Myantrade

Myantrade

Share

Myantrade, Myanmar Trade Promotion Organization is one of the Departments that helps for your trade.

09/04/2026

ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၈၆၁ သန်း ရရှိ
--------------
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ စာရင်းများအရ သိရှိရပါသည်။ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပကို ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၇၄၀ သန်း ကျော် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
Read more .... https://myantrade.gov.mm/article/naypyitaw_09042026%201320

07/04/2026

အရှေ့အလယ်ပိုင်း တင်းမာမှုကြောင့် ဗီယက်နမ်ဆန်တင်ပို့မှု ကြန့်ကြာပြီး ကုန်ကျစရိတ်များ မြင့်တက်လာ
------------------
အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် သင်္ဘောတင်ပို့မှု ကြန့်ကြာလာပြီး ရေလမ်း သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်လာခြင်းက ဗီယက်နမ် ဆန်တင်ပို့မှုကို အနှောင့်အယှက် ဖြစ်စေလျက်ရှိသည်။ ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းပေးပို့မှုများကို ရွှေ့ဆိုင်းနေရပြီး စာချုပ် သစ်များ ချုပ်ဆိုရာတွင်လည်း ပိုမို သတိထားဆောင်ရွက်နေရကြောင်း တာဝန်ရှိသူများက မတ်လ ၂၄ ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံများအနက် တစ်ခုဖြစ်သော ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်ထုတ်လုပ်မှုအားကောင်းရန် မျှော်လင့်ထားပြီး ယခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ တန်ချိန် ၇.၇၃ သန်းခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားသော်လည်း ယခုကဲ့သို့ သယ်ယူပို့ဆောင် ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
Read more ..... https://myantrade.gov.mm/article/naypyitaw_74202601:28

24/03/2026

ကင်ညာစိုက်ပျိုးရေးထွက်ကုန်များ တရုတ်ဈေးကွက်သို့ အခွန်လွတ်တင်ပို့ခွင့်ရရှိ
-------------++
ကင်ညာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များကို လာမည့် မေလ ၁ ရက်နေ့မှစတင်၍ တရုတ်ဈေးကွက်အတွင်းသို့ အခွန်ကင်းလွတ်ခွင့် (Duty-free) ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုချက်ရရှိပြီးနောက်၊ ကင်ညာနိုင်ငံသည် လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော အာရှဈေးကွက်ကြီးဆီသို့ ပို့ကုန်များ အရှိန်အဟုန်ဖြင့် တင်ပို့နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ဤလုပ်ဆောင်ချက်သည် အာဖရိကနိုင်ငံပေါင်း ၅၃ နိုင်ငံမှ တင်သွင်းကုန်စည်များအပေါ် အခွန်ကောက်ခံမှု ပယ်ဖျက်ရန် ဘေဂျင်းအစိုးရ၏ ပိုမိုကျယ်ပြန့်သော ဆုံးဖြတ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤမူဝါဒအပြောင်းအလဲသည် ကုန်သွယ်မှုစီးဆင်းမှုကို ပုံစံသစ်တစ်မျိုးဖြင့် ပြောင်းလဲစေနိုင်ပြီး အာဖရိကပို့ကုန်တင်ပို့သူများအတွက် ကမ္ဘာ့ဈေးကွက်တွင် ပိုမိုခိုင်မာသော ခြေကုပ်တစ်ခုရရှိစေမည်ဖြစ်သည်။
Read more .... https://myantrade.gov.mm/article/naypyitaw_24032026%201530

24/03/2026

တရုတ်နိုင်ငံသို့ ပြည်ပမှ အစားအစာထုတ်လုပ်တင်ပို့သူများအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်မည်
-----------
တရုတ်နိုင်ငံသည် ပြည်ပမှ အစားအစာထုတ်လုပ်တင်ပို့သူများအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းအသစ်များကို ယခုနှစ် ဇွန်လမှစ၍ အကောင်အထည်ဖော်မည်ဟု အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)က ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြထားပါသည်။
Read more ..... https://myantrade.gov.mm/article/STP(Ygn)_24032026_12:29

