03/03/2021
ဂွမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကြေညာချက် (၁/၂၀၂၁)
https://www.facebook.com/106208234861978/posts/106341918181943/
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Nyi Pu, Government Organization, may yu, Sittwe.
03/03/2021
ဂွမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ကြေညာချက် (၁/၂၀၂၁)
https://www.facebook.com/106208234861978/posts/106341918181943/
08/02/2021
08/02/2021
05/02/2021
ကမ္ဘာ့ကုလသမဂ္ဂ နှင့် ကမ္ဘာ့နိုင်ငံများသို့ တောင်းဆိုတိုက်တွန်းချက်။
Request to the United Nations and other countries.
05-Feb-2021
05/02/2021
ပြည်သူသို့ပန်ကြားချက်
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ
လွှတ်တော်ခေါ်ယူခဲ့ကြပါသော
ရွေးကောက်ခံကိုယ်စားလှယ်များကို
ထောက်ခံအားပေး အသိအမှတ်ပြုကြောင်း
လက်ခုပ်တီး ပါတယ်
ဒေါ်နန်းခင်ထွေးမြင့်၏သဘောထားအတိုင်းသဘောတူလက်ခံပါသည်။
31/01/2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့်ပြည်နယ်ဝန်ကြီးများ ဂွမြို့နယ်ခန်းမအဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
ဂွ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက် ၈ နာရီက ဂွမြို့တွင် မြို့နယ်ခန်းမအဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည့် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍
မင်္ဂလာပန္နက်တိုင် စိုက်ထူပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ခန်းမ အဆောက် အဦသစ်ကို တာဝန်ယူဆောက်လုပ်မည့် သဇင်သုံးခိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်နယ်အစိုးရ အဖွဲ့၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၀၀ နှင့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၀၀တို့ဖြင့် ဆောက်လုပ်မည့် အလျား ၂၂၀ပေ၊ အနံ ၈၀ပေ၊အမြင့် ၂၂ ပေ ၆လက်မရှိ တစ်ထပ် RC ကွန်ကရစ် အမျိုးအစား အဆောက် အဦသစ် ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သိလိုသည်များအား မေးမြန်းဆွေးနွေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့မိမြို့ဖများက သတ်မှတ်နေရာအသီးသီး၌ မင်္ဂ လာပန္နက်တိုင်တို့ကို စိုက်ထူပေးကြပြီး၊ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း
ရွှေရည်ဝင်း
31/01/2021
တောင်ကုတ်မြို့ ကလေးကစားကွင်းဖွင့်ပွဲအခမ်း
အနားတက်ရောက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
များကြည့်ရှုစစ်ဆေးမှု(၃၀-၁-၂၀၂၁)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
၁။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် လျှပ်စစ် ၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊
ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးတို့နှင့်အတူ ပြည်နယ်၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ
လိုက်ပါ၍ ယနေ့ နံနက် (၈)နာရီအချိန် တောင်ကုတ်
မြို့၊ သိမ်တောင်ရပ်ကွက်ရှိ ကလေးကစားကွင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။
၂။ အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နီနီမေမြင့်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ် ဦးမင်းအောင်တို့မှ ကလေးကစားကွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား
ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေ
မြင့်က ကလေးကစားကွင်းဖြစ်မြောက်ရေးအတွက်
ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စား
