Ministry of Construction

Call Directions Website Contact the organization

Ministry of Construction ဆောက်လုပ်ရေးဝန်ကြီးဌာန Website

http://www.construction.gov.mm
(379)

ရည်မှန်းချက်

နိုင်ငံတကာ ဆက်သွယ်မှု လမ်းကြောင်းများအား အိမ်နီးချင်းနိုင်ငံများထက် မနိမ့်ကျစေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုုးတက်မှုအတွက် အဓိကကုန်သွယ်မှု လမ်းကြောင်းများ ဖြစ်စေရန်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းများပေါ်ရှိ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းချက်ထားပါသည်။ ၂၀၁၅ခုနှစ်၊ အာဆီယံ စီးပွားရေးအသိုက်အမြုံ (Asean Economic Community) စတင်ချိန်တွင် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ၏ (၁၉၉၉) ခုနှစ်၊ စက်တင်ဘာလ သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ အာဆီယံ လမ်းမကြီးများကို စံနှုန်းသတ်မှတ်ချက်နှင့်အညီ Class lll (၂ လမ်းသွား ကတ္တရာလမ်း)အဆင့် ရောက်ရှိအောင် ဆောင်ရွက်သွားပါမည်။ နိုင်ငံတကာဆက်သွယ်သည့် လမ်းများဖြစ်သည့် အာရှလမ်းမကြီးများ (Asia Highway) ၊ မဟာမဲခေါင်ဒေသ လမ်းမကြီးများ (GMS) ၊ ဘင်္ဂလားပင်လယ်အော် ထိစပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး လမ်းမကြီးများ(BIMSTEC)၊ အိန္ဒိယ-မြန်မာ-ထိုင်း (၃)နိုင်ငံဖြတ် လမ်းမကြီးနှင့် အဓိကပြည်ထောင်စုလမ်းမကြီးများကို Class lll ၂၄’ အကျယ် ကတ္တရာကွန်ကရစ်လမ်း(သို့) ကွန်ကရစ်လမ်းအဆင့် ဆောင်ရွက်သွားပါမည်။ ဆင်းရဲနွမ်းပါးမှုလျော့ချရေး အတွက် ကျေးလက်နှင့်မြို့ပြ ဆက်သွယ်သည့် လမ်းများကို အနည်းဆုံး ရာသီမရွေး သွားလာနိုင်သည့် ကျောက်ချောလမ်းအဆင့်၊ မြို့ချင်းဆက်လမ်းများကို အနည်းဆုံး ၁၂’ အကျယ် ကတ္တရာလမ်းအဆင့် တည်ဆောက်နိုင်ရေးနှင့် တံတားများကို အမြဲတမ်း သံကူကွန်ကရစ် တံတားများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားပါမည်။

၂၀၂၆ ခုနှစ် ဝန်ကြီးဌာန​ပေါင်းစုံပိုက်​ကျော်ခြင်းပြိုင်ပွဲ၏  ၄- ​ယောက်တွဲ(အမျိုးသား) ပထမအဆင့်ရှုံးထွက်ပွဲစဥ် နှင့်ကွာတားဖ...
08/09/2026

၂၀၂၆ ခုနှစ် ဝန်ကြီးဌာန​ပေါင်းစုံပိုက်​ကျော်ခြင်းပြိုင်ပွဲ၏ ၄- ​ယောက်တွဲ(အမျိုးသား) ပထမအဆင့်ရှုံးထွက်ပွဲစဥ် နှင့်ကွာတားဖိုင်နယ်ပွဲစဥ်များကို ​နေပြည်​တော် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ယ​နေ့ (၈-၉-၂၀၂၆) ၌ ယှဥ်ပြိုင်ကစားကြရာပထမအဆင့်ရှုံးထွက်ပွဲစဥ်၌ ​ဆောက်လုပ်​ရေးဝန်ကြီးဌာန အသင်းက ယဥ်​ကျေးမှု၊ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင်းအနိုင်ရရှိခဲ့ပါသည်။
ထို့​နောက် ကွာတားဖိုင်နယ်ပွဲစဥ်များအားဆက်လက် ယှဥ်ပြိုင်ကစားကြရာ ဆောက်လုပ်​ရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းအား ၂ ပွဲပြတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်​ရောက်သွားပြီဖြစ်ပါသည်၊
အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်)ကို (၉-၉-၂၀၂၆) ရက်​နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ​သာသနာ​ရေးဝန်ကြီးဌာနအသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

