National Library of Myanmar - Nay Pyi Taw

National Library of Myanmar - Nay Pyi Taw

Share

National Library of Myanmar
Nay Pyi Taw
www.nlmnpt.gov.mm

Photos from National Library of Myanmar - Nay Pyi Taw's post 04/03/2026

စာကြည့်တိုက်လေ့လာရေးလာရောက်ခြင်း
***********************
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၅

၂၅.၂.၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ အဝါရောင်မျိုးဆက်သစ်လူငယ်များ ပရဟိတ အသင်း၊ ပရဟိတမိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်း(YGW)မှ ကျောင်းသား/သူ(၅၀)ဦး၊ ကြီးကြပ်သူ ဆရာ/မ (၈)ဦး၊ စုစုပေါင်း(၅၉)ဦးတို့သည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ လေ့လာရေးလာရောက်ခဲ့ရာ စာကြည့်တိုက်ဝန်ထမ်းများက စာကြည့်တိုက်အကြောင်း မိတ်ဆက်ခြင်း၊ စာကြည့်တိုက်အတွင်း လိုက်လံရှင်းလင်းပြသခြင်း၊ အီလက်ထရွန်နစ်စာဖတ်ခန်းတွင် e-resources အသုံးပြုခြင်းနှင့် စာရှာခြင်းများကို ရှင်းလင်းပြသ၍ စာအုပ်များ ဖတ်ရှုစေခြင်း၊ စာကြည့်တိုက်ဝန်ထမ်းများက စာဖတ်ပြခြင်း၊ ကျောင်းသား/သူများအား ကြိုက်နှစ်သက်ရာစာအုပ်များ ဖတ်ရှုစေခြင်း၊ ဖတ်ရှုခဲ့သော စာအုပ်အကြောင်း ပြန်လည်ဖတ်ပြပြောပြခြင်း၊ ဆုလက်ဆောင်များ ပေးအပ်ခြင်း စသည့် အစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

၂၅-၂-၂၀၂၆
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
www.nlmnpt.gov.mm

17/02/2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇ဝ)ပြည့် အထိမ်းအမှတ်စာစောင်တွင် ထည့်သွင်းထုတ်ဝေရန် အတွက် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများ ဖိတ်ခေါ်ခြင်း
***********************************


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇ဝ)ပြည့်အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလအတွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်စာစောင် ထုတ်ဝေ သွားမည်ဖြစ်ပါသဖြင့် စာစောင်တွင် ထည့်သွင်းရန်အတွက် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ရေးသားပေးပို့နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-

ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများကို မည်သူမဆို ရေးသားပေးပို့နိုင်ပြီး ကဗျာများကို A4 ဆိုဒ် စာမျက်နှာ ၁ မျက်နှာ၊ ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ၊ ဝတ္ထုများကို A4 ဆိုဒ် စာမျက်နှာ အများဆုံး ၁ဝ မျက်နှာခန့်နှင့် စာတမ်း များကို A4 ဆိုဒ် စာမျက်နှာ အများဆုံး ၁၅ မျက်နှာခန့် (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ) တို့အား ကွန်ပျူတာစာလုံး (Pyidaungsu Font)၊ စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅(Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် တစ်လက်မပတ်လည် (Margins 1"ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်ဖြစ်ပြီး အခြား မှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရန်၊ ပုံနှိပ်ဖော်ပြထား ပြီးသော စာမူများမဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော စာမူဖြစ်ကြောင်း ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်းတို့ကို ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများနှင့်အတူ ပေးပို့ရန်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တရားဝင် အသုံးပြုခွင့်ပေးရန်နှင့် ရွေးချယ်ခံရခြင်း မရှိသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများအား ဆက်သွယ်ပြန်ကြားသွားမည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများ ပေးပို့ရာတွင် စာမူ Hard + Soft Copy (Word + Pdf) တစ်စုံစီ၊ အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံသုံးပုံ (၁.၅" x ၂" ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ်အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ရုံးအမှတ် ၃၅၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄ဝ၈၃၈၄၊ ၀၆၇-၃၄၀၈၄၃၇၊ အီးမေးလ် [email protected] သို့ ၂၀၂၆ ခုနှစ် မတ်လ ၂ဝ ရက်၊ သောကြာနေ့ နောက်ဆုံးထား ၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။ (အချိန်ကာလကန့်သတ်ချက်အရ သတ်မှတ်ရက်ထက် ကျော်လွန်ပြီး ပေးပို့လာသော၊ သတ်မှတ်ချက်များနှင့် မပြည့်စုံသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများအား ထည့်သွင်းဖော်ပြပေးနိုင်ခြင်း မရှိသည်ကို သိရှိနားလည်ပေးနိုင်ပါရန် တစ်ပါတည်းဖော်ပြအပ်ပါသည်။)