လှယ် ဦးမင်းအောင်၊ ကလေးကစားကွင်းဖြစ်မြောက်
ရေးကော်မတီဝင် ဦးစံဆင့်တို့မှ ကျေးဇူးတင်စကား
ပြောကြားခဲ့ပါသည်။
၃။ ဆက်လက်၍ ကလေးကစားကွင်းအတွက်အလှူ
ထည့်ဝင်ကြသည့်အလှူရှင်များအား ပြည်နယ်ဝန်ကြီး
ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စား
လှယ်တို့မှ ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
၄။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လျှပ်စစ် ၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ပြည်နယ်
လူမှုရေးဝန်ကြီးနှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် ခန်းမတွင် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့်အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီ
ဥက္ကဌဦးစောမင်းသူမှစီမံကိန်းလုပ်ငန်းများအကောင် အထည်ဖေါ် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အား
နည်းချက်၊အားသာချက်များအား ရှင်းလင်းတင်ပြ
ခြင်း၊ဌာနဆိုင်ရာများကလုပ်ငန်းဆောင်ရွက်မှုတင်ပြ ချက်များအပေါ်ဖြည့်စွက်မှာကြားခြင်း၊ပေါင်းစပ်ညှိနှိုင်းခြင်းများဆောင်ရွက်ပေးခဲ့ပါသည်။
၅။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
တောင်ကုတ်မြို့မှ သံတွဲမြို့သို့ ဆက်လက်ထွက်ခွာ၍
တောင်ကုတ်မြို့နယ် သံတွဲ-တောင်ကုတ်လမ်းပေါ်ရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ၊ သံတွဲမြို့နယ်
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း အကောင် အထည်ဖေါ်ဆောင်ရွက်ရာတွင်ရေဝပ်ဧရိယာအတွင်း ကျရောက်သည့် ရေကောက်ကျေးရွာအုပ်စု ၊ ပုရစ် ကျေးရွာနှင့်မယ်ဝကျေးရွာတို့အား ပြောင်းရွှေ့နေရာ ချထားရန် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင် သို့ရောက်ရှိ စစ်ဆေးရာ သူဌေးချောင်းရေအား
လျှပ်စစ်အကောင်အထည်ဖေါ်ရေးစီမံကိန်း တာဝန်ခံ မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားရှင်း
လင်းတင်ပြခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် ဝန်ကြီးတို့မှသိလိုသည်များ မေးမြန်းခြင်းနှင့် လိုအပ် သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
၆။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်
-သံတွဲ- ဂွ လမ်းတစ်လျောက် လမ်းလုပ်ငန်းဆောင်
ရွက်နေကြသည့် ဒေသခံလမ်းလုပ်သား (၁၀၀)ဦး ကျော်ခန့်အား ရေသန့်နှင့်မုန့်ထုပ်များဝေငှခြင်းနှင့် ကျန်းမာရေးကောင်မွန်ရေး ဂရုစိုက်ကြရန်မှာကြား
ခဲ့ပါသည်။
20/01/2021
Golden Myanmar Property Development Co.,Ltd မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံမှု (၂၀-၁-၂၀၂၁)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်
စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး၊ ပြည်နယ်လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး
ဝန်ကြီး ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်
အတူယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်
ရုံး ဧည့်ခန်းမ၌ Golden Myanmar Property Development Co.,Ltd မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Golden Myanmar Property Development Co.,Ltdမှတာဝန်ရှိသူ များကသံတွဲမြို့နယ်၊ငပလီမြို့၊ဂေါ့ရပ်ကွက်တွင်အခမဲ့
သက်မွေးပညာသင်တန်းကျောင်းနှင့်အိမ်ရာစီမံကိန်း
ဆောင်ရွက်လိုမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့
ကြပြီး Covid-19ရောဂါ ကာကွယ်ဆေးဝယ်ယူရန်
အတွက်အလှူငွေ(၂၀၀၀၀၀ဝိ/)(ကျပ်နှစ်ဆယ်သိန်း)
တိတိအား ပေးအပ်လှူဒါန်းခဲ့ရာပြည်နယ်ဝန်ကြီးချုပ်
မှ လက်ခံခဲ့ပါသည်။
16/01/2021