20/03/2026

အမေရိကန်သမ္မတထရမ့်၏ တစ်ပြေးညီ အကောက်ခွန် ၁၅ % က အာရှ-ပစိဖိတ်ဒေသအချို့အပေါ် အကျိုးရှိနိုင်
-------------------
သမ္မတထရမ့်၏ တစ်ပြေးညီအကောက်ခွန် ၁၅ % သည် ယခင်ကနိုင်ငံအလိုက် သီးခြားသတ်မှတ်ထားသော မြင့်မားသည့်အခွန်နှုန်းထားများနှင့် ရင်ဆိုင်နေရသည့် အာရှ-ပစိဖိတ်ဒေသများအတွက် သက်သာစေနိုင်ကြောင်း၊ အကောက်ခွန်စံနှုန်းအသစ်အရ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံအချို့သည် အကျိုးအမြတ်အများဆုံးဖြစ်ပြီး၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့၏ လက်ရှိအခွန်နှုန်း ထားများသည် ၁၅ % နီးပါးရှိသောကြောင့် သက်ရောက်မှုအနည်းငယ်သာရှိနိုင်ကြောင်း စီးပွားရေး သုတေသနကုမ္ပဏီ Moody's Analytics ကို ကိုးကား၍ The Economic Times တွင် ဖော်ပြထားသည်။
Read more .... https://myantrade.gov.mm/article/naypyitaw_20032026%201256

19/03/2026

လောင်စာဆီသွင်းကုန်အကောက်ခွန်ကို ၀ % သို့ လျှော့ချရန် ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာန အဆိုပြု
------------
ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများကြောင့် ပြည်တွင်းလောင်စာဆီရောင်းလိုအား တည်ငြိမ်စေရန်နှင့် စွမ်းအင်လိုအပ်ချက် ပြည့်ဝစေရန် ယာယီအစီအမံတစ်ခုအဖြစ် စက်သုံးဆီ၊ လောင်စာဆီ ထုတ်ကုန်များနှင့် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးအပေါ် သွင်းကုန်ခွန် (MFN Import Tariff) အား ၀ % သို့ လျှော့ချရန် ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာန (M*F) အဆိုပြုထားပြီး ယင်းသို့ ဦးစားပေးသွင်းကုန်အချို့အပေါ် အကောက်ခွန်နှုန်းထားများ ပြင်ဆင်သည့် အမိန့်ပြန်တမ်း (မူကြမ်း) ကို တရားရေးဝန်ကြီးဌာနထံ တင်ပြထားကြောင်း သိရှိရပါသည်။
Read more ...... https://myantrade.gov.mm/article/naypyitaw_193202610:45

18/03/2026

ဆန်ဝယ်လိုအား မြင့်တက်နေမှုနှင့် ပြောင်းလဲလာသောပို့ကုန်မူဝါဒများကြောင့် ကမ္ဘာ့ဆန်စျေးနှုန်း ၁၁ % မြင့်တက်
--------------
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ပိုင်းအထိ ကမ္ဘာ့ဆန်ဈေးနှုန်းသည် အခြားပိုလျှံလယ်ယာထွက်ကုန်များဖြစ်သော ပြောင်းနှင့် သကြားဈေးနှုန်းများနှင့် ကွဲပြားကာ ၁၁.၁ % အထိ မြင့်တက်လာခဲ့သည်။ ကမ္ဘာ့လူဦးရေ ၅၀ % ကျော်က ဆန်စားသုံးနေသော်လည်း ရောင်းလိုအားနှင့် ဝယ်လိုအားမျှခြေတွင် အပြောင်းအလဲရှိနေခြင်းကြောင့် ဆန်ဈေးနှုန်းမြင့်တက်လာခြင်းဟု သုံးသပ်နိုင်ပြီး ဆန်အဓိကတင်သွင်းသည့်နိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့ပါသည်။
Read more ...... https://myantrade.gov.mm/article/naypyitaw_18032026%201205

11/03/2026

ဆော်ဒီအာရေဗျနိုင်ငံက အင်ဒိုနီးရှားမှ ကြက်သားထုတ်ကုန်များ တင်သွင်းမှုပိတ်ပင်
---------------
ဆော်ဒီအာရေဗျနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ (SFDA) သည် အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၄၀ မှ ကြက်သားနှင့် ကြက်ဥတင်သွင်းမှုများကို ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်၍ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ ယခုပိတ်ပင်မှုသည် ဟလာလ် (Halal) ကိစ္စနှင့် မသက်ဆိုင်ဘဲ ကျန်းမာရေးစစ်ဆေး ထိန်းချုပ်မှုများကို တင်းကျပ်စေရန်နှင့် ထုတ်ကုန်အရည်အသွေးနှင့် ကျန်းမာရေးစံနှုန်းများကို လိုက်နာမှုအပေါ် မူတည်ကြောင်း သိရှိရသည်။
Read more .... https://myantrade.gov.mm/article/naypyitaw_11032026%201400

