝင်ချိန်မှာ လူမသိသူမသိဖြစ်ခဲ့ရတာတွေ ခင်ဗျားတို့တွေ
လိပ်ပြာလုံပါစေ
အရေးတော်ပုံ အောင်နေပြီ
Credit photo
10/01/2026
2026 ဇန်နဝါရီ 10ရက်
ကျောက်ပန်းတောင်းမြို့နယ် စင်မြင့်ကျေးရွာဇာတိ သား ဦးသန်းလွင်သည့် 2.1.2026 ပြာသိုလပြည့် အမေများနေ့တွင် ရန်ကုန်မှ ကိုယ်ပိုင်ကားဖြင့် မိဘကန့်တော့ရန် လာရောက်ပြီး ည 10နာရီ ဝန်ူကျင်တွင် လက်ပံပျားရွာဖက် ခဏ ထွက်ခွာရာ ထနောင်းကျင်း လမ်းခွဲ ပတ်ဝန်းကျင်တွင် စကမလက်အောက်ခံ စစ်သားများမှ လက်နက်ငယ်ဖြင့် ပစ်ခတ် ဖမ်းဆီးပြီ လက်ပံပျားရဲစခန်းအတွင်း ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။
၎င်းရဲစခန်းရောက်နေကြောင်းသိရှိထားရပြီ ပြန်လွှတ်မယ် ပြောသော်လည်း ပြန်ရောက် မလာပဲ 8.1.2026ရက်နေ့တွင် ရွှေအုန်းပင်လမ်းခွဲ အနီးတောစပ်တွင် အလောင်းကို မီးရှို့ ဖျက်ဆီးထားသည့်ပုံစံဖြင့် တွေ့ရှိ ရကြောင်းနှင့် ဦးသန်လွင် စီးခဲ့သည့် ကားကို လက်ပံပျားရဲစခန်းတွင် တွေ့ရှိရပြီ ကားထဲတွင်ပါသော ငွေ သိန်းထောင်ကျော်နှင့် Kpayထဲတွင်လည်း အများအပြားရှိကြောင့်နှင့် အဝေးမတဲ့သော ဖရဲသီးထံမှ သတင်းရရှိပါသည်။
06/01/2026
အဘရေ AIကတော့ နိမိတ်တွေပြနေပြီ ယတြာတွေ ဘာတွေ ညာတွေ လုပ်ဦး 😂
Credit to original photo
28/10/2025
အခုချိန်မှာ ဒီအနုပညာရှင်များစွာကို Boycott လုပ်နေတာ အောင်မြင်ပါတယ်
တချိူ့ဆို Comment ပိတ် အကောင့် Deactivate လုပ်ထားတဲ့ အနေအထားမှာ ရှိပါတယ်
ကျွန်တော်တို့အနေနဲ့က အာဏာရှင်နဲ့ သူတို့အပေါင်းအပါ နယ်ပယ်အသီးသီးကို တော်လှန်နေတာမို့
ရောက်ရာကဏ္ဍ သို့မဟုတ် ရရာကဏ္ဍကနေ
ပါဝင်ကြပါ ပူးပေါင်းကြပါ
အထူးသဖြင့် တော်လှန်ရေးအပေါ် ယုံကြည်ကြပါ
ဖက်ဆစ်အကြမ်းဖက် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ကြပါ
ကျွန်တော်တို့တွေဟာ ပန်းနဲ့လည်းပေါက်ခဲ့ပြီးပါပြီ (ဥပမာ ပန်းသပိတ်ဆန္ဒပြခြင်း)
အခုချိန်မှာ ရာစုနှစ်တစ်ခုကြာ လက်နက်အင်အားပြည့်စုံ ရှိတဲ့ ဖက်ဆစ် စစ်တပ်ကို ဂန်း(gun)နဲ့လည်း တော်လှန်နေပါပြီ။
ကိုယ့်သားမြေး ကောင်းစားဖို့ ကျွန်တော်တို့တော်လှန်ရမှာ ဖြစ်တဲ့အတွက်
အဖက်ဖက်က ပူးပေါင်းပါဝင်တော်လှန်ပေးဖို့
မေတ္တာရပ်ခံပါတယ်
ငါတို့မှာ ငါတို့ပဲရှိတယ်။
Credit photo
28/09/2025
ရဲဘော်တို့ Report ညီရအောင်
✌️
22/06/2025
နိုင်ငံရေးအကြောင်းပြောရအောင်
ဆရာကြီးတော့မဟုတ် နိုင်ငံရေးအကျဉ်းသားဆိုတော့ သိတာပြောပြမယ်
ဦးကိုနီ အသတ်ခံရတာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကိုထုံးလိုမွှေရေလိုနှောက် သိခဲ့လို့