*
အထိမ်းအမှတ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများ ထုတ်ဝေရေးဆပ်ကော်မတီ

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

Photos from National Library of Myanmar - Nay Pyi Taw's post 03/02/2026

စာကြည့်တိုက်လေ့လာရေးလာရောက်ခြင်း
************************

နေပြည်တော်၊ ဇန်နဝါရီလ ၃၀

၃၀.၁.၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(ခွဲ)ရွှေနံ့သာမှ ကျောင်းသား/သူ (၅၀)ဦးနှင့်ကြီးကြပ်သူ ဆရာမ (၄)ဦး၊ စုစုပေါင်း(၅၄)ဦးတို့သည် အမျိုးသား စာကြည့်တိုက် (နေပြည်တော်)သို့ လေ့လာရေး ရောက်ရှိရာ အမျိုးသားစာကြည့်တိုက်မှ စာကြည့်တိုက်ဝန်ထမ်းများက စာကြည့်တိုက်အကြောင်း မိတ်ဆက်ခြင်း၊ စာကြည့်တိုက် အတွင်း လိုက်လံရှင်းလင်းပြသခြင်း၊ အီလက်ထရွန်နစ်စာဖတ်ခန်းတွင် e-resources အသုံး ပြုခြင်း နှင့်စာရှာခြင်း များကို ရှင်းလင်းပြသခြင်း၊ ပုံပြင်များဖတ်ပြခြင်း၊ ဉာဏ်စမ်းမေးခွန်း များဖြေဆို၍ ဆုလက်ဆောင်များပေးအပ်ခြင်းနှင့် ဂိမ်းကစားခြင်းစသည့် လှုပ်ရှားမှုအစီ အစဉ်များကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများကို အဆာပြေမုန့်များ ဧည့်ခံ ကျွေးမွေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

၃၀-၁-၂၀၂၆
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
www.nlmnpt.gov.mm

Photos from National Library of Myanmar - Nay Pyi Taw's post 03/02/2026

စာကြည့်တိုက်လေ့လာရေးလာရောက်ခြင်း
*******************

နေပြည်တော်၊ ဇန်နဝါရီလ ၂၇

၂၇.၁.၂၀၂၆ ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အ.ထ.က(၇)မှ ကျောင်းသား/သူ (၅၀)ဦးနှင့် ကြီး ကြပ်သူ ဆရာမ (၄)ဦး၊ စုစုပေါင်း(၅၄)ဦးတို့သည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ လေ့လာရေး ရောက်ရှိရာ အမျိုးသားစာကြည့်တိုက်မှ စာကြည့်တိုက်မှူး များက စာကြည့်တိုက်အကြောင်းမိတ်ဆက်ခြင်း၊ စာကြည့်တိုက်အတွင်း လိုက်လံရှင်းလင်း ပြသခြင်း၊ အီလက်ထရွန်နစ်စာဖတ်ခန်းတွင် e-resources အသုံးပြုခြင်း နှင့်စာရှာခြင်း များကို ရှင်းလင်းပြသခြင်း၊ ပုံပြင်များဖတ်ပြခြင်း၊ ဉာဏ်စမ်းမေးခွန်းများဖြေဆို၍ ဆုလက် ဆောင်များပေးအပ်ခြင်းနှင့် ဂိမ်းကစားခြင်းစသည့် လှုပ်ရှားမှုအစီအစဉ်များကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများကို အဆာပြေမုန့်များ ဧည့်ခံကျွေးမွေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

၂၇-၁-၂၀၂၆
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
www.nlmnpt.gov.mm