ရခိုင်ပြည်နယ်တွင် ရှိနေသည့် အိမ်ထောင်စု (၁၅၀၀၀)ကျော်အတွက် ဆောင်းတွင်းကာလတွင် စောင်များ၀ယ်ယူရန်သိန်း၆၀၀ကျော် အတိုင်ပင်ခံရုံးလှူဒါန်း
==============
ရန်ကုန်၊၂၀၂၁၊ဇန်နဝါရီ၁၃ရက်
ရခိုင်ပြည်နယ်တွင် ရှိနေသည့် အိမ်ထောင်စု (၁၅၀၀၀)ကျော်အတွက် ဆောင်းတွင်းကာလတွင် စောင်များ၀ယ်ယူရန်သိန်း၆၀၀ကျော် အတိုင်ပင်ခံရုံးလှူဒါန်းခဲ့ကြောင်းသိရသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) အတွက် ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ရုံးအမှတ် (၄၁) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ရခိုင်ပြည်နယ်တွင် ရှိနေသည့် အိမ်ထောင်စု (၁၅၀၀၀)ကျော်အတွက် ဆောင်းတွင်းကာလတွင် အမှန်တစ်ကယ် လိုအပ်သည့်နေရာများ၏ စာရင်းကိုတောင်းခံ၍ စောင်များကို လှူဒါန်းရန် စီစဉ်ရခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ လှူဒါန်းသည့်အခါတွင် မည်သို့လှူဒါန်းပါက အထိရောက်ဆုံး ဖြစ်မည်နှင့် အောက်ခြေအထိ သက်ဆိုင်ရာပုဂ္ဂိုလ်များ လက်ထဲအထိရောက်အောင် အကောင်းဆုံး မည်သို့ လှူဒါန်း၍ရမည်ကို စဉ်းစားသည့် အခါတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လှူဒါန်းခြင်းသည် အထိရောက်ဆုံးဖြစ်မည်ဟု ယူဆ၍ ယခုကဲ့သို့ လှူဒါန်းရခြင်း ဖြစ်ပါကြောင်း။
တနည်းအားဖြင့်ဆိုရပါက ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသူများ အားလုံး နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တတ်နိုင်သည့်နေရာမှ ပံ့ပိုးကူညီချင်သည့် ဆန္ဒကို ထုတ်ဖော်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့သိရှိရသည်မှာ ယခုအချိန်တွင် ဆောင်းရာသီ၏ အအေးဒဏ်ကိုကာကွယ်ရန် အနွေးထည်များနှင့်စောင်များ လိုအပ်သည်ဟု ပြောသည့်အတွက် လှူဒါန်းရခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ မိမိတို့၏ လှူဒါန်းငွေကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးမည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သူ က ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများမှ ရခိုင် Community နှင့် မွတ်ဆလင် Community IDP စခန်းများတွင်ရှိသည့် အသိုက်အဝန်း ၂ ခုစလုံးမှ မိသားစုပေါင်း (၁၅၈၁၂)စုအတွက် ထောက်ပံ့ လှူဒါန်းငွေစုစုပေါင်း (သိန်းခြောက်ရာနှင့် ရှစ်သောင်း ငါးထောင့်ခြောက်ရာကျပ်)ကို ဆောင်းရာသီဖြစ်သည့်အတွက် လိုအပ်နေသည့် ခြုံစောင်များ ဝယ်ယူပြီး ထောက်ပံ့ပေးသွားမည့် အစီအစဉ်တွင် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ဆက်လက်ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်းတွင်ရှိသည့် လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး (Social Cohesion) လုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေရှည်တည်တံ့သော တည်ငြိမ်အေးချမ်းရေးကို ရရှိစေရန်နှင့် မတူကွဲပြားသော အသိုက်အဝန်းများကြား ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် ရည်ရွယ်၍ မောင်တောမြို့နယ်ကို လူ့အဖွဲ့အစည်းများအကြား ပေါင်းစည်းရေး စံပြမြို့နယ်စီမံကိန်း အဖြစ် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသား သဟဇာတဖြစ်မှု ဆိုင်ရာ လေ့လာရေးအဖွဲ့ (Center for Diversity and National Harmony-CDNH)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ လုပ်ငန်း (၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ယခုကဲ့သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ရခိုင်ပြည်နယ်တွင် ရှိသည့် IDP စခန်းများနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ရှိသည့် IDP စခန်းများ အတွက် လိုအပ်နေသည့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းပေးမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) အတွက် ထောက်ပံ့လှူဒါန်းငွေကျပ် သိန်း ၆၀၀၈၅၆၀၀ ကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လက်ခံရယူသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်တင်နှင့် ဦးမင်းလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
