PPP - People's Pioneer Party

Call Directions

PPP - People's Pioneer Party Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PPP - People's Pioneer Party, Political Party, Sanchaung.

လမ်းလုပ်ငန်းများ၊ transformer များတည်ဆောက်ထားရှိမှုနှင့် လျှပ်စစ်မီတာများ တပ်ဆင်ပေးထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးဒီးမေ...
25/08/2026

လမ်းလုပ်ငန်းများ၊ transformer များတည်ဆောက်ထားရှိမှုနှင့် လျှပ်စစ်မီတာများ တပ်ဆင်ပေးထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

ဒီးမော့ဆို၊ သြဂုတ် ၂၄/၂၆

ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့ရှေ့ဆောင်ပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးညွှန့် တို့လိုက်ပါ၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျှက်ရှိသည့်၊ လမ်းလုပ်ငန်းများ၊ transformer များတည်ဆောက်ထားရှိမှုနှင့် လျှပ်စစ်မီတာများ တပ်ဆင်ပေးထားမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

ကျိုက်လတ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ကျိုက်လတ်၊ ဩဂုတ်  ၂၅/၂၆ဧရာဝ...
25/08/2026

ကျိုက်လတ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ

ကျိုက်လတ်၊ ဩဂုတ် ၂၅/၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီမှ ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအနီးတွင် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည် ၂၅၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၅၅၀ ကျပ်၊ စားသုံးဆီ တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည့် တို့ကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများ ဝယ်ယူအားပေးနေမှုများကို ပြည်သူ့ရှေ့ဆောင်ပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝေထက်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန အပါအဝင် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြအပ်ပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စ...
19/08/2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ပုသိမ်၊ ၁၈ ဩဂုတ် ၂၀၂၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် နေ့လယ် ၁၂:၅၀ နာရီ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အဆောက်အဦးရှိ Banquet Hall ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ပထမဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် လွှတ်တော်များရပ်နားထားစဉ် ယခုကဲ့သို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအားလုံးနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း အားလုံးကျန်းမာချမ်းသာကြစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်ဆိုသည့် စကားရပ်ကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသော်လည်း လွှတ်တော်သည် မဲဆန္ဒနယ်မြေအလိုက် ပြည်သူများမှ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များ စုစည်းရာ နေရာဖြစ်ကြောင်း၊ ပါတီကို ကိုယ်စားပြုသည့် နေရာမဟုတ်ဘဲ ကိုယ်စားလှယ်အားလုံး တန်းတူညီမျှ (Equity) ဖြစ်ရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြည်သူက ရွေးချယ်ပေးထားသည့် တရားဝင် (Legitimacy) အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံလွှတ်တော်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားရာတွင် လွှတ်တော်၏ အဓိကတာဝန်များအနေဖြင့် (၁) အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတိုင်း နိုင်ငံတော်မဏ္ဍိုင် (၃) ရပ်၏ ခေါင်းဆောင်များကို လွှတ်တော်က ရွေးချယ်တင်မြှောက်ရခြင်း၊ (၂) ဥပဒေပြုရေးတာဝန်အရ လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေ ၁၃၀ ရှိပြီး ယင်းဥပဒေများကို လိုအပ်ချက်နှင့် ခေတ်စနစ်များနှင့်အညီ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ရခြင်း၊ (၃) ပြည်သူကို ကိုယ်စားပြု၍ ပြည်သူများ၏ ခံစားချက်များနှင့် လိုအပ်ချက်များကို အစိုးရထံ တင်ပြပေးရခြင်း၊ (၄) မဏ္ဍိုင် (၃) ရပ်အကြား အပြန်အလှန်ထိန်းကျောင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းတို့ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ရေးရာကော်မတီများသည် ပြည်ပနိုင်ငံများတွင် "လွှတ်တော်ငယ်များ" ဟု တင်စားခေါ်ဝေါ်ကြပြီး လွှတ်တော်၏ အရေးပါသည့် ထောက်တိုင်များဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၅) နှစ် မဟာဗျူဟာစီမံကိန်းများ ချမှတ်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေးကဏ္ဍကို ပိုမိုထိရောက်စေရန် Know Parliament, See Parliament, Trust Parliament ဟူသည့် ရည်မှန်းချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Know Parliament ဖြစ်စေရန် လွှတ်တော်လုပ်ငန်းစဉ်များကို ပြည်သူများ ပိုမိုသိရှိနိုင်ရေးအတွက် လူမှုကွန်ရက် (Social Media) များ၊ သတင်းမီဒီယာများနှင့် ဗီဒီယိုအနှစ်ချုပ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ See Parliament ဖြစ်စေရန် အဖွဲ့အစည်းများအား လွှတ်တော်သို့ ဖိတ်ကြား၍ လက်တွေ့လုပ်ငန်းစဉ်များကို လေ့လာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Join Parliament အနေဖြင့် ပြည်သူများကိုယ်တိုင် ဥပဒေကြမ်းများအပေါ် အကြံပြုဆွေးနွေးနိုင်ရေးနှင့် ကြားနာပွဲများတွင် ပါဝင်နိုင်ရေးကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် Trust Parliament အဆင့်သို့ ရောက်ရှိလာပြီး ပြည်သူများ၏ ယုံကြည်မှုကို ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ အားကိုးယုံကြည်နိုင်သည့် လွှတ်တော်တစ်ရပ် ဖြစ်လာစေရန် ကိုယ်စားလှယ်များအနေဖြင့် ကြိုးစားအားထုတ်ကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသိန်းထွန်းမှ တတိယအကြိမ်လွှတ်တော်လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ Power Point ဖြင့်ရှင်းလင်းတင်ပြပြီး ၊ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ရေးရာကော်မတီများ ပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကော်မတီကိစ္စရပ်များကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ လွှတ်တော်အစည်းအဝေးခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ဆုံပွဲကို ညနေ ၅:၃၀ နာရီ အချိန်ခန့်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင်  🅿🅿🅿 မှ ကျိုက်လတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်( ၂ )  ဦးဇော်ဝေ...
19/08/2026