08/05/2025

အသိပေးကြေညာချက်
*********************

၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သည့်
ငလျင်ကြောင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ထိခိုက်ပျက်စီးခဲ့သော စာဖတ်ခန်းများနှင့် စာအုပ်စင်ခန်းများကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေပါသဖြင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) အား ခေတ္တယာယီ ပိတ်ထားမည်ဖြစ်ပါကြောင်းနှင့် ပြန်လည်ဖွင့်လှစ်မည့်အချိန်တွင် ထပ်မံအသိပေးသွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများကို အသိပေး‌ကြေညာအပ်ပါသည်။

Photos from National Library of Myanmar - Nay Pyi Taw's post 28/03/2025

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) စာအုပ်မိတ်ဆက်ကဏ္ဍ
***********************************************
စာအုပ်အမည် - မင်းတုန်းမင်းတရားကြီးနှင့် မြနန်းစံကျော်ရွှေနန်းတော်
စာရေးသူ - သန်းဝင်းလှိုင်
အကြိမ် - ၂ ကြိမ်
ထုတ်ဝေသည့်နေရာ - ရန်ကုန်
ထုတ်ဝေသူ - လမ်းပြကြယ်စာပေ
ထုတ်ဝေသည့်ခုနှစ် - ၂၀၂၀
စာမျက်နှာ၊ အရွယ်အစား - ၁၃၉ စာမျက်နှာ၊ ပုံများ၊ ၂၁ စင်တီမီတာ
တန်ဖိုး - ၂၅၀၀ ကျပ်
မြို့တည်နန်းတည်ရခြင်းအကြောင်း၊ သမ္ဗုဒ္ဓေအင်း၊ အဋ္ဌဇေယျမင်္ဂလာအင်း၊ သတ္တရတာနာအင်း၊ စုလ္လသီရိအဋ္ဌမုတ်အင်း အပါအဝင် အင်းများမြှုပ်နှံပုံ၊ အတုမရှိကျောင်းတော်ကြီးအကြောင်း၊ ကျုံးအမျိုးအစား များ၊ တည်ဆောက်ထားပုံနှင့် မန္တလေး ရတနာပုံရွှေမြို့တော်၏ ကျုံးတော် အကြောင်း၊ မြေနန်းပြာသာဒ်တော် နှင့် အဆောင်တော်များအကြောင်း၊ ဒင်္ဂါးစက်ရုံအကြောင်း၊ မင်းတုန်းမင်းတရားကြီး၏ ငယ်ဘဝ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် သာသနာတော်ဆိုင်ရာ ဆောင်ရွက်ချက်များကို စုစည်းဖော်ပြထားသည်။

၂၆.၃.၂၀၂၅
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
www.nlmnpt.gov.mm

Photos from National Library of Myanmar - Nay Pyi Taw's post 22/03/2025

Online Digital Library တွင် ဝင်ရောက်ဖတ်ရှုနိုင်သည့် ရှားပါးစာနယ်ဇင်းများ - ၁၀
ဂန္ထလောက မဂ္ဂဇင်း (THE WORLD OF BOOKS) - ၄ (၁၉၃၅-၁၉၃၆)
*********************************

အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၏ Online Digital Library တွင် ဝင်ရောက် ဖတ်ရှုနိုင်သော ၁၉၂၈ ခုနှစ်မှ ၁၉၃၄ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဂန္ထလောကမဂ္ဂဇင်း တချို့၏ Link များကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်၍ ၁၉၃၅ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဂန္ထလောကမဂ္ဂဇင်းတချို့၏ Link များကို ဖော်ပြအပ်ပါသည် -

၁။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၁၊ မှတ် ၁၂၁ (ဖေဖော်ဝါရီ ၁၉၃၅)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230260/8887

၂။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၁၊ မှတ် ၁၂၂ (မတ် ၁၉၃၅)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230262/8888

၃။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၁၊ မှတ် ၁၂၄ (မေ ၁၉၃၅)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230264/8889

၄။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၁၊ မှတ် ၁၂၈ (စက်တင်ဘာ ၁၉၃၅)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230265/8890

၅။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၁၊ မှတ် ၁၂၉ (အောက်တိုဘာ ၁၉၃၅)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230266/8891

၆။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၁၊ မှတ် ၁၃၁ (ဒီဇင်ဘာ ၁၉၃၅)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230268/8892

