Sittwe, Directorate of Hotels & Tourism

Sittwe, Directorate of Hotels & Tourism

Share

service tourism public

Photos from Sittwe, Directorate of Hotels & Tourism's post 12/09/2023

ဧည့်လမ်းညွှန်မွမ်းမံသင်တန်းအမှတ်စဉ်(၁၀)သင်တန်းသားခေါ်ယူခြင်း

Photos from Sittwe, Directorate of Hotels & Tourism's post 19/08/2023

ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကြိမ်မြောက်ကို (၁၈-၈-၂၀၂၃) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်ရင်းနှီး​​မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်​ကြားမှုဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အဖွင့်အမှာစကားပြောခဲ့ပြီး၊ စီးပွားရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ပါသည်။ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Photos from Sittwe, Directorate of Hotels & Tourism's post 10/05/2023

မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ရေးအခမ်းအနားအစီအစဥ်ကို (၁၀- ၅-၂၀၂၃) ရက်နေ့၊ (နံနက်၁၀:၀၀)နာရီအချိန်တွင် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။

09/05/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးတို့က ဦးဆောင်၍ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များတွေ့ဆုံပွဲကို (၉-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စစ်တွေဟိုတယ်၌ ကျင်းပခဲ့ပါသည်။

09/05/2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း စစ်တွေကုလားတန်ဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကို ၉-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါ ဆိပ်ခံတံတား၌ ကျင်းပခဲ့ပါသည်။

Photos from Sittwe, Directorate of Hotels & Tourism's post 05/05/2023

(၅-၅-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို နံနက် (၀၈:၀၀) နာရီ၊ ခိုင်သဇင်ခန်းမ၊ စစ်တွေမြို့၌ ကျင်းပခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ ပြည်နယ်ညွှန်ကြားရေးမှူးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Photos from Sittwe, Directorate of Hotels & Tourism's post 02/05/2023

ရခိုင်ပြည်နယ်အတွင်းရှိ ခရီးစဥ်ဒေသများအတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကိုဗစ်အလွန်ကာလ (၃၀.၄.၂၀၂၃) ရက်နေ ညနေတွင် မြောက်ဦးယဥ်ကျေးမှုခရီးစဥ်ဒေသရှိ ရှစ်သောင်းဘုရားပွဲတော်အမီ ပထမဦးဆုံး အလည်ပတ်သွားရောက်ကြမည့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် (၁၆) ဦးအား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ကစစ်တွေလေဆိပ်မှ လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

Photos from Sittwe, Directorate of Hotels & Tourism's post 17/04/2023

(၅၉) ကြိမ်မြောက် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားကို ၁၇ - ၄- ၂၀၂၃ ရက်နေ့ ၊ နံနက် (၀၉: ၀၀) အချိန်တွင် ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

Photos from Sittwe, Directorate of Hotels & Tourism's post 14/04/2023

၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲကို ၁၃- ၄- ၂၀၂၃ ရက်နေ့ ဦးဥတ္တမခန်းမ၌ နံနက် (၀၉:၀၀) အချိန်တွင် ကျင်းပခဲ့ကြပါသည်။

Photos from Sittwe, Directorate of Hotels & Tourism's post 13/04/2023

ဟိုတယ်လုပ်ငန်းရှင်များအသင်း(စစ်တွေ)၏ပထမအကြိမ်ကျင်းပပြုလုပ်သောနံ့သာသွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှပြည်နယ်တာဝန်ခံညွှန်ကြားရေးမှုတက်ရောက်အားပေး

Photos from Sittwe, Directorate of Hotels & Tourism's post 04/04/2023

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁ /၂၀၂၃)ကို (၄-၄-၂၀၂၃)ရက်နေ့၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Photos from Sittwe, Directorate of Hotels & Tourism's post 07/03/2023

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၅ - ၃ - ၂၀၂၃ ခုနှစ်၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် သာသနာဗိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

Want your business to be the top-listed Government Service in Sittwe?

Click here to claim your Sponsored Listing.

Location

Telephone

Address


Sittwe, Directorate Of Hotel & Tourism
Sittwe

Opening Hours

Monday 10:00 - 16:30