07/09/2026

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများအနေဖြင့် အမြန်လမ်းမကြီးဥပဒေနှင့်အညီ စည်းကမ်းတကျ သွားလာနိုင်စေရေး၊ မော်တော်ယာဉ်များ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်စေရေးနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့ကို ရည်ရွယ်ကာ ခရီးသည်တင်မော်တော်ယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများတွင် Telematic စနစ် တပ်ဆင်၍ Telematic Command and Control Center မှစောင့်ကြည့်ကြပ်မတ်သတိပေးခြင်း လုပ်ငန်းများအား နေ့စဉ် ၂၄ နာရီပတ်လုံး ဆောင်ရွက်​ပေးလျက်ရှိပါသည်။

၂၀၂၆ ခုနှစ် ဝန်ကြီးဌာန​ပေါင်းစုံပိုက်​ကျော်ခြင်းပြိုင်ပွဲ၏  ၃- ​ယောက်တွဲ(အမျိုးသား) ဗိုလ်လုပွဲကို ​နေပြည်​တော် ဝဏ္ဏသိဒ္ဓ...
06/09/2026

၂၀၂၆ ခုနှစ် ဝန်ကြီးဌာန​ပေါင်းစုံပိုက်​ကျော်ခြင်းပြိုင်ပွဲ၏ ၃- ​ယောက်တွဲ(အမျိုးသား) ဗိုလ်လုပွဲကို ​နေပြည်​တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ယ​နေ့ (၆-၉-၂၀၂၆) ရက်​နေ့ နံနက်တွင် ယှဥ်ပြိုင်ကစားကြရာ ​ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက အားကစား​ရေးရာဝန်ကြီးဌာနအသင်းကို (၂း၁) ပွဲ ဖြင့်အနိုင်ရဗိုလ်စွဲသွားပြီဖြစ်ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုက်​ကျော်ခြင်းအသင်းသည် ၄- ​ယောက်တွဲ(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲများတွင် ဆက်လက်ပါဝင်ယှဥ်ပြိုင်လျှက်ရှိပါသည်။

၂၀၂၆ ခုနှစ် ဝန်ကြီးဌာန​ပေါင်းစုံပိုက်​ကျော်ခြင်းပြိုင်ပွဲ၏  ၃- ​ယောက်တွဲ(အမျိုးသား) ကွာတားဖိုင်နယ် ပွဲစဥ် နှင့်ဆီမီးဖိုင...
05/09/2026

၂၀၂၆ ခုနှစ် ဝန်ကြီးဌာန​ပေါင်းစုံပိုက်​ကျော်ခြင်းပြိုင်ပွဲ၏ ၃- ​ယောက်တွဲ(အမျိုးသား) ကွာတားဖိုင်နယ် ပွဲစဥ် နှင့်ဆီမီးဖိုင်နယ်ပွဲစဥ်များကို ​နေပြည်​တော် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ယ​နေ့ (၅-၉-၂၀၂၆) ၌ ယှဥ်ပြိုင်ကစားကြရာ ကွာတားဖိုင်နယ်ပွဲ၌ ​ဆောက်လုပ်​ရေးဝန်ကြီးဌာန အသင်းက ယဥ်​ကျေးမှု၊ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန်ကြီးဌာနအသင်းကို ၂ ပွဲပြတ်ဖြင်းအနိုင်ရရှိခဲ့ပါသည်။
ထို့​နောက် ဆီမီးဖိုင်နယ်ပွဲစဥ်များအားဆက်လက်ယှဥ်ပြိုင်ကစားကြရာ ဆီမီးဖိုင်နယ် ပွဲစဥ် -၂ တွင် ​ဆောက်လုပ်​ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုး​ရေး၊မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာနအသင်းအား ၂ ပွဲပြတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်​ရောက်သွားပြီဖြစ်ပါသည်၊
ဗိုလ်လုပွဲကို (၆-၉-၂၀၂၆) ရက်​နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ​အားကစား​ရေးရာဝန်ကြီးဌာနအသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

18/08/2026

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူများ နှင့် လူရည်ချွန်ဆု ရရှိသူတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်)

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော  ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းသား/သမီး ကျ...
17/08/2026