15/01/2021
ပြည်နယ် Coronavirus Disease2019 (Covid-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၁) ကျင်းပပြုလုပ်မှု(၁၅-၁-၂၀၂၁)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
၁။ ရခိုင်ပြည်နယ်Coronavirus Disease2019
(Covid-19)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး
ကော်မတီ၏ ( ၁/၂၀၂၁ ) အစည်းအဝေးအား ယနေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပပြုလုပ်ခဲ့ပါ
သည်။
၂။ အစည်းအဝေး၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က
အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာမှာဖြစ်ပွား
နေတဲ့ Covid-19 ကမ္ဘာ့ကူးစက်မြန်ရောဂါဖြစ်ပွား
နေမှုဟာဆိုလျှင် ၁နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့လည်း ကမ္ဘာ့နိုင်ငံများနည်းတူ
ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံတော် အကြီးအကဲများအနေနဲ့ အထူးအလေးထားဆောင်
ရွက်နေပါ ကြောင်း၊ Covid - 19 ကပ်ရောဂါဟာ အားလုံးအပြီး ပျောက်ကင်းသွားတာ မဟုတ်တဲ့
အတွက်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား
ဆက်လက်၍ အလေးထားဆောင်ရွက်သွားရမှာဖြစ်
ကြောင်း၊Covid-19ထိန်းချုပ်နိုင်ရန်ကာကွယ်ဆေးရရှိမှုက အရေးကြီးပါကြောင်း ၊ နိုင်ငံတော်အနေနဲ့ ကာကွယ်ဆေးရရှိရေး ဆောင်ရွက်ထားမှုများရှိပါ
ကြောင်း၊ ကာကွယ်ဆေးရရှိပါကလည်း ဦးစားပေး အလိုက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ရောဂါဖြစ်ပွား မှု အချိန်ကြာလာတာနဲ့အမျှ ပြည်သူများ အနေနဲ့ လည်း ပေါ့ပေါ့လျော့လျော့ နေထိုင်လာတာ တွေ့ရှိရ ပါကြောင်း၊ တာဝန်ရှိသူများအနေနဲ့လည်း အချိန် တစ်နှစ်ကျော်လာတဲ့နောက်ပိုင်းမှာ ကာကွယ်ထိန်း
ချုပ်ရေးလုပ်ငန်းတွေကိုလျော့မသွားစေဘဲအင်တိုက် အားတိုက်ဖြင့် ဆက်လက်ဆောင်ရွက်နေရန်လို
ကြောင်း၊ Covid-19 ဒုတိယလှိုင်း စတင်ချိန်မှာ ပြည်တွင်းကူးစက်မှုအနေနဲ့ ရခိုင်ပြည်နယ်မှစပြီး ဖြစ်တယ်ဆိုတာမျိုး ဖြစ်ပေါ်ခဲ့တဲ့အတွက် ထပ်မံ ဖြစ်ပွားတာမျိုး မဖြစ်ချင်ပါကြောင်း၊ရောဂါဖြစ်ပွားမှု ကြာမြင့်လာတာနဲ့အမျှထိန်းချုပ်လာနိုင်တဲ့အနေ
အထားရှိကြောင်း၊ သို့သော်ပေါ့ဆ၍
မရကြောင်း၊ ကော်မတီအနေနဲ့လည်း ဖြေလျော့ပေး
မှုများအား ချင့်ချိန်စဉ်းစား ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို အသိပညာပေးမှုများနဲ့ကာကွယ်ထိန်းချုပ်
ရေးလုပ်ငန်းများကိုလည်း ကြပ်ကြပ်မတ်မတ်ဆောင်
ရွက်သွားရမှာဖြစ်ကြောင်း၊ Covid-19 ကာကွယ်
ဆေးဝယ်ယူရာတွင် ပါဝင်အားဖြည့် ဆောင်ရွက်နိုင်
ရေးအတွက် ပြည်နယ်ကော်မတီအနေနဲ့ အလှူငွေ
ရရှိရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း
ပြောကြားခဲ့ပါသည်။
၃။ ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဌများဖြစ်
သည့် ပြည်နယ်ဝန်ကြီးများမှကဏ္ဍအလိုက်ရှင်းလင်း
တင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။
၄။ ထို့နောက် ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီး
ချုပ်မှ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိ
နှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြော
ကြားခဲ့ပါသည်။