Rakhine Fire Force

Rakhine Fire Force

Share

ဤ(Page) သည် ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဖွင့်ထားသော တရားဝင် Page ဖြစ်ပါသည်။

Photos from Rakhine Fire Force's post 02/02/2024

၂.၂.၂၀၂၄ရက်နေ၊ (၁၀:၀၀)အချိန်၊ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကွယ်လွန်သွားသည့် မြောက်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း အား ရည်စူး၍ သံဃာတော်များအား ရက်လည်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Photos from Rakhine Fire Force's post 13/01/2024

၁၃.၁.၂၀၂၄ရက်နေ့၊ (၉၀:၀၀)အချိန်၊ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ပဥ္စမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းတရားပွဲ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Photos from Rakhine Fire Force's post 11/01/2024

၁၁.၁.၂၀၂၄ရက်နေ့၊ (၀၉:၀၀)အချိန်၊ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ဆရာတော်/ သံဃာတော်များ ပင့်ဖိတ်၍ ပဥ္စမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းတရားပွဲ(၃)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်လျက်ရှိပါသည်။

Photos from Rakhine Fire Force's post 02/01/2024

2-1-2024ရက်နေ့၊ (10:30)အချိန်၊ ဆရာတကာဘုန်းတော်ကြီးကျောင်းဖြစ်သော စိတ္တသုခဆရာတော်ဘုရားကြီးအား ပြည်နယ်၊ခရိုင်၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များလှူဒါန်းသော လျှပ်စစ်မီးအလှူ 254000 ကျပ်နှင့် နဝကမ္မအလှူငွေ 100000ကျပ်စုစုပေါင်း 354000ကျပ်အား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်း နှင့် တပ်ဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းခဲ့ပါသည်။

Photos from Rakhine Fire Force's post 30/12/2023

30-12-2023ရက်နေ့၊ (၀၈:၀၀)အချိန်၊ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်း ဦးဆောင်၍တပ်ဖွဲ့ဝင်များမှ စုပေါင်း သွေးလှူဒါန်းခဲ့ပါသည်။

Photos from Rakhine Fire Force's post 27/12/2023

#ယနေ့ကုသိုလ်
၂၇-၁၂-၂၀၂၃ရက်နေ့၊ နတ်တော်လပြည့်၊ (၁၈း၀၀)အချိန်၊ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်သိန်း မှ ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စည်း/ထိန်းကော်မတီအဖွဲ့ဝင်များမှ ပရိတ်ကြီး(၁၁)သုတ်ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

Photos from Rakhine Fire Force's post 24/12/2023

၂၄.၁၂.၂၀၂၃ရက်နေ့၊ (၂၀:၁၀)အချိန်၊ တောင်ကုတ်မြို့နယ်၊ ကံပိုင်ရပ်ကွက်၌ ရွှေတောင် ရေခဲစက် မီးလောင်မှု။
🚨▬▬▬▬๑۩۩๑▬▬▬▬🚨

တောင်ကုတ်မြို့နယ်မီးသတ်စခန်းနှင့် ကုန်းလမ်း(၃)ဖာလုံခန့်ကွာဝေးသော ကံပိုင်ရပ်ကွက်၌ ရွှေတောင် ရေခဲစက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း
(၂၀:၁၀)အချိန် တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့် တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၃+၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၄)ဦး မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် မီးလောင်ပြင်သို့ ထွက်ခွာငြှိမ်းသတ်ခဲ့၊ (၂၀:၁၅)အချိန် မီးလုံးဝငြိမ်း။
မီးလောင်မှုအကြောင်းအရင်းမှာ ကလေးများ ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ အနီးရှိ ဖိုက်ဘာအအေးဘောက်အား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်။
မီးလောင်မှုကြောင့် (၅×၅)ပေ ရေခဲထည့်သည့် ဖိုက်ဘာအအေးဘောက် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့၊ လူ/တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိ၊

🚨▬▬▬▬๑۩۩๑▬▬▬▬🚨
ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဖုန်းနံပါတ်များ။