၇။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၁၊ မှတ် ၁၃၂ (ဇန်နဝါရီ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230269/8893

၈။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၃၃ (ဖေဖော်ဝါရီ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230270/8894

၉။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၃၄ (မတ် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230275/8895

၁၀။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၃၅ (ဧပြီ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230276/8896

၁၁။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၃၆ (မေ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230277/8897

၁၂။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၃၇ (ဇွန် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230278/8898

၁၃။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၃၈ (ဇူလိုင် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230279/8900

၁၄။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၃၉ (ဩဂုတ် ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230280/8899

၁၅။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၄၀ (စက်တင်ဘာ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230385/8971

၁၆။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၄၁ (အောက်တိုဘာ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230386/8972

၁၇။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၄၂ (နိုဝင်ဘာ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230387/8973

၁၈။ ဂန္ထလောက ၊ The World of Books ၊ တွဲ ၂၂၊ မှတ် ၁၄၃ (ဒီဇင်ဘာ ၁၉၃၆)
ဖတ်ရှုရန် - https://eresources.nlmnpt.gov.mm/resourcedetail/230388/8974

၂၂-၃-၂၀၂၅
အမျိုးသားစာကြည့်တိုက် (နေပြည်တော်)
www.nlmnpt.gov.mm

----------------------------------------
----------------------------------------

ယခင်က ဖော်ပြခဲ့သည့်
ဂန္ထလောက မဂ္ဂဇင်း (THE WORLD OF BOOKS) - ၁
https://www.facebook.com/permalink.php?story_fbid=pfbid02JztzGHjKZBc5kQ8djxpYxmvupvT8rVVwkiNbBhW7DkMZE4mW6doNF6463vqbf7xzl&id=100081282856417

ဂန္ထလောက မဂ္ဂဇင်း (THE WORLD OF BOOKS) - ၂
https://www.facebook.com/permalink.php?story_fbid=pfbid0WyvizzRwC9maNtWQ5a2bXNzyEYktajZCd3xzmZBd4AcDzbaPmgmhJJJG9PZcUFsyl&id=100081282856417

ဂန္ထလောက မဂ္ဂဇင်း (THE WORLD OF BOOKS) - ၃
https://www.facebook.com/permalink.php?story_fbid=pfbid022iNCETy1pTH3yB7JEbD8wKYCRwgSYJTV3migzBLVZdDN8hhCgT5yHxwD4W2SDHPCl&id=100081282856417

Photos from National Library of Myanmar - Nay Pyi Taw's post 19/03/2025

စာအုပ်မိတ်ဆက်ကဏ္ဍ
********************

စာအုပ်အမည် - မြန်မာ့ရိုးရာယဉ်ကျေးမှုသိမှတ်စရာများ

စာရေးသူ - စိုးမြင့်လတ်

ထုတ်ဝေသည့်နေရာ - ရန်ကုန်

ထုတ်ဝေသူ - စိတ်ကူးချိုချိုစာပေ

ထုတ်ဝေသည့်ခုနှစ် - ၂၀၂၀

စာမျက်နှာ၊ အရွယ်အစား - ၁၅၁ စာမျက်နှာ၊ ၁၉ စင်တီမီတာ

တန်ဖိုး - ၁၈၀၀ ကျပ်

ရတနာသုံးပါးအကြောင်း၊ ရိုးရာပုံပြင်၊ ယိမ်းအက၊ ဗောဓိပင်၊ ဗြော၊ ပတ္တလား၊ ပလ္လင်၊ မော်ကွန်း၊ စောင်းကောက်၊ ဆယ့်နှစ်ရာသီပွဲတော်များအကြောင်း၊ ဆိုင်းဝိုင်း၊ ဆံထုံး၊ ဇာတာ၊ တေးထပ်၊ တျာချင်း၊ ထမနဲပွဲ၊ ဓမ္မစကြာသုတ္တန်၊ ဓမ္မပဒ၊ နိကာယ်ငါးပါး၊ ဘိသိတ်မင်္ဂလာ၊ ဘုရားကိုးဆူ၊ မင်းမြှောက် တန်ဆာ ငါးပါး၊ မင်္ဂလာတရား ၃၈ပါး၊ မြင်းခင်သဘင်ပွဲ အပါအဝင် ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာရေး၊ စာပေ ဆိုင်ရာသိမှတ်ဖွယ်ရာများကို စုစည်းဖော်ပြထားသည်။