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူများ နှင့် လူရည်ချွန်ဆု ရရှိသူတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၁)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း ၊ အမှုထမ်းများ၊ ကျောင်းသား မိဘများနှင့် ဆုရကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။
ထို့​နောက်၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သူ ကျောင်းသား ၊ ကျောင်းသူ ၁၇၃ ဦးရှိသည့်အနက် ခြောက်ဘာသာဂုဏ်ထူးရှင် ၃ ဦး ၊ ငါးဘာသာဂုဏ်ထူးရှင် ၁၁ ဦး ၊ လေးဘာသာဂုဏ်ထူးရှင် ၁၂ ဦး ၊ သုံးဘာသာဂုဏ်ထူးရှင် ၁၉ ဦး ၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉ ဦး ၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၂ ဦး စုစုပေါင်း ၇၆ ဦးအား ဂုဏ်ပြုဆုတံဆိပ် ၊ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ဂုဏ်ထူးမရရှိ​သော်လည်း တက္ကသိုလ်ဝင်တန်း​ဖြေဆိုအောင်မြင်ခဲ့ကြသည့်​ကျောင်းသားကျောင်းသူများကိုလည်း ဂုဏ်ပြုဆု​ငွေများ​​ချီးမြှင့်ခဲ့​ပါသည်။

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ (၁၄-၈-၂၀၂၆)ရက်နေ့ (၁၃း၃၀)တွင် ယှဥ်ပြိုင်ကစားကြရ...
14/08/2026

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ (၁၄-၈-၂၀၂၆)ရက်နေ့ (၁၃း၃၀)တွင် ယှဥ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းသည် ကာကွယ်​ရေးဝန်ကြီးဌာနအသင်းအား (၄-၃)ဂိုးဖြင့် အနိုင်ရရှိပြီး အနိုင်ရဗိုလ်စွဲကာ အမျိုးသားတံခွန်စိုက်ဆုဖလားအား ဆွတ်ခူးသွားပြီဖြစ်ပါသည်။
အနိုင်ရဗိုလ်စွဲခဲ့သည့် ​ဆောက်လုပ်​ရေးဝန်ကြီးဌာန ဖူဆယ်အသင်းအား မြန်မာနိုင်ငံအိုလံပစ်​ကော်မတီဥက္ကဋ္ဌ ၊ အားကစား​ရေးရာဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးက အမျိုးသားတံခွန်စိုက်ဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ဆု​ကြေး​ငွေအားလည်း​ကောင်း၊ ဒုတိယဆုရရှိခဲ့သည့် ကာကွယ်​ရေး၀န်ကြီးဌာနအသင်းအား ​ဆောက်လုပ်​ရေး၀န်ကြီးဌာန ပြည်​ထောင်စု၀န်ကြီးက တစ်ဦးချင်းဆုတံဆိပ်နှင့် ဆု​ကြေး​ငွေအားလည်း​ကောင်း ချီးမြှင့်ခဲ့ပါသည်။
ထို့ပြင် ပူးတွဲ တတိယဆုရရှိသည့် ပြည်ထဲ​ရေး၀န်ကြီးဌာနအသင်းနှင့် ဘဏ္ဍာ​ရေးနှင့်အခွန်၀န်ကြီးဌာနအသင်းတို့အား ပို့​ဆောင်​ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ​နေပြည်တော်​ကောင်စီ ဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဆု​ကြေး​ငွေများအားလည်း​ကောင်း၊ အသန့်ရှင်းဆုံးဆုရရှိသည့် လူမှု၀န်ထမ်း၊ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာနအသင်းအား ကာကွယ်​ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးက ဆုဖလား(Trophy) နှင့် ဆု​ကြေး​ငွေအားလည်း​ကောင်း အသီးသီးချီးမြှင့်ခဲ့ပါသည်။
အလားတူ ​ပွဲစဥ်တစ်​လျှောက်အ​ကောင်းဆုံးကစား သမားဆု ရရှိခဲ့သည့် ​ဆောက်လုပ်​ရေး၀န်ကြီးဌာနအသင်းမှ ​ကျောနံပါတ်( ၁၁) နိုင်ထွန်းလူအား ပညာ​ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးကလည်း​ကောင်း၊ အ​ကောင်းဆုံး ဂိုးသမားဆု ရရှိသည့် ကာကွယ်​ရေး၀န်ကြီးဌာန အသင်းမှ ​ကျောနံပါတ် (၂) မင်းခန့်​အောင်အား အမျိုးသမီး​ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီးကလည်း​ကောင်း ဆုဖလား (Trophy) နှင့် ဆု​ကြေး​ငွေများအားချီးမြှင့်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းများနှင့် တက္ကသိုလ်များတွင် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်လျက်ရှ...
12/08/2026

