Lanmadaw Township Info Committee NLD

Lanmadaw Township Info Committee NLD

Share

Official page of Information Committee, Lanmadaw township, National League for Democracy. Founded on 27 September 1988.

NLD advocates a non-violent movement towards multiparty democracy in Burma, under military rule from 1962 to 2011. The party also supports human rights (including broad-based freedom of speech), the rule of law, and national reconciliation.

03/06/2026

Days 1949
Free Our Leader

02/06/2026

Free Our Leader

ရက်ပေါင်း ၁၉၄၈ ရက် ရှိပြီ
ကျန်းမာပါစေ…

02/06/2026
02/06/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး
သူရဦးတင်ဦး ကွယ်လွန်ခြင်း ( ၂ )နှစ်ပြည့်......

သူရဦးတင်ဦးသည် မြန်မာနိုင်ငံ၏ စစ်ဘက် ၊ နိုင်ငံရေးနှင့် ဒီမိုကရေစီသမိုင်းတွင် အထူးလေးစားဂုဏ်ယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါ
သည်။ ၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မွေဖွား
ခဲ့ပြီး ငယ်ရွယ်စဉ်ကတည်းက နိုင်ငံအပေါ် တာဝန်သိ
စိတ်၊ အများအကျိုးဆောင်လိုစိတ်တို့ဖြင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။

သူရဦးတင်ဦးသည် တပ်မတော်တွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါသည်။ စစ်ဘက်တာဝန်များ ထမ်းဆောင်စဉ်ကပင် တိုင်းပြည်နှင့် ပြည်သူအကျိုးကို ဦးစားပေးဆောင်ရွက်ခဲ့သူဖြစ်သလို စည်းကမ်း၊ ရိုးသားမှုနှင့် တာဝန်သိမှုတို့ကြောင့် လေးစားခံရသူတစ်ဦး ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တည်ထောင်ခဲ့ပြီး ပါတီ
၏ ဥက္ကဋ္ဌ၊ နာယကအဖြစ် တာဝန်ယူခဲ့သည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်
မြတ်ရေးအတွက် သူ၏ဘဝတစ်လျှောက်လုံး အနစ်
နာခံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ နေအိမ်အကျယ်
ချုပ်၊ ဖမ်းဆီးချုပ်နှောင်မှုများနှင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း မိမိယုံကြည်ချက်ကို မစွန့်လွှတ်ဘဲ ခိုင်မာစွာ ရပ်တည်ခဲ့သူ ဖြစ်သည်။

သူရဦးတင်ဦးသည် အာဏာ၊ ဂုဏ်ပုဒ်များထက် ပြည်သူကို ပိုမိုတန်ဖိုးထားခဲ့သူဖြစ်ပြီး “နိုင်ငံအတွက်
ဘာလုပ်ပေးနိုင်မလဲ” ဟူသည့် စိတ်ဓာတ်ဖြင့် ဘဝတစ်လျှောက် ရှင်သန်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအကြား “ရိုးသားသော နိုင်ငံရေးသမားကြီး” အဖြစ် အမြဲတမ်းလေးစားဂုဏ်ပြုခံခဲ့ရသည်။

ယနေ့ သူရဦးတင်ဦး ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အချိန်တွင် သူ၏ နိုင်ငံချစ်စိတ်၊ သစ္စာရှိမှု၊ အနစ်နာခံမှုနှင့် ဒီမိုကရေစီအပေါ် မယိမ်းယိုင်သော ယုံကြည်ချက်တို့ကို လေးနက်စွာ အောက်မေ့သတိရဖွယ်​​ဖြစ်
သည်။

“သူရဦးတင်ဦး ကွယ်လွန်သွားခဲ့သော်လည်း သူယုံကြည်ခဲ့သော အမှန်တရားနှင့် ချန်ထားရစ်ခဲ့သော စိတ်ဓာတ်ခွန်အားများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီတိုက်ပွဲသမိုင်းတွင် ထာဝရရှင်သန်နေမည်သာ ဖြစ်သည်။”

အဖွဲ့ချုပ်နာယကကြီး သူရဦးတင်ဦးအား လေးစားဂုဏ်ယူစွာဖြင့် အမြဲအောက်မေ့သတိရလျက်....…



Photos from Lanmadaw Township Info Committee NLD's post 01/06/2026

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး "ဘဘ" ဦးတင်ဦး ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အောက်မေ့ဖွယ် ကုသိုလ်တော်