သတ်တဲ့ကောင်က တိုက်ထဲမှာ အခန့်သား ရှယ်နေထိုင်ရလို့ ခုဆို လွတ်လောက်ပြီလားမသိ ငါထောင်ထဲတုန်းက လွတ်တော့မယ်လို့ကြားတယ်
ထားပါတော့ ပညာရှင်တစ်ယောက်နိုင်ငံစုတ်ယုတ်သွားတယ်
ဘဘကြီး ဟံသာ၀တီ ဦး၀င်းတင်၊
မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်ဇော်(ဒေါက်တာ ဇော်မြင့်မောင်) ငါတို့နိုင်ရင် မန္တလေးကျုံးကို လမ်းလျှောက်ပြန်မယ့်ထဲ သူမပါတော့ဘူး သူပြောနေကြစကားလေးပါ၊
ကိုဖြိုးဇေယျာသော် နောက်ဆို အမေစု ရှေ့က အပြေးအလွှားပုံရိပ် ငါတို့မမြင်ကြရတော့ဘူး
ဘာလို့ ဒါတွေပြောနေလဲဆိုတော့ ငါ့အတွက် လေးစားရတဲ့သူတွေမို့ရေးနေတာ။
ငါအဖမ်းခံရတုန်းက စစ်ခွေးရဲခွေးတွေမေးတဲ့ အဘွားကြီး ကုလား...ဆိုပြီး မင်းတို့ ကိုးကွယ်နေတဲ့ ဒေါ်စုက ခုမင်းကို လာကယ်နိုင်လားတဲ့ အာ့မေးခွန်း ငါ မမေ့ဘူး
အေး ငါတို့က ငါတို့ခေါင်းဆောင်တွေကို ကယ်ရမှာ
စစ်ဘီလူးကို မေတ္တာပို့လို့မရဘူး
ဟိုဟို ဒီဒီ အစိုးရ ငါတို့နားမလည်ဘူး
ငါတို့နိုင်မှ federal democracy ရမှာ
အာ့တော့ သွေးအေးရင် ဆွေးနွေးစရာမရှိဘူး
ငါတို့မှာ ငါတို့ပဲရှိတယ်
ငါတနေ့ အမေစု တခုခုဖြစ်ရင်
ငါ စခ ရခတွေကို အသေခံလာသတ်မယ်
ငါ့ရှေ့မှာ အလံဖြူမရှိစေရ ဒူးထောက် လက်မြှောက် အညံ့ခံ မှုမရှိစေရ
ထောင်ထဲမှာတောင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘွဲ့(Political activist)ရခဲ့သေးတာပဲ
အေး ရူးရင် မင်းတို့ထက်ပိုရူးပြမယ် အာ့ကျ Geneva Conventionsလည်း ဂရုမစိုက်ဘူး တွေ့မယ်
ငါ တော်လှန်ရေးလက်နက်ကိုင် လုပ်တဲ့နေ့
အမေစု ကျန်းမာပါစေ
တော်လှန်ရေး အမြန်ဆုံးပြီးပါစေ
အာဏာရှင် အသေဆိုးနဲ့သေပါစေ
23/04/2025
ဘဘကြီး အသရေစည်သူ မင်းအောင်လှိုင်တို့ ဟို အဂ္ဂမဟာဆိုလား ဘာလားညာလားမသိ စိုး၀င်းတို့၊
ဘဘလေး ဇော်မဲလုံးတို့ကို ပြောချင်ပါတယ်
ကျွန်တော်တို့ဗမာကိစ္စ "ဗမာချင်းဖြေရှင်းရအောင်" လေ ဘာလို့ ပထွေးတပ်ကူခေါ်တာလဲ
တချိန် PDFတွေ စ တော်လှန်တုန်းက ငါက ထောင်ထဲမှာ နိုင်ကျဉ်း(နိုင်ငံရေးအကျဉ်းသား) MWD မြ၀တီရဲ့ channel ထောင်ထဲမှာ အမြဲနားထောင်တယ် မကြိုက်လို့ နားမထောင်ချင်ဘူးမဟုတ်ဘူး ရန်သူ့ဘက်က တင်ဆက်မှုကို ဟာသအနေနဲ့ ရော သတင်းပါ ဆန့်ကျင်ဘက်တွေးနိုင်လို့ ကြည့်တာ လုပ်ပါ ကိုယ့်လူအချင်းချင်းပဲ ဖြေရှင်းမယ်
ဟ ဟ ဟ ဟ😂
ဘာလဲ လားရှိုးကို တရုတ်အားကိုးနဲ့ MNDAAကို တပ်ဆုတ်ခိုင်းပြီး ကားအစီး ၆၀နဲ့၀င်လာတာ ဟုတ်လား
မှတ်သားလောက်ပါတယ် အဘရယ် ခင်ဗျားမနိုင်တော့ဘူး
ထွက်ပေါက်ရှာထား
အဘဆိုတော့ ဟို ဘိုးမင်းခေါင် ဘာညာသာရကာလား
ထွက်ပေါက် အရင်ထွက်ဘာညာ မရဘူးနော်
တစ်မိသားစုလုံး ☠️💀