၁၉.၃.၂၀၂၅
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
www.nlmnpt.gov.mm

Photos from National Library of Myanmar - Nay Pyi Taw's post 08/03/2025

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ အသစ်ရောက်ရှိလာသောစာအုပ်များ
**********************************************************
၁။ကလေးများပင်ကိုယ်ဉာဏ်ရည်နဲ့ပါရမီဉာဏ်စွမ်းထက်သန်ရေးအမေးအဖြေ စာအုပ်/ ကောင်းသာ။ ဂျူတီစာပေ၊ ၂၀၂၄။
၂။ကျေးဇူးသိသူများ(၃)။ ဂျူတီစာပေ၊ ၂၀၂၄ ။
၃။စာဖတ်ခြင်းနှင့်အစ္စလာမ့်အမြင်/မော်လဝီမုဟမ္မဒ်ဗင်န်အီဗရာဟင်မ်။ ရွှေစာပေ၊ ၂၀၂၄။
၄။စာရေးဆရာအောင်လင်းရာပြည့်အကြိုအမှတ်တရဂုဏ်ပြုအလွမ်းစာစုများ / ဂျူတီစာပေ၊ ၂၀၂၄။
၅။စိတ်မပူပါနဲ့/ဂျွန်။ ဂျူတီစာပေ၊ ၂၀၂၄။
၆။ဆော်လ်မွန်ဘုရင်ကြီး၏စိန်တွင်းများ/တီချယ်လှိုင်။ ဂျူတီစာပေ ၊ ၂၀၂၄။
၇။တိုက်ပွဲဝင်စာများ/ သိန်းဖေမြင့်။ တတိယအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၅။
၈။ထီးနှင့်အခြားအိန္ဒိယဝတ္ထုတိုများ/အထောက်တော်လှအောင်။စတုတ္ထအကြိမ်။ စိတ်ကူးချိုချို စာပေ၊ ၂၀၂၄။
၉။ဒေါင်းလန်းကြီးနှင့်အတွေးအမြင်စာစုများ/ထွန်းလွင်(ချောင်းဦး)။ စနေဦးစာပေ၊ ၂၀၂၄။
၁၀။နွေတစ်ည/နိုင်ဝင်းဆွေ။ ပဉ္စမအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၄။
၁၁။ပျံလေသည့်ငှက်ခါး/နတ်နွယ်။ စတုတ္ထအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၄။
၁၂။မြန်မာ့မျက်ပွင့်စာဓလေ့/ဇေယျ။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၄။
၁၃။ရှေ့နေပြာဂလောင်/ကာတွန်းတင်အောင်နီ။ ဂျူတီစာပေ၊ ၂၀၂၄။
၁၄။သမုဒယမော်ကွန်းတွင်ရစ်စေသတည်း၊ ငြိမ်းကျော်။ စတုတ္ထအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၄။
၁၅။သာယာရှေးရှုမိသားစု/ မောင်ဘီ။ ဂျူတီစာပေ၊ ၂၀၂၄။
၁၆။အနုစကြဝဠာနှင့်မဟာစကြဝဠာ/ဗန်းမော်တင်အောင်။ ပဉ္စမအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၄။
၁၇။အလွမ်းပြေတစ်ခေါက်ခရီးသွားဆောင်းပါးများ/မောင်သာနိုး။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၄။
၁၈။ပန်းချီပုံဆွဲစတင်လေ့ကျင့်သူများအတွက်အလွယ်ဆုံးပုံဆွဲလမ်းညွှန်။ ဂျူတီစာပေ၊ ၂၀၂၄။
၁၉။အသေးအမွှားအရေးမထားဖို့နည်းလမ်း (၁၀၀)/မောင်ဆုရှင်။ သုနန္ဒာစာပေ၊ ၂၀၂၄။
၂၀။အာယုနှင့်မေမေလတ်/သာဓု။ တတိယအကြိမ်။ စိတ်ကူးချိုချိုစာပေ၊ ၂၀၂၄။