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းများနှင့် တက္ကသိုလ်များတွင် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အသစ်တည်ဆောက်လျက်ရှိသည့် အရာထမ်းကြီး၊ အရာထမ်းနှင့် အမှုထမ်းအိမ်ရာများ တည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းခွင်တွင် ဝန်ထမ်းအိမ်ရာ ၂၆ လုံး စုစုပေါင်း အခန်း ၃၈၆ ခန်းနှင့် ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ Recreation Center ၁၈၆ ပေx ပေ ၁၆၀ အဆောက်အအုံများ၏ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့်အတူ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက အဆောက်အအုံများ တည်ဆောက်ရာတွင် Myanmar National Building Code 2025 ကို ထုတ်ပြန်ထားပြီးဖြစ်၍ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် ငလျင်ဒဏ်ခံနိုင်စေရေး ထည့်သွင်းတည်ဆောက်သွားရန်၊ အသုံးပြုသည့်ပစ္စည်းများ၏ အရည်အသွေးများ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်သွားမှသာ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့များကလည်း လုပ်ငန်းစဉ်အဆင့်လိုက် စစ်ဆေးဆောင်ရွက်ရမည့်အတိုင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံများ အရည်အသွေးနှင့် လက်ရာ လက်သား ကောင်းမွန်စေရေး သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီးစေရေးတို့ကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး လမ်း၊ ရေနှင့် လျှပ်စစ်မီးစသည့် Infrastructure များ တစ်ပြိုင်နက်ပြီးစီးအောင် ဆောင်ရွက်သွားရန်တို့အား လမ်းညွှန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်ပင်မဆောင် မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ရတနာပုံတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမနှင့် Recreation Center ၁၈၆ ပေx ပေ ၁၆၀ အဆောက်အအုံ အချောသပ်တည်ဆောက်ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုပြီး ရေသန့်၊ လျှပ်စစ်စသည့် လုပ်ငန်းများလည်း တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

(သတင်းစဉ်)

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဥ်များကို ယနေ့ (၁၂-၈-၂၀၂၆)ရက်နေ့တွင် ယှဥ်ပြိုင်က...
12/08/2026

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဥ်များကို ယနေ့ (၁၂-၈-၂၀၂၆)ရက်နေ့တွင် ယှဥ်ပြိုင်ကစားကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းသည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းအား (၄-၂)ဂိုး ဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့တက်ရောက်သွားပြီဖြစ်ပါသည်။

ဗိုလ်လုပွဲအား (၁၄-၈-၂၀၂၆) ရက်နေ့ (၁၃း၀၀)နာရီတွင် ကာကွယ်​ရေးဝန်ကြီးဌာန အသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်ပါသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Telematic စနစ် တပ်ဆင်ထားသည့် ယာဉ်အစီးရေ ၅,၇၀၀ ကျော်ရှိလာပြီး RFID စနစ်သစ် စမ်းသပ်ဆောင...
11/08/2026

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် Telematic စနစ် တပ်ဆင်ထားသည့် ယာဉ်အစီးရေ ၅,၇၀၀ ကျော်ရှိလာပြီး RFID စနစ်သစ် စမ်းသပ်ဆောင်ရွက်နေ

ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စောင့်ကြည့် ထိန်းသိမ်းပေးသည့် Telematic စနစ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်တပ်ဆင်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ကုန်တင်ယာဉ် ၂,၅၁၄ စီးနှင့် ခရီးသည်တင် မှန်လုံယာဉ် ၃,၁၈၄ စီးတွင် တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ETC စနစ်ကိုလည်း RFID (Radio Frequency Identification Device) ပါဝင်သည့်စနစ်သို အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိရာ အသုံးပြုသူများအနေဖြင့် Toll Pass Mobile Application နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ရန်ကုန် - မန္တလေးလမ်းမကြီးပေါ်ရှိ တိုးလ်ဂိတ်ခြောက်ဂိတ်တွင် တပ်ဆင်၍ စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး မကြာမီအသုံးပြုနိုင်တော့မည်ဖြစ်ကြာင်းလည်း သိရသည်။

ယင်းစနစ် အပြည့်အဝ အကောင်အထည်ဖော်ပြီးပါက တိုးလ်ဂိတ်များတွင် ယာဉ်များ ရပ်တန့်စရာမလိုဘဲ Freeflow ဖြတ်သန်းနိုင်ခြင်းနှင့် Cashless ငွေချေစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ Telematics စနစ်တပ်ဆင် စောင့်ကြည့်နေမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Address

Building Number 11 & 40, Nay Pyi Daw
Naypyidaw
15011

Alerts

Be the first to know and let us send you an email when Ministry of Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ministry of Construction:

Shortcuts

Share