10/03/2026

ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့မှုကြောင့် ဂျပန်ကုမ္ပဏီ Idemitsu Kosan ၏ Ethylene ထုတ်လုပ်မှုမှာ ရပ်ဆိုင်းနိုင်
----------------
ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့မှုကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ကုန်ကြမ်းတင်သွင်းနိုင်မှုမရှိပါက ဂျပန်လောင်စာဆီကုမ္ပဏီ Idemitsu Kosan အနေဖြင့် Ethylene ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း Idemitsu Kosan ကုမ္ပဏီမှ ၎င်း၏မိတ်ဖက်လုပ်ငန်းရှင်များထံ အကြောင်းကြားခဲ့ကြောင်း ၇-၃-၂၀၂၆ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Hormuz closure risks halt in Idemitsu’s Japan ethylene production” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
Read more .... https://myantrade.gov.mm/article/STP(Ygn)_10032026_12:58

27/02/2026

ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ဆန်ထောက်ပံ့နိုင်ရန်၊ အိန္ဒိယစားသောက်ကုန် ကော်ပိုရေးရှင်း (FCI) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုး
------------------
အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်း (FCI) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့သည် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးအတွက် ဆန်ထောက်ပံ့ရန် နားလည်မှုစာချုပ် (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ (MOU) အရ FCI သည် WFP ထံသို့ ၂၅ % ဆန်ကွဲအပါအဝင် ဆန်တန်ချိန် ၂သိန်း ရောင်းချရမည်ဖြစ်ပြီး၊ MOU သက်တမ်းသည် ၅ နှစ်ဖြစ်ကာ နှစ်ဖက်သဘောတူညီချက်ဖြင့် သက်တမ်းတိုးနိုင်ကြောင်း၊ ဆန်ဈေးနှုန်းကို နှစ်ဖက်သဘောတူညီချက်ဖြင့် နှစ်စဉ် သတ်မှတ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လက်ရှိဈေးနှုန်းမှာ ၀.၁ တန်လျှင် ရူပီး ၂,၈၀၀ ဖြစ်ကြောင်း အိန္ဒိယသတင်းစာ The Economic Times က ဖော်ပြထားသည်။
Read more ....https://myantrade.gov.mm/article/naypyitaw_272202612:52

26/02/2026

တရုတ်နိုင်ငံ၏ လျင်မြန်စွာ ကြီးထွားနေသော အသင့်ချက်စားသောက်ကုန်စျေးကွက် အတွက် အမျိုးသားစံနှုန်းများကို ပထမဆုံးအကြိမ် သတ်မှတ်
---------------
တရုတ်နိုင်ငံသည် အလျင်အမြန် တိုးတက်လာသော အစားအစာကဏ္ဍကို စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းညှိရန်ခြေလှမ်းတစ်ရပ်အဖြစ် အသင့်ချက်စားသောက်ကုန်များအတွက် ပထမဆုံးအကြိမ် အမျိုးသားစံနှုန်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း Xinhua News Agency က သတင်းထုတ်ပြန်ခဲ့သည်။
Read more ........ https://myantrade.gov.mm/article/naypyitaw_262202612:04

20/02/2026

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ယွမ် (၁.၅)ထရီလီယံတန်ဖိုးရှိ လက်ဖက်ခြောက်လုပ်ငန်းကို တည်ထောင်ရန် ရည်ရွယ်ထား
-----------+
တရုတ်နိုင်ငံသည် လက်ဖက်ခြောက်လုပ်ငန်းကို အဆင့်မြှင့်တင်ရန် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် လက်ဖက်ခြောက်လုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ စုစုပေါင်းအရွယ်အစားကို ယွမ်(၁.၅) ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၁၆ ဘီလီယံခန့်)ရောက်ရှိရန် ဦးတည်ထားကြောင်း သိရသည်။
Read more ....https://myantrade.gov.mm/article/STP(Ygn)_20022026_14:03

Want your business to be the top-listed Government Service in Naypyidaw?

Click here to claim your Sponsored Listing.

Location

Telephone

Address


Naypyidaw