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်၊ တနင်္လာနေ့သည် အဖွဲ့ချုပ် ၊ အဖွဲ့၀င်များက "ဘဘ" ဟု ချစ်စနိုးဖြင့် ရိုသေလေးစားစွာ ခေါ်ဝေါ်ကြသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဟောင်း) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီး အဂ္ဂမဟာသရေစည်သူ သတိုးမဟာသရေစည်သူ ဦးတင်ဦး ကွယ်လွန်ခြင်း (၂) နှစ်ပြည့်မြောက်သည့် နေ့ရက်ဖြစ်ပါသည်။

ဤ (၂) နှစ်ပြည့် အောက်မေ့ဖွယ်နေ့ရက်လေးတွင် ဘဘဦးတင်ဦးအား အစဉ်အမြဲ ချစ်ခင်လေးစား တန်ဖိုးထားကြသောသူများ စုပေါင်း၍ ဘဘအားရည်စူးကာ ကုသိုလ်ကောင်းမှုများကို အောက်ပါအတိုင်း ပြုလုပ်လှူဒါန်းခဲ့ကြပါသည်။

သံဃာဒါနဆွမ်းကပ်လှူဒါန်းခြင်း

ကျေးဇူးရှင် ဘဘဦးတင်ဦးအား ရည်စူး၍ သံဃာတော်အရှင်သူမြတ်များအား ပင့်ဖိတ်ကာ ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်များနှင့်တကွ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းသူများအနေဖြင့် ဘဘအတွက် ကုသိုလ်ပြုရင်း ကြည်နူးပီတိဖြစ်ရသည့် မြင်ကွင်းကို တွေ့မြင်ရပါသည်။

စတီးတံခါးဘောင်နှင့် ကမ္ပည်းတော် လှူဒါန်းခြင်း

သာသနာတော်အဓွန့်ရှည်စေရန်နှင့် ဘဘ၏ ဒါနပါရမီကို မှတ်တမ်းတင်နိုင်ရန်အတွက် ဘုရားရင်ပြင်တော်၌ ခိုင်ခံ့လှပသော စတီးတံခါးဘောင်ကြီးကို တပ်ဆင်လှူဒါန်းခဲ့ကြပါသည်။ ထို့အပြင် တံခါးဘောင်တွင် "ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်းဒါယကာကြီး အဂ္ဂမဟာသရေစည်သူ သတိုးမဟာသရေစည်သူ ဦးတင်ဦး ကာကွယ်ရေးဦးစီးချုပ်(ဟောင်း)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီးအား ရည်စူး၍ (၂) နှစ်ပြည့် အလှူတော်" ဟူသော ရွှေရောင်ကမ္ပည်းဆိုင်းဘုတ်ကိုလည်း တပ်ဆင်ပူဇော်ခဲ့ကြပါသည်။
ဘဘဦးတင်ဦးသည် သက်ရှိထင်ရှားရှိစဉ်က နိုင်ငံနှင့် လူမျိုးအတွက်သာမက ဘာသာ၊ သာသနာအတွက်ပါ "ဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်းဒါယကာကြီး" အဖြစ် အကျိုးဆောင်ခဲ့သူ ဖြစ်ပါသည်။ ယခုကဲ့သို့ ကျန်ရစ်သူ ချစ်ခင်လေးစားသူများ၏ စုပေါင်းကုသိုလ်ကောင်းမှု အစုစုတို့ကို ကြည့်ရှု၍ ဘဘဦးတင်ဦးအနေဖြင့် ရောက်ရာ ကောင်းရာသုဂတိဘုံဘဝမှ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်မည်ဟု ယုံကြည်ရပါသည်။

ယနေ့ပြုလုပ်ခဲ့သော (၂) နှစ်ပြည့် အလှူတော်မှ ရရှိသည့် ကုသိုလ်ကောင်းမှု အစုစုတို့ကို ဘဘဦးတင်ဦးနှင့်တကွ ၇ ရက် သားသမီးအပေါင်းတို့အား အမျှပေးဝေအပ်ပါသည်။
အမျှ... အမျှ... အမျှ... သာဓု... သာဓု... သာဓု...

01/06/2026




Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Naypyidaw