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင် 🅿🅿🅿 မှ ကျိုက်လတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်( ၂ ) ဦးဇော်ဝေထက်သည် (16.8.2026)ရက် တနင်္ဂနွေနေ့ နံနက် ၇း၃၀ နာရီအချိန်ခန့်တွင် ကျိုက်လတ်မြို့နယ် ရွှေဧရာအောင်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဆုပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် နေ့လည် ၂း၀၀ နာရီ အချိန်ခန့်တွင် ကျိုက်လတ်မြို့နယ် ကန်တော်ကြီးကန်ဘောင် ရေကျော်နေခြင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး အရေးပေါ်ဆောင်ရွက်ရန်ရှိသည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ညနေ ၃း၀၀ နာရီ အချိန်ခန့်တွင် ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှတ်တော်အသီးသီးမှကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ညနေ ၄း၀၀ နာရီ အချိန်ခန့်တွင် ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးအား လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်တာများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင်ပါတီမှ ချမ်းအေးသာစံမြို့နယ် အမှတ် ( ၂)  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝ...
19/08/2026

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင်ပါတီမှ ချမ်းအေးသာစံမြို့နယ် အမှတ် ( ၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်(ခ)ဦးထက်အောင်လင်းသည် (16-8-2026)ရက်နေ့၌ ချမ်းမြသာစည်မြို့နယ် သံလျှက်မှော်တောင်ရပ်ကွက် ဒေသခံပြည်သူများမှ တင်ပြလာသော လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှု့ခဲ့ပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

ယနေ့ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 ရန်ကုန်တိုင်းလူငယ်ရေးရာမှ ဦးဆောင်၍ ယခုနှစ် တက္ကသိုလ်ဝင်...
19/08/2026

ယနေ့ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ပြည်သူ့ရှေ့ဆောင်ပါတီ 🅿🅿🅿 ရန်ကုန်တိုင်းလူငယ်ရေးရာမှ ဦးဆောင်၍ ယခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ( ၄ )ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ဒဂုံမြို့သစ်တောင်ပိုင်းမှ ပါတီဝင်၏ သမီးဖြစ်သူ မမေသဇင်ဦးအား ပါတီမှ စုပေါင်းဂုဏ်ပြုချီးမြှင့်သော ပညာသင်ထောက်ပံ့စရိတ် ၁၆ သိန်း ၊
Prime Institute မှ သိန်း ၂၀ ဖိုး သင်တန်းတက်ခွင့် Gift Voucher ချီးမြှင့်ပွဲကို ရန်ကုန်တိုင်းရုံး၌ ကျင်းပရာ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး (၃) ဒေါ်မွန်မွန်မြင့်နှင့် ရန်ကုန်တိုင်းအမှုဆောင်များ၊ မြို့နယ်ဥက္ကဌများ၊ ပါတီဝင်များတက်ရောက်ခဲ့ပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ

16/08/2026

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး ( နဝမနေ့ ၁၄.၈.၂၀၂၆ )၌ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင်ပါတီမှ မတ္တရာမြို့နယ် အမှတ် ( ၂ ) လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးသန့် သည် " မတ္တရာမြို့နယ် သရက္ကန်(တ)ကျေးရွာရှိ ကျောင်းသား/သူ များ ပညာသင်ကြားလျက်ရှိသောအလက(ခွဲ)ကျောင်း၌ သင်ကြားမှု့ အထောက်အကူပြု စာရေးခုံများနှင့် သင်ကြားရေး ဆရာ၊ ဆရာမ အင်အားလုံလောက်မှုမရှိသောကြောင့် စာရေးခုံများထောက်ပံ့ပေးနိုင်ပါရန် နှင့် ဆရာ၊ ဆရာမ အင်အားတိုးမြှင့်ခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိ " မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး မှ " လိုအပ်ချက်များအား အမြန်ဆုံး စီစဥ်ဆောင်ရွက် ပေးသွားမည် " ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး ( နဝမနေ့  ၁၄-၈-၂၀၂၆ ရက်)၌ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ရှေ...
15/08/2026

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး ( နဝမနေ့ ၁၄-၈-၂၀၂၆ ရက်)၌ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင်ပါတီမှ ချမ်းအေးသာစံမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းသန့် (ခ) ဦးထက်အောင်လင်း သည် " မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး (မန္တလေး) ကင်ဆာဓါတ်ရောင်ခြည်ဌာနတွင် ကုသစက်များနှင့် ဝန်ထမ်းအင်အား တိုးချဲ့ပေးနိုင်ရန် အစီစဥ် ရှိ/မရှိ " အဆိုအား လွှတ်တော်၌ မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး မှ " ကင်ဆာဓာတ်ရောင်ခြည် ဌာနတွင်ရှိသော ကုသစက်အဟောင်းအား ပြုပြင်၍ ၊ စက်အသစ်တစ်လုံးအား ထပ်မံတပ်ဆင် ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းအင်အားများလည်း ထပ်မံတိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း " ဖြေကြားပေးခဲ့ပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

14/08/2026

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ( အဋ္ဌမနေ့ ၁၃-၈-၂၀၂၆ )၌ ပြည်သူ့ရှေ့ဆောင်ပါတီ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းသန့် (ခ) ဦးထက်အောင်လင်း သည် " မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကန်တော်ကြီးအနောက်ခြမ်း ၊ သံလျှက်မှော်တောင် ရပ်ကွက်ရှိ ဧရာထွန်းလမ်းမကြီးအား ကတ္တရာလမ်းခင်း ပေးနိုင်ရန် အစီစဥ် ရှိ/မရှိ " ကြယ်ပွင့်ပြ အဆိုအား လွှတ်တော်၌ မေးမြန်းခဲ့ရာ "လာမည့်ရှေ့နှစ် 2027-2028 ဘဏ္ဏာရေးနှစ်၌(ပေ ၁၈၀၀ အရှည်၊အကျယ်၂၄ပေ) ရှိတဲ့ ကတ္တရာလမ်း ခင်းပေးသွားမည် ဖြစ်ကြောင်း " မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးခင် မောင်အေးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။


#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

13/08/2026

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ( အဋ္ဌမနေ့ ၁၃-၈-၂၀၂၆ )၌ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ရှေ့ဆောင်ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ချမ်းအေးသာစံမြို့နယ် အမှတ်(၂) ဦးဇော်ဝင်းသန့် (ခ) ဦးထက်အောင်လင်း သည် " မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကန်တော်ကြီးအနောက်ခြမ်း ၊ သံလျှက်မှော်တောင် ရပ်ကွက်ရှိ ဧရာထွန်းလမ်းမကြီးအား ကတ္တရာလမ်းခင်း ပေးနိုင်ရန် အစီစဥ် ရှိ/မရှိ " ကြယ်ပွင့်ပြ အဆိုအား လွှတ်တော်၌ မေးမြန်းခဲ့ရာ "လာမည့်ရှေ့နှစ်
2027-2028 ဘဏ္ဏာရေးနှစ်၌(ပေ ၁၈၀၀ အရှည်၊အကျယ်၂၄ပေ) ရှိတဲ့ ကတ္တရာလမ်း ခင်းပေးသွားမည် ဖြစ်ကြောင်း " မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးခင် မောင်အေးမှ ပြန်လည် ဖြေကြားပေးခဲ့ပါသည်။

#ပြည်သူ့ရှေ့ဆောင်ပါတီ
#လွှတ်တော်ကိုယ်စားလှယ်

UATH

Address

Sanchaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959446446942

Website

Alerts

Be the first to know and let us send you an email when PPP - People's Pioneer Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share