22/04/2023
♻️🗑အပတ်စဥ် စုပေါင်းအမှိုက်ကောက်ခြင်း🗑♻️
......................................................................
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်တွေမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ အပတ်စဥ် စနေနေ့တိုင်း ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက်ပွဲအား ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၂-၄-၂၀၂၃ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာန၊ စစ်တွေမြို့နယ်ရုံးရှိ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်၍ စစ်တွေမြို့၊ ကမ်းနားလမ်း၊ တြိဂံလမ်းဆုံအနီးဝန်းကျင်၌ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
𝑅𝑒𝒹𝓊𝒸𝑒, 𝑅𝑒𝓊𝓈𝑒 & 𝑅𝑒𝒸𝓎𝒸𝓁𝑒.
20/02/2023
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
============================
စစ်တွေမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ ကောလိပ်
/ တက္ကသိုလ်များ၊ ဒေသခံပြည်သူများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်တိုးမြှင့်ရေးနှင့် အများပြည်သူတို့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဥ် များတွင် ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား ဆောင်ရွက်လျက်ရှိရာ
(၂၀-၂-၂၀၂၃) ရက်နေ့တွင် စစ်တွေမြို့နယ်ရုံးဝန်ထမ်းများမှ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာရှိ နည်းပညာတက္က သိုလ် (စစ်တွေ)၌ "အအေးပေးပစ္စည်းများအကြောင်းသိကောင်းစရာ" ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။
25/01/2023
လစဥ်ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း
----------------------------------------------------
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်တွေမြို့နယ်ရုံးမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်စိုးလှိုင် ဦးဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် "၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စက်ရုံ/အလုပ်ရုံ ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းစီမံချက်" အရ (၂၅-၁-၂၀၂၃) ရက်နေ့တွင် စစ်တွေမြို့၊ မင်းဂံ အကွက်-၇၊ (ဃ)လမ်းရှိ "ဖူးပွင့်စုံပဲဆီစက်လုပ်ငန်း"အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
27/12/2022
လစဥ်ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း
----------------------------------------------------
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်တွေမြို့နယ်ရုံးမှ (ခေတ္တ) မြို့နယ်တာဝန်ခံ ဦးထူးဝင်း ဦးဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် "၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စက်ရုံ/အလုပ်ရုံ ပုံမှန်ကွင်းဆင်းစစ်ဆေး ခြင်း လုပ်ငန်းစီမံချက်" အရ (၂၇-၁၂-၂၀၂၂) ရက်နေ့တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ "Zaw သောက်ရေသန့်လုပ်ငန်း"အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
20/12/2022
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
============================
စစ်တွေမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၊ လုပ်ငန်းရှင်များ၊ ကောလိပ်
/ တက္ကသိုလ်များ၊ ဒေသခံပြည်သူများအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်တိုးမြှင့်ရေးနှင့် အများပြည်သူတို့ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းစဥ် များတွင် ပူးပေါင်းဆောင်ရွက်လာစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား ဆောင်ရွက်လျက်ရှိရာ
(၂၀-၁၂-၂၀၂၂)ရက်နေ့တွင် စစ်တွေမြို့နယ်ရုံးဝန်ထမ်းများမှ စစ်တွေမြို့၊ စစ်တွေတက္ကသိုလ်၌ "လေထုသန့်ရှင်းဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့" ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။
28/11/2022
လစဥ်ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း
----------------------------------------------------
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်တွေမြို့နယ်ရုံးမှ လက်ထောက်ဦးစီးမှူး ဒေါ်ဆုဝေဖြိုး ဦး ဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် "၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စက်ရုံ/အလုပ်ရုံ ပုံမှန်ကွင်းဆင်းစစ်ဆေး ခြင်း လုပ်ငန်းစီမံချက်" အရ (၂၈-၁၁-၂၀၂၂) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ရာတန်ကျေးရွာရှိ "အောင်ထွေး ဟာလာဆန်စက်လုပ်ငန်း"အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
10/11/2022
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်တွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးနေရာများ၌ ပြင်ပပုဂ္ဂိုလ်များအား ခန့်အပ်ရန်အတွက် လျှောက်လွှာခေါ်ယူခြင်း
29/10/2022
♻️🗑အပတ်စဥ် စုပေါင်းအမှိုက်ကောက်ခြင်း🗑♻️
......................................................................
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်တွေမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ အပတ်စဥ် စနေနေ့တိုင်း ဌာနပေါင်းစုံ စုပေါင်းအမှိုက်ကောက်ပွဲအား ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၉-၁၀-၂၀၂၂ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီဌာန၊ စစ်တွေမြို့နယ်ရုံးရှိ ဝန်ထမ်းများမှ ပူးပေါင်းပါဝင်၍ စစ်တွေမြို့၊ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
𝑅𝑒𝒹𝓊𝒸𝑒, 𝑅𝑒𝓊𝓈𝑒 & 𝑅𝑒𝒸𝓎𝒸𝓁𝑒.
28/10/2022
လစဥ်ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း
----------------------------------------------------
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်တွေမြို့နယ်ရုံးမှ လက်ထောက်ဦးစီးမှူး ဒေါ်ဆုဝေဖြိုး ဦး ဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် "၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စက်ရုံ/အလုပ်ရုံ ပုံမှန်ကွင်းဆင်းစစ်ဆေး ခြင်း လုပ်ငန်းစီမံချက်" အရ (၂၈-၁၀-၂၀၂၂) ရက်နေ့တွင် စစ်တွေမြို့၊ ဆတ်ရိုးကျအကွက် (၁)ရပ်ကွက်၊ကယ်ဆယ်ရေးလမ်းရှိ "ကောင်းမြတ်ကျော်ရေခဲစက်လုပ်ငန်း"အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
08/10/2022
ဆွမ်းဆန်စိမ်းလောင်းလှူခြင်း
====================
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ ဝါတွင်းကာလ လပြည့်အဖိတ်နေ့တိုင်း စစ်တွေမြို့၊ လောကနန္ဒာဘုရားစေတီတော်အတွင်း သံဃာတော်(၅၀၀) ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ကျင်းပဆောင်ရွက်လျက်ရှိရာ ၈-၁၀-၂၀၂၂ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်တွေမြို့နယ်ရုံးရှိ ဝန်းထမ်းများမှ ပူးပေါင်းပါဝင်၍ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအား ဆောင်ရွက်ခဲ့ပါသည်။
26/09/2022
လစဥ်ပုံမှန်ကွင်းဆင်းစစ်ဆေးခြင်း
----------------------------------------------------
ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စစ်တွေမြို့နယ်ရုံးမှ လက်ထောက်ဦးစီးမှူး ဒေါ်ဆုဝေဖြိုး ဦး ဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် "၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စက်ရုံ/အလုပ်ရုံ ပုံမှန်ကွင်းဆင်းစစ်ဆေး ခြင်း လုပ်ငန်းစီမံချက်" အရ (၂၆-၉-၂၀၂၂) ရက်နေ့တွင် စစ် တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ကုန်သည်လမ်းရှိ "ရွှေစံအိမ် စက်မှုလက်မှုလုပ်ငန်း" နှင့် စစ်တွေမြို့နယ်၊ ကျားမသောက် ကျေးရွာရှိ "ကျော်ကျော် ကားဝပ်ရှော့လုပ်ငန်း" တို့အား မြေ ပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။