၇.၃.၂၀၂၅
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
www.nlmnpt.gov.mm

Photos from National Library of Myanmar - Nay Pyi Taw's post 06/03/2025

ကလေးစာကြည့်တိုက်အစီအစဉ်
*******************************
ဒီတစ်ပတ်ကလေးစာကြည့်တိုက် အစီအစဉ်ကနေ ကလေးများအတွက် စိတ်ဝင်စားဖွယ်ရာ ပုံပြင်တစ်အုပ်ကို မိတ်ဆက် တင်ပြပေးလိုက်ပါတယ်-

စာအုပ်အမည် - မိတ်ဆွေကောင်းအပါအဝင် တိရစ္ဆာန်ပုံပြင်များ
စာရေးသူ - ဇလွန်ကျော်ဦး
ထုတ်ဝေသည့်နေရာ - ရန်ကုန်
ထုတ်ဝေသည့်စာပေတိုက် - မြင့်မိုရ်မေမေစာပေ
ထုတ်ဝေသည့်ခုနှစ် - ၂၀၂၃
စာမျက်နှာ၊ အရွယ်အစား(စင်တီ) - ၁၆၀ စာမျက်နှာ၊ ၁၉ စင်တီ
အုပ်ရေ - ၁၀၀၀ အုပ်
တန်ဖိုး - ၁၀၀၀ ကျပ်

ဖားကလေးနေထိုင်စားသောက်သည့် ရေကန်ထဲမှ အစားအစာများကို လိမ်လည်လှည့်ဖြား၍ စား သောက်နေသည့် ကျီးကန်းကိုမြင်ပြီး ဗျိုင်းကလေးက ဖားကို အကူအညီပေးခဲ့ပုံ အကြောင်းရေးသားထား သည့် “ဖားကလေးနှင့် မိတ်ဆွေကောင်း” ပုံပြင်၊ ငှက်ကလေးသည် အလွန်ပျင်းသောကြောင့် ငယ်ရွယ်စဉ် အချိန်တွင် မိဘများထံမှ အစာရှာဖွေခြင်းအတတ်ပညာကို မသင်ကြားခဲ့သဖြင့် အရွယ်ရောက်လာသည့် အခါတွင်အစာရှာဖွေရန် ခက်ခဲ၍ဒုက္ခရောက်ရပုံ အကြောင်းရေးသားထားသည့် “ငှက်ကလေးငပျင်း” ပုံပြင် နှင့် ကြက်ကလေးရွှေဝါသည် မိမိ၏အလှအပကို မာန်တက်၍ မကြွားဝါသင့်ဘဲ ကြွားဝါခဲ့သောကြောင့် ဒုက္ခရောက်ရပုံ အကြောင်းရေးသားထားသည့် “အကြွားသန်တဲ့ ရွှေဝါ” ပုံပြင် အပါအဝင်ပုံပြင်(၁၁)ပုဒ်ကို စုစည်းဖော်ပြထားသည်။
၆.၃.၂၀၂၅
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
www.nlmnpt.gov.mm