#စစ်တွေ - 09448025345 ၊
09456250200 ၊

#မြောက်ဦး - 09451721629 ၊
09262024789 ၊

#ကျောက်ဖြူ - 09429679236 ၊
09421735180 ၊

#မောင်တော - 09423687433 ၊
09250326300 ၊

#သံတွဲ - 09400302579၊
09250767103 ၊

🚨Rakhine Fire Force

Photos from Rakhine Fire Force's post 23/12/2023

၂၃.၁၂.၂၀၂၃ရက်နေ့၊ (၁၀း၅၀)အချိန်၊ စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်၊ ဦးဘမောင်၏ နေအိမ်တွင် စပါးကြီးမြွေတစ်ကောင်ဝင်ရောက်နေကြောင်း သတင်းပေးလာသဖြင့် စစ်တွေမြို့နယ်မီးသတ်စခန်းမှ လ/ထမီးသတ်ဦးစီးမှူး ဦးအောင်စိုးမြင့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် အရှည်(၁၁)ပေခန့်၊ လုံးပတ်(၁၁)လက်မခန့်ရှိ စပါးကြီးမြွေအား ဖမ်းစီးခဲ့ပြီး၊ ရွှေရောင်မေတ္တာလူမှုကယ်ဆယ်ရေးအသင်း၌ ထိန်းသိမ်းစောင့်ရှောက်နိုင်​ရေးအတွက် ဆက်လက်ယူဆောင်သွားပါသည်။

🚨▬▬▬▬๑۩۩๑▬▬▬▬🚨
ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဖုန်းနံပါတ်များ။

#စစ်တွေ - ၊ 09420073741 ၊
09456250200 ၊

#မြောက်ဦး - 09448025345 ၊
09262024789 ၊

#ကျောက်ဖြူ - 09429679236 ၊
09421735180 ၊

#မောင်တော - 09451721629 ၊
09250326300 ၊

#သံတွဲ - 09400302579၊
09250767103 ၊

🚨Rakhine Fire Force

Photos from Rakhine Fire Force's post 12/12/2023

#ယနေ့ကုသိုလ်
၁၂-၁၂-၂၀၂၃ရက်နေ့၊ တန်ဆောင်မုန်းလကွယ်၊ (၁၈း၀၀)အချိန်၊ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်သိန်း မှ ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စည်း/ထိန်းကော်မတီအဖွဲ့ဝင်များမှ ပရိတ်ကြီး(၁၁)သုတ်ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

Photos from Rakhine Fire Force's post 02/12/2023

၂.၁၂.၂၀၂၃ရက်နေ့၊ (၀၇:၀၀)အချိန်မှ (၀၈:၃၀)အချိန်ထိ ပြည်နယ်မီးသတ်ရုံးဝန်းအတွင်း၌ လ/ထညွှန်ကြားရေးမှူး ဦးဟန်မြင့်ကျော် ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တပ်ဖွဲ့ဝင်များမှ သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

Photos from Rakhine Fire Force's post 27/11/2023

#ယနေ့ကုသိုလ်
၂၇-၁၁-၂၀၂၃ရက်နေ့၊ တန်ဆောင်မုန်းလပြည့်၊ (၁၇း၃၀)အချိန်၊ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်သိန်း မှ ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စည်း/ထိန်းကော်မတီအဖွဲ့ဝင်များမှ ပရိတ်ကြီး(၁၁)သုတ်တော်၊ ဓာရဏ ပရိတ်တော်များအား ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

Photos from Rakhine Fire Force's post 25/11/2023

၂၅.၁၁.၂၀၂၃ရက်နေ့၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၊ စိတ္တသုခကျောင်းတိုက်၌ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအား ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက် နှင့် ဇနီး ဒေါ်မြင့်မြင့်သိန်း မိသားစုတို့မှ ဦးဆောင်၍ ပြည်နယ်၊ စစ်တွေခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ စုပေါင်း၍ ဆရာတော်/သံဃာ​တော်များအား ကထိန်သင်္ကန်းနှင့် ငွေပဒေသာပင်၊လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ ရွှေမိုး ငွေမိုးများရွာသွန်းခြင်း၊ ဆွမ်းဘော်စဉ်များ ကျွေးမွေးလှူဒါန်းခြင်းများ ကုသိုလ်ဒါနပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

Want your business to be the top-listed Government Service in Sittwe?

Click here to claim your Sponsored Listing.

ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန

ရခိုင်ပြည်နယ် စစ်တွေမြို့ မီးသတ်ဦးစီးဌာန၏ အရေးပေါ် ဖုန်းနံပါတ် ၁၉၁ (သို့) ၀၄၃-၂၁၅၀၂, ၀၄၃-၂၁၀၁၈ , ၀၄၃-၂၁၆၀၅ သို့ဆက်သွယ်နိုင်ပါသည်။

မြန်မာနိုင်ငံ မီးဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။

Location

Category

Telephone

Website

Address


MayYu Road, 07011
Sittwe
4VQQ+4CSITTWE