Photos from National Library of Myanmar - Nay Pyi Taw's post 05/03/2025

အမျိုးသားစာကြည့်တိုက် (နေပြည်တော်) စာအုပ်မိတ်ဆက်ကဏ္ဍ
**************************************
စာအုပ်အမည် - တိုင်းရင်းမြန်မာလူကျော်များ
စာရေးသူ - မောင်ဇေယျာ
ထုတ်ဝေသည့်နေရာ - ရန်ကုန်
ထုတ်ဝေသူ - ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်ခုနှစ် - ၂၀၂၂
စာမျက်နှာ၊ အရွယ်အစား - ၁၇၄ စာ၊ ပုံများ၊ ၂၁ စင်တီမီတာ
တန်ဖိုး - ၄၀၀၀ ကျပ်
မှတ်ချက် - စာရေးသူ၏ အမှာစာပါရှိသည်။ ပုဂ္ဂိုလ်အမည်အညွှန်း ပါရှိသည်။ ကျမ်းကိုးစာရင်း ပါရှိသည်။
ညောင်ရွှေစော်ဘွား ဆာစဝ်မောင်(၁၈၄၇-၁၉၂၆)၊ ဇီဝိဒါနအခမဲ့ဆေးရုံစတင်သူ ဦးဘအေး (၁၈၇၇-၁၉၄၈)၊ တို့ဗမာအစည်းအရုံးနာယက လယ်တီပဏ္ဍိတ ဦးမောင်ကြီး(၁၈၇၉-၁၉၃၉)၊ မြူနီစီပယ် မင်းကြီး ဒေါက်တာဦးဆက်(၁၈၈၄-၁၉၆၄)၊ မြန်မာ့လူမှုရေးမိခင် ဒေါ်တီတီလုစ်(၁၈၉၅-၁၉၈၂)၊ ချင်းအမျိုးသား ခေါင်းဆောင် ဦးဝမ္မးသူးမောင်း(၁၉၀၀-၁၉၆၆)၊ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင် (၁၉၀၃-၁၉၄၇)၊ မြန်မာ့သားကောင်းရတနာ ဦးရာရှစ်(၁၉၁၂-၁၉၇၈)၊ ကဗျာစာဆိုသံအမတ် ဦးမြစိန် (၁၉၁၆-၁၉၉၀) အပါအဝင် နိုင်ငံရေး၊ လူမှုရေး၊ စာပေ နယ်ပယ်အသီးသီးရှိ ထင်ရှားသော တိုင်းရင်းမြန်မာပုဂ္ဂိုလ်ကျော် (၂၇) ဦး တို့၏ အတ္ထုပ္ပတ္တိအကျဉ်းများကို သက္ကရာဇ်အလိုက် စီစဉ်၍ ရေးသားပြုစုထားသော စာအုပ် ဖြစ်သည်။
၅.၃.၂၀၂၅
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
www.nlmnpt.gov.mm

Photos from National Library of Myanmar - Nay Pyi Taw's post 05/03/2025

ပေစာ၊ ပုရပိုက်ဆိုင်ရာ ဗဟုသုတအစီအစဉ်
***************************
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် ထိန်းသိမ်းထားရှိသော ပေစာကျမ်းများအနက်မှ အောက်ဖော်ပြပါ ပေစာကျမ်းအား အများပြည်သူ ဗဟုသုတရရှိစေရန် ရှာဖွေဖော်ထုတ် တင်ပြအပ်ပါသည်-

ပေစာကျမ်းအမည် - ကျောက်ကျမ်း(ဆေးကျမ်း)
အမျိုးအစား - မျဉ်းဖြူပေ
ရေးကူးပြီးသောခုနှစ်(ကျမ်းပြီး/ပေကူး) - ကျမ်းပြီးမပါ၊ ပေကူးမပါ
စာမျက်နှာအရေအတွက် - [၃၆ စာမျက်နှာ]
စာကြောင်းအရေအတွက် - ၈ကြောင်းရေး
အရွယ်အစား - ၂၀ x ၆ စင်တီ
တိုက်ပိုင်အမှတ် - သမိုင်းသု/၈၅၅
စစ်ကိုင်း၊ ရတနာပူရ၊ အင်းဝတို့တွင် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါများ ဖြစ်ပွားခဲ့သောကြောင့် လောကသာရကျမ်းကိုကြည့်၍ တောင်ဖီလာဆရာတော်မိန့်တော်မူသော ကျောက်ရောဂါနှင့် ဝက်သက်ရောဂါဆိုင်ရာ ဆေးနည်းများကို ဖော်ပြထားသည်။ ကျောက်ရောဂါ(၂၇)မျိုးပျောက်ကင်းစေရန် သောက်ဆေး၊ လိမ်းဆေးနည်းများ၊ သွေးဝက်သက်၊ ဝက်သက်ငယ် ၊ ဝက်သက်ကြီး စသည့် ဝက်သက်ရောဂါများ၏ လက္ခဏာများနှင့် ဆေးနည်းများကို ရေးသားထားကြောင်း လေ့လာတွေ့ရှိရပါသည်။

၄.၃.၂၀၂၅
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)
www.nlmnpt.gov.mm

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Address


National Library Of Myanmar (Nay Pyi Taw) Razathingaha Road, Near Kumudra Lotus Circle, Ottarathiri TSP. , Nay Pyi Taw Myanmar Phone +95 67 3418426
Naypyidaw